ရေခဲရေကိုလျော့သောက်ပါ
လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကို
ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။
နေပူထဲမှပြန်လာပြီး အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်း
ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်းလိုက်ကြောင်းသိရသည်။
ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံး၀ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)
စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့
အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။
ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိူး Air Cooler ဝယ်ပြီးအသုံးပြုနေသူများမှာ
မျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့် လေမှုတ်ပန်ကာထဲသို့ရေခြရေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ
ထည့်ပြီး သုံးစွဲနေရကြောင် သဲချင်းတဦးက ပြောပြလို့ သိရသည်။
ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်
မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးရောင်ခြင်းများ အပြင် အချို့မှာ
ရေခဲမသန့်သဖြင့် ဝမ်းကိုက်ခြင်း၊ဝမ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန် ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်း
ပါးစပ်နာများတွေ့ရသည်။
ထမင်းစားပြီး ရေခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။
အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင် ဝါးတီး သွားဆွဲ ကြသည့်အခါ ထမင်း(သို့)ဒံပေါက်
၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်
ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကို
တိုက်သည်. အလှူများလည်းရှိသည်။
ရှေးလူကြီးများပြောသည့် “ဝမ်းမီး” ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။
လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ဝမ်းမီးဆိုသော အစာချေသည့်မီးရှိသည်။
ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ဝမ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များ
ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ဝမ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။
ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့် အစာကြေချက်ရန် တောက်နေသောဝမ်းမီးကို
ငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ဝုန်းခနဲ့ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။
ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်
အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်
ထည့်ထားသော ရေအိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်း
ချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။
ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာ၀ လွန်ကဲသော ရေပျက်ဖြစ်သည်။
ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်
တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊
အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊
နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်း
ကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့
မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။
ရတနာပုံသတင်းစာမှ……………………..
ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။
ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။
ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။
နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကိုကျင့်ပါ။
ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။
ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကိုဥပါတ်ဖြစ်စေသည်။
ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။ ။
ကဲ ရေခဲရေ ကို လျော့သောက်တော့နော်







