Tuesday, June 25, 2013

နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး

နှလုံး ရောဂါ မျိုးရိုး ရှိတာက အနာ ဂတ်မှာ နှလုံး ကျန်းမာရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် နေပေမယ့် ဘဝ နေထိုင် စားသောက်မှုပုံစံနဲ့ အာဟာရ စားသုံးမှု ဆိုင်ရာ အလေ့အထ တွေကလည်း နှလုံး ကျန်းမာရေးနဲ့ ဆက် စပ်မှုရှိနေပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေတယ် ဆိုတာ သင်သိပြီးဖြစ်မှာပါ။ နှလုံးကျန်းမာ ရေးအတွက် ကောင်းမွန်ပေမယ့် သင်မ သိသေးလောက်တဲ့ နည်းသုံးမျိုးကို အကြံ ပြု ရေးသား လိုက်ရပါတယ်။

(၁) အမျှင်ဓာတ် မှီဝဲပါ

အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။

(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ

သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။

(၃) ငါးစားပါ

နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။

ရွှေစင်

လေဖြတ် လေငန်းရောဂါနှင့် အပူပိုင်းကာလများ ဆက်စပ်မှု

နိဒါန်း
မြန်မာ့ တိုင်းရင်းဆေး ပညာတွင် “ရာသီ မကိုင် ဆေးမပိုင်နှင့်” အဆို အမိန့်ဖြင့် ရာသီ/နက္ခတ်များ၏ လွှမ်းမိုးမှုကို ရောဂါ ဆုံးဖြတ်ရာတွင် လည်းကောင်း၊ ဆေးဝါး ကုသရာတွင် လည်းကောင်း စနစ် တကျ ဆုံးဖြတ် အသုံးချ ကြသည်။ ထို့ကြောင့်လည်း အယဉ်၊ ဥတု၊ ရတု တို့သည် ပူမှု၊ အေးမှု ဆိုသည့် တေဇောဓါတ်၊ သဘာဝ များကို ဆုံးဖြတ်နိုင်ရန် နည်းစနစ်များ တိကျစွာ သတ်မှတ်ထား ပါသည်။

ထိုဥတု ဟုဆိုသည့် ပူမှု၊ အေးမှု သဘာဝ ကပင် ရုပ်တရားများကို ဖြစ်စေ၊ ပျက်ေ စကြောင်း ပြဆို ထားသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် အပူပိုင်းဖြစ်သည့် တပေါင်း လပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆) လ အတွင်း မွေးဖွားသူ များတွင် လေဖြတ်ဝေဒနာ ခံစားရနိုင် ရာခိုင်နှုန်း များကြောင်းကို မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ လေငန်းဝေဒနာ ရှင်များနှင့် ကျွန်တော် ကုသပေး ခဲ့သော လေဖြတ်ဝေဒနာရှင် များကို မေးမြန်းလျှက် စစ်တမ်းကောက်ယူခြင်းအား သုံးသပ် တင်ပြ သွားမည်ဖြစ် ပါသည်။

ဥတုရာသီ အလိုက် ဒေါသများ ငုပ်ခြင်း ကို ပြဆိုခြင်း
“ဆောင်းနှောင်းနွေဦး၊ ဥတုကူးတွင်၊ နာကြူခြံရံ၊ ဖျားဆက်ဆံမူ၊ ပတ္တံသေမှ၊
ဒိန္နယှဉ်ကြောင်း၊ သိရာကောင်း ၏၊ နွေနှောင်းမိုးစ၊ ဖျားနာရမူ၊ သေမဝါတေ၊
ယှဉ်တွေဖြစ်သည်၊ ထူးလည်းတစ်ကြောင်း၊ ဆောင်းဦးစပ်ထွေ၊ နာမူလေနှင့် သည်းခြေယှဉ်မှု၊
အာဂန္တုတည့်။ ” (နရသုခိ)

မြန်မာနိုင်ငံ ရာသီဥတု အရ တက်ဥတုနှင့် သက်ဥတု ဟူ၍ ခွဲခြား သုံးသပ်ရာ ဝါဆိုလပြည့်ကျော် (၁)ရက်မှ ပြာသို လပြည့်နေ့ အထိ သက်ဥတုဟု လည်းကောင်း၊ ပြာသို လပြည့်ကျော် (၁)ရက်မှ ဝါဆိုလပြည့်နေ့ အထိကို တက်ဥတုဟု လည်းကောင်း သတ်မှတ်သည်။ ပူရာမှ အေးသွားခြင်း၊ အေးရာမှ ပူသွားခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ်သည် ထိုပြောင်းလဲသော အပူအအေး သဘာဝကို လိုက်၍ ပြောင်းလဲပြီး ကျန်းမာခြင်းကို ရရှိသည်။ ထိုအသက်၊ အတက်ကာလများတွင် သက်ဥတု၏ အစပိုင်း ကာလများသည် ပူသော ဝါဆို၊ ဝါခေါင်၊ တော်သလင်း များ ပါဝင်နေ သကဲ့သို့ တက်ဥတု၏ အစပိုင်းကာလများသည် အေးသော ပြာသို၊ တပို့တွဲ၊ တပေါင်း လများ ပါဝင်နေသည်။ ထို့ကြောင့် အပူဆုံးကာလနှင့် အအေးဆုံး ကာလကို ခွဲခြားကြည့်လျှင် တပေါင်းလပြည့်ကျော် (၁)ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆)လကို အပူလများဟု လည်းကောင်း၊ တော်သလင်းလပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆)လကို အအေးလ များဟု ယူဆနိုင်ပါသည်။

အထက်ပါ နရသုခိဆရာ၏ အဆိုအရ - ဆောင်းရာသီတွင် သည်းခြေစယဖြစ်ခြင်း (ငုပ်ခြင်း)၊ နွေရာသီတွင် သလိပ်စယဖြစ်ခြင်း (ငုပ်ခြင်း)၊ မိုးရာသီတွင် လေစယဖြစ်ခြင်း (ငုပ်ခြင်း) တို့ကို ဖော်ပြထား ပါသည်။ ခန္ဓာကိုယ်နှင့် ပြင်ပဥတု ညှိနှိုင်းရာတွင် ပြင်ပပူလျှင် ခန္ဓာကိုယ် တွင်းအေး၍ ညှိနှိုင်းသည်။ ပြင်ပအေးလျှင် ခန္ဓာကိုယ်တွင်း ပူ၍ညှိနှိုင်းသည်။ သိပ္ပံအမြင်ဖြင့် ကြည့်လျှင် နွေဥတုတွင် ဇီဝတွင်း ဖြစ်ပျက်ခြင်းနှုန်း (Metabolism) နိမ့်ကျပြီး၊ ကိုယ်တွင်း အပူ ပမာဏ လျော့နည်း သည်။ ထို့အတူ ဆောင်းဥတု၌ ခန္ဓာကိုယ်တွင်း ဇီဝတွင်းဖြစ်ပျက်ခြင်းနှုန်း (Metabolism) မြင့်တက်ပြီး ကိုယ်တွင်း အပူပမာဏ မြင့်တက်သည်။ သို့မှသာ ခန္ဓာကိုယ် သည် မည်သည့် ဥတုတွင်မဆို ပျမ်းမျှအပူချိန် (၉၈.၄) ဖာရင်ဟိုက်တွင် ရပ်တည်ပြီး ကျန်းမာနေမည်ဖြစ်သည်။ ထို့ကြောင့် နရိသုခ ဆရာဆို သကဲ့သို့ ပူသောဥတုတွင် သလိပ်ငုပ် တက်ခြင်း၊ အေးသော ဥတုတွင် သည်းခြေငုပ် တက်ကြောင်း သိရှိရပါသည်။

ပကတိ၏ သဘာဝများ
ပကတိဖြစ်သော အကြောင်းများတွင် အမိ၊ အဖ သုတ်သွေး၊ အမိသားအိမ်၊ ကိုယ်ဝန်ဆောင် ကာလ တွေ့ထိရသော ဥတု၊ ကိုယ်ဝန်ဆောင်ကာလ မိခင်၏ အစား အသောက် အနေအထိုင်ကာလ၊ အတ္တ၊ ကမ္မ ဟူသော အကြောင်း များကို ဘေသဇ္ဇနယ ဆေးပညာမှ ပြဆိုသည်။ ယခုတင်ပြမည့် အကြောင်း အရာတွင် ကိုယ်ဝန်ဆောင်ကာလ ထိတွေ့သော အဓိကဥတု ကို ပြဆိုခြင်းဖြစ်သည်။သန္ဓေသား၏ ခန္ဓာ ကိုယ် အဓိကဖွံ့ဖြိုးရမည့် အဓိက ကာလများတွင် အပူပိုင်း ကာလများနှင့်ကြုံခြင်း၊ အအေးပိုင်း ကာလများနှင့် ကြုံခြင်းကို လေ့လာ ကြည့်ရာ အပူပိုင်း ကာလ များတွင် သလိပ်ငုတ် တက်သောကြောင့် သလိပ်ပကတိဖြင့် မွေးဖွားလာတက်သည်။ အအေးပိုင်း ကာလများတွင် သည်းခြေ ငုတ်တက်သောကြောင့် သည်းခြေ ပကတိဖြင့် မွေးဖွားလာ တက်သည်။ ထို့ကြောင့် သလိပ် ပကတိဖြင့် မွေးဖွား လာသော ကလေးငယ်သည် ပြင်ပ ပူသော ရာသီဥတုနှင့် ထပ်မံထိတွေ့လျှင် ၎င်း၏ ခန္ဓာကိုယ် သည်လည်း ပြင်ပဥတုနှင့် ညှိနှိုင်းရမည်ရာ သလိပ်ဒေါသ စယဖြစ်၍ ညှိနှိုင်း ရမည်ဖြစ်သည်။ သလိပ်ပကတိနှင့် သလိပ်စယ နှစ်မျိုးပေါင်းစုံ၍ သလိပ်ရောဂါ ဖြစ်နိုင်ချေ မြင့်မားနေမှုမှာ တွေးဆနိုင်သည်။ ဒေသနာ ဆေးပညာအမြင် အရ အကြောင်း သီတ ရောဂါများ ဖြစ်နိုင်ချေမြင့်မားမည်ဟု ဆိုနိုင် ပေသည်။

သီတရောဂါ များဖြစ်သော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေငန်းလေဖြတ်ရောဂါတို့သည် ဒေသနာ နည်းအရ သင်္ဂဟိတ အုပ်စုဝင် ရောဂါများဖြစ်သောကြောင့် အပူပိုင်း ကာလတွင် မွေးဖွား သူမျာသည် လေဖြတ်ရောဂါ ပိုမို ဖြစ်နိုင်စရာ ရှိကြောင်း တွေးခေါ် ရရှိသည်။ ထို့နောက်အောက်ပါ အတိုင်း လေ့လာ ကြည့်ပါသည်။

သုတေသနပြုပုံ
မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ အကြော အရိုးအဆစ် ကုသရေး ဌာနတွင် တက်ရောက် ကုသနေသော လူနာများနှင့် ကျွန်တော် ကုသပေး ခဲ့သော လေဖြတ်ဝေဒနာ ရှင်များကို မွေးလများ မေးမြန်း၍ မှတ်တမ်းပြုစု ထားခြင်း ဖြစ်ပါသည်။ သုံးသပ်ချက် အထက်ဖော်ပြပါ လေဖြတ်ဝေဒနာရှင် (၇၁) ဦးအား အပူပိုင်း (၆)လတွင် မွေးဖွားသူ (၆၀)ဦးနှင့် အအေးပိုင်း (၆)လတွင် မွေးဖွားသူ (၁၁)တို့ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လေဖြတ်ဝေဒနာ ဖြစ်နိုင်ချေအား ရာခိုင်နှုန်း တွက်ချက် ကြည့်ရာ အောက်ပါ အတိုင်း တွေ့ရှိရ ပါသည်။ အပူပိုင်း (၆)လတွင် မွေးဖွား သူသည် ယခုပြဆိုသော လူနာ (၇၁)ဦးအနက် ၈၅.၈% ရှိကြောင်း တွေ့ရှိရ၍ အအေးပိုင်း (၆)လတွင် မွေးဖွားသူသည် ယခုပြဆိုသော လူနာ (၇၁)ဦးအနက် (၁၄.၂%)သာ ရှိကြောင်းတွေ့ ရှိရပါ သည်။ ထို့ကြောင့် အထက်ပါ လူနာ (၇၁)ဦး၏ တွက်ချက်မှုအရ တပေါင်း လပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်အထိ အပူလ (၆)လ အတွင်း မွေးဖွားသူ များသည် လေဖြတ်ဝေဒနာ ဖြစ်နိုင်ချေများကြောင်း အကြမ်းအားဖြင့် တွေ့ရှိရပါသည်။ဤတွက်ချက်မှုဖြင့် ဆက်နွယ် လျက် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူ အဖြစ် မိမိမွေးလများကို ကြည့်ရှု့၍ ကံ၊ စိတ်၊ ဥတု အာဟာရများကို သင့်တင့် မျှတစွာ နေထိုင်ခြင်းဖြင့် လေဖြတ် ဝေဒနာများ အတွက် ကြိုတင် ကာကွယ် ဟန့်တားနိုင် ပါကြောင်း ဤလူနာ (၇၁)ဦး (ယခု သုတေသနသည် လူနာ အရေ အတွက် နည်းသေး သဖြင့် ပိုမိုများပြား ကျယ်ပြန့်စွာ ပြုလုပ်နိုင်လျှင် ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။)

ကျေးဇူးတင်လွှာ
ဤ (CTME) အစီအစဉ်ကို ဖြစ်မြောက်အောင် ကျင်းပပေးသော မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း (မန္တလေး တိုင်းဒေသကြီး) အသင်းခွဲနှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့အား လည်းကောင်း၊ Sponsor အဖြစ် ပံ့ပိုး ကူညီပေးသော ဒေါက်တာမြသောင်း အောင်သုခ တိုင်းရင်းဆေးတိုက် အား လည်းကောင်း၊ အသေးစိတ် ကြီးကြပ်ပေးပါသော ဦးဝင်းမြင့်၊ ကထိက/ဌာနမှူး၊ ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ် အားလည်းကောင်း၊ မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ လေဖြတ်ဝေဒနာ ရှင်များ ကို မေးမြန်းခွင့်ပြုပါသော ဆေးရုံအုပ်ကြီး ဦးမြင့်အောင်နှင့် အကြော အရိုး အဆစ် ဌာန တာဝန်ခံ၊ ဌာနမှူး၊ ဦးမောင်မောင်သက်အား လည်းကောင်း၊ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးပါသော ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ အားလည်းကောင်း၊ အခြား ကျေးဇူးတင်ထိုက်သူ အားလုံး အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 
ဦးလှဝင်းမျိုး၊ နည်းပြ၊ ဦးဝင်းမြင့်၊ ကထိက/ ဌာနမှူး၊ ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်။

ရေနွေးကြမ်းနှင့် လူသား

ကျွန်မ မောင်လေး ဖြိုးငယ်က ရေနွေးကြမ်းသောက်ခြင်း ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ရေးပေးပါလို့ ပြောထားပေမယ့် အကြောင်း အမျိုးကြောင့် နှောင့်နှေးရင်း အခုမှ ရေးပေးဖြစ်ပါတယ်။

လူသားတိုင်းဟာ လူမျိုးအလိုက် လက်ဘက်ရည်ကို သောက်သုံးခဲ့ကြတာ နှစ်ပေါင်း အတော်ကြာကတည်းကဖြစ်ပြီး အရှေ့တောင် အာရှနိင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း လက်ဘက်ရည်ကြမ်း (ရေနွေးကြမ်း) ကို နေရာအတော်များများမှာ အရေးတယူသောက်သုံးကြတာကိုတွေ့ရပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အတန်အသင့် သောက်သုံးမယ်ဆိုရင် အကျိူးဆက်ပေါင်းများစွာ ရရှိနိုင်ပေမယ့်လည်း အလွန့်အကျွံ သောက်သုံးမိမယ်ဆိုရင်လည်း ဘေးထွက်ဆိုး များဖြစ်နိုင်ကြောင်း တွေ့ရှိနိုင်တယ် ။

ရေနွေးကြမ်းကို သောက်သုံး ခြင်းဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

၁။ ရေနွေးကြမ်းနှင့် ကင်ဆာ

ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည် ဂရိတ်ဖရုသီး ၊ ဝိုင်တို့တွင်ပါဝင်သောပမာဏ ထက်ပိုများပြီး သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို တိုးစေခြင်း ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဦးဏှောက်သွေးကြောပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သော အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကိုဖြစ်ပေါ်စေသည် ။ ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဦးဏှောက်သွေးကြောပိတ်မှုရောဂါများ ဖြစ်ပွားမှုနှုန်းကို ကျဆင်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။

၃။ရေနွေးကြမ်းနှင့် အဆီဓါတ်

ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုး ဖြစ်စေသော အဆီများကို တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။

၄။ ရေနွေးကြမ်းနှင့် အသည်း

ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော ၊ ဆေးလိပ်ကြောင့်ဖြစ်သော ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်

ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို ပိုမိုပြင်းထန်လောင်ကျွမ်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။

၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ

ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း ၊ အင်ဆူလင်၏ အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။

၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့

ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင် ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ခံတွင်းရနံ့ဆိုးစေသော အခြားအကြောင်းအရင်းများမှာ

၁။ ပါးစပ်ခြောက်ခြင်း၊

၂။ အသားဓါတ်ပါသော အစာများ၊ သကြားဓါတ်ပါသော အစာများကိုစားသုံးခြင်း၊

၃။ ဆေးလိပ်သောက်ခြင်း၊

၄။ သွားပိုးစားခြင်းနှင့် ခံတွင်းနှင့်ဆိုင်သော ရောဂါများ၊

၅။ နှာခေါင်း နှင့် ယင်း၏ အနီးတဝိုက်တွင် ရောဂါပိုးဝင်ခြင်း တို့ ဖြစ်သောကြောင့် ထိုသို့သော လက္ခဏာရှိသူများသည် ခံတွင်း၏ အပေါ်ယံအမြှေးပါးများကို ခြောက်ခန်းစေပြီး ပိုးများကိုပိုမိုပေါက်ဖွားစေသော ငုံဆေးများကိုသုံးမည့်အစား ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းသင့်ပါတယ်။

၈။ ရေနွေးကြမ်းနှင့် သွေးတိုးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechins သည် သွေးကြောများကို ကျုံ့စေခြင်းဖြင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အင်ဇိုင်းတမျိုး၏ လုပ်ငန်းများကို နှောင့်နှေးစေခြင်း၊ သက်ဆိုင်ရာ အစိတ်အပိုင်းများသို့ သွေးရောက်ရှိမှုကို နည်းပါးစေပြီး အသက်ဆုံးရှုံးသည် အထိ လူသားတို့အားဒုက္ခပေးတတ်သော သွေးကြောများ၏ နံရံတွင် ကပ်၍နေတတ်သော အဆီများကိုလျော့ ကျစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ ရေနွေးကြမ်းနှင့် တုတ်ကွေးရောဂါ

ရေနွေးကြမ်းတွင် ပါဝင်သော tannin သည် တုတ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုး၏ လုပ်ငန်းဆောင်တာများကို ဟန့်တားပေးပါတယ်။

၁၀။ ရေနွေးကြမ်းနှင့် သွားပိုးစားခြင်း

ရေနွေးကြမ်းတွင် ပါဝင်သော သဘာဝဖလူအိုရင်း (fluorine) သည် သွားများ၏ အပေါ်ယံလွှာကို ပိုမိုခိုင်မာစေခြင်း၊ ၊သွားများ၏ အခေါင်းများထဲတွင် ကျက်စားနေတတ်သော ပိုးများကို သေစေနိုင်သောကြောင့် သွားပိုးစားမှုကို လျော့ကျစေခြင်း တို့ကိုဖြစ်စေပါတယ်။

၁၁။ ရေနွေးကြမ်းနှင့် အရိုးပွရောဂါ

အသက်ကြီးသော အမျိုးသားများနှင့် မီးယပ်သွေးဆုံး အမျိုးသမီးများတွင် ဖြစ်ပေါ်တတ်သော အရိုးပွခြင်း ကာကွယ်ရန်

၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း

၂။ တနေ့လျှင် Vitamin D 400I U သောက်သုံးပေးခြင်း

၃။ တိရစ္ဆာန်များမှ ရသော အသားဓါတ်သည် ခန္ဒာကိုယ်တွင် ရှိသည့် ထုံးဓါတ်ပမာဏကိုလျော့ကျစေသဖြင့် ယင်းအစား ပဲနို့ကိုသောက်သုံးပေးခြင်း

၄။ နေ့စဉ် ယမကာသောက်သုံးသည့် ပမာဏကို လျှော့ချပေးခြင်း

၅။ တနေ့လျှင် ရေနွေးကြမ်း ၃ခွက် သို့မဟုတ် ၃ခွက်ထက်ပို၍ သောက်သုံးခြင်းကို ပြုလုပ်သင့်ပါတယ်။

၁၂။ ရေနွေးကြမ်းနှင့် လန်းဆန်းမှု

ရေနွေးကြမ်းတွင် ကာဖင်းဓါတ် ၅-၁.၂% ပါဝင်နေသောကြောင့် အတန်အသင့် သောက်သုံးပါက အာရုံစူးစိုက်မှုကို ပေးခြင်း၊ နိုးကြား လန်းဆန်းစေခြင်းကိုဖြစ်စေပါတယ်။

၁၃ ။ ရေနွေးကြမ်းနှင့် ဝမ်းလျှောရောဂါ

ထို့အပြင်ရေနွေးကြမ်း ကို ဝမ်းလျှောနေသူများအတွက် ဝမ်းပိတ်စေရန်အလို့ငှာ တိုက်ကျွေးနိုင်ပါတယ်။

ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့်ရရှိနိုင်သော ဆိုးကျိုးများမှာ

၁။ရေနွေးကြမ်းနှင့် ဂဏာမညိမ်ခြင်း

ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော ကာဖင်း၏ ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့် ရသော အကျိုးဆက်များဖြစ်တဲ့

၁။ အသက်ရှုမြန်ခြင်း၊

၂။ နှလုံးခုန်မြန်ခြင်း၊

၃။ ခေါင်းကိုက်ခြင်း

၄။ သွေးပေါင်ချိန်တက်ခြင်း

၅။ နှလုံးခုန်မမှန်ခြင်း

၆။ အိပ်မပျော်ခြင်း

၇။ စိတ်ပူပန်တတ်ခြင်း

၈။ ဂဏာမညိမ်ဖြစ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။

၂။ ရေနွေးကြမ်းနှင့် အစာစားလိုစိတ်

ရေနွေးကြမ်းတွင် အဓိက ပါဝင်သော ဓာတုပစ္စည်းမှာ Tennin ဖြစ်ပြီး ၎င်းကို သားရေများကို မာစေရန်အလို့ငှာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းကို သောက်သုံးမိသည့် အခါတွင်လည်း tennin သည် အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ရှိ အမြှေးပါးများကို မာကျော ခြောက်သွေ့ေစေပြီးလျှင် အစာမကျေခြင်း၊ အစားပျက်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ရေနွေးကြမ်းနှင့် သွေးအားနည်းရောဂါ

Tennic acid သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေသောကြောင့် ရေနွေးကြမ်းကို အမြောက်အများသောက်သုံးပါက သံဓါတ်နည်းမှုကြောင့်ဖြစ်ပေါ်သော သွေးအားနည်းမှုကို ခံစားရစေနိုင်ပါတယ်။

၄။ ရေနွေးကြမ်းနှင့် မှိုအန္တရာယ်

ရေနွေးကြမ်းပြုလုပ်မည့် လက်ဘက်ခြောက်ကို ခြောက်အောင်ပြုလုပ်သည့် အဆင့်ဆင့်တွင် သန့်ရှင်းမှုကိုလိုက်၍ မှိုစွဲကပ်ခြင်းများ ဖြစ်ပေါ်စေသောကြောင့် ၎င်းမှိုများအလိုက် လူသားတို့အား အန္တရာယ်ပေးနိုင်ပါတယ်။





ရေနွေးကြမ်းကို အလွန်အကျွံမသောက်သုံးသင့်သူများမှာ

၁။ အစာအိမ်ရောဂါကြောင့် ရင်ပူတတ်သူများ

၂။ စိတ်ဖိစီးမှုများသူများ

၃။ အိပ်မပျော်သူများ

၄။ hyperthyroid ရောဂါရှိသူများ

၅။ သွေးကျဲဆေးသောက်ထားရသူများ ပဲဖြစ်ပါတယ် ။

ကဲ.. မောင်လေး ဖြိုးငယ်လည်း ကျေနပ်နိုင်ပါလိ့မ်မယ်လို့ထင်ပါတယ်…။ အားလုံးသိကြတဲ့ အတိုင်း ကျမ မွန်းသက်ပန် ဟာ ရေနွေးကြမ်းဆိုင်ရာ ကျွမ်းကျင်သူ တယောက် မဟုတ်လို့ ကျမတင်ပြမှုများမှာ လိုအပ်တာများရှိရင် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ အကျိုးအကြောင်း ဆီလျှော်တဲ့ ဝေဖန်မှုများကို ကြိုဆိုလျှက်ပါ…

မွန်းသက်ပန် (ဆေး-၁)

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။
ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်
၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှလေ့လာသူများက အရွယ်ရောက်သူ လူငယ်များကို ချောကလက် အမည်းနှင့် အဖြူတစ်ခုခုကို စားခိုင်းကြသည်။ ထို့နောက်သူတို့၏ မျက်စိအမြင်ကို စမ်းသပ်ကြသည်။ပြန်လာကြပြီး အခြားချောကလက်အမျိုး
အစားကိုစား၍ စမ်းသပ်မှုကို ပြန်လုပ်ကြသည်။ ချောကလက်အဖြူနှင့် ယှဉ်လျှင်ချောကလက်အမည်းများက စမ်းသပ်ချက်
ရလဒ် အမှတ်များ ပိုမိုမြင့်နေသည်ကိုလေ့လာသူများ တွေ့ရှိကြသည်။မျက်စိအမြင်အပေါ် ချောကလက်၏ အကျိုးသက်ရောက်မှုက အသက်ပိုကြီးသော အရွယ်ရောက်သူများတွင် ပိုမိုကြီးမားနိုင်သည်ဟု စာရေးဆရာများက ထင်မြင်ချက်ပေးကြသည်။

အကြံပေးချက်
သင် ချောကလက်တောင့် တစ်တောင့် ဝယ်တော့မည်ဆိုလျှင် ကိုးကိုး ၇၂ ရာခိုင်နှုန်းနီးပါးရှိသော
ချောကလက်ကို ရွေးချယ်ပါ။ တစ်နေ့လျှင်ချောကလက် အောင်စတစ်ဝက် (သို့)ချောကလက်အများစု၏ ၂ လက်မ ပတ်လည်ခန့် စားပါ။
 
ချောကလက်က သင့်၏အသားအရေကိုကာကွယ်သည်
၂၀၀၆ ခုနှစ်တွင် ဂျာမန်လေ့လာမှုတစ်ခုက မည်းနက်သော ချောကလက်ထဲမှဖလေဘွန်နဲလ်သည်အရေပြားကိုUV
အလင်း၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိန်မှ ၂၀၀၉ခုနှစ် လေ့လာမှုတစ်ခုက အလားတူရလဒ်ကို တွေ့ရှိခဲ့သည်။ သို့သော် သင်၏အရေပြားကို ကာကွယ်ရန် လိုအပ်သောဖလေဘွန်နဲလ်အဆင့်ကစံချိန်မီ ချောကလက်အများစုတွင်
တွေ့ရသောဖလေဘွန်နဲလ်၏အဆင့်ထက်ပိုမိုမြင့်မားသည်ကိုသတိပြု
မိကြသည်။ လေ့လာမှုတွင် အသုံးပြုသော ဖလေဘွန်နဲလ်မြင့်သည့် အထူးသီးသန့် ချောကလက်က သွေးလည်ပတ်မှုနှင့် အရေပြားစိုစွတ်မှုကို မြှင့်တင်ပြီး၊ အသားအရေကိုပိုမို ကျန်းမာ၍ကြည့်ကောင်းအောင် လုပ်ပေးသည်။

အကြံပေးချက် -

ချောကလက်တောင့်ကို ရွေးချယ်သောအခါ ဖြစ်နိုင်သမျှ ပါဝင်ပစ္စည်းအနည်းဆုံး ချောကလက်ကိုရှာပါ။ သကြားများသော ချောကလက်ကို မလိုချင်ပါနှင့်။ ကိုကိုး အများဆုံး ချောကလက်ကိုရှာပါ။

ချောကလက်က သင်၏နှလုံးကိုအကူအညီပေးသည်

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှဆေးဘက်ဆိုင်ရာ ဂျာနယ်ထဲ၌ ဖော်ပြခဲ့သော အဆင့်မြင့် လေ့လာစစ်ဆေးမှု တစ်ခုကချောကလက် စားသုံးခြင်းသည် နှလုံးသွေးကြောရောဂါအမျိုးမျိုးဖြစ်နိုင်မှု အန္တရာယ်ကို ၃ ပုံ၊ ၁ ပုံ လျှော့ချကြောင်း တွေ့ရှိသည်။
သီးခြားလေ့လာမှုများက ချောကလက်သည် သွေးတိုးနှုန်းကို လျှော့ချနိုင်ပြီး သွေးကြောကျန်းမာရေးကို မြှင့်တင်နိုင်၍ သွေးသကြားကို ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရှိသည်။

အကြံပေးချက်

ကျန်းမာရေး အပိုဆုများကို လိုချင်ပါသလား။ ချယ်ရီ၊ ဗာဒမ်သို့မဟုတ် ချင်း ပါရှိသော ချောကလက်အမည်း အနည်းငယ်ကို စားပါ။ ကျန်းမာရေးညီညွတ်သော အခြားပါဝင်ပစ္စည်းပေါင်းစပ်ထားသော ချောကလက်မှ အာနိသင်ပေါင်းစုံကို သင် ရရှိလိမ့်မည်။

မင်းသုတ

ခေါင်းတစ်ခြမ်းကိုက်ရောဂါဘယ်တော့မှ မဖြစ်ရလေအောင်

အမျိုးသမီးလေးယောက်မှာ အနည်းဆုံးတစ်ယောက်ခန့်ဟာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ပုံမှန်ခံစားရလေ့ ရှိပါတယ်။ လေ့လာမှုတွေအရ ခေါင်းတစ်ခြမ်းကိုက်သူတွေရဲ့ ၉၁ ရာခိုင်နှုန်းဟာ ထိထိရောက်ရောက် သက်သာမှု မရရှိဘူးလို့ သိရပါတယ်။
 ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမခံစားရအောင် အောက်ပါတို့ကိုပြုလုပ်ကြည့်ပါ။
နံပါတ်တစ် လှုံ့ဆော်သည့်အရာကို ရပ်တန့်လိုက်ပါ
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်စေတဲ့ အကြောင်းအရင်းနံပါတ်တစ်ဟာ စိတ်ဖိစီးမှုပါ။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်တတ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများလွန်းရင် တစ်ပတ်အတွင်း ခုနစ်ကြိမ်ခန့် attack ရနိုင်ပါတယ်။ ဒါပေမဲ့ နေ့စဉ် မိနစ်၃၀ခန့် ဖိစီးမှုဖြေလျှော့တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ရင် attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့သွားပါတယ်။ စိတ်ဖိစီးမှုလျော့ကျတဲ့ နည်းလမ်းကို ပုံမှန်အသုံးပြုတာကြောင့် နာကျင်မှုဖြစ်အောင် လှုံ့ဆော်တဲ့ ဖိစီးမှုဟော်မုန်း ထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေနွေးနဲ့ရေစိမ်ချိုးတာ၊ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာ၊ စာရေးတာလိုမျိုး ဖိစီးမှုလျော့ကျစေတာတွေကို ပြုလုပ်ပေးပါ။
အဓိက ရောဂါလက္ခဏာများကို ဆရာဝန်အားပြောပြပါ
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရသူတွေအားလုံးရဲ့ ထက်ဝက်နီးပါးလောက်သာ တိကျတဲ့ရောဂါ သတ်မှတ်တာကို ရရှိပြီး ကျန်သူတွေဟာ သူတို့ကိုယ်သူတို့ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ(Tension Headache)လို့ ထင်မှတ်ကြတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ရောဂါအမှန်သိရှိဖို့ အောက်ပါလက္ခဏာတွေ တစ်ခုခု သင့်မှာ ရှိနေရင် ဆရာဝန်ကိုပြောပြပါ။

- လေးနာရီမှ ၇၂နာရီ ကြာတဲ့အထိ ခေါင်းကိုက်နေရင်

- ထိုးထိုးပြီး ခေါင်းကိုက်နေရင် (သွေးတိုးနေသလို)

- အလင်းရောင် ဒါမှမဟုတ် အသံဒဏ်ကို မခံနိုင်ရင်

- ခေါင်းကိုက်နေစဉ် ပျို့လာရင်

Attack ဖြစ်ချိန်လျော့အောင် ဗီတာမင် B သောက်ပါ
ဗီတာမင် B2 ၄၀၀ မီလီဂရမ်ကို နေ့စဉ်သောက်ပေးရင် အမျိုးသမီး ၁၀ ယောက်မှာ ခုနစ်ယောက်ခန့်ဟာ attack ဖြစ်ချိန် ထက်ဝက်ခန့် လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဗီတာမင် B2 (Riboflavin)ဟာ ဦးနှောက်ဆဲလ်တွေကို adaptable ဖြစ်အောင် ကူညီနိုင်တာမို့ ဟော်မုန်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေရင် ခေါင်းကိုက်အောင် မလှုံ့ဆော်နိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။
အစားအစာနှင့် ရောင်ရမ်းမှု လျော့အောင် ပြုလုပ်ပါ
သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ အစာတွေကို များများစားပြီး ဆီကြော်စာတွေကို ဖြတ်ထားရင် ခေါင်းတစ်ခြမ်းကိုက်နိုင်ခြေ ၇၁ရာခိုင်နှုန်း လျော့နည်းတယ်လို့ သုတေသနအရ သိရပါတယ်။ ကောက်နှံတစ်ခုလုံးမှ ရောင်ရမ်းမှု လျှော့ချနိုင်သော သဘာဝပစ္စည်း တစ်ရာကျော် ပါဝင်တာမို့ နာကျင်မှု့ဖြစ်အောင် လှုံဆော်မယ့် ရောင်ရမ်းမှုတွေ လျော့ကျသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။
Ref:Good Health
source>>>http://natureenergycare.blogspot.com/2013/01/blog-post_4428.html#more
♥♥ရေးသားချိန်♥♥ 8:22 AM ♥♥ရေးသူ♥♥ ကိုဦး

အားကစား မလုပ်မီ ကော်ဖီသောက်ပါက နာကျင်ကိုက်ခဲမှု လျော့နည်းစေနိုင်

ကိုဖြိုး 3 years ago
ActivityRank: 0 
အားကစား လုပ်ငန်းများ ဆောင်ရွက်မှု မပြုခင် ကော်ဖီ သောက်ခြင်းဖြင့် နာကျင် ကိုက်ခဲမှုကို လျော့နည်း စေနိုင်ကြောင်း အမေရိကန် သုတေသီများ က ပြောကြား လိုက်သည်။ လေ့လာမှု စစ်တမ်းများ အရ ကော်ဖီတွင် ပါဝင်သော ကဖိန်းဓာတ် သည် လူအများ၏ လှုပ်ရှားလုပ်ကိုင် နေမှုများတွင် ဖြစ်ပေါ် လာတတ်သည့်
နာကျင်မှု ဝေဒနာများကို လျော့နည်း စေကြောင်း ဖော်ထုတ် နိုင်ခဲ့ပြီးနောက် ဆရာဝန်များက တနေ့လျှင် ကော်ဖီ(၄)ခွက်မျှ ပုံမှန် သောက်သုံးသင့်ကြောင်း တိုက်တွန်း လိုက်သည်။ အီလီနွိုက် တက္ကသိုလ် မှ ပညာရှင်များ သည် ကဖိန်းဓာတ် ၏ နာကျင်မှုများ လျှော့ချ ပေးနိုင်သော ဂုဏ်သတ္တိကို အတည်ပြု ပေးခဲ့သည်။ အထူးသဖြင့် လေ့ကျင့်ခန်း ပြုလုပ်စဉ် ဦးနှောက်နှင့် ဆက်စပ်နေသော အာရုံကြောများနှင့် ခါးရိုးအတွင်းရှိ ပင်မ အာရုံကြောမကြီး တွင် နာကျင်မှုများ ဖြစ်ပေါ်လာမှုကို လျှော့ချပေးကြောင်း သိရသည်။ သုတေသနအဖွဲ့ ခေါင်းဆောင် ပရော်ဖက်ဆာ ရောဘတ်မော့ က သီအိုရီ သဘောအရ ကဖိန်းဓာတ်သည် ခန္ဓာ ကိုယ်အလေးချိန် လျော့ကျမှုနှင့် လူတဦး၏ ကိုယ်လက် လှုပ်ရှားမှု စွမ်းဆောင်ရည် တိုးပွားစေမှု တို့ကို ပေါ်ပေါက် စေနိုင်ကြောင်း ရှင်းပြသွားသည်။

အသားအရေအကြောင်း သင်မသိသေးသော အချက် ၆ ချက်

အသားအရေ ထိန်းသိမ်းမှုကို အလေးပေး လုပ်ဆောင်တာက သဘာဝအလှကို ပိုမိုကြည့်ကောင်းအောင်
ပံ့ပိုးပေးရာ ရောက်ပါတယ်။ အပြင်ထွက်ခါနီး မျက်နှာကို ဘာမှ မလိမ်းခြယ်ခင် မှဲ့တွေကို
စစ်ဆေးတာကိုလုပ်ပြီး အရေပြား အပြောင်းအလဲကို ဆန်းစစ်ပေးတာ၊ နေကာခရင်မ် လိမ်းတာစတဲ့
ကောင်းမွန်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို သိထားသင့်တဲ့အပြင် သင့်အသားအရေနဲ့
ပတ်သက်ပြီး အံ့အားသင့်စရာကောင်းတဲ့ အချက် ခြောက်ချက်ကိုလည်း သိထားသင့်ပါတယ်။
အရေပြားက အခြေခံကျန်းမာရေးကို သဲလွန်စပေးနိုင်ပါတယ် တစ်ခါတစ်ရံ အရေပြား အပြောင်းအလဲဟာ အခြေခံကျန်းမာရေး အခြေအနေကို ပြသတဲ့ သတိပေး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် သိုင်းရွိုက်ဂလင်းက ထုတ်တဲ့ ဟော်မုန်းတွေဟာ
အရေပြားနဲ့ ဆံပင်တွေကို ကာကွယ်ပေးတဲ့ သဘာဝအဆီတွေနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိပါတယ်။
ဒါကြောင့် သိုင်းရွိုက် ဟော်မုန်းအထွက်များတဲ့ အခြေအနေ (Hyperthyroidism) ဟာ အရေပြား
အပေါ်ယံလွှာ (Epidermis) ကို ထူထဲစေပြီး အရေပြားကို ပျော့ပျောင်းစေနိုင်ပါတယ်။ သိုင်းရွိုက်
ဟော်မုန်းအထွက်နည်းတဲ့ အခြေအနေ (Hypothyroidism) ဖြစ်ရင်တော့ အရေပြား ခြောက်သွေ့
စေနိုင်ကာ လက်ဖဝါး၊ ခြေဖဝါးအရေပြားတွေ ထူထဲနေတတ်ပါတယ်။ အရေပြားဟာ တခြားကျန်းမာရေး
အခြေအနေတွေကိုလည်း ပြသနိုင်ပါသေးတယ်။ လည်ပင်းအရေပြား ညိုမည်းပြီး ထိတွေ့မှု
အပြောင်းအလဲဖြစ်တဲ့ Acanthosis nigricans ဟာ ဆီးချိုသွေးချိုရောဂါနဲ့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။
ဘယ်လို အသားအရောင်ပဲ ရှိရှိ၊ အရေပြားပေါ်မှာ တူညီတဲ့ ရောင်ခြယ် ပစ္စည်းရှိပါတယ်
လူတွေအားလုံးရဲ့ အသားအရေပေါ်မှာ မယ်လနင်ဆိုတဲ့ အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ပစ္စည်း
ရှိနေပါတယ်။ လူမျိုး မတူတာကြောင့် ရောင်ခြယ်ပစ္စည်း ပမာဏပဲ ကွဲပြားပြီး အသားအရောင် မတူတာမျိုး
ဖြစ်နိုင်ပါတယ်။ မယ်လနင် ဖြစ်စေတဲ့ မယ်လနိုဆိုက်ဆဲလ် အရေအတွက်ကတော့ အတူတူပဲ
ရှိနေတတ်ပါတယ်လို့ အရေပြားအထူးကု အာနိုးအော့ပန်က ဆိုပါတယ်။ ဒါပေမဲ့ မယ်လနင်ပါတဲ့
မယ်လနိုဆုမ်း မတူတာကြောင့် အရေပြားအရောင် အပြောင်းအလဲ ဖြစ်ရတာပါ။
အသက်ကြီးလာတဲ့အခါ အရေပြားဆဲလ်တွေက နှေးကွေးစွာ အသစ်လဲတယ်
ကလေးတွေက ပင်ကိုအားဖြင့် နှင်းဆီရောင် အသားအရေကို ပိုင်ဆိုင်တယ်ဆိုတာ သိပါရဲ့လား။ လူတွေရဲ့
အသားအရေတွေက ဆဲလ်သစ်တွေ ထွက်ပြီး ဆဲလ်သစ်တွေက အရေပြား မျက်နှာပြင်ဆီ တဖြည်းဖြည်း
ရောက်ရှိကာ အသစ်လဲလှယ်ပါတယ်။ ငယ်ရွယ်တဲ့ လူတွေရဲ့ အရေပြားမှာ ဆဲလ်သစ်တွေ
အသစ်ထွက်နှုန်း များပါတယ်။ ကလေးတွေမှာဆိုရင် နှစ်ပတ်- သုံးပတ်ကြာတိုင်း ဆဲလ်သစ်တွေ
လဲလှယ်တာကြောင့် တောက်ပကြည်လင်တဲ့ အသားအရေကို ရရှိစေတာပါ။ အသက်ကြီးလာတဲ့အခါ
အရေပြားဆဲလ် အသစ်ဖြစ်ပေါ်နှုန်းက နှေးလာပါတယ်။
ဆဲလ်သေတွေက အရေပြား မျက်နှာပြင်ပေါ် စုပုံနေလေလေ နွမ်းနယ်ပြီး ရေဓာတ်ခန်းခြောက်နေတဲ့
အသွင်ဖြစ်လေလေပါပဲ။ နေရောင်ခြည်နဲ့ တိုက်ရိုက် ထိတွေ့မှုကြောင့် အရေပြားဆဲလ် အသစ်လဲနှုန်း
နှေးသွားပါတယ်။ အကြောင်းကတော့ ခရမ်းလွန်ရောင်ခြည်က ဆဲလ်ဖြစ်ပျက်နှုန်းကို လျော့ကျစေလို့ပါ။
ဒါကြောင့် အသက်ကြီးချိန်မှာ ဆဲလ်အသစ်လဲလှယ်နှုန်း အားကောင်းအောင် ဗီတာမင်၊ ရက်တီးနွိုက်တို့ပါတဲ့
အင်တီအောက်ဆီးဒင့် ခရင်မ်ကိုလိမ်းဖို့နဲ့ ကြေးချွတ်သန့်စင်ဖို့ လိုအပ်ကြောင်း အရေပြား အထူးဆရာဝန်
ဖရန်စီစကာက ဆိုပါတယ်။
အကြောပြတ်ရာတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ထားနိုင်တယ်
ကိုယ်ဝန်ဆောင်ရတာ၊ ကိုယ်အလေးချိန် အတက်အကျ ဖြစ်တာနဲ့ ဆယ်ကျော်သက် ကြီးထွားနှုန်း
မြန်တာတွေ အားလုံးက အကြောပြတ်ရာတွေကို ဖြစ်စေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အကြောပြတ်ရာက
ပေါင်၊ တင်ပါးနဲ့ ဝမ်းဗိုက်တို့မှာ အဓိက ဖြစ်တတ်ပါတယ်။ ကော်လာဂျင်နဲ့ အီလက်စတင်တို့
အားနည်းတာကြောင့် အရောင်ဖျော့တဲ့ အရေပြားမှာ အနီနဲ့ ခရမ်းရောင် အကြောပြတ်ရာတွေ
ပေါ်ရတာပါ။ အကြောပြတ်ရာတွေ မဖြစ်အာင် ရက်တီးနွိုက် ခရင်မ်လိမ်းပေးပါ။ ဒါကဆဲလ်အသစ်
ဖြစ်ပေါ်မှုနဲ့ အရေပြား အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ အရင်က ဖြစ်ဖူးတဲ့ အကြောပြတ်ရာတွေ
လျော့ပါးအောင် လေဆာနည်းနဲ့ ကုသပေးနိုင်ပါတယ်။
အရေပြားအဆီပြန်မှုဟာ အဲဒီနေရာမှာ ပေါက်တဲ့ အမွေးအမျိုးအစားကို ညွှန်ပြ ပေးနိုင်ပါတယ်
အရေပြားနဲ့ အမွေးအမှင်က ဆက်စပ်မှု ရှိပါတယ်။ အဆီဂလင်းဟာ ဆံချည်မျှင်အိတ် နေရာမှာ
ရှိတာကြောင့် စိုပြည်စေပါတယ်။ “ကြီးမားတဲ့ အဆီဂလင်းတွေ ရှိတဲ့နေရာမှ အဆီတွေပိုထွက်စေပြီး
အမွေးတွေ ကျဲပါးနေတတ်ပါတယ်၊ အဆီဂလင်း သေးငယ်တဲ့နေရာမှ အဆီထွက်နှုန်း နည်းပြီး အမွေးတွေ
ထူထဲနေတတ်ပါတယ်” လို့ အရေပြားအထူးကု ဒေါက်တာအော်ဖန်က ဆိုပါတယ်။ မျက်နှာရဲ့
အလယ်နေရာ (T Zone) မှာ နေရာမှာ အဆီပြန်တဲ့ အသားအရေရှိတာက အဲဒီနေရာမှာ ကြီးမားတဲ့
အဆီဂလင်းရှိနေလို့ပါ။ ဒါကြောင့် မုတ်ဆိတ်နဲ့ ပါးသိုင်းမွေးထူတဲ့ အမျိုးသားတွေတောင်
မျက်နှာအလယ်ပိုင်းမှာ အမွေးမပေါက်ကြပါဘူး။ အစွန်အဖျားနေရာတွေမှာ အရေပြား ခြောက်သွေ့
နေတာက သေးငယ်တဲ့ အဆီဂလင်း ရှိနေလို့ပါ။
သက်ကြီး အစက်ပြောက်တွေကိုနေရောင်ကြောင့်ဖြစ်တဲ့ အစက်တွေလို့ခေါ်သင့်ပါတယ်
အသက်ကြီးချိန်မှာ ထွက်တဲ့ မျက်နှာပေါ်က အညိုရောင်အစက်တွေဟာ နေရောင်ခြည်ဒဏ်ကို
နှစ်ပေါင်းများစွာ ခံရတာကြောင့် ဖြစ်ရတာပါ။ “သက်ကြီး အစက်အပြောက်ဆိုတာ ခရမ်းလွန်ရောင်ခြည်
ထိတွေ့မှုကြောင့် ဖြစ်ရတဲ့ ထိခိုက်မှုတစ်ခုပါပဲ” လို့ ဒေါက်တာဖူဆိုက ရှင်းပြပါတယ်။
ရောင်ခြယ်ဆဲလ်တွေက အရေပြား အပေါ်ယံလွှာမှာ စုပုံနေတာကြောင့် အညိုစက်တွေ ပေါ်လာရတာပါ။
သက်ကြီး အစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ဖို့ နံနက်တိုင်း နေရောင်ကာ ခရင်မ်လိမ်းပါ။
နေပူထဲမှာ ကြာကြာမနေသင့်ပါ။ “ သင်သုံးတဲ့ SPF က ၃၀ ဆိုရင် ခရမ်းလွန်ရောင်ခြည် အေရော ဘီကိုပါ
ကာကွယ်ပေးနိုင်ပါတယ်”လို့ ဒေါက်တာဖူဆိုက အကြံပေးထားပါတယ်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good Health http://news.yatanarpon.com.mm/cp/goodhealth/article-51704
♥♥ရေးသားချိန်♥♥ 6:38 AM ♥♥ရေးသူ♥♥ ကိုဦး

အသည်းကျွတ်ရောဂါ ကုသပျောက်ကင်းနိုင်သော ဆေးနည်းတစ်မျိုးအား ဖော်ထုတ်တင်ပြခြင်း

ရည်ရွယ်ချက်
ပိုမို ကောင်းမွန် ထက်မြက်သော အသည်း ဆေးများ ဖော်ထုတ် အသုံးပြု ကုသနိုင်ရန် ရှေးကျမ်းများ ထဲတွင် အစွမ်းထက် ဆေးနည်းများ ရှာဖွေ ဖော်ထုတ် အသုံးပြု နိုင်ကြရန်နှင့် ဆက်လက် သုတေသန ပြုနိုင်ကြရန် ရည်ရွယ် ပါသည်။
နိဒါန်း
အသည်းကျွတ် ရောဂါသည် အသည်း ဆဲများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်း တုန့်ပြန် အမျှင် တစ်သျှူး အတန်းများ ဖြာယှက်၍ အကြားတွင် ပြန်လည် တိုးပွား လာသော ဆဲလ် (cells) များဖြင့် တည်ဆောက်သော အခြေအနေ၊ အသည်းသည် ဝါညိုရောင်ဖြစ်လာ၍ အဖု အကြိတ် ထွက်သော အခြေအနေ ဖြစ်ပါသည်။ ဖြစ်စေသော အကြောင်းအရင်းများမှာ အရက်စွဲခြင်း Alcoholic Cirrhosis, ဗိုင်းရပ် (စ်) Viruses ပိုးများ ကြောင့် လည်းကောင်း၊ သည်းခြေ ပြွန်ဆုံ နာတာရှည် ပိတ်ဆို့ခြင်း Secondary biliary Cirrhosis, Auto immune ရောဂါ Chronic Aggressive hepatitis, primary billary cirrhosis နာတာရှည် နှလုံး အားနည်း ရောဂါများ Cardiac Cirrhosis ဟူ၍ ဖြစ်သည်။ အသည်းကျွတ် လူနာ တစ်ဝက်ခန့်တွင် အကြောင်း အရင်း မတွေ့ပါဟု အနောက်တိုင်းမှ ဆိုပါသည်။အသည်းကျွတ် ရောဂါသည် ကုသရန် ခက်ခဲပြီး အသက် အန္တရာယ် ပေးစေနိုင်သော ရောဂါဖြစ် ပါသည်။ ဖြစ်လာလျှင် လုံးဝ ပြန်လည် ကောင်းမွန်အောင် ကုသနိုင်သော အစွမ်းထက် ဆေးများ ရှားပါးလှပါသည်။ ထိုသို့ ရှားပါး လှသော အသည်းကျွတ် ရောဂါ ကုသနိုင်ရန် ဆေးများသည် ရှေးဟောင်း ဆေးကျမ်းများ တွင် ရှာဖွေ တွေ့ရှိ နိုင်ကြောင်း မသိရှိ ကြသော ကြောင့် လည်းကောင်း ရှာဖွေရန် အခက်အခဲ အမျိုးမျိုး ကြောင့် လည်းကောင်း၊ အသည်းကျွတ် ရောဂါ အတွက် ဆေးများ ရှားပါး နေခြင်း ဖြစ်သည်။ ကျွန်တော် ကိုယ်တိုင် ရောဂါ ခံစားခဲ့သော လူနာအဖြစ် ဆိုးဝါး ပြင်းထန်စွာ ခံစားခဲ့ရပြီး ‘သာရကောမုဒိ’ ကျမ်းလာ အသည်းဆေး တစ်မျိုးအား ဖော်စပ် သောက်သုံးခဲ့ခြင်းဖြင့် ပကတိ အတိုင်း ပြန်လည် ကျန်းမာ လာခဲ့ပါသည်။ထို့ကြောင့်ခိုင်မာသော ကျမ်းဝင်ဆေးဝါးလည်းဖြစ် ကျွန်တော်ကိုယ်တိုင် ပျောက်ကင်းခဲ့သော ဆေးဝါး ဖြစ်သောကြောင့် တိုင်းရင်း ဆေး ပညာရှင်များ အနေဖြင့် အသုံးပြုနိုင်ရန် မျှဝေလိုသော စိတ်စေတနာဖြင့် ဤစာတန်းကို ရေးသားအပ်ပါသည်။ကျွန်တော် အလုပ်သင် တာဝန် ရန်ကုန်(၆)လ နောက်ဆုံး လတွင် ရောဂါ လက္ခဏာများ စတင် ခံစားရပါ သည်။

အသည်းကျွတ် ရောဂါ လက္ခဏာများ
-ဆီးနီခြင်း၊ နဲခြင်း၊ မျက်လုံးနှင့် လျှာအနည်းငယ်ဝါခြင်း
-ဝမ်းချုပ်ခြင်း
-ခန္ဓာကိုယ် လေးလံ ထိုင်းမှိုင်းခြင်း၊ အိပ်ချင်ခြင်း၊ မထလိုခြင်း
-ရောဂါဖြစ်စတွင် ခန္ဓာကိုယ်တွင်း ပူလောင်ခြင်း၊ အပေါ်ပိုင်း ချွေးထွက်များခြင်း
-အသည်းထိပ် နေရာများ နာကျင်ခြင်း၊ လမ်းလျှောက်ရန် ခက်ခဲခြင်း
-အစာအိမ်နှင့် အသည်း ထိစပ်သော နေရာတွင်ဖုနေခြင်း
-ပူသောအစာ ငရုတ်သီး၊ အရက်၊ လက်လုပ်ချဉ်များ စားလျှင်ရောဂါတိုးခြင်း
-အသည်းနာကျင်မှု ပိုလာသောအခါ ချွေးမထွက် နိုင်ခြင်း၊ ကိုယ်သား ကိုယ်ရေနွေးခြင်း
-ခန္ဓာကိုယ်အတွင်းပိုင်းတွင် နီညိုရောင် အစက်အပျောက်များ ထင်ခြင်း

စသည့် လက္ခဏာများ ခံစားရပါသည်။ ထို့ကြောင့် အသည်းဆေးချက် ဆေးအမှတ် - ၆၊၁၊၂၁ ဆေးများ သောက်ပါသည်။ (၅) ရက်ဝေဒနာ လျော့ခြင်းမရှိ၍ ဆရာကြီး ဦးကျော်စိန်ထံ သွားရောက် မေးပါသည်။ ဆရာကြီးမှ Glucose တစ်ထုတ်ဝါဠုက ရွှေပြာ(၂)ပဲသား ရောစပ်၍ ကော်ဖီဇွန်းနှင့် မနက်၊ နေ့၊ ည တစ်နေ့ (၃) ကြိမ်သောက်ခိုင်းပါသည်။ ကျွန်တော် သောက်ပါသည်။ သက်သာပါသည်။ (၁၅)ရက်ခန့်သောက်လိုက်သည်။ အတော်သက်သာပါသည်။

အလုပ်သင်ပြီး ရန်ကုန်မှ အပြန် မန္တလေးတွင် Rum နှစ်ပတ် သောက်မိ ပါသည်။ နောက်နေ့တွင် လုံးဝ လမ်းမလျှောက် နိုင်သည် အထိ နာကျင်မှု ခံစားရပါသည်။ အနောက်တိုင်း ဆေးနှင့် ကုသခံယူ၍ ပြသခဲ့ပါ သည်။ Cirrhosis of Liver ဟု အဖြေထွက် ပါသည်။ ထိုအဖြေ ထွက်လျှင် (၆)လခန့်သာ အသက်ရှင် နိုင်ကြောင်း ပညာရှင်များ ခန့်မှန်းကြပါသည်။ ဆရာညွှန်ကြားသော ဆေးထဲတွင် ဆေးအမှတ် (၉)ကဲ့သို့ တိုင်းရင်းဆေး တစ်မျိုးပါ ပေးပါသည်။ တိုင်းရင်း ဆေးဖြင့် ကုသသင့် ကြောင်းလည်း ပြောပါသည်။ကျွန်တော်သေလျှင် အိမ်ပြန်သေတာ ကောင်းမည်ဟုစဉ်းစား၍ တောင်သာမြို့သို့ပြန်ပါသည်။ ဖခင်မှ တိုင်းရင်းဆေးများဖြင့် ကုသပေးပါသည်။ သက်သာမှု မရှိပါ။ အမ ဝမ်းကွဲ (သူနာပြု)မှ “ငါ့မောင် မသက်သာလျှင် ဆေးရုံတက် ကုကြည့်ပါ” ဟုဆို၍ တောင်သာဆေးရုံတွင် (၁)လခွဲခန့် ကုသမှု ခံယူခဲ့ပါသည်။ ထိုအချိန်တွင် ဆရာဝန်ကြီး Inosea သို့မဟုတ် Tiotan ပုလင်းကြီးတွင် ရောစပ်၍ တစ်နေ့တစ်လုံး Drip ချိတ်ပေးပါသည်။ Gurosan နံနက်/နေ့/ည (၅)လုံး (၃)ကြိမ် သောက်ခဲ့ ရပါသည်။ နေ့စဉ်ဆေးသွင်း နေမှ သက်သာပါသည်။ ဆေးရပ် လိုက်လျှင် ပြန်နာ လာပါသည်။ ထို့ကြောင့် (၁)လခွဲ အကြာတွင် ဆေးရုံမှ သက်သာချင် ဟန်ဆောင်၍ ဆင်းခဲ့ပါသည်။ အိမ်တွင် အမမှ ဆေးချိတ် ပေးပါသည်။ ကျွန်တော် တိုင်းရင်းဆေးဖြင့် ကုသရန် ဆေးရှာဖို့ လိုပြီဟု ယူဆ၍ ဖခင် ဝယ်ထားသော ဆေးကျမ်း များအား ရှာဖွေ ခဲ့ပါသည်။

သာရကောမုဒိ ဆေးကျမ်းထဲမှ အသည်းနှလုံး၊ အဆုတ်ရောဂါများအတွက် ကုသရန် ဆေးနည်း (၈) မျိုး ထဲမှ ယခုတင်ပြသော ဆေးနည်းကို ရွေးချယ်လိုက်ပါသည်။ဆေးနည်းတွင် ကလောသီးအများဆုံး ပါဝင်နေသောကြောင့် ကျွန်တော့် ခံနိုင်ရည်ကြည့်၍ ကလောသီး တစ်ဆလျော့၍ ဖော်စပ်သောက်သုံး ကုသခဲ့ပါသည်။ အသည်းကျွတ်ရောဂါ အဇ္ဇုတ္တိက ပထဝီ ဖျက်ရန် ဆေးချက်-
နံနက်-ဆေးအမှတ် ၂၁ (၇)ပြား သံပုရာရည်
နေ့-သာရကောမုဒိ (အသည်းဆေး) (၅)လုံး သံပုရာရည်
ညနေ-ဆေးအမှတ် ၁(၅)ပြား သံပုရာရည်
ည-ဆေးအမှတ် ၁၂ - ကနခို အခိုးသတ် (၃)ပြား ရေအေး
ဆေးသုံးပတ် သောက်ပြီးသောအခါ လျှာလုံးဝမဝါတော့ပါ သွားလာလှုပ်ရှားသော်လည်း အောင့်ခြင်း၊ နာခြင်း မရှိတော့ပါ။ လေးပတ်သောက်ပြီး ပကတိကောင်းမွန်သော အနေအထားသို့ ရောက်ပါသည်။ ကျွန်တော်ဆေးကို (၆)လဆက်သောက်ခဲ့ပါသည်။

ထိုဆေးချက်အတိုင်း အခြားအသည်းရောင် အသားဝါလူနာများအား ကုသကြည့်ရာ (၃)ရက်မှ (၇) ရက် အတွင်း သက်သာ ပျောက်ကင်းကြောင်း တွေ့ရပါသည်။“သာရကောမုဒိ အသည်းဆေးနည်းမှာ” –
(၁) အိပ်မွေ့သီး
(၂) ပန်းနု
(၃) ဆားငါးပါး
(၄) ပင်လယ်ရေမြှပ်
(၅) ကြစုသီး
(၆) ထန်းနို့ပြာ
(၇) ကျောက်ဖရုံသီး
(၈) တြိကဋုတ်
(၉) ရှိန်းခို
(၁၀) ကန့်ချုပ်မြစ်
(၁၁) စစ်သိမ်မြစ်
(၁၂) စမုန်နက်
(၁၃) လက္ချား
(၁၄) ဇဝက်သာ
(၁၅) စစ်သိမ်၊ ငှက်ပျော၊ ပေါက် လက်ပံ၊ မုန်လာ၊ ချင်း၊ ကန့်ချုပ်၊ ဖုန်သောပြာ
(၁၆) မန်ကျည်းသီး
ဤဆေး ၂၃ မျိုး ၁ ကျပ်သားစီ ဖော်ပါသည်။ တင်လဲ ၂၃ိ/- ကျပ် ကလောသီး ၂၃ိ/- ကျပ် နယ်၍ ရွေးကြီးလုံးခန့်လုံး၍ သုံးစွဲခဲ့ပါသည်။ ကျွန်တော် ယခုကဲ့သို့ အသက်ရှင် ရပ်တည်နိုင်ခဲ့၍ တိုင်းရင်းဆေး အပေါ် ပိုမိုယုံကြည်ခဲ့ ပျော်ရွှင်ဝမ်းမြောက် ဂုဏ်ယူ ခဲ့ရပါသည်။

နိဂုံး
ကျွန်တော် ကိုယ်တိုင် ကုသ၍ ပျောက်ကင်းသော အသည်း ဆေးနည်းအား အများ ပြည်သူများ အသုံးပြုနိုင်ရန် ရှေးဟောင်း ကျမ်းများမှ အနှစ်သာရရှိ အစွမ်းထက်ဆေးနည်းများ ဖော်ထုတ်အသုံးပြုနိုင်ကြရန် ဤစာတမ်းကို ရေးသား ရပါသည်။ဤစာတမ်း ရေးသား ဖတ်ကြားခွင့် ပြုသော တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ်နှင့် MEU အဖွဲ့အား လည်းကောင်း၊ ရေးသားရန် တိုက်တွန်းပေးပါသော မြန်မာ့တိုင်းရင်းဆေးဆရာအသင်း ဥက္ကဠနှင့် အမှုဆောင်များ အား လည်းကောင်း အထူး ကျေးဇူး တင်ရှိပါ ကြောင်း နိဂုံးချုပ် တင်ပြအပ်ပါသည်။ ဦးစံလှဘော်၊ မြို့နယ်တိုင်းရင်းဆေးမှူး၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

(၁) တောင်ကြာကလေးရွက်
တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။
 
 (၂) သံပရာရည်
သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ
သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

(၄) လတ်ဆတ်သော သစ်သီး
သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

(၅) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

(၆) မုန်လာဥ (Beet)
သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။

(၇) ချင်းနှင့် ကြက်သွန်ဖြူ
ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

(၈) အခွံချွတ်မထားသော ကောက်နှံစာ
အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၉) လက်ဖက်စိမ်း လက်ဖက်ရည်
အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။

ကြယ်စင်
Ref: Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-55018

shared by>>>http://natureenergycare.blogspot.com/2013/01/blog-post_4.html

♥♥ရေးသားချိန်♥♥ 8:21 AM ♥♥ရေးသူ♥♥ ကိုဦး

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ

မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။

ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။

ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..

လမင်းလေး

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။

ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့ အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ

မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ

လုပ်ဆောင်နည်း .........

မနက်ထမင်းချက်ဖို့ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့်များ ကို ဆေးကြောခြင်းဖြစ်ပါသည်

ဒုတိယအကြိမ်တွင်

ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။
Mg Mandalay
source >>>http://www.facebook.com/mg.mandalay?fref=ts

shared by>>>http://natureenergycare.blogspot.com/2013/01/blog-post_74.html#more

♥♥ရေးသားချိန်♥♥ 8:02 AM ♥♥ရေးသူ♥♥ ကိုဦး

လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ

၁။ ဦးနှောက်၊ အသဲ၊ နှလုံးတို့ထက် ကျောက်ကပ်တွင် သွေး စီးဆင်းနှုန်းက ပိုမြင့်သည်။

၂။ ကျောက်သည် သွေး၏ ၉၉ ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူ၊ သန့်စင် သုံးစွဲပြီး ၁ ရာခိုင်နှုန်း ကိုသာ ကျင်ငယ်ရေ အဖြစ် စွန့်ထုတ်သည်။

၃။ ကျောက်ကပ်တွင် ဖြစ်ပေါ်သော ကျောက် (stone) သည် ထုံးဓာတ် များသော ရေ၊ ဆား တု့ိကြောင့် ဖြစ်ပြီး ကယ်လ်ဆီယမ်နှင့် ပေါင်းစပ် မှု ကြောင့် ဆီးလမ်းကြောင်း ပိတ်စေသည်။

၄။ ကာဘွန်ဟိုက်ဒရိတ်ဓာတ် နှင့် သကြားဓာတ် များသော အစားအစာ များကလည်း ကျောက်ကပ် ကျောက်တုံးကို ဖြစ်ပေါ်စေသည်။

၅။ သကြားဓာတ်သည် အင်လူလင် ထုတ်လုပ်ရန် ဂလင်းရေ တစ်မျိုး ထုတ်ပေးသည်။ ယင်းက ကယ်လ်ဆီယမ်ဓာတ် ပိုမို ဖြစ်ထွန်းစေပြီး ကျောက်တပ် ကျောက် တည်စေသည်။

၆။ နွားနို့ နှင့် Antacid အစာအိမ် အချဉ်ပေါက် ပျောက် ဆေး များအား အလွန်အကျွံ သောက်သုံးခြင်းကလည်း ကျောက်ကပ်ကျောက်တည် စေသည်။

၇။ ကျောက်ကပ် တစ်ခု သည် ၄လက်ခွဲသာ ရှိသည်။

၈။ ကျောက်ကပ် တစခုဆီ၏ အလေးချိန်မှာ ၄ မှ ၆ အောင်စ ဝန်းကျင် တွင် ရှိသည်။

၉။ တစ်နေ့တွင် ဆီးသွားနှုန်း ၁၅၀၀ မီလီလီတာ / ၁ လီတာ ဝန်းကျင် ရှိပါက ကျောက်ကပ် ပုံမှန် လည်ပတ်နေပြီး ယင်းထက်နည်းပါ က ကျောက်ကပ်ကို အထူးဂရုစိုက်ရန် လိုအပ်သည်။

၁၀။ ကျောက်ကပ် မှ ကျောက်များ ကြေရန် အကောင်းဆုံး သဘာဝ ကုသ နည်းမှာ ရေမမေ့မလျောက် သောက်ခြင်းနှင့် ဖရဲသီး ပုံမှန် စားပေးခြင်း ဖြစ်သည်။

.
Ref: medic facts
International news for myanmar

လက်ဖက်စိမ်းရေဖြင့်ရေချိုးပါကခုခံအားစနစ်ကိုကောင်းမွန်စေနိုင်

အစိမ်းရောင် လက်ဖက်ရည်ဖြင့် ရေချိုးနည်းကလည်း ဂျပန်မှာ ချိုးကြတဲ့ နည်းတစ်ခုဖြစ်ပါသလို ကိုးရီယားနိုင်ငံရဲ့ ရေပူစမ်းတွေမှာလည်း ရှိပါတယ်. လက်ဖက်စိမ်းရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် အရေပြားတွေကို နုပျိုလန်း ဆန်းစေနိုင်ပြီး ဖြူစင်ဝင်းပတဲ့အသားအရေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့သူများအား အသားအရေ ပြန်လည်စိုပြေ လှပစေနိုင် ပါတယ်လို့ ပြောကြပါတယ်။ ဒဏ်ရာအနာတရများ ရှိနေပါကလည်း လျှင်မြန်စွာ သက်သာပျောက်ကင်းအောင် လက်ဖက်စိမ်းက စွမ်းဆောင်ပေးနိုင်ပါတယ်။
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်တဲ့။

http://on.fb.me/UWRK0Q
Credit ►
လမင်းမောင်

မည်သူတို့တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ချေ ရှိသနည်း

ဆီးချို သွေးချိုရောဂါဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ထဲတွင် သွေးအချိုဓာတ်များနေလျှင် ဆီးချို သွေးချိုရောဂါရှိသည်ဟု ဆိုနိုင်ပေသည်။ ကုသမှု မခံယူပါက အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆီးချို သွေးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အထူးသဖြင့် မျက်စိ(သို့) သွေးကြောများကို ထိခိုက်စေနိုင်သည်။

ဆီးချို သွေးချိုရောဂါ ဖြစ်စေရန် တွန်းအားပေးသော အချက်များ (Risk Factors)
လူတဦး၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင် အကြောင်းအရာများသည် ရောဂါတခု ဖြစ်စေရန် တွန်းအားပေးသော အချက်များပင် ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါဖြစ်စေရန် တွန်းအားပေးသော အချက်များကို သုံးပိုင်းခွဲခြားနိုင်သည်။

လူနေမှု ပုံစံ (သို့) လူ့ပတ်ဝန်းကျင်---
အောက်ပါအချက်များသည် ဆီးချို သွေးချိုရောဂါဖြစ်စေရန် ပိုမို၍ တွန်းအားပေးနိုင်သည်။
* အဝလွန်ခြင်း။
* ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်း၊ ဥပမာ-အဆီနှင့် သကြားဓာတ်များ အလွန်အကျွံစားခြင်း၊ ဟင်းသီးဟင်းရွက် အစားနည်းခြင်း။
* ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
* အသက်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ချေ များပြားလာခြင်း။

မျိုးရိုးဗီဇနှင့် ဆိုင်သောအချက်များ---
* ဆွေမျိုးရင်းချာထဲတွင် ဆီးချိုရောဂါရှိနေပါက သင့်အတွက် ဆီးချိုရောဂါဖြစ်နိုင်ချေ များနိုင်ပေသည်။
* အချို့သော လူမျိုးစုများသည် အခြားလူမျိုးစုများထက် ဆီးချိုရောဂါအဖြစ်များကြသည်။
* အမွှာတဦးတွင် ဆီးချိုရောဂါရှိပါက ကျန်အမွှာတယောက်တွင်လည်း ဆီးချိုသွေးချို ရောဂါ
ဖြစ်လာနိုင်ပေသည်။

ကိုယ်တွင်း ဓာတ်ဖွဲ့စည်းမှု (ဟော်မုန်းဓာတ်ပြောင်းလဲမှု) နှင့် ဆိုင်သော တွန်းအားပေးနိုင်သည့် အချက်များ---
* ကိုယ်ခန္ဓာတွင် သကြားဓာတ် တုံ့ပြန်မှု ပျက်ယွင်းခြင်း၊ (Impaired Glucose Tolerance) ထိုသို့သော အခြေအနေတွင် သွေး၏ အချိုဓာတ်သည် သာမန်ထက် မြင့်တက်နေပေမည်။
* ကိုယ်ဝန်ရှိခြင်း
အချို့သော အမျိုးသမီးများ ကိုယ်ဝန်ရှိချိန်တွင် ကိုယ်ဝန်ဆောင်တွင်း ဆီးချိုရောဂါ ဖြစ်တတ်သည်၊ ထိုသို့သော အမျိုးမီးများတွင် နောင်တချိန် ဆီးချို သွေးချို ရောဂါ ဖြစ်လာနိုင်ပေသည်။

ရောဂါဖြစ်စေရန် တွန်းအားပေးသည့် အချက်များကို လျော့နည်းစေရန်---
အထက်တွင် ဖော်ပြခဲ့သော အချို့အခြေအနေများသည် ပြုပြင်ပြောင်းလဲ၍ မရနိုင်သော်လည်း အောက်ပါအချက်များကို ပြောင်းလဲခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။

* ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးရန် အချိုနဲ့ အဆီ ပါဝင်မှုနည်းသော အစားအစာမျာါ်နှင့် လတ်ဆတ်၍ အမျှင်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ။

ရှောင်ကြဉ်ရန်
အချိုမုန့်၊ အချိုရည်၊ အချိုမှုန့်၊ အဆီများသော အစားအစာများ၊ အရက်။

* လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ လမ်းလျှောက်ခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း ကဲ့သို့သော သက်သာသော လေ့ကျင့်ခန်းမျိုးနဲ့ စတင်၍ ထို့ထက်ပိုပြီး ပြင်းထန်သော လေ့ကျင့်ခန်းမျိုးသို့ တိုးကြည့်ပါ။
အထက်ဖော်ပြပါ အချက်များထက် ပိုမိုသိလိုပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။

ဒေါက်တာ ဘုန်းမြင့်ဝင်း

မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင်

လတ်ဆတ်သောမှိုများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းကျဆင်းစေကြောင်း သုတေသီများက ထောက်ခံခဲ့ကြသည်။
သုတေသန လေ့လာမှုစစ်တမ်းများအရ နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးလိုက်ကြောင်း သိရသည်။
မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။
ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။
နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ရေးသားဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်းဆိုသည်မှာ သက်သေမရှိသေးဘဲ အတည်ပြုချက် လိုအပ်နေသေးကြောင်း ပါရှိသည်။
သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းျားသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။
အခြားအထောက်အထားများအရ မှိုသည် ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogenဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်း တွေ့ရသည်။
ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။
ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။

Source: MailOnSunday

Posted in: Cidamna ( မြန်မာ )

မှိုကိုစားသုံးခြင်းက ဆီးခိုျရောဂါ ရှိသူများအတွက် ကောင်းမွန်


ဆီးခိုျရောဂါ ရှိသူတွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။ မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝမပါဝင်တာကြောင့် လို့ဆိုပါတယ်။ မှိုမှာပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးခိုျရောဂါ ရှိသူတွေအတွက် အလွန်အသုံးဝင်တယ်လို့ ပရာဒတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ မှိုမှာအဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန်အကိုျးရှိပါတယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ HIVနဲ့ တခြားနာတာရှည် ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။
အေးချမ်းမွန်မှ SMG တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia

ပန်းသီး ဖျော်ရည် ပုံမှန် သောက်သုံးလျှင် အရေပြား တွန့်ခြင်းမှ ကာကွယ်နိုင်


ပန်းသီး ဖျော်ရည်ကို ပုံမှန် သောက်သုံး ပေးပါက အသက်အရွယ် ရလာသည့် အခါ အသားအရေ တွန့်ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်း တို့ကို ကာကွယ် ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်တွင် ဖော်ပြ ထားပါသည်။
ပန်းသီး ဖျော်ရည်တွင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် အပါအဝင် အခြားသော ဓာတ်ပေါင်း များက ခန္ဓာကိုယ် အရေပြား ဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်း ဖွင့်ဖြိုးရန် အထောက်အပံ့ ပေးကြောင်း ပညာရှင်များက ပြောကြား ပါသည် ။

http://www.facebook.com/MyawadyNews

♥♥ရေးသားချိန်♥♥ 8:12 AM ♥♥ရေးသူ♥♥ ကိုဦး

Sunday, June 23, 2013

မြိတ်ဒေသ ထွက် ဆေးဘက်ဝင် လိပ်ကျောက်ဆူး

မြန်မာနိုင်ငံ တောင်ဘက်ဖျား ဒေသ တနသာၤရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဒေသခံ ပြည်သူတို့၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သော ရေလုပ်ငန်းမှ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဖမ်းယူ၍ ရရှိသော လိပ်ကျောက်ငါးမှ လိပ်ကျောက်ဆူး သည် တိုင်းရင်းဆေး ပညာရှင်များက အမြဲဖော်စပ် အသုံးပြု နေသော ဆီးဆေးနှင့် ဝမ်းနှုတ်ဆေး များ၌ ပါဝင်ပါသည်။

လိပ်ကျောက်ဆူးကို လိပ်ကျောက်ငါး (Stingray) မှရရှိပါသည်။ လိပ်ကျောက်ငါး သည် Internet မှ အမျိုးအစား (၁၀) မျိုး ရှိကြောင်း တွေ့ရှိရပြီး၊ မြိတ်မြို့၌ အမျိုးအစား (၉) မျိုး တွေ့ရှိရပါသည်။ ၎င်းတို့မှာ လိပ်ကျောက် ငါးမန်း၊ လိပ်ကျောက် ကျားကြီး၊ လိပ်ကျောက် ပန်းဇင်း၊ လိပ်ကျောက်ကျပ်ပနဲ (ဆူးများ)၊ လိပ်ကျောက် မီးတုံးဖြူ၊ လိပ်ကျောက် မီးတုံးမဲ၊ လိပ်ကျောက် တံခွန်၊ လိပ်ကျောက် အင်ဂျင်ဝိုင်၊ လိပ်ကျောက်နီတို့ ဖြစ်ပါတယ်။

ရေထွက် တိရစ္ဆာန်ထွက် ဆေးဖက်ဝင် လိပ်ကျောက်ဆူး သည် ငါး၏အမြီး ကျောရိုးမှ ရရှိသော ဆူးတောင် (Stingray’s Poisonous Spine) ဖြစ်ပြီး အလွန် ချွန်ထက်သော လွှသွား ပုံသဏ္ဍာန် ရှိပြီး မြိတ်မြို့၌ အရွယ်အစား (၁) လက်မမှ (၁၁) လက်မအထိ အရွယ်အစား ရှိပါသည်။

လိပ်ကျောက်ဆူး ထုတ်ယူရရှိပုံမှာ လိပ်ကျောက်ငါးကို မြိတ်ခရိုင်အတွင်း ဝါးလတ်၊ ကမ်းနီး ကမ်းဝေး ငါးဖမ်း စက်လှေများမှ ဖမ်းယူရရှိသည်။ လိပ်ကျောက်ငါးသည် ပင်လယ် ရေအောက် ကြမ်းပြင်အထက် (၁) ပေအကွာ၌ နေထိုင်သွားလာ လှုပ်ရှား တက်သော သဘာဝရှိသည်။ ငါးဖမ်းပိုက်မှ ဖမ်းယူ ရရှိသော လိပ်ကျောက်ငါးကို လှေပေါ်သို့ ရောက်ရောက်ချင်း ငါးအရှင်ကို အမြီးမှ ကိုင်၍ အမြီး၏ ကျောဘက် အခြမ်း၌ ကပ်နေသော ဆူးကို ဓါးဖြင့် ပြောင်းပြန် ဖျင်လိုက်ပါက ဆူးမှာအပြင်သို့ သီးသန့် ထွက်လာသည်။ လှေပေါ် ရောက်ရောက်ချင်း ဆူးဖျင်ခြင်း ပြုလုပ် ရပါသည်။ လိပ်ကျောက်ဆူး ထိုးမိပါက အလွန် နာကျင်ခြင်း၊ အဆိပ်တက်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (တစ်မိနစ်လျှင် ၁၀၀-၁၅၀ ကြိမ်) ထိရှိနိုင်ခြင်း ဖြစ်ပါ၍ ထားသိုရာတွင်လည်းကောင်း၊ သယ်ယူရာ၌ လည်းကောင်း အန္တရာယ် ရှိနိုင်ပါ၍ ဂရုပြု လုပ်ရခြင်း ဖြစ်ပါသည်။

လူအား မတော်တဆ ထိုးမိပြီး ဆူးတောင် ဝင်သွားပါက ဘေးမှ ဆူးတောင် အတက်များ ကြောင့် ပြန်ဆွဲထုတ်၍ မရပါ။ အသားကို ဓါးနှင့် ခွဲထုတ်၍လည်းကောင်း၊ တဖက် အဖျားသို့ ပြန်ဆွဲ၍ လည်းကောင်း ပြုလုပ်မှသာ ထုတ်ယူ နိုင်သည်။အသက် ရှုသွင်းချိန်၌ ဆူးထိုးမိလျှင် ပို၍ အဆိပ်တက် တက်ကြောင်း ဒေသခံများက ပြောကြားပြီး (၄) နာရီမှ (၃) နာရီခန့်အထိ အချိန် ကြာမြင့်သည်။အဆိပ်တက် များပါက နှလုံးကို ထိခိုက်နိုင် ပါ၍ အရေးပေါ် ခွဲစိတ်ရန် လိုအပ် ပါသည်။ ငါးတစ်ကောင်လျှင် ဆူးနှစ်ချောင်း ရှိပါသည်။လိပ်ကျောက်ဆူးသည် အလွန် ချွန်ထက်ပြီး လွှသွား ပုံသဏ္ဍာန် ရှိပါ၍ လက်နှက်အဖြစ် အသုံးပြုနိုင်သော ကြောင့်လည်းကောင်း၊ တန်ဖိုးရှိသော ဆေးပစ္စည်း ရှိ၍လည်းကောင်း ဆူးကိုကြိုတင် ထုတ်ယူ သိမ်းဆည်း ရခြင်း ဖြစ်ပါသည်။ရေလုပ်သား ရေလုပ်ငန်း ပိုင်ရှင်များက သန့်စင် စုဆောင်း ထားပြီး ဈေးကွက်သို့ တင်ပို့ ရောင်းချ ကြပါသည်။

လိပ်ကျောက်ဆူး များသည် မစင်ကြယ်ပါက အလွန် ညှီနံရပြီး အရောင်ညိုညစ် နေတက်ပါ၍ ရေရှည် ထားသိုရန် လည်းကောင်း၊ ဈေးကွက်သို့ ရောင်းချရာ၌ မျက်နှာပန်း လှစေရန် သန့်စင် ရပါသည်။ ရှေးဦးစွာ ရေထဲသို့ အဝတ်လျှော်ဆိုဒါ အနည်းငယ်ထည့်ပြီး ရေနွေးကို လောင်းထည့်ပါ။ ထို့နောက် လိပ်ကျောက်ဆူးကို ထည့်ချပြီး တုတ်ဖြင့် မွှေရပါသည်။ နေ့တစ်ဝက်ခန့်စိမ်ပြီး ရေနွေးနွေး (၃) ကြိမ် လောင်းဆေး ရပါသည်။ လိပ်ကျောက်ဆူးကို ရေနွေးဖြင့် မသန့်စင်ပါက အဆိပ်ရှိပြီး ရေနွေးဖြင့် ပြုတ်လိုက်ပါက အဆိပ် သေသွားပါသည်။ ထို့နောက် ခြောက်သွေ့စေရန် နေပူပူ၌ (၃) နာရီလှန်းပြီး သိမ်းဆည်းရပါသည်။

လိပ်ကျောက်ငါးသည် အရွယ်အစား အမျိုးမျိုး ရှိနိုင်ပြီး (၆) လက်မမှ (၁၀) ပေအထိ ရှိပါသည်။အငယ်ဆုံး အရွယ်အစား များကို စင်္ကြာပုံ အဝိုင်းကလေးများ ပုံသဏ္ဍာန် ပြုလုပ်၍ အခြောက် ပြုလုပ်ပြီး ငါးမုန့်ကြော်ကဲ့သို့ ဆီနှင့် ကြော်စား ရသည်။ ငါးအသား အစိုအနေဖြင့် ရောင်းချ ဝယ်ယူ စားသုံးခြင်း၊ ငါးခြောက် ပြုလုပ်၍ ဒေသတွင်း မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများသို့ ဒေသ ထွက်ကုန် အဖြစ် တင်ပို့ ရောင်းချခြင်းဖြင့် ဒေသထွက် စီးပွားရေး လုပ်ငန်းအဖြစ် အလွန် အသုံးဝင်ပါသည်။ငါးခြောက်ဈေးနှုန်းမှာ မြိတ်မြို့၌ တစ်ပိဿာလျှင် (၇၀၀၀/-) ဈေးနှုန်းရှိပြီး တရုတ်နိုင်ငံမှ စားကုန် အနေဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။

လိပ်ကျောက်ငါးကျောမှ အရေခွံသည် လက်ကိုင်အိတ်၊ ခါးပတ်၊ ဂျပန်လက်ကိုင်ဓါး၊ ဓါးရိုး၊ နိုင်ငံခြားဖြစ် ရှုးဖိနပ်၊ တယ်လီဖုန်းအိတ်၊ ဂျာကင်အင်္ကျ ီ၊ဘွတ်ဖိနပ် အဖြစ် အသုံးပြုနိုင်ပြီး ကျောအရေခွံ တစ်ပိဿာလျှင် မြိတ်မြို့၌ (၂) သောင်းခန့် တန်ဖိုးရှိပြီး ယိုးဒယားနိုင်ငံသို့ တင်ပို့ ရောင်းချပါသည်။ လိပ်ကျောက်ငါး၏ အမြီးကို ကျာပွတ် အနေဖြင့် အသုံးပြုပါသည်။ လိပ်ကျောက်ငါး၏ ဝမ်းဗိုက် အရေခွံကို စားသောက်ကုန် တစ်မျိုးအဖြစ် ရောင်းချပါသည်။ တစ်ပိဿာလျှင် (၈၀၀၀/-) ဈေးနှုန်းရှိပါသည်။ ငါးအလယ်ရိုးကို ဖြုတ်၍ သန့်စင်ပြီးပါက ဆေးဖက်ဝင် အသုံးပြုရန် ဝယ်ယူခဲ့ကြပြီး ယခုအခါ အသုံးနည်းလာ၍ ဝယ်ယူမှု နည်းလာကြောင်း သိရှိရပါသည်။

ဆေးဘက်ဝင် အသုံးပြုပုံမှာ လိပ်ကျောက်ငါးကို ရေစင်အောင် ဆေးပြီး အပေါက်ဖောက်ထားသော သံပုံး၌ ထည့်၍ မီးအနေတော်ဖြင့် မိနစ် (၃၀) ခန့်ကြာအောင် အပူပေးပါက ပွလာပြီး ထုထောင်း၍ သော်လည်းကောင်း၊ အမှုန့်ကြိတ်၍ သော်လည်းကောင်း အသုံးပြု နိုင်သည်။မီးဖြင့် အပူမပေးပါက ကြိတ်ချေရာ၌ မာပြီး အရည်၌ ပျော်ဝင်နိုင်မှု မရှိပါ၍ အသုံးပြုရန် မသင့်လျှော်ပါ။ မြိတ်မြို့၌ လိပ်ကျောက်ဆူး တစ်ပိဿာလျှင် ဆူး၏ အရွယ်အစားကို လိုက်၍ ရှစ်သောင်းကျပ်မှ တစ်သိန်းကျပ်အထိ တန်ဖိုးရှိပါသည်။ Internet ၌ လိပ်ကျောက်ဆူး ၈ လက်မခွဲ အရှည်အရွယ်အစား တစ်ချောင်းလျှင် US $ 39 ရှိကြောင်း သိရှိရပါသည်။

လိပ်ကျောက်ဆူးကို တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ် (၁၀)၊ ဆီးရွှင် ဝမ်းနှုတ်ဆေး အမှတ် (၁၁) မုတ်ကဲဆေး၊ ဆေးအမှတ် (၂၁) ဆီးဆေးဖြူ၌ အချိုးကျ ပါဝင်သုံးစွဲပါသည်။ တိုင်းရင်းဆေးများ ဖော်စပ်ရာ၌ ဆီးဆေး၊ ဝမ်းနှုတ်ဆေးများ၌ ပါဝင် အသုံးပြု ကြပါသည်။

ဆေးပစ္စည်းကို အာနိသင်အနေဖြင့် ရသအားဖြင့် အေးငန်၊ ဝိပါက အားဖြင့် အေးငန်၊ ဂုဏ်၊ ဝိရိယ အားဖြင့် သီတ၊ သိနိဒ္ဓ၊ ဂရု၊ မုဒု၊ ကိစ္စအားဖြင့် အပူငြိမ်း၊ လေသည်းခြေနိုင်၊ ဆီးရွှင်စေ၊ ဆီးဝါ ဆီးနီ ပျောက်ကင်းစေ၊ ဆီးကျောက်တည်ခြင်းကို ပျောက်ကင်း စေသည်။ ပဘာ၀ အားဖြင့် ဆီးအိမ်နှင့် ကျောက်ကပ်တွင် တည်နေသော ကျောက်ကို ကြေစေသည်။

Internet မှ တွေ့ရှိချက် အရ တစ်ကမ္ဘာလုံး၌ Sea Food အနေဖြင့် စားသောက်ကုန် ပစ္စည်း၌ နှစ်ခြိုက်စွာ စားသောက် ကြကြောင်း၊ လူသုံးကုန် ပစ္စည်း အနေဖြင့် တန်ဖိုး ကြီးစွာ ဝယ်ယူ အသုံးပြု ကြကြောင်း တွေ့ရှိရပါသည်။

လိပ်ကျောက်ငါးမှ ဆူးကို ဆေးဖက်ဝင် အဖြစ် ဆီးဆေး၊ ဝမ်းနှုတ်ဆေး အနေဖြင့် လည်းကောင်း၊ လိပ်ကျောက်ငါး အရေခွံကို လူသုံးကုန် ပစ္စည်း အမျိုးမျိုး၌လည်းကောင်း၊ လိပ်ကျောက်ငါး အသားကို စားသောက်ကုန် အနေဖြင့် လည်းကောင်း လူအများ နှစ်ခြိုက်စွာ အသုံးပြု ကြကြောင်း တွေ့ရှိရပါသဖြင့် လိပ်ကျောက်ငါးသည် တစ်ကောင်လုံး အသုံးဝင်သည့် အလွန် အဖိုး ထိုက်တန်သော ငါးဖြစ်ကြောင်း သုံးသပ် သိရှိရပါသည်။ ဒေါ်ဝါဝါ(ခရိုင်တိုင်းရင်းဆေးမှူး)ခရိုင်တိုင်းရင်းဆေးကုဌာနမြိတ်ခရိုင်။

ပျိုမဒီများအတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်လို့ အချို့ဆေးပညာရှင်တွေက ဆိုထားပါတယ်။ မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာလည်း ထိရောက်စွာ အစွမ်းဖြည့်ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက် အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုးသံပဲဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများအတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။ ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင်မီးဖုတ်၊ ပြာကိုအမှုန့်ပြုပြီး ကလေးချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်းအတွက်ကတော့ ကြက်သွန်ဖြူကို ဆာနဲ့ရောပြီးသောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေးနိုင်ပါတယ်။ အကြောကိုက်ခဲခြင်းအတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥတစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံးစားပေးမယ် ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အရေပြားရောဂါများဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှောချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီးရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျားနာခြင်းကို ကာကွယ်အထောက်အကူ ပေးပါတယ်။ ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ဆေးကြောသန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေးတွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင်လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက်ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥတစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်ဟာပိုပြီးတောင့်တင်းမာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်းကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်းနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာတစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီးပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ရတနာပုံမှ
လေးစားစွာဖြင့်
နှင်းအိပ်မက်

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း
ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကိုလျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရောအဆင့် အနည်းငယ်မြင့်မားနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက်စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း
Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကိုသက်သာနိုင်တယ်လို့ပြင်သစ်မှလေ့လာမှုအသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ်အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာသက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း
နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

Ref: Good Health

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများ
သည်၊လူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။

အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမ
ဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။

၎င်းတို့သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သောအလေ့အကျင့်ကြောင့်လည်းကောင်း၊
ပဋိဇီဝပိုးသတ်ဆေးများသောက်သုံးသောကြောင့်လည်းကောင်းသေကျေပျက်စီးသွားတတ်ကြပါသည်။

ဒိန်ချဉ်တွင် အဆိုပါ လူ့အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့သောဆရာဝန်များက ပဋိဇီဝဆေး
များသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်
ကိုစားသုံးရန်ညွှန်ကြားတတ်ပေသည်။

သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity)ကိုတိုးမြှင့်စေနိုင်သည်။

အူလမ်းကြောင်းဧ။်ကျန်းမာရေးကိုကောင်းစေနိုင်သည်။

LactoseIntolerance(ခေါ်)နိ့သကြားဓာတ်မတည့်ခြင်းအားပျောက်ကင်းစေနိုင်သည်။

ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအပြားပါဝင်သဖြင့်၊သွားနှင့်အရိုးကိုလည်းခိုင်မာစေသည်။အသားအရေကိုလည်းကြည်လင်ဝင်းပစေသည်။

ထို့ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတနာထွန်းကားစေနိုင်ပါသည်။

အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်)ကောင်းသည့်ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။

ိ့ထို့ကြောင့်ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင်ကာကွယ်ပေးပါသည်။

၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ရှိရ၍၊ အမျိုးသမီးများနေ့စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကိုကာကွယ်နိုင်ကြောင်းလေ့လာတွေ့ရှိရကြောင်းပါ......

http://khinmaungsoe11.blogspot.com/2011/11/blog-post_6257.html

Posted in: Cidamna ( မြန်မာ )