- ၁။ ဖရဲသီးကို နေ့လည်စာနဲ့ညစာစားပြီးအချိန် စားသုံးပေးရင် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးပါတယ်။
- ၂။ ဝမ်းချုပ်လျှင် ငုပင်၏ အရွက်နုကို ဟင်းချိုချက်သောက်ရ၏။
- ၃။ မန်ကျည်းနှင့် ငုနှစ်တို့ကို အညီအမျှယူ၍ ညဦးတွင်ရေစိမ်ပြီး ညအိပ်ရာဝင်စစ်သောက်သော် နံနက်၌ ဝမ်းကောင်းစွာ သက်ပြီးဝမ်းချုပ်ရောဂါပျောက်၏။
- ၄။ ဝမ်းချုပ်လျှင် နလင်ကျော်ကို သွေး၍ ဆားထည့်ပြီး သောက်နိုင်သည်။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၅။ ပုန်းညက်အခေါက် ပြုတ်ရည် သောက်ခြင်း ဖြင့် ဝမ်းသက် စေသည်။
- ၆။ ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။
- ၇။ ပျဉ်းတော်သိမ် ရွက်ကို များစွာ စားခြင်းဖြင့် ဝမ်းကို သက်စေသည်။
- ၈။ မန်ကျည်းသီးမှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် ဝမ်းချုပ်တတ်သူတွေ အနေနဲ့ ဝမ်းပျော့ပျော့ သွားစေတယ်လို့ ဆိုကြပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တာကြောင့် ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်တာပါ။
- ၉။ လေးညှင်းပွင့် နှင့် ကနခို တို့ကို ညက်ညက် ကြိတ်၍ လုံးပြီး အရိပ်၌ အခြောက်လှန်း၍ ရေနွေးနှင့် သုံးဆောင်ပါက ဓာတ်ချုပ်ခြင်း၊ စမြင်းခံခြင်း၊ သလိပ် ကျပ်ခဲခြင်း တို့ပျောက်၏။
- ၁၀။ ဝမ်းသက်ဆေးအဖြစ် ကြံဟင်း အမြစ်ခေါက်ကို ကြိတ်၍ နို့နှင့် သောက်ရ၏ ။
- ၁၁။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေ၏ ။
Saturday, January 5, 2013
၀မ်းချုပ်ခြင်း
မှတ်ဉာဏ်ကောင်းစေရန်
၁။ ဖရဲသီး အစေ့ကိုအခွံခွာပြီးလေးငါးစေ့လောက်မနက်ဘာမှမစားရသေးခင်စားပေးပါ။
ကျောင်းသူကျောင်းသားတွေစား သုံးသင့်ပါတယ်။ မှတ်ဉာဏ်ကောင်းစေပါတယ်။ ဖရဲသီးအစေ့မှာ ပရိုတင်း၊ အက်မီနိုအက်ဆစ်၊ဗီတာမင်ဘီ၊သံ ဓာတ်၊ ဇင့်ဓာတ်နဲ့တခြားဓာတ်တွေပါဝင်ပါတယ်။ ဒါ့အပြင်ညဘက်အိပ်မပျော်ခြင်း၊လွယ်ကူစွာ အိပ်မရခြင်း၊ခဏ ခဏသတိမေ့လျော့ခြင်းများအတွက်ဖရဲသီးဟာ အကောင်းဆုံးမှတ်ဉာဏ်တိုးဆေးပဲဖြစ်ပါတယ်။
အညှော်ခံ ငန်းဆေးကြီး
၁။ ကစော့ခါး မြစ်ကိုအမှုန့််ပြုပြီး ကွမ်းရွက်ပြုတ်ရည်နှင့် သောက်ခြင်းဖြင့် အညှော်ခံ ငန်းဆေးကြီးအဖြစ် အသုံးပြု၏။
နား ရောဂါ
- ၁။ နား အတွင်းသို့ပိုးကောင်ဝင်လျှင် ကစော့ခါးသီးကို မီးရှို့ပြီး အခိုးခံပါက ပိုးထွက်၏။
- ၂ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးကနားကိုက်နာနှင့်နှာခေါင်းတွင် ဖြစ်သော အနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်း ထဲသို့ ယင်းဆီကို အစက်လိုက် ထည့်ပေးရ၏ ။
- ၃။ နားကိုက်တဲ့ အခါမျိုးမှာတော့ ချင်းတက်ရဲ့ သတ္ထုရည်ကို နားထဲ ခတ်ပေးလျှင် သက်သာစေပါတယ်...။
- ၄။ ငုနှစ်ပြုတ်ရည်ကို နား၌ ခတ်ပေးသော် နားနှင့်ပတ်သက်သော ရောဂါပျောက်၏။
- ၅။ ဆင်တုံးမနွယ်ကို အရည်ညှစ်၍ ကြက်သီးနွေးမျှ ပြုတ်ပြီး နား ၌ ဆေးကြောပေးပါက နားကိုက်နာဟူသမျှ ပျောက်၏ ။
- ၆။ ဆီမီးတောက် အရွက်မှုန့်ကို သံပရာရည်နှင့် နားတွင် ကျပ်ပေး ထည့်ပေးသော် နားကိုက်၊ နားနာ ပျောက်၏။
- ၇။ ဒန့်သလွန် အစေ့ ကို အမှုန့် ပြု၍ နား၌ ထည့်ပေးသော် နားကိုက်ခြင်း၊ နားပြည်ယို ခြင်း ပျောက်၏။
- ၈။ လတ်ဆတ် သော ဒန့်သလွန် အခေါက်ရည် ကို နား၌ ထည့်ပေး သော် နား နာကျင် ကိုက်ခဲခြင်း၊ နား ပြည်ယို ခြင်း များကို ပျောက်ကင်း စေတတ်၏။
- ၉။ (စားဆေး)ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုလုပ်ပါ။ ၎င်းနောက နွယ်ချိုနှင့် ဆတူရောပြီး ရွေးကြီးစေ့လောက် ဆေးလုံးလေးများဖြစ်အောင် ပျားရည်စစ်စစ်ဖြင့်လုံး၍ တစ်ခါသောက် ၂ လုံး တစ်နေ့ ၃ ကြိမ်မျှသောက်ပေးပါ။
- ၁၀။ ကျောက်မီးပူရွက်ကို မီးနွှေးနွှေးဖြင့်အုံပြီး အရည်ညှစ်ကာအရည်လတ်လတ်ဆတ်ဆတ် ကိုယူ၍ ချက်ချင်းနားထဲသို့ အစက်ချပေးပါ။
- ၁၁။ ဖလံတောင်ဝှေးအပင်၏ အရွက်ကို မီးမှာနွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့(၃) ကြိမ်ခန့် နားထဲသို့ထည့်ပေးပါ။
- ၁၂။ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုလုပ်၍ နှမ်းဆီစစ်စစ်နှင့် မီးမှာချက်ပါ။ပြီးလျှင် ကြက်တောင်(သို့မဟုတ်)ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။နားအူ နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍ ကျပ်ပေးပါ။
- ၁၃။ ကြောင်ပန်းရွက် သတ္တုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။
- ၁၄။ ဥသျှစ်မြစ်ကို အမှုန့်ပြုလုပ်ပြီး မုန်ညှင်းဆီနှင့်ဆူအောင်ချက်ပြီး ဆီအကြည်ကို နားကြပ်ပေးပါ
- ၁၅။ နမ်းဆီစစ်စစ် ၅ ကျပ်သားမှာ ကြက်သွန်ဖြူနည်းနည်းကို ဓားပြားရိုက်ထည့်၍ လေညှင်း ၂ ပွင့်ထည့်ပြီးချက်ပါ။၎င်းဆီကို ခပ်နွေးနွးနားကျပ်ပေးပါ။
- ၁၆။ ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ နားကိုက်ရောဂါပျောက်၏။
- ၁၇။ နားအူ၊ နားကိုက်၊ နားပြည်ယိုလျှင် ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
- ၁၈။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
- ၁၉။ ချင်းစိမ်း သတ္တုရည်ကို မီးတွင် နွေးရုံ နွှေး၍ နား၌ ခတ်သော် နားကိုက်ရောဂါ ပျောက်ကင်း၏ ။
- ၂၀။ မန်ကျဉ်းပင်အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
- ၂၁။ မရိုးရွက် ရင့်ကို ထောပတ် နှင့် သုတ်၍ မီးကင် ပြီး အရည်ညှစ်ကာ နားတွင် ထည့်သော် နားနာ ၊ နားကိုက် ပျောက်၏။
- ၂၂။ နားပြည်ယို ရောဂါ များအတွက် မီးကွင်းဂမုန်းအရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။
- ၂၃။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။
- ၂၄။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။
- ၂၅။ လက်ထုတ်ကြီး အခေါက်ကို အမှုန့်ပြု၍ နားတွင်းသို့ အနည်းငယ် ထည့်ပြီး နောက် အရွက်ကြိတ်ညှစ် ရည်ကို နားတွင်းသို့ ခတ်ပေးက နားကိုက် နားပြည်ယို သောရောဂါ ပျောက်၏။
- ၂၆။ နားအူ၊ နားလေထွက် ခြင်း များ ဖြစ်ပါက သစ်ကြံပိုး အဆီကို ခတ်ပေး လျှင် ပျောက်ကင်း ၏ ။
- ၂၇။ သင်္ဘော အရွက်ကို မီးအုံ၍ တို့စားခြင်း၊ လက်ဖက်ထဲ ထည့်စားခြင်း ဖြင့် နားအူ လေထွက် ရောဂါ ပျောက်၏။
- ၂၈။ အကြောတစ်ထောင်ပင် အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။
- ၂၉။ လက်ပံခါးအစေးကို နှမ်းဆီနှင့် ရော၍ နားကြပ် ပေးသော် နားကိုက်နာ ပျောက်၏ ။
- ၃၀။ လောက်သေ ရွက်ခြောက် ၊ ဖလံ တောင် ဝှေး ရွက်ခြောက် တို့ကို ဆတူ အမှုန့် ပြု ၍ အုန်းဆီ နှင့် ဖျော် စပ်ပြီး နေပူပူ တွင် လှန်း၍ အပေါ် ဆီအကြည်ကို နားတွင်း သို့ အစက်ချ ခြင်း၊ ကြက်တောင်နှင့် ကြပ်ပေးခြင်း ပြုလုပ်ပါက နားပြည်ယို ၊ နားကိုက် ရောဂါ များ ပျောက်ရန် နားတွင်း ရှိ ပိုးများကို သေစေသည်။ လိမ်းဆေး အဖြစ် သုံးပါက ဝဲနာ၊ အနာစက်နာ ၊ အနာမီးလျှံ ၊ အိုင်းနာ ၊ ဒက်နာများ ပျောက်၏။
- ၃၁။ ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။
- ၃၂။ ကြောင်ရိုသေပင်အရည်ကို နားထဲသို့ ထည့်ပေးသော် နားပြည်ယိုခြင်း ၊ နားကိုက်ခြင်း ၊ နားလေထွက်ခြင်း ၊ နားအူခြင်း ပျောက်၏ ။
- ၃၃။ နှမ်းဆီ ငါးကျပ်သားတွင် ကြက်သွန်ဖြူ အနည်းငယ် ၊ လေးညှင်း နှစ်ပွင့် ခန့် ထည့်ပြုတ်၍ နားတွင် ပူပူနွေးနွေး ထည့်ပေးခြင်းဖြင့် နားပြည်ယို ၊ နားကိုက် ၊ နားထိုင်း ပျောက်၏။
- ၃၄။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် နားပင်းသူများ အသံကြားနိုင်၏ ။
နှာခေါင်းသွေးလျှံ
- ၁။ ကစော့ခါး အမြစ်ကို ဆန်ဆေးရည်နှင့် သွေ၍ သောက်ပါက နှာခေါင်းသွေးလျှံခြင်း ပျောက်၏။
- ၂။ သံပရာ သီး လတ်လတ် ဆတ်ဆတ် အရည်ကို နှာခေါင်း တွင်း သို့ ညှစ်ထည့် ပါက နှာခေါင်း သွေးယို ခြင်း ပျောက်၏။
သွား ရောဂါ
- ၁။ ကစော့ခါး အမြစ်ကို သွေး၍ သွား၌ သိပ်ပေးခြင်းဖြင့် ၊ သွားကိုက် ၊ နာကျင်ခြင်းနှင့် သွားပိုး ထသောအခါ အမြစ်မှုန့် ကိုမှိုင်းတိုက်၍ အခိုးရှူပေးခြင်းဖြင့် သွားနှင့်ပတ်သက်သောရောဂါများ ပျောက်၏။
- ၂။ တမာရွက် ကို ကျွမ်းအောင် လှော် အမှုန့် ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက် ပေးသော် သွားကိုက် သွားနာ ရောဂါ ကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
- ၃။ တမာ အရိုး တံကို သွားကြား ထိုးတံ အဖြစ် အသုံး ပြုခြင်းဖြင့် သွားရောဂါ ကင်းစင် စေသည်။
- ၄။ ဒန္တသုခ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ ဒန္တသုခအမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ဒန္တသုခ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။
- ၅။ သွားဖုံး ရောင်ခြင်း၊ သွားနာခြင်း၊ ကိုက်ခဲ ခြင်းတို့အတွက် နနွင်းမှုန့်ကို ရေနွေးနှင့် ဖျော်၍ ငုံပေးခြင်း၊ ဆားနိုင် နိုင် ထည့်သောက်ခြင်း၊ သွားရင်းတွင် သိပ်ပေး ခြင်းဖြင့် ပျောက်ကင်း စေ၏။
- ၆။ သွားတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။
- ၇။ ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
- ၈။ ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများပျောက်ကင်းစေပါသည်။
- ၉။ ဝါစေ့ကို ပြုတ်ငုံသော် သွားနာ သွားကိုက် ပျောက်၏။
- ၁၀။ ချင်းစိမ်းကို ဝါး၍ သွားကိုက်သောနေရာတွင် ငုံထားပါက သွားကိုက်ခြင်း ၊ သွားနာခြင်း ပျောက်၏ ။
- ၁၁။ နန်းလုံးကြိုင်အခေါက်ကို ထက်ဝက်ခန်း အောင်ပြုတ်၍ ဖန်ရည် အဖြစ် ပလုတ် ကျင်းခြင်း၊ ငုံခြင်းပြု လုပ်ပါက သွားနာကျင် ခြင်း ၊ သွားဖုံးများ ရောင်ခြင်း ၊ သွားဖုံးများမှ ပြည်ယိုခြင်း နှင့် သွေးများ ယိုစီးခြင်း များပျောက်သည်။
- ၁၂။ နီပါးဆေးပင်(တောရဲယို)အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ ၏။
- ၁၃။ ပဒိုင်းညိုအစေ့ကို ကြိတ်၍ သွားဖုံးရင်း တွင် အနည်းငယ် ခန့် သိပ်ပေးသော် သွားကိုက်၊ သွားနာခြင်း ရောဂါများ ပျောက်၏။
- ၁၄။ ပိတ်ချင်းသီး တောင့် ကို ဝါးပေး ခြင်းဖြင့် သွားနာ သွားကိုက် ပျောက်၏။
- ၁၅။ ဘုမ္မသိန် အစေးကို သွားတွင် ထည့်ပေးသော် သွားနာ ကျင်ကိုက်ခဲ ခြင်း ၊ သွားမကောင်းခြင်း ပျောက်ကင်း၏ ။
- ၁၆။ မရိုး မြစ်ခေါက်ကို ရေနှင့် ကြိတ်၍ သွားကိုက်သောနေရာတွင်သိပ်ပေးသော် သွားကိုက် ပျောက်၏ ။
- ၁၇။ လေးညှင်းဆီက သွားကိုက်ဝေဒနာကို လုံးလုံး ပျောက်စေတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ သွားတွေကို ထုံသွားစေတဲ့ အစွမ်းရှိတာကြောင့် သွားကိုက်တာကို သက်သာစေပါတယ်။သွားကိုက်နေရင် သွားဆရာဝန်နဲ့ သွားပြရပါမယ်။ ဆရာဝန်ထံ မရောက်ခင်မှာ သွားကိုက်ဝေဒနာ သက်သာစေဖို့ ပါရာစီတမောကို သောက်ထားပြီး နာကျင်တဲ့ သွားတစ်ဝိုက်ရှိ သွားဖုံးပေါ်မှာ လေးညှင်းဆီ အနည်းငယ်ကို သုတ်ထားပေးပါ။
- ၁၈။ မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း ၊ သွားနဲ့ခြင်း များ ပျောက်၏။
- ၁၉။ လိပ်ဆူးရွှေအရွက်ကို ကျကျ ပြုတ်၍ ခပ်နွေးနွေး ငုံပေးသော် နဲ့သော သွားများ ပြန်ခိုင်စေ၏။
- ၂၀။ လိပ်ဆူးရွှေ ရွက်နှင့် ကွက္ကရာ ဆတူ ရောကြိတ်၍ သွားခြေတွင် ကပ်ထားသော် သွားနာ သွားကိုက်နှင့် သွားခြေရင်းမှ သွေးယိုစီးခြင်း ပျောက်၏။
- ၂၁။ သံပရာရည် တွင် သကြားအနည်းငယ် ထည့်၍ ည နံနက် ၂ ကြိမ်မျှ မှန်မှန်သောက် ပါက သွားမှ သွေးယို စီးခြင်း ပျောက်ကင်း ၏ ။
- ၂၂။ သံပရာသီး တစ်လုံး မီးကျွမ်းအောင် ဖုတ်၍ လေးညှင်း တစ်ပွင့် ထည့်ကြိတ်ပြီး သွားရင်း၌ သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်း စေ၏ ။
- ၂၃။ သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီးပွတ်ပေးရင်သွားကိုဖြူစေရုံတင်မကဘူး။တောက်ပစေပါတယ်။ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။သွားကိုက်နေရင်လည်းသံပုရာရည်နဲ့ပလုတ်ကျင်းပေးပါ။
- ၂၄။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
- ၂၅။ သစ်ဆိမ့်အမြစ်ခေါက် ကို ပြုတ်၍ ငုံပေးသော် သွားနာ၊ သွားကိုက် ၊ သွားဖုံးရောင် ခြင်း ပျောက်၏။
- ၂၆။ သစ်ကြံပိုး အဆီကို သွားကိုက်ရာ တွင် သိပ်ပေးပါက ပျောက် ၏။
- ၂၇။ ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အကြောတစ်ထောင်ပင် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
- ၂၈။ ဗောဓိညောင် အခေါက်ကို ပြုတ်၍ အရည်ကို ငုံပေးသော် သွား ရောဂါ ပျောက်၏ ။
- ၂၉။ လေးညှင်းဆီ သို့မဟုတ် လေးညှင်းပွင့် ကို သွေး၍ သွားနာ၊ သွားကိုက်သော နေရာသို့ လိမ်းပေးသော် သွားနာ၊ သွားကိုက် ပျောက်၏။
- ၃၀။ ကြစုသီးမှုန့်ဖြင့် သွားတိုက်သော် သွားဖြူ၏ ။ သွားရောဂါပျောက်၏ ။ အသီးကို ရှားစေးနှင့် ပြုတ်ငုံသော် သွားခိုင်၏။ ကြစုသီးကို ငါးခွက်တစ်ခွက်တင် ကျို၍ ပျားရည်နှင့်ရောသောက်သော် အမျိုးမျိုးသော ခံတွင်း ရောဂါများပျောက်၏။
- ၃၁။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် နဲ့သောသွား ခိုင်၏။
မြွေဆိပ် ၊ ကင်းဆိပ်
- ၁။ ကစော့ခါး ပဉ္စငါးပါးရည်ကို ညှစ်သောက်ခြင်း ၊ကြိတ်ဖတ်ဖြင့် အုံပေးခြင်းဖြင့် မြွေဆိပ် ၊ ကင်းဆိပ်ပြေပျောက်စေ၏။
- ၂။ ဆူးပန်းအပွင့်ကို ကြိတ်၍ သောက်ပါက မြွေဆိပ်၊ ကင်းဆိပ်ကို ပြယ်စေ၏။
- ၃။ ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။
- ၄။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။
- ၅။ ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင် ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
- ၆။ မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့်နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍အဝတ်ဖြင့် စည်းပေးပါ။
- ၇။ ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
- ၈။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
- ၉။ခန်းတောက်မြစ်အနည်းငယ်ကို ရှားစောင်းကြီးအစေးသို့မဟုတ် မရိုးစေးဖြင့် ကြိတ်၍ မြွေကိုက်သော နေရာ ကိုလိမ်းပေးပြီး ခန်းတောက်မြစ်အနည်းငယ်နှင့် မအေးခြင်ထောင်ဥ အနည်းငယ်တို့ကို ငရုတ်ကောင်းနှင့် ကြိတ်သောက်သော် မြွေဆိပ်ပြေ၏။
- ၁၀။ ဆိတ်ဖလူးအရွက်ကို ညှစ်၍ သောက်ပါက မြွေဆိပ်ပြယ်စေသည်။
- ၁၁။ ဆင်တုံးမနွယ်ကို သုံးခွက်တစ်ခွက်တင် ပြုတ်၍ သောက်ပါက အဆိပ်များ ပြေပျောက်၏
- ၁၂။ မြွေကိုက်သော အနာကို ပင့်ကူ ထိပ်ပိတ် ရွက်သည် အထူး နိုင်နင်း၏။ ပင့်ကူ ထိပ်ပိတ် ရွက်ကြိတ်၍ ရသော အရည် ကို တိုက်ခြင်း၊ နှာခေါင်း တွင်းသို့ ထည့်ပေးခြင်း ဖြင့် မြွေဆိပ်ကို ကျဆင်း ပြေပျောက် စေ၏။
- ၁၃။ အဆိပ် ရှိ သတ္တဝါ များ ကိုက်သော နေရာတွင် ပိတ်ချင်းသီး ကိုသွေး၍ လိမ်းပေး ပါက အဆိပ် များ ပြယ်၏။
- ၁၄။နို့ရည် ထဲတွင် ပျဉ်းတော်သိမ် ရွက်ကို ထည့်ကျို သောက်ပါက အဆိပ်ကို ပြယ်စေ သည်။
- ၁၅။ မန်ကျဉ်းပင်အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။
- ၁၆။ မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆားနှစ်ဆရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
- ၁၇။မန်ကျည်းအစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
- ၁၈။ မရိုးမြစ် နှင့် ဝါဂွမ်း မြစ်ကို ဆတူ ကြိတ်၍ အနည်းငယ် မျှ သောက်သော် မြွေဆိပ်များ ကျဆင်း စေ၏
- ၁၉။ ကင်းကိုက်သော ဒဏ်ရာပေါ် တွင် မရိုးစေ့ သို့မဟုတ် မရိုးမြစ် ကို ရေနှင့် သွေးလိမ်း လျှင် ကင်းဆိပ် ပျောက်၏ ။
- ၂၀။မြွေကိုက်သော် မိဿလင်အရည်ကို မကြာခဏ တိုက်ပေး၍ ကိုက်သော ဒဏ်ရာကို လိမ်းပေးရ၏။
- ၂၁။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။
- ၂၂ ။ မြွေဆိုး ၊ ပျား ၊ ကင်းမြီးကောက် နှင့် အခြား အဆိပ်ရှိ သတ္တဝါများ ကိုက်မိ ၊ တုပ်မိပါက ယင်းဆေးရွက် ကို ချက်ချင်း စားသုံးခြင်း ဖြင့် နှလုံးသို့ အဆိပ် မရောက် နိုင်ရန် ကာကွယ် ပေး သည်။ အရွက် ကို ဝါးပြီး ဝါးဖတ်နှင့် အနာ ပတ် လည် တွင် လည်း အုံပေးရ ၏ ။
- ၂၃။ ရှဉ့်မတက်ဥရည် တွင် နွားနို့ ရောသောက်သော် အဆိပ် သင့်ခြင်း အမျိုးမျိုး ပျောက်၏။
- ၂၄။ လိပ်ဆူးရွှေအရွက်ရည်ကို ကင်းကိုက်သော ဒဏ်ရာပေါ်သို့ ဆွတ်ပေးခြင်းဖြင့် ကင်းဆိပ် ကို ပြေစေသည်။ ရောင်ရမ်းသော နေရာများပေါ်၌ လိမ်းပေးလျှင် လည်း ပျောက်၏။
- ၂၅။ သက်ရင်းကြီး ခေါက်သည် အဆိပ်ကို နိုင်သဖြင့် မြွေကိုက်သော လူနာကို သွေး၍ တိုက်ပေး ရ၏။
- ၂၆။ သီးသီး အနှစ်ကို သကြား သို့မဟုတ် ပျားရည်ဖြင့် ရောလျက် သော် အဆိပ် ပြေ၏။
- ၂၇။ သင်္ဘောသီး စိမ်းကို လှီးဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သော ဒဏ်ရာသို့ လိမ်းပေးသော် အဆိပ် ပြေ၏။
- ၂၈။ သင်္ဘောမဲဇလီအရွက်ကို ကြိတ်၍ အဆိပ် ရှိသော သတ္တဝါ များကိုက်သော နေရာသို့ အုံပေးသော် အဆိပ် ပြေ၏။
- ၂၉။ ဟင်းနုနယ်ဆူးပေါက်ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
- ၃၀။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏ ။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏ ။
- ၃၁။ ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အကြောတစ်ထောင်ပင် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
- ၃၂။ ဣဿရမူလီအမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်း စသည့် အဆိပ်များ ပြေစေ၏။
- ၃၃။ ဣဿရ မူလီ အရွက် ၂ ရွက် ၃ ရွက်ခန့်ကို ငရုတ်ကောင်း ၈ စေ့ ၁၀ စေ့ ခန့်နှင့် ညက်အောင် ကြိတ် ၊ အဝတ်နှင့် စစ်ပြီး ၁၅ မိနစ် တစ်ကြိမ်ကျ သောက်က မြွေဆိပ်နှင့် တကွ အခြားသော တိရစ္ဆာန် ဆိပ်များ ပြေပျောက်စေ၏။
- ၃၄။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။
- ၃၅။ အောင်မဲဖြူသည် မြွေဆိပ် ဖြေဆေး အဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ် သောက်သော် မြွေဆိပ် ပြေ၏။
- ၃၆။ ကင်းကိုက်၊ မြွေကိုက် သော နေရာ များတွင် နွယ်သာကီ အမှုန့် ပြု လိမ်းပေး ပါက ပျောက်ကင်း၏။
- ၃၇။ နွယ်သာကီ အရွက် ကို အရည်ညှစ် ၍ မြွေကိုက်ရာ တွင် အနည်းငယ် လိမ်းပေး ပါက မြွေဆိပ် ပျောက်ကင်း ၏။ အခြား အဆိပ် ပြင်းသော အကောင်များ ကိုက်ရာတွင် လည်း အသုံးပြု နိုင်၏။
- ၃၈။ မြွေနှင့် ဂျက်ကိုက်ခြင်း အတွက် နွားမြေရင်း ခေါင်းကို သွေး၍ တိုက်ခြင်း လိမ်းခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
- ၃၉။ ကင်းဆိပ်ဖြေဆေးအဖြစ် သင်္ဘောကြက်ဆူ အစေ့ကို သွေး၍ လိမ်းပေးရ၏ ။
အသည်းရောဂါ
- ၁။ ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်းရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။
- ၂။ ကနဖော့ တစ်ပင်လုံးအား ဆန်ဆေးရည် ၊ မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ် ထည့်သောက်ခြင်းဖြင့် အသည်း အားနည်း သောရောဂါကို ပျောက်ကင်းစေ၏။
- ၃။ ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ၄။ သင်္ဘောသီး အမှည့် စားသော် သရက်ရွက် ကြီးခြင်း၊ အသည်း ကြီးခြင်းနှင့် မြင်းသရိုက် ရောဂါ ပျောက်၏။
- ၅။ ရွှေနွယ်ပင် သည် အသက်ရှည် စေတတ်သော အပင်မျိုး တွင် အပါအဝင် ဖြစ်၏ ။ အသည်းရောင် ၊ အသည်းကြီး ၊ အသည်း မာကျော ကြမ်းတမ်း ခြင်း အတွက် ၎င်းဆေးရွှေနွယ် ကိုပြုတ်၍ သောက်ခြင်း ၊ ဝမ်းဗိုက် ကို လိမ်းပေးခြင်း ဖြင့် ပျောက်ကင်း စေနိုင်၏။
- ၆။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့် သော်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
အရိုးပါးရောဂါ
- ၁။ ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။
- ၂။ ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။
- ၃။ အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။ ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။ (၁) ပိုတက်စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။ဤဓာတ်၄မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။
ကိုယ်ခံစွမ်းအားစနစ်
- ၁။ ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက်မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။
- ၂။ မန်ကျည်းသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် နေ့စဉ် စားသုံးနေကျ အစားအသောက်ထဲ မန်ကျည်းသီးကို ထည့်စားပေးရင် ဗီတာမင်စီ ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။
ဖောရောင်ခြင်း
- ၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
- ၂။ ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
- ၃ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။
- ၄။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့်ယှဉ်၍ ဖြစ်သောရောင်ရမ်းခြင်းများ ပျောက်၏ ။
- ၅။ ထိကရုံး ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။
- ၆။ ဒန့်သလွန် အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။
- ၇။ ကပ်စေးနဲ(နွားမြီးကပ်)အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင် သည့်နေရာများကို လိမ်းပေးသော် ပျောက်၏ ။
- ၈။ ကိုရံကြီးအရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏ ။
- ၉။ ဘုမ္မသိန်အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင် သောရောဂါ ပျောက်၏ ။
- ၁၀။ လိပ်ဆူးရွှေအရွက်ကို ပြာချ၍ ဆန်ပုန်းရည် နှင့် ရောသောက်သော် ဖောရောင်ခြင်း နှင့် ရေဖျဉ်းကို ကျဆင်းစေ၏။ ချောင်းဆိုး ရောဂါ ကိုလည်း ပျောက်စေသည်။
- ၁၁။ သက်ရင်းကြီး ခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျားရောဂါ ကို ပျောက်ကင်း စေ၍ အဖောကို ကျဆင်း စေသည်။
- ၁၂။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကိုလည်းကောင်းသက်ရင်းကြီးမြစ် သွေးရည်နှင့်ရောသောက်ခြင်းဖြင့်
- ဖောရောင်ရောဂါကိုလည်းကောင်းပျောက်စေသည်။
- ၁၃။ ကြောင်လျှာအသီးကို ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။
ကျောက်ဖြူပေါက်သောရောဂါ
၁။ ကနဖော့ ပဉ္စငါးပါးရည် အနည်းငယ်မျှ သောက်သော် ကျောက်ဖြူပေါက်သောရောဂါ ၊ အရေပြားရောဂါ ၊ ခြင်ဆီကို တိုးသောရောဂါများ ပျောက်ကင်း၏။
ကျောက်ရောဂါ
- ၁။ကနဖော့ရည်ကို ပျားရည်နှင့် ရောသောက်သော် ကျောက်ရောဂါ ပျောက်ကင်း၏။
- ၂။ဆူးပန်းအပွင့်ကို ဒန်းကြီးရွက်နှင့် ရောကြိတ်ပြီး ခြေ၊ လက်ဖဝါးတို့၌ လိမ်းက ကျောက်ရောဂါ ပျောက်၏။
- ၃။ ကျောက်သွေး ဝမ်းကျလျှင် လက်ထုတ်ကြီး မြစ်ကို အရက်နှင့် သွေး၍ ဆားအနည်းငယ် ခတ်သောက်လျှင် ပျောက်၏။ ကျောက်ပေါက်၍ လည်ချောင်းနာ လျှင် လက်ထုတ်ကြီး အမြစ်ခေါက် ကို ဆားနှင့် ကြိတ်၍ ငုံရ၏။
ဆီး ရောဂါ
- ၁။ ကနဖော့ အရွက်ရည်ကို နွားနို့နှင့် ဖြစ်စေ ၊ ဆိတ်နို့နှင့် ဖြစ်စေ သောက်သုံးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်စေသည်။
- ၂။ ကျီးအာ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။
- ၃။ ကျွန်းပင်၏ အသီးကို ညက်အောင် ကြိတ်၍ အနာအုံဆေးကဲ့သို့ ချက်၌ အုံ၍ စည်းထားသော် ဆီးချုပ်ရောဂါ ပျောက်၏ ။
- ၄။ ဆီးဖြူမြစ်ကို သန့်စင်အောင် သွေး၍ရရှိသော အရည်ကိုသောက်ပေးပါက ဆီးလွန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ ဆီးခဏခဏသွားရသည့် ရောဂါများကို သက်သာပျောက်ကင်း စေပါသည်....။
- ၅။ ဆီမီးတောက်ဥကို အမှုန့်ထောင်း၍ ရေနှင့်စိမ်သောက်ပါက ညောင်းကျရောဂါ ပျောက်၏။
- ၆။ ဆူးပန်းအရွက်ကို ချဉ်ရည်ဟင်း ချက်စားခြင်းဖြင့် ဆီးကိုရွှင်စေပြီး ခွန်အားကို တိုးပွားစေ၏။
- ၇။ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း ၏ ။
- ၈။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။
- ၉။ ထိကရုံးအရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။
- ၁၀။ ထိကရုံးအမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။
- ၁၁။ ဒန့်သလွန် အသီး ကို အမှုန့် ပြု သကြားနှင့် ရောသောက်သော် ဆီးများခြင်း ပျောက်၏။
- ၁၂။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ဒန္တသုခ ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။
- ၁၃။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ ပျားရည် ၊ သကြားတို့ နှင့် အနေတော် ရော၍ သောက်သော် ဆီးအောင့် ရောဂါ နှင့် ဝမ်းသွားရောဂါ ပျောက်၏ ။
- ၁၄ ။ နလင်ကျော်အမှုန့်ကို ဆန်ဆေးရည် ဖြင့် သောက်သော် ညောင်းကျရောဂါ ၊ဝမ်းတွင်းပုပ် ၊ ဆီးပုပ် ၊ နှလုံးမငြိမ်၊ နှုတ်ခမ်း အာခေါင်ခြောက် ်ရောဂါများ ပျောက် ၏ ။ မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၁၅။ နနွင်းမှုန့်၊ ဆီးဖြူသီးရည်၊ ပျားရည် သုံးမျိုး ရောသောက် သော် ဆီးပူ၊ ဆီးအောင့် မှစ၍ ဆီးရောဂါ အမျိုးမျိုး ပျောက်၏။
- ၁၆။ ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။
- ၁၇။ ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီးအနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမကသွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။
- ၁၈။ ဝါမြစ်ကို ကျက်ကျက် ပြုတ်သောက်က ဆီးပူရောဂါ နှင့် ဆီးသွားသော အခါ နာကျင်ခြင်း ပျောက်၏။
- ၁၉။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
- ၂၀။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။
- ၂၁။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ဝမ်းရောဂါ ပျောက်၏ ။
- ၂၂။ ကင်ပိမ့်အရွက်ကို ကြိတ်၍ ရသောအရည်ကို သောက်ပါက ဆီးပူ ညောင်းကျရောဂါ ပျောက်ကင်း၏။
- ၂၃။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။
- ၂၄။ ကန်စွန်းရိုးနီ ရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။
- ၂၅။ကုလားမျက်စိပင်သည် အသက်ရှည်ဆေးအဖြစ် အလွန် ထင်ရှား၏။ ကုလားမျက်စိအညွန်များကို ပြုတ်တို့ခြင်းဖြင့် ဆီးရွှင် ဆီးကောင်းစေသည်။
- ၂၆။ ကုလားမျက်စိပင်ပဉ္စငါးပါးကို သုံးခွက်တစ်ခွက်တင် ကျို၍ အအေးခံပြီး သကြားထည့်သောက်ပါက ဆီးပူ ၊ ဆီးအောင့် ၊ ဆီးနည်း ၊ အသံဝင် ၊ အဖျား ၊ အညောင်းအကိုက် ရောဂါတို့ကို ပျောက်စေ၏။
- ၂၇။ကုလားမျက်စိပင် ပဉ္စငါးပါးကို ထန်းလျက်နှင့်ကျို၍ အအေးခံထားသောရေတွင် စမုန်မျိုးငါးပါးမှုန့် အဝတ်နှင့်ထုပ်စိမ်ထားပြီး ယင်းစိမ်ရေတွင် ဆားပုပ်အမှုန့်ထည့်၍ တစ်နေ့ ၃ ကြိမ်သောက်သော် ဆီးရောဂါအမျိုးမျိုး ၊ လေအောင့် အစာမကြေ ၊ မျက်စိရောဂါအမျိုးမျိုး ၊ နှလုံးရောဂါ ၊ သားအိမ်ရောဂါ ၊ဖောရောင် ညောင်းကိုက် ၊ မြင်းသရိုက်ရောဂါတို့ကို ပျောက်စေ၍ အားတိုးစေသည်။
- ၂၈။ ကညွတ်မြစ်အရည်ကို ပျားရည် ၊နွားနို့ရည်တို့နှင့် ရော၍ သောက်ပါက ဆီးပူ ၊ ဆီးအောင့်ခြင်း ၊ ကိုက်ခဲခြင်းနှင့် အမျိုးမျိုးသော သည်းခြေရောဂါများ ပျောက်ကင်း၏။
- ၂၉။ ခပေါင်းရေကြည်အစေ့ကို သွေး၍ နွားနို့ဖြင့်သောက်သော် ညောင်းကျရောဂါ ပျောက်၏ ။
- ၃၀။ ခပေါင်းရေကြည်အစေ့ကို ရက်တက်ရည်နှင့် သွေးသောက်သော် ဆီးလွန်ရောဂါ ပျောက်၏ ။
- ၃၁။ စံကားဝါအပွင့်ကို ညက်အောင်ကြိတ်၍ ရေအေးနှင့်ဖျော်သောက်သော် ဆီးအောင့်ခြင်း၊ ကျောက်ကပ်အားနည်းခြင်း ရောဂါများ ပျောက်၍ ဆီးကိုရွှင်စေသည်။
- ၃၂။ အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ ဆီး အောင့်ပျောက်၍ ဆီးကောင်းစေသည်။
- ၃၃။ ဆိတ်ဖလူးအရွက်ကို ရေနှင့် ထက်ဝက်ခန်းကျို၍ သောက်ပါက ဆီးလွန်ရောဂါ ပျောက်၏ ။
- ၃၄။ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ပျားရည်၊ သကာရည်နှင့် နယ်စားက ဆီးပုပ်ရောဂါ ပျောက်၏။
- ၃၅။ နန်းလုံးကြိုင်အရွက်ကို ကြိတ်၍ ဆီးကင်းခန့် လုံးပြီး နံနက်ညတစ်လုံးစီ သောက်ကညောင်းကျ ရောဂါ ပျောက်စေသည်။
- ၃၆။ ပြည်ပန်းညိုအရွက် ကြိတ်ညှစ်ရည် ကို နို့ရည် သကြားတို့နှင့် သောက်လျှင် ဆီးအောင့် ရောဂါ နှင့် ညောင်းကျ ရောဂါ ပျောက်စေ၏။
- ၃၇။ ပြည်ပန်းညိုအရွက်ကိုအမှုန့် ပြု၍ စားပါက လေရောဂါ၊ အပူရောဂါ၊ ဆီးအောင့် ရောဂါ များ ပျောက်၏။
- ၃၈။ပဒိုင်းညိုအရွက် ကြိတ်ညှစ်ရည် အနည်းငယ် ကို မလိုင်ထုတ်ပြီး နွားနို့နှင့် သောက်ပါကညောင်းကျ ရောဂါ ပျောက်၏။
- ၃၉။ပတဲကောလေး မြစ်ဥ ကို ပြုတ်၍ သောက်သော် ဆီးလွန် ရောဂါ ပျောက်ကင်း၏။
- ၄၀။ဆီးခဲလျှင် ပတဲကောကြီး ကို ဆန်ဆေးရည် နှင့် သွေးသောက်က ဆီးရွှင်စေ၏။
- ၄၁။ဆီးအိမ်တွင် ဆီးရှိလျက်ဆီးအောင့်ဆီးချုပ်နေမူပတဲကောကြီး မြစ်ကို ရေနှင့် သွေးသောက်သော် ပျောက်၏။
- ၄၂။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။
- ၄၃။ဖာလာစေ့ ကို လှော်၍ မုတ္ထကျီးဆေး နှင့် စားသော် ဆီးပူ ရောဂါ ပျောက်၏။
- ၄၄။ ဗုဒ္ဓသရဏပင် အပွင့်နု အသီးနုကို ရေနွေး ဖြော၍ တို့စားခြင်း၊ သုပ်စား ခြင်းဖြင့် ဆီးနည်းခြင်း ချုပ်ခြင်းကို ပျောက်ကင်း စေရုံ မက အဖျား ရောဂါ ကိုပင် ပျောက်ကင်း စေ၏။
- ၄၅။ မင်းကိုကာ အမြစ်မှုန့် ကို ဆားစိမ်းနှင့် ရော၍ သောက်သော်ဆီးအောင့် ညောင်းကျရောဂါ ပျောက်ကင်း ၏။
- ၄၆။မန်ကျဉ်းပင်အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
- ၄၇။ မရိုးဆေး နှင့် ဆူးဖြူ အခေါက် မှုန့်တို့ကို ရောကြိတ်ပြီး ချက်ဘေး ပတ်လည် နှင့် ဆီးအိမ် ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်၏ ။
- ၄၈။ မဉ္ဇူပန်းပင် အပင် ၏ ပဉ္စငါးပါးကို သကြားနှင့် သုံးခွက် တစ်ခွက် တင် ကျို သောက်လျှင် ဆီးပူ ၊ ဆီးကိုက် ၊ ဆီးကျင် ၊ ဆီးပိတ် ၊ ဆီးကျောက် တည်သော ရောဂါ ပျောက်၏ ။
- ၄၉။ ညဘက်ဆီးလွယ်တဲ့ သူတွေ အတွက် ထထအိမ်သာ ပြေးနေရတဲ့ ဒုက္ခဟာ မလွယ်ပါဘူး။ ကြုံဖူးမှ ကိုယ်ချင်းစာ နိုင်ပါလိမ့်မယ်။ ယင်း အတွက် ဖြေဆေးတစ်မျိုး ကတော့ မာလကာသီး အရွက် လက်တစ်ဆုပ်စာခန့်ကို ယူပါ။ လတ်လတ်ဆတ်ဆတ် အရွက်များ ဖြစ်ရပါမည်။ ယင်းအရွက်တို့အား ထောင်းထားသည့် ဆန်မှုန့်တို့ဖြင့် ရောစပ်ပေးပါ။ ပြီးသော် ရေ ၂ခွက်ခွဲခန့်ဖြင့် ပြုတ်ပေးရပါမည်။ ရေတစ်ခွက်စာကျန် ်ရှိတော့သည့် အချိန်ကျမှ ချကာရေစစ်ဖြင့် စစ်ကာ ပုလင်းတစ်လုံးထဲတွင် သိမ်းထားရပါမည်။ ယင်းအရည်အား သုံးနာရီခြားတစ်ခါ တစ် ဇွန်း စီသောက်သုံး ပေးရပါမည်။
- ၅၀။ ဆီးအိတ်ရောင်တဲ့ ဝေဒနာကို ကုသ ဖို့ ခရမ်ဘယ်ရီသီးကို သုံးရတယ်ဆိုတာ သိကြပေမယ့် ဘလူးဘယ်ရီသီးကိုလည်း သုံးလို့ ရပါတယ်။ ဘလူးဘယ်ရီသီးမှာ ခရမ်ဘယ်ရီသီးနဲ့ အလားတူတဲ့ ဓာတ်ပေါင်းတွေ ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်။ ဘလူးဘယ် ရီသီးက ဝယ်ရတာ ပိုလွယ်တာကြောင့် ရေခဲသေတ္တာထဲ ထည့်ထားပြီး စားပေးပါ။တစ်နေ့ ဘလူးဘယ်ရီသီး ခွက်ကြီး တစ်ခွက်စာ ပမာဏကို စားပေးရင် ဆီးအိတ်ရောင်ရမ်းတဲ့ ဝေဒနာကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။ ဘလူးဘယ်ရီသီးမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။
- ၅၁။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး (၃ )ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။
- ၅၂။ ရွက်ကျ ပင်ပေါက် ရွက် ၁ ရွက် ၂ ရွက် ကို ငရုတ်ကောင်း အနည်းငယ် ထည့်၍ ညက်စွာ ကြိတ်ပြီး သောက်က ဆီးပူ ၊ ဆီးချုပ် သွေးမြင်း သရိုက် နှင့် လူပျိုနာ ကြောင့် ဖြစ်သော အနာ များ ပျောက်ကင်း၏။
- ၅၃။ ရှဉ့်မတက်ဥ ကို ကျို၍ ၎င်းတွင် သကြားခဲ ရောပြီး ပျားရည် ထည့်သောက် သော် ဆီးပူရောဂါ နှင့် ဆီးအောင့် ရောဂါ ပျောက်၏။
- ၅၄။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။
- ၅၅။ လက်ထုတ်ကြီး အခေါက်ကို နွားနို့ နှင့်ကြိတ်သောက် ပါက ဆီးချုပ် ဆီးအောင့် ရောဂါ ပျောက်၏။
- ၅၆ ။ ကြွေမီး ဖုတ်နှင့် သံပရာ ရည် ဖျော်၍ သောက်သော် ဆီး အောင့်ခြင်း ပျောက်၏။
- ၅၇။ သံမနိုင်၊ ကျောက်မနိုင် ပဉ္စငါးပါး ကို အရည်ညှစ် ပြီး ကျိုချက်၍ လည်းကောင်း၊ အခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်း စေ၏ ။
- ၅၈။ သစ်ဆိမ့်ဆံ နှင့် အရက် သွေးသောက်သော် ဆီးအောင့် ခြင်းနှင့် ကျောက်တည်ခြင်း ပျောက်၏
- ၅၉။ သင်္ဘောသီး ဝမ်းပျဉ်းကို ဟင်းချက် စားခြင်း၊ သနပ် လုပ်စားခြင်းဖြင့် ဆီးဝမ်းကို ရွှင်စေသည်။
- ၆၀။ အလိုကျူ အမြစ်အုံ ကို ပြုတ်သောက် ခြင်းဖြင့် ဆီးကို စင်ကြယ် စေ၏။ ညောင်းကျ ရောဂါနှင့် အသားအရေ ယားယံခြင်းကို ပျောက်ကင်း စေပြီး ရာသီသွေး ကိုလည်း ကျဆင်းသည်။
- ၆၁။ အကြောတစ်ထောင်ပင် အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။
- ၆၂။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။
- ၆၃။ ဆေးဂန္ဓမာအရွက်ကို ငရုတ်ကောင်းနှင့် ရောကြိတ်သောက်သော် ဆီးအောင့်ရောဂါ ပျောက်၏။
- ၆၄။ ပေါက်ပွင့်ကို ရေနှင့် ကျို၍ ခပ်နွေးနွေး ချက်တွင် အုံပေး လျှင် ဆီးချုပ်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း များ ပျောက်ကင်းသည်။
- ၆၅။ လောက်သေပင် အရွက်ကို လက်ဖက် ခြောက် ကဲ့သို့ သောက်သုံး သော် ဆီးပူ ဆီးအောင့် ရောဂါ နှင့် အရေပြား ရောဂါ ပျောက်၏။
- ၆၆။ လောက်သေပင် အရွက် ကို အခြားသော ဆေးပင် တို့နှင့် ပေါင်းစပ်၍ ဆီးရွှင် ဆေးအဖြစ် ဖော်စပ် သုံးနိုင်သည်။
- ၆၇။ လောက်သေရွက် နှင့် ထားဝယ် မှိုင်း ရွက် ကို ရေနွေး ဖြော ၍ သုပ်စား သော် ဆီးပူ ၊ ဆီးအောင့် ၊ ဝမ်းကိုက် ၊ သွေး့ဝမ်း သွား ၊ သွေးမြင်း သရိုက် ၊ မီးယပ် သွေးလွန် တို့ကို ရပ်တန့် စေသည်။
- ၆၇။ နွားမြေရင်း ကို ပြုတ်သောက် ပါက ညောင်းကျ ရောဂါ ပျောက်၏။
- ၆၈။ သြဇာ အမြစ်ကို သွေး ၍ သောက်ပါက ဆီးချုပ် ရောဂါ ပျောက်ကင်း၏။
- ၆၉။ ကြံဟင်းအညွန့်ကို ကြက်ရိုးနှင့်သော် လည်းကောင်း ၊ တင်ကျီးရိုးနှင့် သော် လည်းကောင်း ဟင်းချိုချက်သောက်ပါက ဆီးအောင့် ဆီးချုပ်ရောဂါနှင့် အခြား ဆီးနှင့် ပတ်သက်သောရောဂါများ ပျောက်၏ ။ အေးအောင်ပြုသော ဆေးဘက်တွင် အကောင်းဆုံးဖြစ်သည်။
ကင်ဆာရောဂါ
- ၁။ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက် တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် ကင်ဆာရောဂါ၊ အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
- ၂။ ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- ၃။ ကြက်သွန်ဖြူတွင် ဆယ်လင်နီယမ် သတ္တုဓာတ်တို့ပါဝင်ကြောင်း ၊ ကြက်သွန်ဖြူကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အူမကြီး ကင်ဆာ ဖြစ်ပွားနိုင်မှု ၁၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူများသည်
- အစာအိမ်ကင်ဆာဘေးအန္တရာယ်မှ ကာကွယ်နိုင်သည့် အပြင် နှလုံးသွေးကြောဆိုင်ရာ စနစ် ကောင်းမွန်ကြောင်း လေ့လာတွေ့ရှိချက်တွင် ဖော်ပြသည် ။
- ၄။ မန်ကျည်းသီးမှာ အင်တီအောက်ဆီးဒင့်တွေက များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာ ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုကို လျော့ကျစေပြီး ကင်ဆာလို ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။
- ၅။ နွယ်သာကီ အမြစ်မှုန့် ကို ရေနှင့် ဖျော်၍ လိမ်းပါက ကင်ဆာနာ၊ ပြည်တည် အနာများ နှင့် နူနာ ရောဂါ များ ပျောက်ကင်း ၏။
နို့ချောင်း ပိတ်ရောဂါ
- ၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။
- ၂ ။ ကျွန်းပင်၏ အသီးကို ဆန်ဆေးရည်နှင့် သွေးလိမ်းသော် နို့ချောင်း ပိတ်ရောဂါပျောက်၏။
- ၃။ စမြိတ်စေ့ကို လှော်၍ စားလျှင် သော်လည်းကောင်း ၊ သကြားခဲနှင့် ရောစားလျှင်သော်လည်းကောင်း နို့ကောင်းစွာ ထွက်စေ၏ ။
- ၄။ မီးဖွား ပြီးစ အမျိုးသမီး များ နို့မထွက် လျှင် ပရန္နဝါ ရွက်ကို ဟင်းခါး ချက်သောက် ခြင်းဖြင့် နို့ လျင်မြန်စွာ ထွက်ပြီး နို့နာ၊ နို့ကိုက် နှင့် သကျည်း ကိုက်ရောဂါ များလည်း ပျောက်ကင်း စေ၏။
- ၅။ ရဲယိုရွက် ကို သုပ်စားပါက နို့ချောင်းပိတ် ရောဂါ၊နို့ရေ ခန်းရောဂါ၊သကျည်း ကိုက်ရောဂါ၊ဝမ်းရစ်နာ ခြင်းနှင့် နှာခေါင်း သွေးလျှံ ခြင်းတို့ကို ပျောက်စေ၏။
- ၆။ ရှဉ့်မတက်ဥ မှုန့်ကို နွားနို့ နှင့် ရောသောက်သော် သားသည် မိခင်များ နို့ရည် တိုးပွားစေ၏။
- ၇။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏
- ၈။ မီးဖွား ပြီး ပထမ နေ့၌ လက်ပံခါးအခေါက် မှုန့်ကို ချင်းနှင့် ရောစပ် သောက်သော် မီးနေသည် များ နို့ထွက် များ၍ သွေးသား စင်ကြယ် စေသည်။
- ၉။ ရေသကျည်း ရွက်နု များကို ဟင်းချို ချက်သောက်ခြင်း၊ ရေနွေး ဖြော၍ တို့မြှုပ်စားခြင်း၊ အချဉ် တည်၍ စားခြင်း၊ သုပ်စား ၊ကြော်စား ခြင်းဖြင့် သားသည် အမေများ နို့ရည်ကို များစေ၍ နို့ချောင်း ပိတ်ခြင်းကို ကာကွယ်ပေး ပြီး နို့ရည်ကို အထူး သန့်စင် စေ၏။
- ၁၀။ လောက်သေရွက် ၊ ရေခရာ ရွက် ၊ နနွင်း ရိုးရိုး အရွက် ဆတူ အကျွမ်း လှော်၍ နှမ်းဆီတွင် ဖျော် လိမ်းပါက ကလေးများ ချက်ကြိုး ချက်တိုင် ကိုက်ခြင်း ပျောက်၍ ချက်ကြိုး ကြွေလွယ်၏ ။ နို့ချောင်း ပိတ် ၊ နို့နာ ၊ နို့ပျဉ်းထ သော မိခင် များကို လိမ်းပေးက လျင်မြန်စွာ သက်သာ ပျောက်ကင်း စေ၏။
ရေယုန်ရောဂါ
- ၁။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
- ၂ ။ ကျွန်းသား မီးသွေးကို ထမင်းရည်နှင့် သွေး၍ မကြာခဏ လိမ်းပေးသော် ရေယုန်နာပျောက်၏ ။
- ၃။ ငုပင်၏ အရွက်ကိုကြိတ်၍ ရသော အရည်နှင့် လိမ်းကျံပေးပါက ရေယုန်ကြီးနာပျောက်၏။
- ၄။ ခွေးတောက်ရွက်ကို ကြိတ်၍ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်လိမ်း ပေးခြင်းဖြင့် ပျောက်ကင်းစေ နိုင်သည်။
- ၅။ ဗောဓိညောင် အမြစ်ခေါက် ကို ရေနှင့် ထက်ဝက်ခန့် ကျိုသောက်သော် ရေယုန်ကြီးနာရောဂါ ပျောက်၏။
ဆီးချိုရောဂါ
- ၁။ ကင်းပုံရွက် အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
- ၂။ ဒန့်သလွန် အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။
- ၃။ပြည်ပန်းညိုအရွက်ကို ပြုတ်၍ ပုစွန်ခြောက် ဖြင့် သုပ်စားက လေထိုး လေအောင့် ရောဂါ၊ လေလုံး ရောဂါ၊ အဖျား ရောဂါ ၊ဆီးချို ရောဂါ၊ ညောင်းကျ ရောဂါ ပျောက်၏။
- ၄။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
- ၅။ ဆီးချိုရောဂါရှင်များ အတွက် မာလကာသီး (မမှည့်တမှည့်) တစ်လုံးကိုယူပါ။ လေးစိတ်ခွဲစိတ်ကာ ရေ ၁ လီတာခန့်ဖြင့် ထည့်ပြုတ ်ပေးပါ။ ဆူပွက်လာမှ ဇကာဖြင့် စစ်ချကာ ယင်းရေအား တစ်နေ့ နှစ်ကြိမ်ခန့် သောက်သုံးပေးပါ။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက် သုံး ပေးရမည် ဖြစ်သည်။
- ၆။ အချို့သော အရှေ့တောင်အာရှ နိုင်ငံများတွင် အသက်ကြီးသူများ သိကြားမကိုဋ်အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင် ခတ်သောက် ခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်သည်ဟု ယူဆကြသည်။
- ၇။ သင်္ဘောမညှိုး ပဉ္စငါးပါး ကို ပြုတ်၍ သောက်က ဆီးချို ရောဂါ ပျောက်စေ၏။၈။ အကြောတစ်ထောင်ပင် ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
- ၈။ ဆီးချို၊ သွေးချိုရောဂါရှင်များ ဆီးဖြူသီးကို ပြုတ်၍သုပ်စားခြင်း၊ ပြုတ်၍ပျားရည်နှင့် စိမ်ထားပြီး နေ့စဉ်သုံးစွဲပေးပါက ဆီးချို၊ သွေးချိုရောဂါကို ထိန်းထားနိုင်သည့်အပြင် ဆီးချို၊ သွေးချိုကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားအားမရခြင်း၊ ဆီးခဏခဏသွားရခြင်း၊ မောပန်းနွမ်းနယ်နေခြင်း၊ အသားအရေလျော့ရဲလာခြင်း၊ အာခေါင်ခြောက်ခြင်း၊ ရေငတ်ခြင်းစသည့်ရောဂါတွေကို သက်သာပျောက်ကင်းစေပါသည်....။
- ၉။ ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကိုညအိပ်ယာဝင်ခါနီးမှာရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
- ၁၀။ တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါး ပြုတ်သောက်က ဆီးချိုရောဂါ ပျောက်ကင်း၏။
- ၁၁။ ရွေးကလေးအရွက်ညှစ် ရည် ကို နွားနို့ သောက် လျှင် ဆီးချို ဆီးလွန် ရောဂါ ပျောက်၏။
- မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။
ဆီးချုပ်ခြင်း
- ၁။ ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။
- ၂။ ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါဖြစ်လျှင် နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။
မွေးကျွတ်နာ၊ အနာစိမ်း
- ၁။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။
- ၂။ ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။
- ၃။ ဆီမီးတောက် အရွက်မှုန့်ကို အနာ၌ဖြူးပေးလျှင် အနာတွင်ရှိသော ပိုးများသေ၍ အနာပျောက်၏။
- ၄။ ထိကရုံးအမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။
- ၅။ ရောင်အမ်းသော အနာ ဖြစ်က ထိကရုံး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။
- ၆။ ရွက်ကျ ပင်ပေါက် အရွက်ကို ကြိတ်ညှစ်၍ ရသော အရည်ကို လိမ်းပေးမူ အနာစက် ၊ အနာမီးလျှံ ၊ မွေးကျွတ်နာ များ ပျောက်၏။
- ၇။ အနာ၊ အဖု အပိမ့်များကို ဥသျှစ်ရွက် အရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင်းလျှင် ပြည်ပေါက်၏။
Subscribe to:
Comments (Atom)