Saturday, January 5, 2013

ဖောရောင်ခြင်း

  • ၁။ ကနဖော့ကို ပြုတ်၍ တို့စားခဲ့သော်လည်းကောင်း ၊ ပြုတ်ရည်ဖြင့် ချွေးအောင်းခဲ့သော်လည်းကောင်း ဖောရောင်ခြင်း ပျောက်၏။
  • ၂။ ကိုက်လန်ဟာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။
  • ၃ ။ ကျွန်းသားကို သွေးလူးသော် သည်း ခြေကြောင့်ဖြစ်သော အဖောအရောင် ပျောက်၏ ။
  • ၄။ ကျွန်းသားကို သီဟိုဠ် သရက်စေ့အခွံ ဆီနှင့် သွေးလိမ်း သော် အပူနှင့်ယှဉ်၍ ဖြစ်သောရောင်ရမ်းခြင်းများ ပျောက်၏ ။
  • ၅။ ထိကရုံး ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။
  • ၆။ ဒန့်သလွန် အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။
  • ၇။ ကပ်စေးနဲ(နွားမြီးကပ်)အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင် သည့်နေရာများကို လိမ်းပေးသော် ပျောက်၏ ။
  • ၈။ ကိုရံကြီးအရွက်ကို ပြုတ်၍ ရေချိုးခြင်း ၊ အရည်ပျစ်ပျစ်သွေး၍ လိမ်းခြင်းပြုက အဖောအရောင်ရောဂါပျောက်၏ ။
  • ၉။ ဘုမ္မသိန်အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင် သောရောဂါ ပျောက်၏ ။
  • ၁၀။ လိပ်ဆူးရွှေအရွက်ကို ပြာချ၍ ဆန်ပုန်းရည် နှင့် ရောသောက်သော် ဖောရောင်ခြင်း နှင့် ရေဖျဉ်းကို ကျဆင်းစေ၏။ ချောင်းဆိုး ရောဂါ ကိုလည်း ပျောက်စေသည်။
  • ၁၁။ သက်ရင်းကြီး ခေါက်သည် ဖောရောင်ပြီး ဖျားသော အဖျားရောဂါ ကို ပျောက်ကင်း စေ၍ အဖောကို ကျဆင်း စေသည်။
  • ၁၂။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကိုလည်းကောင်းသက်ရင်းကြီးမြစ် သွေးရည်နှင့်ရောသောက်ခြင်းဖြင့် 
  • ဖောရောင်ရောဂါကိုလည်းကောင်းပျောက်စေသည်။
  • ၁၃။ ကြောင်လျှာအသီးကို ငါးသလောက်ဖြင့် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ဝဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

No comments: