Tuesday, June 25, 2013

လူ့ ကျောက်ကပ်အကြောင်း သိကောင်းစရာ

၁။ ဦးနှောက်၊ အသဲ၊ နှလုံးတို့ထက် ကျောက်ကပ်တွင် သွေး စီးဆင်းနှုန်းက ပိုမြင့်သည်။

၂။ ကျောက်သည် သွေး၏ ၉၉ ရာခိုင်နှုန်းကို ပြန်လည်စုပ်ယူ၊ သန့်စင် သုံးစွဲပြီး ၁ ရာခိုင်နှုန်း ကိုသာ ကျင်ငယ်ရေ အဖြစ် စွန့်ထုတ်သည်။

၃။ ကျောက်ကပ်တွင် ဖြစ်ပေါ်သော ကျောက် (stone) သည် ထုံးဓာတ် များသော ရေ၊ ဆား တု့ိကြောင့် ဖြစ်ပြီး ကယ်လ်ဆီယမ်နှင့် ပေါင်းစပ် မှု ကြောင့် ဆီးလမ်းကြောင်း ပိတ်စေသည်။

၄။ ကာဘွန်ဟိုက်ဒရိတ်ဓာတ် နှင့် သကြားဓာတ် များသော အစားအစာ များကလည်း ကျောက်ကပ် ကျောက်တုံးကို ဖြစ်ပေါ်စေသည်။

၅။ သကြားဓာတ်သည် အင်လူလင် ထုတ်လုပ်ရန် ဂလင်းရေ တစ်မျိုး ထုတ်ပေးသည်။ ယင်းက ကယ်လ်ဆီယမ်ဓာတ် ပိုမို ဖြစ်ထွန်းစေပြီး ကျောက်တပ် ကျောက် တည်စေသည်။

၆။ နွားနို့ နှင့် Antacid အစာအိမ် အချဉ်ပေါက် ပျောက် ဆေး များအား အလွန်အကျွံ သောက်သုံးခြင်းကလည်း ကျောက်ကပ်ကျောက်တည် စေသည်။

၇။ ကျောက်ကပ် တစ်ခု သည် ၄လက်ခွဲသာ ရှိသည်။

၈။ ကျောက်ကပ် တစခုဆီ၏ အလေးချိန်မှာ ၄ မှ ၆ အောင်စ ဝန်းကျင် တွင် ရှိသည်။

၉။ တစ်နေ့တွင် ဆီးသွားနှုန်း ၁၅၀၀ မီလီလီတာ / ၁ လီတာ ဝန်းကျင် ရှိပါက ကျောက်ကပ် ပုံမှန် လည်ပတ်နေပြီး ယင်းထက်နည်းပါ က ကျောက်ကပ်ကို အထူးဂရုစိုက်ရန် လိုအပ်သည်။

၁၀။ ကျောက်ကပ် မှ ကျောက်များ ကြေရန် အကောင်းဆုံး သဘာဝ ကုသ နည်းမှာ ရေမမေ့မလျောက် သောက်ခြင်းနှင့် ဖရဲသီး ပုံမှန် စားပေးခြင်း ဖြစ်သည်။

.
Ref: medic facts
International news for myanmar

လက်ဖက်စိမ်းရေဖြင့်ရေချိုးပါကခုခံအားစနစ်ကိုကောင်းမွန်စေနိုင်

အစိမ်းရောင် လက်ဖက်ရည်ဖြင့် ရေချိုးနည်းကလည်း ဂျပန်မှာ ချိုးကြတဲ့ နည်းတစ်ခုဖြစ်ပါသလို ကိုးရီယားနိုင်ငံရဲ့ ရေပူစမ်းတွေမှာလည်း ရှိပါတယ်. လက်ဖက်စိမ်းရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် အရေပြားတွေကို နုပျိုလန်း ဆန်းစေနိုင်ပြီး ဖြူစင်ဝင်းပတဲ့အသားအရေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့သူများအား အသားအရေ ပြန်လည်စိုပြေ လှပစေနိုင် ပါတယ်လို့ ပြောကြပါတယ်။ ဒဏ်ရာအနာတရများ ရှိနေပါကလည်း လျှင်မြန်စွာ သက်သာပျောက်ကင်းအောင် လက်ဖက်စိမ်းက စွမ်းဆောင်ပေးနိုင်ပါတယ်။
ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်တဲ့။

http://on.fb.me/UWRK0Q
Credit ►
လမင်းမောင်

မည်သူတို့တွင် ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ချေ ရှိသနည်း

ဆီးချို သွေးချိုရောဂါဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ထဲတွင် သွေးအချိုဓာတ်များနေလျှင် ဆီးချို သွေးချိုရောဂါရှိသည်ဟု ဆိုနိုင်ပေသည်။ ကုသမှု မခံယူပါက အချိန်ကြာမြင့်လာသည်နှင့်အမျှ ဆီးချို သွေးချို၏ နောက်ဆက်တွဲ ဆိုးကျိုးများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အထူးသဖြင့် မျက်စိ(သို့) သွေးကြောများကို ထိခိုက်စေနိုင်သည်။

ဆီးချို သွေးချိုရောဂါ ဖြစ်စေရန် တွန်းအားပေးသော အချက်များ (Risk Factors)
လူတဦး၏ နေထိုင်မှုပုံစံနှင့် ပတ်ဝန်းကျင် အကြောင်းအရာများသည် ရောဂါတခု ဖြစ်စေရန် တွန်းအားပေးသော အချက်များပင် ဖြစ်သည်။ ဆီးချို၊ သွေးချိုရောဂါဖြစ်စေရန် တွန်းအားပေးသော အချက်များကို သုံးပိုင်းခွဲခြားနိုင်သည်။

လူနေမှု ပုံစံ (သို့) လူ့ပတ်ဝန်းကျင်---
အောက်ပါအချက်များသည် ဆီးချို သွေးချိုရောဂါဖြစ်စေရန် ပိုမို၍ တွန်းအားပေးနိုင်သည်။
* အဝလွန်ခြင်း။
* ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးခြင်း၊ ဥပမာ-အဆီနှင့် သကြားဓာတ်များ အလွန်အကျွံစားခြင်း၊ ဟင်းသီးဟင်းရွက် အစားနည်းခြင်း။
* ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
* အသက်ကြီးလာသည်နှင့်အမျှ ရောဂါဖြစ်နိုင်ချေ များပြားလာခြင်း။

မျိုးရိုးဗီဇနှင့် ဆိုင်သောအချက်များ---
* ဆွေမျိုးရင်းချာထဲတွင် ဆီးချိုရောဂါရှိနေပါက သင့်အတွက် ဆီးချိုရောဂါဖြစ်နိုင်ချေ များနိုင်ပေသည်။
* အချို့သော လူမျိုးစုများသည် အခြားလူမျိုးစုများထက် ဆီးချိုရောဂါအဖြစ်များကြသည်။
* အမွှာတဦးတွင် ဆီးချိုရောဂါရှိပါက ကျန်အမွှာတယောက်တွင်လည်း ဆီးချိုသွေးချို ရောဂါ
ဖြစ်လာနိုင်ပေသည်။

ကိုယ်တွင်း ဓာတ်ဖွဲ့စည်းမှု (ဟော်မုန်းဓာတ်ပြောင်းလဲမှု) နှင့် ဆိုင်သော တွန်းအားပေးနိုင်သည့် အချက်များ---
* ကိုယ်ခန္ဓာတွင် သကြားဓာတ် တုံ့ပြန်မှု ပျက်ယွင်းခြင်း၊ (Impaired Glucose Tolerance) ထိုသို့သော အခြေအနေတွင် သွေး၏ အချိုဓာတ်သည် သာမန်ထက် မြင့်တက်နေပေမည်။
* ကိုယ်ဝန်ရှိခြင်း
အချို့သော အမျိုးသမီးများ ကိုယ်ဝန်ရှိချိန်တွင် ကိုယ်ဝန်ဆောင်တွင်း ဆီးချိုရောဂါ ဖြစ်တတ်သည်၊ ထိုသို့သော အမျိုးမီးများတွင် နောင်တချိန် ဆီးချို သွေးချို ရောဂါ ဖြစ်လာနိုင်ပေသည်။

ရောဂါဖြစ်စေရန် တွန်းအားပေးသည့် အချက်များကို လျော့နည်းစေရန်---
အထက်တွင် ဖော်ပြခဲ့သော အချို့အခြေအနေများသည် ပြုပြင်ပြောင်းလဲ၍ မရနိုင်သော်လည်း အောက်ပါအချက်များကို ပြောင်းလဲခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသည်။

* ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးရန် အချိုနဲ့ အဆီ ပါဝင်မှုနည်းသော အစားအစာမျာါ်နှင့် လတ်ဆတ်၍ အမျှင်ပါဝင်မှုများသော ဟင်းသီးဟင်းရွက်များ။

ရှောင်ကြဉ်ရန်
အချိုမုန့်၊ အချိုရည်၊ အချိုမှုန့်၊ အဆီများသော အစားအစာများ၊ အရက်။

* လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ လမ်းလျှောက်ခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း ကဲ့သို့သော သက်သာသော လေ့ကျင့်ခန်းမျိုးနဲ့ စတင်၍ ထို့ထက်ပိုပြီး ပြင်းထန်သော လေ့ကျင့်ခန်းမျိုးသို့ တိုးကြည့်ပါ။
အထက်ဖော်ပြပါ အချက်များထက် ပိုမိုသိလိုပါက သင်၏ဆရာဝန်နှင့် တိုင်ပင်ပါ။

ဒေါက်တာ ဘုန်းမြင့်ဝင်း

မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင်

လတ်ဆတ်သောမှိုများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းကျဆင်းစေကြောင်း သုတေသီများက ထောက်ခံခဲ့ကြသည်။
သုတေသန လေ့လာမှုစစ်တမ်းများအရ နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးလိုက်ကြောင်း သိရသည်။
မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။
ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။
နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ရေးသားဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်းဆိုသည်မှာ သက်သေမရှိသေးဘဲ အတည်ပြုချက် လိုအပ်နေသေးကြောင်း ပါရှိသည်။
သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းျားသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။
အခြားအထောက်အထားများအရ မှိုသည် ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogenဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်း တွေ့ရသည်။
ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။
ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။

Source: MailOnSunday

Posted in: Cidamna ( မြန်မာ )

မှိုကိုစားသုံးခြင်းက ဆီးခိုျရောဂါ ရှိသူများအတွက် ကောင်းမွန်


ဆီးခိုျရောဂါ ရှိသူတွေအတွက် မှိုဟင်းကို စားသုံးပေးတာက အလွန်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်ထားပါတယ်။ မှိုမှာ အာဟာရတန်ဖိုး မြင့်မားစွာ ပါဝင်နေပေမယ့် သကြားဓာတ် လုံးဝမပါဝင်တာကြောင့် လို့ဆိုပါတယ်။ မှိုမှာပါဝင်တဲ့ အာဟာရ တန်ဖိုးတွေဟာ ဆီးခိုျရောဂါ ရှိသူတွေအတွက် အလွန်အသုံးဝင်တယ်လို့ ပရာဒတ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ မှိုမှာအဆီလည်း လုံးဝမပါဝင်တာကြောင့် အဝလွန်သူတွေအတွက် အလွန်အကိုျးရှိပါတယ်။ ဒါ့အပြင် မှိုဟာ ကင်ဆာရောဂါ HIVနဲ့ တခြားနာတာရှည် ရောဂါတွေ ပျောက်ကင်းနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။
အေးချမ်းမွန်မှ SMG တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည် https://www.facebook.com/excellencemedia

ပန်းသီး ဖျော်ရည် ပုံမှန် သောက်သုံးလျှင် အရေပြား တွန့်ခြင်းမှ ကာကွယ်နိုင်


ပန်းသီး ဖျော်ရည်ကို ပုံမှန် သောက်သုံး ပေးပါက အသက်အရွယ် ရလာသည့် အခါ အသားအရေ တွန့်ခြင်းနှင့် အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်း တို့ကို ကာကွယ် ပေးနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ရှိချက်တွင် ဖော်ပြ ထားပါသည်။
ပန်းသီး ဖျော်ရည်တွင် ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် အပါအဝင် အခြားသော ဓာတ်ပေါင်း များက ခန္ဓာကိုယ် အရေပြား ဆဲလ်များနှင့် တစ်သျှူးများကို အမြဲတမ်း သန်စွမ်း ဖွင့်ဖြိုးရန် အထောက်အပံ့ ပေးကြောင်း ပညာရှင်များက ပြောကြား ပါသည် ။

http://www.facebook.com/MyawadyNews

♥♥ရေးသားချိန်♥♥ 8:12 AM ♥♥ရေးသူ♥♥ ကိုဦး

Sunday, June 23, 2013

မြိတ်ဒေသ ထွက် ဆေးဘက်ဝင် လိပ်ကျောက်ဆူး

မြန်မာနိုင်ငံ တောင်ဘက်ဖျား ဒေသ တနသာၤရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်း ဒေသခံ ပြည်သူတို့၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်သော ရေလုပ်ငန်းမှ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် ဖမ်းယူ၍ ရရှိသော လိပ်ကျောက်ငါးမှ လိပ်ကျောက်ဆူး သည် တိုင်းရင်းဆေး ပညာရှင်များက အမြဲဖော်စပ် အသုံးပြု နေသော ဆီးဆေးနှင့် ဝမ်းနှုတ်ဆေး များ၌ ပါဝင်ပါသည်။

လိပ်ကျောက်ဆူးကို လိပ်ကျောက်ငါး (Stingray) မှရရှိပါသည်။ လိပ်ကျောက်ငါး သည် Internet မှ အမျိုးအစား (၁၀) မျိုး ရှိကြောင်း တွေ့ရှိရပြီး၊ မြိတ်မြို့၌ အမျိုးအစား (၉) မျိုး တွေ့ရှိရပါသည်။ ၎င်းတို့မှာ လိပ်ကျောက် ငါးမန်း၊ လိပ်ကျောက် ကျားကြီး၊ လိပ်ကျောက် ပန်းဇင်း၊ လိပ်ကျောက်ကျပ်ပနဲ (ဆူးများ)၊ လိပ်ကျောက် မီးတုံးဖြူ၊ လိပ်ကျောက် မီးတုံးမဲ၊ လိပ်ကျောက် တံခွန်၊ လိပ်ကျောက် အင်ဂျင်ဝိုင်၊ လိပ်ကျောက်နီတို့ ဖြစ်ပါတယ်။

ရေထွက် တိရစ္ဆာန်ထွက် ဆေးဖက်ဝင် လိပ်ကျောက်ဆူး သည် ငါး၏အမြီး ကျောရိုးမှ ရရှိသော ဆူးတောင် (Stingray’s Poisonous Spine) ဖြစ်ပြီး အလွန် ချွန်ထက်သော လွှသွား ပုံသဏ္ဍာန် ရှိပြီး မြိတ်မြို့၌ အရွယ်အစား (၁) လက်မမှ (၁၁) လက်မအထိ အရွယ်အစား ရှိပါသည်။

လိပ်ကျောက်ဆူး ထုတ်ယူရရှိပုံမှာ လိပ်ကျောက်ငါးကို မြိတ်ခရိုင်အတွင်း ဝါးလတ်၊ ကမ်းနီး ကမ်းဝေး ငါးဖမ်း စက်လှေများမှ ဖမ်းယူရရှိသည်။ လိပ်ကျောက်ငါးသည် ပင်လယ် ရေအောက် ကြမ်းပြင်အထက် (၁) ပေအကွာ၌ နေထိုင်သွားလာ လှုပ်ရှား တက်သော သဘာဝရှိသည်။ ငါးဖမ်းပိုက်မှ ဖမ်းယူ ရရှိသော လိပ်ကျောက်ငါးကို လှေပေါ်သို့ ရောက်ရောက်ချင်း ငါးအရှင်ကို အမြီးမှ ကိုင်၍ အမြီး၏ ကျောဘက် အခြမ်း၌ ကပ်နေသော ဆူးကို ဓါးဖြင့် ပြောင်းပြန် ဖျင်လိုက်ပါက ဆူးမှာအပြင်သို့ သီးသန့် ထွက်လာသည်။ လှေပေါ် ရောက်ရောက်ချင်း ဆူးဖျင်ခြင်း ပြုလုပ် ရပါသည်။ လိပ်ကျောက်ဆူး ထိုးမိပါက အလွန် နာကျင်ခြင်း၊ အဆိပ်တက်ခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (တစ်မိနစ်လျှင် ၁၀၀-၁၅၀ ကြိမ်) ထိရှိနိုင်ခြင်း ဖြစ်ပါ၍ ထားသိုရာတွင်လည်းကောင်း၊ သယ်ယူရာ၌ လည်းကောင်း အန္တရာယ် ရှိနိုင်ပါ၍ ဂရုပြု လုပ်ရခြင်း ဖြစ်ပါသည်။

လူအား မတော်တဆ ထိုးမိပြီး ဆူးတောင် ဝင်သွားပါက ဘေးမှ ဆူးတောင် အတက်များ ကြောင့် ပြန်ဆွဲထုတ်၍ မရပါ။ အသားကို ဓါးနှင့် ခွဲထုတ်၍လည်းကောင်း၊ တဖက် အဖျားသို့ ပြန်ဆွဲ၍ လည်းကောင်း ပြုလုပ်မှသာ ထုတ်ယူ နိုင်သည်။အသက် ရှုသွင်းချိန်၌ ဆူးထိုးမိလျှင် ပို၍ အဆိပ်တက် တက်ကြောင်း ဒေသခံများက ပြောကြားပြီး (၄) နာရီမှ (၃) နာရီခန့်အထိ အချိန် ကြာမြင့်သည်။အဆိပ်တက် များပါက နှလုံးကို ထိခိုက်နိုင် ပါ၍ အရေးပေါ် ခွဲစိတ်ရန် လိုအပ် ပါသည်။ ငါးတစ်ကောင်လျှင် ဆူးနှစ်ချောင်း ရှိပါသည်။လိပ်ကျောက်ဆူးသည် အလွန် ချွန်ထက်ပြီး လွှသွား ပုံသဏ္ဍာန် ရှိပါ၍ လက်နှက်အဖြစ် အသုံးပြုနိုင်သော ကြောင့်လည်းကောင်း၊ တန်ဖိုးရှိသော ဆေးပစ္စည်း ရှိ၍လည်းကောင်း ဆူးကိုကြိုတင် ထုတ်ယူ သိမ်းဆည်း ရခြင်း ဖြစ်ပါသည်။ရေလုပ်သား ရေလုပ်ငန်း ပိုင်ရှင်များက သန့်စင် စုဆောင်း ထားပြီး ဈေးကွက်သို့ တင်ပို့ ရောင်းချ ကြပါသည်။

လိပ်ကျောက်ဆူး များသည် မစင်ကြယ်ပါက အလွန် ညှီနံရပြီး အရောင်ညိုညစ် နေတက်ပါ၍ ရေရှည် ထားသိုရန် လည်းကောင်း၊ ဈေးကွက်သို့ ရောင်းချရာ၌ မျက်နှာပန်း လှစေရန် သန့်စင် ရပါသည်။ ရှေးဦးစွာ ရေထဲသို့ အဝတ်လျှော်ဆိုဒါ အနည်းငယ်ထည့်ပြီး ရေနွေးကို လောင်းထည့်ပါ။ ထို့နောက် လိပ်ကျောက်ဆူးကို ထည့်ချပြီး တုတ်ဖြင့် မွှေရပါသည်။ နေ့တစ်ဝက်ခန့်စိမ်ပြီး ရေနွေးနွေး (၃) ကြိမ် လောင်းဆေး ရပါသည်။ လိပ်ကျောက်ဆူးကို ရေနွေးဖြင့် မသန့်စင်ပါက အဆိပ်ရှိပြီး ရေနွေးဖြင့် ပြုတ်လိုက်ပါက အဆိပ် သေသွားပါသည်။ ထို့နောက် ခြောက်သွေ့စေရန် နေပူပူ၌ (၃) နာရီလှန်းပြီး သိမ်းဆည်းရပါသည်။

လိပ်ကျောက်ငါးသည် အရွယ်အစား အမျိုးမျိုး ရှိနိုင်ပြီး (၆) လက်မမှ (၁၀) ပေအထိ ရှိပါသည်။အငယ်ဆုံး အရွယ်အစား များကို စင်္ကြာပုံ အဝိုင်းကလေးများ ပုံသဏ္ဍာန် ပြုလုပ်၍ အခြောက် ပြုလုပ်ပြီး ငါးမုန့်ကြော်ကဲ့သို့ ဆီနှင့် ကြော်စား ရသည်။ ငါးအသား အစိုအနေဖြင့် ရောင်းချ ဝယ်ယူ စားသုံးခြင်း၊ ငါးခြောက် ပြုလုပ်၍ ဒေသတွင်း မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများသို့ ဒေသ ထွက်ကုန် အဖြစ် တင်ပို့ ရောင်းချခြင်းဖြင့် ဒေသထွက် စီးပွားရေး လုပ်ငန်းအဖြစ် အလွန် အသုံးဝင်ပါသည်။ငါးခြောက်ဈေးနှုန်းမှာ မြိတ်မြို့၌ တစ်ပိဿာလျှင် (၇၀၀၀/-) ဈေးနှုန်းရှိပြီး တရုတ်နိုင်ငံမှ စားကုန် အနေဖြင့် ဝယ်ယူကြောင်း သိရှိရပါသည်။

လိပ်ကျောက်ငါးကျောမှ အရေခွံသည် လက်ကိုင်အိတ်၊ ခါးပတ်၊ ဂျပန်လက်ကိုင်ဓါး၊ ဓါးရိုး၊ နိုင်ငံခြားဖြစ် ရှုးဖိနပ်၊ တယ်လီဖုန်းအိတ်၊ ဂျာကင်အင်္ကျ ီ၊ဘွတ်ဖိနပ် အဖြစ် အသုံးပြုနိုင်ပြီး ကျောအရေခွံ တစ်ပိဿာလျှင် မြိတ်မြို့၌ (၂) သောင်းခန့် တန်ဖိုးရှိပြီး ယိုးဒယားနိုင်ငံသို့ တင်ပို့ ရောင်းချပါသည်။ လိပ်ကျောက်ငါး၏ အမြီးကို ကျာပွတ် အနေဖြင့် အသုံးပြုပါသည်။ လိပ်ကျောက်ငါး၏ ဝမ်းဗိုက် အရေခွံကို စားသောက်ကုန် တစ်မျိုးအဖြစ် ရောင်းချပါသည်။ တစ်ပိဿာလျှင် (၈၀၀၀/-) ဈေးနှုန်းရှိပါသည်။ ငါးအလယ်ရိုးကို ဖြုတ်၍ သန့်စင်ပြီးပါက ဆေးဖက်ဝင် အသုံးပြုရန် ဝယ်ယူခဲ့ကြပြီး ယခုအခါ အသုံးနည်းလာ၍ ဝယ်ယူမှု နည်းလာကြောင်း သိရှိရပါသည်။

ဆေးဘက်ဝင် အသုံးပြုပုံမှာ လိပ်ကျောက်ငါးကို ရေစင်အောင် ဆေးပြီး အပေါက်ဖောက်ထားသော သံပုံး၌ ထည့်၍ မီးအနေတော်ဖြင့် မိနစ် (၃၀) ခန့်ကြာအောင် အပူပေးပါက ပွလာပြီး ထုထောင်း၍ သော်လည်းကောင်း၊ အမှုန့်ကြိတ်၍ သော်လည်းကောင်း အသုံးပြု နိုင်သည်။မီးဖြင့် အပူမပေးပါက ကြိတ်ချေရာ၌ မာပြီး အရည်၌ ပျော်ဝင်နိုင်မှု မရှိပါ၍ အသုံးပြုရန် မသင့်လျှော်ပါ။ မြိတ်မြို့၌ လိပ်ကျောက်ဆူး တစ်ပိဿာလျှင် ဆူး၏ အရွယ်အစားကို လိုက်၍ ရှစ်သောင်းကျပ်မှ တစ်သိန်းကျပ်အထိ တန်ဖိုးရှိပါသည်။ Internet ၌ လိပ်ကျောက်ဆူး ၈ လက်မခွဲ အရှည်အရွယ်အစား တစ်ချောင်းလျှင် US $ 39 ရှိကြောင်း သိရှိရပါသည်။

လိပ်ကျောက်ဆူးကို တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ် (၁၀)၊ ဆီးရွှင် ဝမ်းနှုတ်ဆေး အမှတ် (၁၁) မုတ်ကဲဆေး၊ ဆေးအမှတ် (၂၁) ဆီးဆေးဖြူ၌ အချိုးကျ ပါဝင်သုံးစွဲပါသည်။ တိုင်းရင်းဆေးများ ဖော်စပ်ရာ၌ ဆီးဆေး၊ ဝမ်းနှုတ်ဆေးများ၌ ပါဝင် အသုံးပြု ကြပါသည်။

ဆေးပစ္စည်းကို အာနိသင်အနေဖြင့် ရသအားဖြင့် အေးငန်၊ ဝိပါက အားဖြင့် အေးငန်၊ ဂုဏ်၊ ဝိရိယ အားဖြင့် သီတ၊ သိနိဒ္ဓ၊ ဂရု၊ မုဒု၊ ကိစ္စအားဖြင့် အပူငြိမ်း၊ လေသည်းခြေနိုင်၊ ဆီးရွှင်စေ၊ ဆီးဝါ ဆီးနီ ပျောက်ကင်းစေ၊ ဆီးကျောက်တည်ခြင်းကို ပျောက်ကင်း စေသည်။ ပဘာ၀ အားဖြင့် ဆီးအိမ်နှင့် ကျောက်ကပ်တွင် တည်နေသော ကျောက်ကို ကြေစေသည်။

Internet မှ တွေ့ရှိချက် အရ တစ်ကမ္ဘာလုံး၌ Sea Food အနေဖြင့် စားသောက်ကုန် ပစ္စည်း၌ နှစ်ခြိုက်စွာ စားသောက် ကြကြောင်း၊ လူသုံးကုန် ပစ္စည်း အနေဖြင့် တန်ဖိုး ကြီးစွာ ဝယ်ယူ အသုံးပြု ကြကြောင်း တွေ့ရှိရပါသည်။

လိပ်ကျောက်ငါးမှ ဆူးကို ဆေးဖက်ဝင် အဖြစ် ဆီးဆေး၊ ဝမ်းနှုတ်ဆေး အနေဖြင့် လည်းကောင်း၊ လိပ်ကျောက်ငါး အရေခွံကို လူသုံးကုန် ပစ္စည်း အမျိုးမျိုး၌လည်းကောင်း၊ လိပ်ကျောက်ငါး အသားကို စားသောက်ကုန် အနေဖြင့် လည်းကောင်း လူအများ နှစ်ခြိုက်စွာ အသုံးပြု ကြကြောင်း တွေ့ရှိရပါသဖြင့် လိပ်ကျောက်ငါးသည် တစ်ကောင်လုံး အသုံးဝင်သည့် အလွန် အဖိုး ထိုက်တန်သော ငါးဖြစ်ကြောင်း သုံးသပ် သိရှိရပါသည်။ ဒေါ်ဝါဝါ(ခရိုင်တိုင်းရင်းဆေးမှူး)ခရိုင်တိုင်းရင်းဆေးကုဌာနမြိတ်ခရိုင်။

ပျိုမဒီများအတွက် ကြက်သွန်ဖြူနဲ့ အလှပြင်မယ်

ကြက်သွန်ဖြူဟာ ကြက်သွန်နီထက် ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်လို့ အချို့ဆေးပညာရှင်တွေက ဆိုထားပါတယ်။ မီးဖိုချောင်ရဲ့ ဟင်းအမယ် တစ်ခုဖြစ်တဲ့ ဒီကြက်သွန်ဖြူဟာ ပျိုတို့ရဲ့ အလှအပ ကွက်လပ်မှာလည်း ထိရောက်စွာ အစွမ်းဖြည့်ပေးပါတယ်။

ဘေးဘယာများ ဝေဖြာစေဖို့အတွက် အခုတလော နေရာတိုင်းမှာ ကြားနေရတဲ့ အသံ တစ်ခုကတော့ ချောင်းဆိုးသံပဲဖြစ်ပါတယ်။ ဘတ်(စ်)ကားပေါ်မှာဖြစ်ဖြစ်၊ ရုံးတွင်းမှာပဲဖြစ်ဖြစ် အဟွတ်၊ အဟွတ် နဲ့ ကြားနေရတဲ့ ချောင်းဆိုးရောဂါ အတွက် ကြက်သွန်ဖြူကို စားသုံးပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါများအတွက်တောင် ကြက်သွန်ဖြူကို အရည်လုပ်ပြီး တိုက်ကျွေးပါက ထင်ရှားစွာ သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။ ကလေးများ ချောင်းဆိုးခြင်းအတွက် ကြက်သွန်ဖြူကို အပ်နှင့်ထိုးပြီး ပြာကျအောင်မီးဖုတ်၊ ပြာကိုအမှုန့်ပြုပြီး ကလေးချောင်ဆိုးရင် တိုက်ကျွေးပါက ပျောက်ကင်းလာပါမယ်။ ခေါင်းကိုက်ခြင်းအတွက်ကတော့ ကြက်သွန်ဖြူကို ဆာနဲ့ရောပြီးသောက်ပါ။ ကြိတ်ပြီးနားထင်ကို လိမ်းပေးနိုင်ပါတယ်။ အကြောကိုက်ခဲခြင်းအတွက် ကြက်သွန်ဖြူ အရည်နဲ့ ပွတ်လိမ်းပေးပါ။ ကြက်သွန်ဖြူဥတစ်လုံးကို တစ်နေ့ နှစ်လုံး (သို့) သုံးလုံးစားပေးမယ် ဆိုရင် ရုတ်တရက် နှလုံးရိုက်ခြင်းများကို တားဆီးပေးပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။ အရေပြားရောဂါများဖြစ်တဲ့ ပွေး၊ ဝဲ၊ ယားနာတို့အတွက် ကြက်သွန်ဖြူ ကိုထောင်းပြီး အုန်းဆီနဲ့လိမ်းပေးပါ။ ကာကွယ်ပေးနိုင်တဲ့ ရောဂါများကတော့ ကိုလက်စထရောကို သိသာထင်ရှားစွာ လျှောချ ပေးနိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောရိုးမကြီးရောဂါကို ၃၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးမိဖျားနာခြင်းကို ကာကွယ်အထောက်အကူ ပေးပါတယ်။ ကြက်သွန်ဖြူဟာ လက်သည်းခွံတွေကို သန်မာကြံ့ခိုင်စေတဲ့ သတ္တိရှိပါတယ်။ အရင်ဆုံး လက်သည်းကို ရေနွေးနွေးနဲ့ဆေးကြောသန့်စင်ပေးပါ။ ဒုတိယ အဆင့်အနေနဲ့ ကြက်သွန်ဖြူကို လေးစိတ်ပိုင်းလိုက်ပါ။ အဲဒီ့ အစိတ်လေးတွေကို အသုံးပြုပြီး လက်သည်းကို ပွတ်ပေးပါက အရောင်တောက်ပြောင်လာစေပါတယ်။ ပွတ်သပ်တဲ့ အခါမှာ ငါးမိနစ် ပွတ်ပေးပါက လုံလောက်ပါတယ်။ တတိယ အဆင့်အနေနဲ့ လက်ကို ရေနွေးနွေးနဲ့ထပ်ပြီး စိမ်ပေးပါ။ စိမ်ပေးပြီးပါက ဆပ်ပြာနဲ့ သုံးကြိမ်တိတိ ဆေးကြောပေးပါ။ ကြက်သွန် အနံ့ မထွက်အောင် ဆေးတာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကိုယ်ဆိုးမယ့် လက်သည်းနီဆိုးဆေးပုလင်းထဲမှာ ကြက်သွန်ဖြူဥတစ်လုံးကို လှီးပြီး ထည့်ပေးထားပါ။ ၇-၁၀ ရက်ခန့်ထားပြီး ဆိုးပေးရင် လက်သည်ဟာပိုပြီးတောင့်တင်းမာကျောလာမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ လက်သည်းကျိုးတက်တဲ့ သူများ အသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဝက်ခြံကိုလည်းနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ကြက်သွန်ဖြူရည်ကို ဆံပင်ကျွတ်တဲ့ နေရာတစ်ဝိုက် လိမ်းပေးပြီး တစ်ညသိပ်လိုက်ပါ။ မနက်အိပ်ရာထမှ ခေါင်းလျှော်ပေးပါ။ ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်တာနဲ့ သက်သာ ပျောက်ကင်းလာမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ကြက်သွန်ဖြူနဲ့ ဆံသားကို ပေါင်းတင်နည်းပဲဖြစ်ပါတယ်။ သံလွင်ဆီ နှစ်ဇွန်း(စားပွဲတင်ဇွန်း)၊ ကြက်ဥတစ်လုံးရဲ့ အနှစ်၊ ကြက်သွန်ဖြူဥ နှစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ဗီတာမင်အီးတို့ ပေါင်းစပ်ပြီး ဆံသားကို အမြစ်ကနေ လိမ်းပေးပါ။ လိမ်းပြီးပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ လိမ်းပြီး ပဝါနဲ့ မိနစ်သုံးဆယ်ခန့် (သို့) တစ်နာရီခန့် အုပ်ထားပေးပါ။ ပြီးမှ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ရတနာပုံမှ
လေးစားစွာဖြင့်
နှင်းအိပ်မက်

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ

Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက် အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း
ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကိုလျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရောအဆင့် အနည်းငယ်မြင့်မားနေတဲ့ အမျိုးသားနဲ့အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက်စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း
Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကိုသက်သာနိုင်တယ်လို့ပြင်သစ်မှလေ့လာမှုအသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ်အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာသက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း
နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

Ref: Good Health

ဆေးဖက်ဝင် ဒိန်ချဉ်အကြောင်း သိကောင်းစရာများ

လူသားများဧ။် အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် သဘာဝအားဖြင့် ကပ်ပါးပိုးအဖြစ်ရှိသော ဘက်တီးရီးယားပိုးများ
သည်၊လူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိဆဲ(လ်)အရေအတွက်ထက်ပင်ပိုမိုများပြားပါသည်။

အဆိုပါဘက်တီးရီးယားပိုးများသည် လူသားတို့ဧ။် ကျန်းမာရေးအတွက် ပြန်လှန်အကျိုးပြုပေးနေသော လူသားများအတွက် မရှိမ
ဖြစ်မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများပင်ဖြစ်သည်။

၎င်းတို့သည် ပင်ပန်းနွမ်းနယ်မှုဒဏ်ကြောင့်လည်းကောင်း၊ မဆင်မခြင်စားသောက်တတ်သောအလေ့အကျင့်ကြောင့်လည်းကောင်း၊
ပဋိဇီဝပိုးသတ်ဆေးများသောက်သုံးသောကြောင့်လည်းကောင်းသေကျေပျက်စီးသွားတတ်ကြပါသည်။

ဒိန်ချဉ်တွင် အဆိုပါ လူ့အကျိုးပြုဘက်တီးရီးယားပိုးများသန်းထောင်နှင့်ချီ၍ပါဝင်ရာ၊ တချို့သောဆရာဝန်များက ပဋိဇီဝဆေး
များသုံးစွဲခြင်းကြောင့် ပျက်စီးသွားသော မိတ်ဆွေကောင်းဘက်တီးရီးယားပိုးများ ပြန်လည်ရှင်သန်ပွားများစေရန်အတွက် ဒိန်ချဉ်
ကိုစားသုံးရန်ညွှန်ကြားတတ်ပေသည်။

သုတေသနပညာရှင်များဧ။် ရာနှင့်ချီ၍ပြုလုပ်လေ့လာခဲ့သော စမ်းသက်ချက်များအရ ဒိန်ချဉ်သည် ခန္ဓာကိုယ်ဧ။်ကိုယ်ခံစွမ်းအား
(Immunity)ကိုတိုးမြှင့်စေနိုင်သည်။

အူလမ်းကြောင်းဧ။်ကျန်းမာရေးကိုကောင်းစေနိုင်သည်။

LactoseIntolerance(ခေါ်)နိ့သကြားဓာတ်မတည့်ခြင်းအားပျောက်ကင်းစေနိုင်သည်။

ဗီတာမင်မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်၊ အထူးအားဖြင့် ကယ်(လ်)စီယမ်နှင့် ပရိုတိန်းဓာတ်စသော အာပာာရဓာတ်များ အများအပြားပါဝင်သဖြင့်၊သွားနှင့်အရိုးကိုလည်းခိုင်မာစေသည်။အသားအရေကိုလည်းကြည်လင်ဝင်းပစေသည်။

ထို့ပြင် ဒိန်ချဉ်သည် အမျိုးသားကျားပောာ်မုန်း ထွက်မှုကိုအားပေးသဖြင့်၊ အသက်(၆၀)ကျော်အမျိုးသားများတွင်ပင် သားသမီးရတနာထွန်းကားစေနိုင်ပါသည်။

အမျိုးသမီးများဧ။် မိန်းမကိုယ်တွင်း၌သဘာဝအလျောက် အက်ဆစ်ဓာတ်ဖြစ်နေစေရန် အက်စစ်ဒိုဖေးလပ်(စ်) (Acidophilus) (ခေါ်)ကောင်းသည့်ဘက်တီးရီးယားများကညီမျှအောင်ထိန်းချုပ်ပေးထားပါသည်။

ိ့ထို့ကြောင့်ကူးစက်ရောဂါပိုးများဝင်ရောက်ခြင်းမရှိအောင်ကာကွယ်ပေးပါသည်။

၎င်းဓာတ်မျိုးကို ဒိန်ချဉ်တွင်တွေ့ရှိရ၍၊ အမျိုးသမီးများနေ့စဉ် ဒိန်ချဉ်တစ်ဖန်ခွက်သောက်ခြင်းဖြင့်၊ မိန်းမကိုယ်တွင်းမှတစ်ဆင့်
ကူးဆက်ပိုးဝင်ရောက်ခြင်းကိုကာကွယ်နိုင်ကြောင်းလေ့လာတွေ့ရှိရကြောင်းပါ......

http://khinmaungsoe11.blogspot.com/2011/11/blog-post_6257.html

Posted in: Cidamna ( မြန်မာ )

တိုင်းရင်းဆေး မေး+ဖြေ

( သန်ကောင်၊ တုတ်ကောင် ရောဂါ)

မိုးရာသီတွင် လှိုင်လှိုင်ပေါများ သီးပွင့်လာကြသော ရာသီစာများဖြစ်ကြသည့် ပိန္နဲသီး၊ သရက်သီး၊ မရမ်းသီး၊ ကနစိုးသီး စသည့် အအေးစာများနဲ့ အမှည့်လွန်စာများကို စားသင့်သည်ထက် ပိုမိုစားမိခြင်း၊ မိုးရေအထိများခြင်း၊ အအေးမိခြင်း၊ အစားအသောက်များ မသန့်ရှင်းခြင်း၊ အစာမကြေ လေပွခြင်း၊ မသန့်ရှင်း မစင်ကြယ်သော လက်များကြောင့် သန်ကောင်၊ တုတ်ကောင်များ စတင် အခြေစိုက်ရာအဖြစ်ကို ဖြစ်စေလေသည်။

(ရှေ့ပြေးလက္ခဏာများ)

အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်စေပြီး မျက်နှာဝါခြင်း၊ မျက်ကွင်းညိုတတ်ခြင်း၊ ဝမ်း၏အရောင်မှာ ဖြူဖွေးပြီး အစာမကြေဘဲ ဝမ်းခဏခဏ သွားလေ့ရှိခြင်း၊ ဝမ်းဗိုက်ထဲမှာ နာကျင်ပြီး ရောင်ရမ်းနေတတ်ခြင်း၊ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိန်ချုံးလာစေခြင်း၊ ဝမ်းဗိုက်ပူလာကာ ရွှင်လန်းမှုမရှိတော့ခြင်း စသည့် လက္ခဏာများကို ကလေးသူငယ်များတွင် စတင်တွေ့ရှိတတ်ကြပါတယ်။ ဒီလိုလက္ခဏာတွေက အများအားဖြင့် သန်ကောင် တုတ်ကောင်ရောဂါတွေနဲ့ ပတ်သက်တတ်ပါတယ်။

( ကန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန၊ တိုင်းရင်းဆေးခန်းသုံး ဆေးများ ကုထုံး)

သန်ကောင်၊ တုတ်ကောင်တွေအတွက် ရိုးရာအိမ်သုံးဆေးနည်းတွေ အချို့ရှိတတ်ကြပါတယ်။ ဒီဆေးနည်းလေးတွေရဲ့ အကြောင်းကိုတော့ ဒီဆောင်းပါးမှာ ထည့်သွင်းမဖော်ပြတော့ဘဲ တိုင်းရင်းဆေးခန်းသုံး ဆေးနည်းတွေအကြောင်းကိုပဲ ဆက်လက်ပြီး ရေးသား တင်ပြပါမယ်။

ပထမဆုံးအသုံးပြုသင့်တဲ့ ဆေးနည်းတနည်းကို ဖော်ပြရမယ်ဆိုရင်တော့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်စဉ်(၂၅)၊ မတဲမြင့်မိုရ်ကုန်း ဆေးပဲဖြစ်ပါတယ်။

ဒီဆေးကိုတော့ ကလေးအတွက် ဆေးတခွက်စာပမာဏ တကြိမ်တိုက်ကျွေးရန် တပဲသားခန့်ကို တနေ့ကို သုံးကြိမ်အထိ တိုက်ကျွေးပေးနိုင်ပါတယ်။

ဒုတိယတိုက်ကျွေးပေးနိုင်တဲ့ တိုင်းရင်းဆေးခန်း ဆေးအမှတ်ကတော့(၃၅)ဖြစ်ပါတယ်။ ဆေးအမည်က ဇာတိဝင်္ဂ ဆေးပါပဲ။

ကလေးအတွက် ဆေးတကြိမ်စာ ဆေးတခွက်စာအနေနဲ့ ဆေးမှုန့်တပဲသားကို ရေနွေးပူပူကလေးနဲ့ တနေ့ကို သုံးကြိမ် တိုက်ကျွေးပေးနိုင်ပါတယ်။ ဆေးကိုတော့ သုံးရက်ဆက်တိုက် တိုက်ကျွေးရန် သတိထားပြီး ပြုစုကုသသင့်ပါတယ်။

ခုနစ်ပါးဆေးဝါးလေ တိုင်းရင်းဆေးခန်း ဆေးအမှတ်(၄၇)ကို ရွေးကြီးတရွေးမှ သုံးရွေးအထိ တိုက်ကျွေးပေးနိုင်ပါတယ်။ ကိုယ်ပူကျစေရန် လိမ်းဆေးအနေနဲ့ ဒီခုနစ်ပါးဆေးဝါးလေကိုပဲ ဆေးတရွေးခန့်ကို သနပ်ခါးရည်ကျဲကျဲကလေးနဲ့ ဖျော်စပ်ပြီး လိမ်းပေးပါ။ စောင်ပါးပါးကလေးကို ခြုံစေပြီး လေလုံရာမှာ နေထိုင်စေသင့်ပါတယ်။

ကလေးအနေနဲ့ ကိုယ်ပူတတ်ခြင်း၊ အင်အားကုန်ခန်းချည့်နဲ့ခြင်း၊ သွေးဝမ်းသွားနေခြင်း စတဲ့ လက္ခဏာတွေ မရှိဘူးဆိုရင်တော့ သန်ချ-ဆေးကောင်းတလက်ကို ညွှန်ပြပေးပါမယ်။ ဒီနည်းကတော့ ပုတတ်စာဥကို အိမ်သုံးသကြားနဲ့ ရောစပ်၍ ဖြစ်စေ၊ သင်္ဘောသီးအစိမ်းကို ဆူးလေးတွေနဲ့ ဖောက်ထုတ်လို့ ထွက်ရှိလာတဲ့ အစေးဖြူလေးတွေနဲ့ဖြစ်စေ၊ ထန်းလျက်နဲ့ရောစပ်ပြီး တေ၍ ဆေးတရွေးမှ သုံးရွေးအထိ တိုက်ကျွေးပေးပါက သန်ကောင်တွေကို ကျဆင်းစေပါတယ်။

ကလေးချောင်းဆိုးပါက ချောင်းဆိုးရောဂါ ကုသဆေးအဖြစ် ကွမ်းရွက်ကို ထုထောင်း၍ ရသောအရည်ကို ဆေးတခွက်စာအဖြစ် ကလေးကို တိုက်ကျွေးရမှာက ဟင်းစားစတီးဇွန်း တဇွန်းထဲမှာ အိမ်သုံးဆား အနည်းငယ်ရောစပ်ပြီး တိုက်ကျွေးပေးပါ။ ကလေးငယ်ရင်တော့ လက်ဖက်စားဇွန်းတဇွန်း တိုက်ကျွေးပေး နိုင်ပါတယ်။ တနေ့ကို သုံးကြိမ် ဆေးကို ဆက်တိုက်နိုင်ပါတယ်။ လိုအပ်က ကလေးနှာပိတ်နေရင်တော့ ကုလား ရှိန်းခိုစစ်စစ် အနည်းငယ်ကို အုန်းဆီစစ်စစ်နဲ့ ဖျော်ပြီး ငယ်ထိပ်၊ နှာဝတို့ကို လိမ်းပေးပါ။ အုပ်ပေးပါ။ ကလေးအတွက်ကတော့ ဒီကုသနည်းနဲ့ လုံလောက်ပါတယ်။

*********************************************************************
(အဆုတ်ပြွန်ရောဂါ ကုသနည်း)

ယခုလို မိုးရာသီမှာ အဆုတ်ပြွန်ရောင်တတ်တဲ့ ရောဂါတွေနဲ့လည်း ကြုံတွေ့တတ်ကြပါတယ်။ အချို့ဆိုရင် အဆုတ်အအေးမိတာတို့၊ ဝက်သက်ရောဂါတို့၊ ကြက်ညှာချောင်းဆိုးရောဂါတို့၊ တုပ်ကွေးရောဂါ တို့တွေကြောင့်လည်း အဆုတ်ကို ထိခိုက်ပြီး အဆုတ်ပြွန်ရောင်ရောဂါတွေ ရတတ်ပါတယ်။

(အဆုတ်ရောင်ရောဂါ လက္ခဏာများ)
ဒီလိုအဆုတ်ရောဂါရပြီဆိုရင်တော့ ထင်ရှားတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ နှာရည်ယိုတတ်ပါတယ်။ နှာစေးလာတတ်ပါတယ်။ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာတတ်ပါတယ်။ ရင်ကျပ်လာတတ်ပါတယ်။ အဓိကတော့ အသက်ရှူရှိုက်ရာမှာ လေသွင်းလေထုတ်ရာမှာ ခက်ခဲမှုတွေ တွေ့ကြုံရတတ်ပါတယ်။

(အဆုတ်ရောင်ရောဂါ ကုထုံးဓာတ်စာ)
အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ ဆေးဟင်းလျာအဖြစ် ဖော်ပြလိုက်ပါတယ်။ ထိကရုံး(ရေ)ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကန်စွန်းရွက်နဲ့ ကြော်စားပေးနိုင်ပါတယ်။ အဆုတ်ရောဂါအတွက် အစာအာဟာရကုထုံး ဖြစ်ပါတယ်။

သို့မဟုတ် ပုစွန်စာရွက်ကို ဝက်သားနဲ့ ကြော်စားပေးခြင်း၊ ဟင်းချက်စားပေးခြင်း၊ အကြော်ကို ရှောက်ချဉ်သီးရည်ညှစ်ပြီး စားပေးနိုင်ပါတယ်။ ရောဂါဖြစ်လာရင်တော့ ရောဂါကို ပျောက်ကင်းစေနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသောက်တဲ့ အစားအစာနဲ့ ဆေးပညာကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ မြန်မာ့ရိုးရာဆေးပညာမှာ နှေးကွေးနေတာကို ပညာရှင်ကြီးတွေအနေနဲ့ ပြည်သူ့ကျန်းမာရေး တိုင်းရင်းဆေး ကဏ္ဍတွေ အတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

(အဆုတ်ရောဂါ၊ အဆုတ်ပွရောဂါအတွက် အစာအာဟာရဓာတ်စာများ)
စားသုံးနည်းအညွှန်းကတော့ ပုစွန်စာရွက်ကို ငါးဥနဲ့ ကြော်စားပေးခြင်းအားဖြင့် အဆုတ်ရောင်ခြင်း၊ အဆုတ်ပွခြင်းအတွက် အစာအာဟာရ ကုထုံးဓာတ်စာအဖြစ် အသုံးဝင်ပါတယ်။
ဟင်းဂလာအယဉ်အပင်နဲ့ အရွက်တွေကို ငါးရှဉ့်ပနီသားနဲ့ ချက်စားလို့ရပါတယ်။ ဒါမှမဟုတ်ရင် ဂေါ်ရခါးသီးကို ငါးရှဉ့်ဖြူသားနဲ့ ချက်စားပေးနိုင်သလို ကြော်စားပေးပါက အဆုတ်ကြီးထွားခြင်းကို လျော့နည်းစေပါတယ်။

(ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးမှ ထုတ်ဝေသော တိုင်းရင်းဆေးခန်းသုံး ဆေးနည်းနှင့် ကုသနည်းများ)

တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်စဉ် (၆) ဟလိဒ္ဒစုဏ္ဏဆေးမှုန့် ငါးကျပ်သား၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်စဉ်(၁) လေမှပုတိက သလိပ်ပုပ်ပျောက်ဆေး ဆေးမှုန့် ငါးကျပ်သားကို အထက်ပါဆေးနှင့် ရောစပ်ထားပါ။ လူကြီး ဆေးတခွက်စာပမာဏ ဆေးမှုန် ၂-ကျပ်သား၊ ကလေး ဆေးမှုန့် ၁-ပဲသားကို ကွမ်းရွက်စိမ်းကို ထုထောင်း၍ ရရှိသောအရည်နဲ့ဖြစ်စေ၊ ရှောက်ချဉ်သီးညှစ်၍ ရရှိသော အရည်နြဲ့ဖစ်စေ သောက်ပေးနိုင်ပါတယ်။

ကွမ်းရွက်စိမ်းရည်နဲ့ သောက်မယ်ဆိုရင် ဟင်းစားစတီးဇွန်းတဇွန်းနဲ့ ဆေးမှုန့်ကို ရေးစပ်ပြီး တိုက်ကျွေးပေးရပါတယ်။ ဆေးကို တနေ့သုံးကြိမ်အထိ တိုက်ပေးနိုင်ပါတယ်။ ရှောက်ချဉ်သီးညှစ်တဆ၊ ပျားရည်တဆနဲ့ ရောစပ်ပြီးတော့ ရရှိတဲ့အရည် ဟင်းစားစတီးဇွန်းတဇွန်းနဲ့ ဆေးမှုန့်တခွက်စာကို ရောစပ်ပြီးတော့ တိုက်ကျွေးနိုင်ပါတယ်။ ဆေးကို တနေ့သုံးကြိမ် တိုက်ကျွေးနိုင်ပါတယ်။

(ကစော့ခါးနှင့် မုရားကြီးရွက်ကုထုံး)
မုရားကြီးရွက်နဲ့ ကစော့ခါးပင်ဟာ လုတိုင်းလိုလို သိထားကြတဲ့ အပင်တွေလည်း ဖြစ်ပါတယ်။ အဲဒီအပင် နှစ်ပင်ကတော့ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေအတွက် ကမ္ဘာ့တိုင်းရင်းဆေးလောကမှာ အသုံးများတဲ့ အပင်တွေလည်း ဖြစ်ကြပါတယ်။ ဒီဆေးဖက်ဝင် အပင်နှစ်မျိုးစလုံးကို ဆေးဝါးဖော်စပ်နည်း စံချိန်စံညွှန်းနဲ့သာ အသုံးပြုနိုင်ကြမယ်ဆိုရင်တော့ အခြားဆေးပင်တွေကို သုံးစရာမလိုတော့ပါဘူး။

မုရားကြီးကိုပဲဖြစ်စေ၊ ကစော့ခါးရွက်ကိုပဲဖြစ်စေ ရှေ့ပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်သော ဆေးပြုတ်ရည်နည်း အတိုင်း အသုံးပြုပြီး ကုသနိုင်ပါတယ်။ ပြုတ်ဆေးရည်ဆိုရာမှာလည်း ဆေးဖက်ဝင်တပင်ကိုပဲ ပြုတ်သောက် ရမှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ ရရာအပင်တွေကို ပြုတ်သောက်နိုင်ပါတယ်။ လူကြီး ဆေးတခွက်စာ ပမာဏမှာ ဟင်းစားစတီးဇွန်းနဲ့ တဇွန်းဖြစ်ပြီး အိမ်သုံးသကြား အနည်းငယ်ကို ရောစပ်ပြီး တကြိမ် တိုက်ကျွေးနိုင်ပါတယ်။ ဒီဆေးကို နံနက်တကြိမ် နေ့လယ်တကြိမ် ညတကြိမ်စီ တိုက်ကျွေးနိုင်ပါတယ်။ ကလေးဆေးညွှန်းကတော့ ဟင်းစားစတီးဇွန်းနဲ့ ထက်ဝက်ဖြစ်ပြီး အထက်ပါ ဆေးတိုက်ကျွေးနိုင်တဲ့အတိုင်း တိုက်ကျွေးပေးပါ။ ပျောက်ကင်းလွယ်တဲ့ဆေးနည်းပါပဲ။

(မိုးရာသီတွင် အထူးဖြစ်လေ့ရှိသည့် ဝမ်းကိုက်ရောဂါ)
မိုးရာသီတွင် ဖြစ်ပွားလေ့ရှိကြတဲ့ ရောဂါတွေဇယားမှာ ဝမ်းကိုက်ရောဂါအကြောင်းလည်း ပါဝင်ပါတယ်။ ဝမ်းကိုက်ရောဂါမှာလည်း ချွဲဝမ်းကိုက်ရောဂါနဲ့ သွေးဝမ်းကိုက် ဆိုပြီးတော့ တိုင်းရင်းဆေးပညာမှာ သတ်မှတ်ထားတာတွေ ရှိပါတယ်။ ယခုဆောင်းပါးမှာတော့ မိုးရာသီတွင် ဖြစ်ပွားတတ်တဲ့ ရောဂါအကြောင်းကို တင်ပြနေရတဲ့အချိန်လည်း ဖြစ်ပြန်၊ ရောဂါတွေကလည်း များပြားနဲ့ စာမျက်နှာအတွက် ချန်လှပ်ရေးသားနေရတဲ့ အကြောင်းတွေကြောင့် အကျယ်တဝင့်ဖော်ပြခြင်း မပြုနိုင်တာကို ခွင့်လွှတ်စေချင်ပါတယ်။ ဒီမဂ္ဂဇင်းမှာပဲ ရောဂါတမျိုးချင်းရဲ့ ရောဂါဖြစ်စဉ်၊ ရောဂါလက္ခဏာ၊ ရောဂါစစ်တမ်းနဲ့ ကုသနိုင်တဲ့ဆေးနည်းတွေ၊ စားသောက်ရမယ့် အစားအစာတွေ ထပ်မံ ရေးသားတင်ပြ ပါဦးမယ်။

စာရေးသူ ရေးသားထုတ်ဝေပြီး တိုင်းရင်းဆေးကျမ်းစာအုပ်(၅)အုပ်ထဲမှ အချို့တဝက်ကို ပြောက်ကျားစနစ်နဲ့ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ဖတ်ရှုကုသနိုင်ပါတယ်။ ဒီမဂ္ဂဇင်းမှာတော့ တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး အထူးဆောင်းပါးအဖြစ် ပြည့်စုံသည်ထက် ပိုမိုတိကျမှန်ကန်မှု ရရှိစေချင်တဲ့ စေတနာတွေနဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးအောင်မြတ်နဲ့ မဂ္ဂဇင်းအမှုဆောင်တွေရဲ့ တိုက်တွန်းအားပေးမှုကြောင့် အထူး ဦးစားပေးရေးသားပါကြောင်းကို ရိုးသားစွာ ဝန်ခံတင်ပြလိုက်ရပါတယ်။

( ဝမ်းကိုက်ရောဂါ ကုထုံး)
ဤရောဂါသည် မိုးရာသီတွင် အဖြစ်များပါသည်။ အပူလွန်သော ဝမ်းမီးကြောင့် ဖြစ်သည်ဟု မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာတွင် ညွှန်ပြထားပါတယ်။ ကုထုံးဆေးချက်အရ အစာအာဟာရ ဓာတ်စာအဖြစ် ကုသနိုင်ပါပေတယ်။ အစာအာဟာရမှာ ပြောင်းဖူးမီးဖုတ်ကို စားပေးခြင်းဖြင့် ပျောက်ကင်းလွယ်စေပါတယ်။

သို့မဟုတ် ထားဝယ်မှိုင်းရွက်ကို သုပ်စားပေးနိုင်ပါတယ်။ ဒါမှမဟုတ်ရင် တို့မြှုပ်စရာအဖြစ်လည်း စားပေးနိုင်ပါတယ်။ ထားဝယ်မှိုင်းရွက်ကို ငါးမြွေထိုးခြောက်ကိုပြုတ်၍ သုပ်စားပေးနိုင်ပါတယ်။ ကျောက်ဖရုံသီးကို စားပေးခြင်းဖြင့်လည်း ပျောက်ကင်းသက်သာစေပါတယ်။

ပဲပြားစေ့၊ ပဲသီးကို ငါးခူဖြင့် ချက်စားပေးပါ။ ဒါမှမဟုတ်ရင် ငါးပနော်နဲ့ ပဲပြားသီး၊ ပဲပြားစေ့ကို ချက်စားပေးခြင်းဖြင့် ရောဂါဝေဒနာကို ပျောက်ကင်းစေနိုင်ပါတယ်။ သို့မဟုတ် အစာအာဟာရ ဓာတ်စာအနေနဲ့ ရဲယိုရွက်နဲ့ ဒန့်သလွန်ရွက်ရောစပ်ပြီး ကြော်စားပေးပါ။ နောက်တနည်းကတော့ သံပုရာသီးကို အလုံးလိုက်မှ ရရှိတဲ့ အသီးအရည်နဲ့ ငါးရှည့်ပနီသား ကြော်ပြီးသားကို ဖျန်းစားပေးပါ။

ဝမ်းကိုက်ရောဂါအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တိုင်းရင်းဆေး သမားတော်ကြီးများမှ သတ်မှတ်ပေးထားတဲ့ အစာအာဟာရဓာတ်စာတွေ အကြောင်းကို ဆက်လက်တင်ပြ ပါဦးမယ်။ ဖတ်ရှုကြည့်ကြပါ။

၁။ ဟင်းဂလာယဉ်နဲ့ ငါးမြွေထိုးကို ချက်စားပေးပါက သွေးဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်တဲ့
အစာအာဟာရကုထုံး ဓာတ်စာအဖြစ် အသုံးဝင်စေပါတယ်။
၂။ ကြက်ဆူရိုးနီကို ရေနွေးဖျော၍ ငါးမြွေထိုးကင်နဲ့ သုပ်စားပေးပါ။
၃။ ကြက်ဟင်း ခါးသီးကို ငါးရှဉ့်ပနီကင်ထွင်၍ ဆီးဖြူသီးနဲ့ ကြော်စားပါ။
၄။ ဆင်ခရမ်းသီးနဲ့ ငါးမြွေထိုးသားကို ချက်စားပေးပါက ဝမ်းကိုက်ရောဂါအတွက် ပျောက်ကင်းစေနိုင်သည့် အစာအာဟာရ ဓာတ်စာ ဖြစ်ပါတယ်။
၅။ ကြက်သွန်နီကို ထန်းလျက်ဖြင့် ကြော်စားပေးပါက အပျောက်မြန်ဆန်ပါသည်။
၆။ ကောက်ရိုးနွယ်ကို ငါးရံ့နဲ့ ချက်စားပေးပါက ဝမ်းကိုက်ရောဂါကို သက်သာပျောက်ကင်းစေနိုင်တယ်။ သို့မဟုတ် ငါးခူနဲ့ ကောက်ရိုးနွယ်ကို ချက်စားပေးပါ။ ပုစွန်တုပ်ကြီးနဲ့ ကောက်ရိုးနွယ်ကို ချက်စားပေးပါက ပျောက်ကင်းစေနိုင်တယ်။ ဒါမှမဟုတ်ရင် ကောက်ရိုးနွယ်ကို ငါးရှဉ့်ဖြူသားနဲ့ ချက်စားပေးပါက ဝမ်းကိုက်ရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်။

နောက်တနည်း---
၁။ ကင်းပွန်းချဉ်ရွက်ကို ငါးမြွေထိုးကင်နဲ့ ချက်စားပေးနိုင်ပါတယ်။
၂။ ငါးဖယ်နဲ့ ကင်ပွန်းချဉ်ကို ချက်စားပေးနိုင်ပါတယ်။
၃။ ငါးသလောက်နဲ့ ကင်ပွန်းချဉ်ကို ချက်စားပေးနိုင်ပါတယ်။
၄။ ကင်ပွန်းချဉ်ကို ငါးရှဉ့်ကင်နဲ့ ချက်စားပေးနိုင်သလို ကြော်လည်းစားနိုင်ပါတယ်။
၅။ ကင်ပွန်းချဉ်ကို ပုစွန်ကပ်နဲ့ ချက်စားပေးပါ။
၆။ ကျောက်ဖရုံသီးကို ငါးမြွေထိုးကင်နဲ့ ချက်စားပေးပါ။
၇။ ငါးမြွေထိုးကင်ကို ချင်းတက်ပါးပါးလှီးဖြတ်ပြီး ကြော်စားပေးပါ။
၈။ ငါးကင်နဲ့ ချင်းတက်ကို ကြော်စားပေးပါ။
၉။ ချဉ်ပေါင်ခါးနဲ့ဖြစ်စေ၊ ချဉ်ပေါင်ဖြူနဲ့ဖြစ်စေ၊ ချဉ်ပေါင်နီနဲ့ဖြစ်စေ၊ ပုစွန်ကို ချက်စားပေးပါက
သက်သာပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။
၁၀။ ငါးခူကို ချဉ်ပေါင်ခါးနဲ့ ဖြစ်စေ၊ ချဉ်ပေါင်ဖြူနဲ့ဖြစ်စေ၊ ချဉ်ပေါင်နီနဲ့ဖြစ်စေ ချက်စားပေးပါ။
ပျောက်ကင်းမှုကို မြန်ဆန်စေပါတယ်။
၁၁။ ငါးမြွေထိုးကို ခွေးတောက်ရွက်နဲ့ ပြုတ်၍ ကြော်စားပေးပါ။
ဤအစာအာဟာရ ဓာတ်စာများသည် ပိတ်ဝမ်းကိုက်ရောဂါ (ချွဲဝမ်းကိုက်ရောဂါ) သွေးဝမ်းကိုက်ရောဂါ တို့အတွက် ဆေးဟင်းလျာများ ဖြစ်ကြပါတယ်။

(သွေးဝမ်းကိုက်ရောဂါကုထုံး)
သွေးဝမ်းကိုက်ရောဂါ သို့တည်းမဟုတ်-အပူဝမ်းကိုက်ရောဂါသည် ရာသီဥတု၏ အပူဒဏ်၊ ကမ္မ၏အပူဒဏ်၊ အစာအာဟာရ၏ အပူဒဏ်များ စုဝေးကာ ငုပ်စေ၍ ခန္ဓာကိုယ်တွင်း လောင်မြိုက်သဖြင့် သွေးဝမ်းကိုက်တတ်သည်။ ဤရောဂါဝေဒနာကို မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာအရ ဥဏှတေဇော လွန်ငုပ်ခြင်းကြောင့် ဖြစ်၏။ ဤရောဂါကုထုံးအတွက် သစ်သီးဝလံများဖြင့် ကုသနိုင်၏။ ယင်းကုထုံးမှာ မင်းကွတ်သီးခွံကိုပြုတ်၍ တိုက်ကျွေးခြင်းဖြင့် ရောဂါဝေဒနာကို ပျောက်ကင်းစေနိုင်ပေသည်။

နောက်ထပ်ကုထုံးတရပ်မှာ သံပုရာရည်ကို အိမ်သုံးသကြား ချိုချိုနှင့်ရောစပ်ကာ တိုက်ကျွေးခြင်းဖြင့် ရောဂါဝေဒနာကို ပျောက်ကင်းစေနိုင်ပါတယ်။
ဤရောဂါကုထုံးအတွက် အစာအာဟာရဓာတ်စာအနေနဲ့ ကုသမှုနည်းမှာ သလဲသီးဖျော်ရည်တွင် အိမ်သုံးသကြား ချိုချိုထည့်ပြီး တိုက်ကျွေးခြင်းဖြင့် ရောဂါဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(ပိတ်ဝမ်းကိုက် ရောဂါ)
စားသုံးနည်းအညွှန်း---
ထိကရုံးရွက်ကိုကြော်၍ ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ၊ အစိမ်းအတိုင်း တို့မြှုပ်၍ဖြစ်စေ၊ ဟင်းချက်၍ဖြစ်စေ သို့တည်းမဟုတ်-အရွက်စိမ်းကို ထုထောင်း၍ ရရှိသောအရည်များကိုဖြစ်စေ သောက်စားပေးခြင်းဖြင့် ပိတ်ဝမ်းရောဂါကို ပျောက်ကင်းစေနိုင်ပါသည်။

သို့တည်းမဟုတ်-ထိကရုံး (ရေ)ကို ကြက်သွန်နိုင်နိုင်ဖြင့် ကြော်စားပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။
၁။ ထမင်းခဲကို မီးဖုတ်၍ ရေနှင့်ဖျော်ပြီး အရည်ကို သောက်ပေးပါ။
၂။ ကြက်သားစွပ်ပြုတ်ရည်ကို သောက်ပေးပါ။
၃။ ကြက်သားပြုတ်ကြော်ကို စားပေးပါ။
၄။ ငှက်ပျောသီး ဖီးကြမ်းကို မီးဖုတ်ပြီးဖြစ်စေ၊ မီးကင်ပြီးဖြစ်စေ ကျွေးပေးနိုင်ပါတယ်။

( ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးမှ ထုတ်ဝေသော တိုင်းရင်းဆေးထန်းသုံး ဆေးဝါးများ အမှတ်စဉ်အညွှန်း)

ဤရောဂါအတွက် တိုင်းရင်းဆေးခန်းသုံး အမှတ်စဉ်(၈) သွေးဒူလာဆေးမှုန့် ငါးကျပ်သားနဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်စဉ်(၂) လေမျိုး ၈၀-ဆေး ဆေးမှုန့် ငါးကျပ်သားကို အထက်ပါ ဆေးမှုန့်များနဲ့ သမစေရန် ရောနှောထားပါ။ လူကြီး ဆေးတခွက်စာ ပမာဏ တကြိမ် ဆေးမှုန့် ၂-ပဲသားကို ရေနွေးနဲ့တိုက်ပါ။ တနေ့ သုံးကြိမ် တိုက်ကျွေးနိုင်ပါတယ်။ ကလေးများအတွက် ဆေးတခွက်စာ ၁-ပဲသားကို အထက်ပါအညွှန်းအတိုင်း တိုက်ကျွေးကုသနိုင်ပါတယ်။

မိုးရာသီ၌ဖြစ်တတ်သော ရောဂါများအတွက် အတတ်နိုင်ဆုံး သုံးစွဲလွယ်ကူမည့် ကုသနည်းများကို စုံလင်စွာ ဖော်ပြ ရေးသားခဲ့ပြီး ဖြစ်ပါသည်။ သင်နှင့် သင့်ပတ်ဝန်းကျင်များအတွက် တိုင်းရင်းဆေးပညာဖြင့် ကုသမှု၊ ဇီဝိတဒါန ပြုလိုကြသူများအတွက် သင့်မိသားစု စာအုပ်စင်တွင် ဤမဂ္ဂဇင်းအား ထာဝရသိမ်းဆည်းထား စေခြင်းအားဖြင့် သင့်မိသားစုအတွက် ကုန်ကျမှုစရိတ် သက်သာစွာနှင့် ကျန်းမာစေခြင်း၊ အသက်ရှည် စေခြင်း၊ ရောဂါဘယကင်းစွာနှင့် ဘဝကို ရပ်တည်နိုင်သည့် အကျိုးကျေးဇူးကို မဟိဒ္ဓိမဂ္ဂဇင်းမှ ပေးဆပ်နိုင်လိမ့်မည်ဖြစ်ကြောင်း တင်ပြရင်းဖြင့်သာ။

ကျော်တင့်ဆွေ
(မဟိဒ္ဓိမဂ္ဂဇင်း ၂၀၀၈-စက်တင်ဘာလ)

Saturday, June 22, 2013

စွန်ပလွံသီး၏ ကျန်းမာရေးစွမ်းပကား


စွန်ပလွံသီး အခြောက်ရော၊ လတ်လတ် ဆတ်ဆတ် စွန်ပလွံသီးမှာပါ အာဟာရဓာတ် အပြည့် ပါဝင် ပါတယ်။ စွန်ပလွံသီးမှာ ကယ်လ်စီယမ်၊ ပရိုတင်း၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ဗီတာမင်အေ၊ ဖောလိတ်နဲ့ ကာဗိုဟိုက် ဒရိတ်တို့ အများအပြား ပါဝင်နေပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ ပိုတက်စီယမ်ထက် စွန်ပလွံ သီးမှာ ပိုမိုပါဝင်နေ ပါတယ်။ အမျှင်ဓာတ်၊ အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆိုဒီယမ်တွေလည်း ပါဝင်နေပါတယ်။
စွန်ပလွံသီး တွေမှာ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ ဆူးခရို့စ်စတဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ပေးစွမ်းနိုင် ပါတယ်။ စွန်ပလွံသီးမှာ ကြွက်သားလှုပ်ရှားမှု၊ နှလုံးကြွက်သားတွေရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်မှု တို့အတွက် လိုအပ်တဲ့ မရှိမဖြစ် သတ္တုဓာတ်တွေ အများအပြား ပါဝင်နေ ပါတယ်။ စွန်ပလွံသီးကို ပုံမှန် စားပေးတာက ခန္ဓာကိုယ်ထဲမှာ လိုအပ်နေတဲ့ ပိုတက်စီယမ်ဓာတ်ကို ရရှိစေပြီး နာ့ဗ်ကြောစနစ်ကို ကျန်းမာ စေကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်ပါတယ်။
စွန်ပလွံသီးမှာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်လည်း ပါဝင်တာကြောင့် အရိုးဖွံ့ဖြိုးမှုကို ကောင်းမွန်စေပြီး စွမ်းအင် တည်ဆောက်မှုကို အားကောင်း စေပါတယ်။ ဗီတာမင်အေနဲ့ ဗီတာမင်ဘီအုပ်စုလို အရေးကြီးတဲ့ ဗီတာမင်တွေ ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပြီး ခန္ဓာကိုယ်ကို ကျန်းမာရေး ကောင်းစေပါတယ်။ စွန်ပလွံသီးမှာ အသက်ရှင်သန်ရေး အတွက်အရေးပါတဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်တာကြောင့် အစာကြေညက် စေပြီး အူတွေကို ကျန်းမာရေး ကောင်းစေပါတယ်။ စွန်ပလွံသီးကို ပုံမှန်စားတာက ရောဂါပိုးမွှားတွေ ကြီးထွားမှု မဖြစ်အောင် တားဆီး ပေးနိုင်ပြီး အူထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေကို ရှင်သန်စေပါတယ်။ စွန်ပလွံသီးမှာ ဝမ်းသွားစေတဲ့ အာနိသင် ရှိတာကြောင့် ဝမ်းချုပ်နေသူတွေ အတွက် ကောင်းကျိုး ရှိပါတယ်။ စွန်ပလွံသီးကို နွားနို့ပူပူထဲ ထည့်သောက်ရင် နွားနို့ရဲ့ အာဟာရတန်ဖိုးကို တိုးစေပါတယ်။ ချိုမြတဲ့ စွန်ပလွံသီးကို သကြား အစားထိုး သုံးနိုင်ပါတယ်။

ရေးသူ♥♥ ကိုဦး

ဆီးချို၊ သွေးချိုရောဂါအတွက် ပျားမြီးရွက်ပင် {Longevity Spinach (or)Longevity Greens for diabetes and high blood pressure}

ဆီးချို၊ သွေးချို (Dibetes)ရောဂါကုသရေးအတွက်တိုင်းရင်းဆေးဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်းသိမှတ်ဖွယ်...
(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)
(၂)။ မူရင်း= ထိုင်ဝမ်
(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာၤပူ၊အင်ဒိုနီးရှား၊
(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။
     အရွက်သည် ပျားကိုယ်အနောက်ပိုင်းနဲ့တူပြီးအရွက်ဘေးတွင် အထစ်များပါဝင်သည်။
ရင့်သောအပင်များ၏ ပင်စည်သည် နီညိုရောင်ရှိသည်။
အရိုး၊ အလက်ကိုဖြတ်၍ မြေတွင်စိုက်ရုံဖြင့် ရှင်သန်သည်။
မျိုးပွားလွယ်သည်။
(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။
(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အားရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကိုရေစင်စင်ဆေး၍ ဝါးစားရန်ဖြစ်သည်။စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ
ရေသန့်သန့်ဖြင့်ဆေးပြီး ဝါးစားရန်ဖြစ်ပါသည်။စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါကအချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တရပ်ထားလိုက်ပါ။
(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည်အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့်အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာထားတာရှိပါသည်။ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲများပြားနေခြင်းကြောင့် ဖြစ်ပေါ်လာသည့်ရောဂါမျိုးဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊သွေးချိုရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ကြီးသူ၊ငယ်သူ ဖြစ်ပါစေ ၊အစားအသောက် အနေအအထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ်ဆေးလို့ ရောဂါမရှိပေမယ့်တစ်ချိန်ချိန်မှာ ဆီးချို၊သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချိုရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုးရောဂါခံ
ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါ
ကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း
ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါများစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား
ဆင်းရဲခြင်းများပါ ခံစားရတတ်ပါသည်။ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊သွေးချိုရောဂါကို သက်သာပျောက်ကင်းအောင် ထိန်းသိမ်းထာနိုင်ကြောင်း တွေ့ရပါသည်။
ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက်
စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုးထိရောက်မှုရှိနေကြောင်း သိရပါ
သည်။
ဆေးဖက်ဝင်ပျားမြီးရွက် နှင့် ဆေးဆောင်းပါးများ

စောငုဝါ

Thursday, June 20, 2013

ဆေးစွမ်း စုံလင် မြန်မာ့ စပါးလင်




 မြက်မျိုးနွယ်ဝင် စပါးလင် သည် စပါးလင်မွှေးနှင့် ဟင်းစားစပါးလင် ဟု နှစ်မျိုး ရှိကြောင်း၊ စပါးလင်မွှေး သည် ဟင်းစားစပါးလင်ထက် ပို ၍ ရွက်ပြားကြီးကာ ပို၍ရှည်လျား ကြောင်း၊ အချို့သော စီးပွားရေးဈေး ကွက်များတွင် မျက်နှာပန်း လှ ဈေး ကွက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တို့ကို လေ့လာ သိရှိရပါသည်။ နည်း ပညာများ ဘက်စုံတိုးတက် နေသော ယနေ့ခေတ်တွင် ကမ္ဘာ့ဆေးဝါးကုမ္ပ ဏီကြီးများသည် စပါးလင်ဆီကို စား ဆေး၊ သောက်ဆေး၊ လိမ်းဆေး တို့ ထုတ်လုပ် ရောင်းချလျက်ရှိကြလေ သည်။ စပါးလင်၏ အရွက်နှင့်အဆီ ကို တိုင်းရင်းဆေးဝါး များ ထုတ်လုပ် ရာတွင် လည်းကောင်း၊ ရောဂါကုသ ရာတွင် လည်းကောင်း၊ ပရဆေးအ ဖြစ် အသုံးပြုကြ၏။ မြန်မာနိုင်ငံ အ နေဖြင့်မူ လူမျိုးပေါင်းစုံတို့၏ ဟင်း လျာ တွဲဖက်ချက်ပြုတ်ပစ္စည်းတစ်မျိုး အဖြစ် လူသုံးများ လှပေသည်။
မြန်မာ့ ဆေးကျမ်းဖွင့်ဆိုချက်အ ရ စပါးလင်သည် ဖန်၏။ ခါး၏။ နှ လုံး၊ လည်ချောင်းနှင့် ပတ်သက်သော ရောဂါများ၊ ကာလဝမ်း၊ သွေးအန်၊ ချောင်းဆိုး၊ သလိပ်တို့ကိုနိုင်၏။ လေ သလိပ်ကိုကြေစေ၏။ သွေးကို ကြည် စေ၏။ အစာကို ကြေစေ၏။ သည်း ခြေကို မျက်စေ၏။ အိန္ဒိယပရဆေး ကျမ်းကြီး တွင် စပါးလင်သည် ကလေး များအတွက် ဗိုက်နာ ပျောက်ဆေး အကောင်းဆုံးဟု ဆိုထား ၏။ အဖျား ရောဂါများအတွက် ချင်း၊ သကြားတို့ ရောစပ်၍ ချွေးထွက်စေရန် ပြုလုပ် ပေးရလေသည်။

စပါးလင်သည် အစာအိမ်၊ အူ သိမ်အူနုတစ်လျှောက် အလုပ်လုပ် သော ဆေးပင်ဖြစ်သည်။ ခန္ဓာကိုယ် အတွင်းပိုင်း အစာလမ်းကြောင်းတွင် တည်ရှိသော အူအကာ၊ အမြှေးများ ကို အားပေးနိုင်သော အစွမ်းသတ္တိ ပြည့်စုံသောကြောင့် ရိုးရိုးဝမ်းနာခြင်း၊ လေပွ ဝမ်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်းနှင့် ပျို့အန်ခြင်း တို့အတွက် လွန် စွာထက်မြက်သည့် ဆေးတစ် မျိုးဖြစ် သည်။ အမြီးနှင့် ခေါင်းဖြတ်၍ရသော စပါးလင်ရွက် တစ်ဆကို ရေသုံးဆနှင့် ကျိုပြီး ထိုကျိုသည့် တစ်ဆ ကျန်ချိန် တွင် ဆေးအဖြစ် အသုံးပြုနိုင်လေ သည်။ လူကြီးများ အတွက် ဟင်းစား စတီးဇွန်းတစ်ဇွန်းစာကို တစ်နေ့သုံး ကြိမ်နှင့် သုံးရက် ဆက်တိုက် သောက် ပေးပါက ဆီးရောဂါနှင့် ပတ်သက်၍ ဖြစ်ပေါ်ခံစားရသော အသားဝါရော ဂါ အတွက် အကောင်းဆုံးဆေးတစ် လက်ဖြစ်၏။ ပဉ္စငါးပါး ပါဝင်သော စပါးလင်တစ်စည်းကို ရေစင်စင်ဆေး ပြီး ပြုတ်၍ ရရှိလာသော ပြုတ်ဆေး ရည်ကို ဆားမီးဖုတ်အနည်းငယ်ခတ် ၍ သောက်သုံးပါက နှာစေး၊ ချောင်း ဆိုးရောဂါ သက်သာ ပျောက်ကင်း စေပါသည်။ တစ်ဖန် စပါး လင်ရွက်၊ ငရုတ်ကောင်း၊ ပူဒီနာနှင့်သကြားတို့ ကို ရောစပ်ပြုတ်ကာ ထိုပြုတ်ဆေး ရည်ကို သောက်ဆေး အဖြစ် သောက် သုံးပါက လေရောဂါ သက်သာစေ သည်။

ဒိုပါလာသကြားအနည်းငယ်ဝယ် ၍ စပါးလင်မွှေး ပဉ္စငါးပါးကိုကျို၍ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါက လည်ချောင်းနာနှင့် လည်ချောင်းတို့ အတွက်လည်းကောင်း၊ ဆီးလမ်း ကြောင်းတွင် ဆီးပုပ်ခြင်း၊ ဆီးပူခြင်း၊ ဆီးလမ်းကြောင်း ကိုက်ခဲခြင်း၊ ဆီး အောင့်ခြင်း ဝေဒနာများ အတွက် ဆေးကောင်းတစ်လက် ဖြစ်သည်။ စပါးလင်သတ္တုရည် တွင် ဆီးဖြူကန့် မှုန့်အနည်းငယ်ထည့်ကာ ရက်ပေါင်း ၄၀ ကြာမျှ စိမ်ထားရမည်။ တစ်ဖန် နေပူတွင် လှန်းပါ။ အမှုန့်ထောင်း၍ ပုလင်းနှင့် ထည့်ထားပါ။ ဆေးညွှန်း အတိုင်း ကွမ်းယာတွင် ထည့်ကာစား ပေးပါက အစာမကြေ ရောဂါ၊ ခံတွင်း ပျက်ရောဂါ၊ အစာအိမ် တွင်း ပိုး နှောင့်ယှက်သောရောဂါများအတွက် အကောင်းဆုံး ဆေးတစ်မျိုးဖြစ်သည် ဟု ဟိန္ဒူအာယုဗေဒ ဆေးကျမ်းက ဖော်ပြထား လေသည်။ စပါးလင်ရည် တွင် ငရုတ်ကောင်း အနည်းငယ်ရော စပ် အသုံးပြုပါက အမျိုးသမီးများ မီး ယပ်ဖြစ်ပေါ် စဉ် ကိုယ်လက် နာကျင် တောင့်တင်းခြင်း နှင့်ဆီးခုံနာကျင်ခြင်း များအတွက် အထူး သင့်လျော်လှ၏။ စပါးလင်ကို ထောင်းထု၍ အဝတ်နှင့် ထုပ်ပြီး ကြပ်ထုပ် ဆေးပြုလုပ်၍ ဖော ရောင်ခြင်း တို့တွင် လိမ်းဆေး အဖြစ် အသုံးပြုနိုင်ကြောင်း အိန္ဒိယ အာယု ဗေဒကျမ်းက ဖော်ပြ ထား၏။ ရုတ် တရက် ထိခိုက် ဒဏ်ရာများကြောင့် အကြောတင်း သွားပါက ဒဏ်ကြေ စေသော စပါးလင်ကြပ် ထုပ်နှင့် ပြု လုပ် ကုသ နိုင်လေသည်။ ထမင်းဖြူနှင့် အတူ စပါးလင်၏ ပဉ္စငါးပါးကို ထု ထောင်းကြိတ်၍ အဝတ် နှင့်ထုပ်ကာ ကြပ်ထုပ်ထိုး ပေးနိုင်ပါသည်။

စပါးလင်မှ မွှေးကြိုင်သော(VERVENA)အမည်ရှိ အဆီကို ပေါင်း ခံ ကိရိယာနှင့် ထုတ်ယူခြင်းဖြင့် စပါး လင်ဆီကို ရရှိနိုင်ပါသည်။ စပါးလင် ဆီသည် သွေးကိုကြွစေ၏။ လေတက် ခြင်းကို ကျဆင်း စေ၏။ ချွေးပြိုက် ပြိုက်ထွက် စေ၏။ အစာလမ်းကြောင်း ပေါ်တွင် ဖြစ်ပေါ်သော ရောဂါများ၊ ဝမ်းဗိုက်ရစ်နာခြင်း၊ ဝမ်းထိုးနာခြင်း၊ ရင်ဘတ်နာခြင်း၊ ပျို့အန်ခြင်း တို့ကို ကုသ နိုင်သည်။ စပါးလင်ဆီ သည် ခန္ဓာကိုယ် မကျန်းမာခြင်း အတွက် အတွင်း သောက်ဆေး အဖြစ် အသုံး ဝင်သကဲ့သို့ အပြင် လိမ်းဆေးအဖြစ် လည်း အသုံးဝင် လေသည်။ စပါးလင် ဆီသည် ပူနွေး စေသော သတ္တိများရှိ ရာ ၎င်းအဆီနှင့် နှမ်းဆီ ရောစပ်မှု သည် လင်နမင် နှင့် ပရုတ်ဆီများကဲ့ သို့ အကျိုး အာနိသင်ရရှိစေနိုင်၏။ ခါးနာခါး ကိုက်ခြင်း၊ အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း၊ အကြောဆွဲခြင်း၊ အကြောတုန်ခြင်းတို့အပြင် ပွေးနှင့်ဝဲ ရောဂါ တို့ကိုလည်း စပါးလင် ဆီလိမ်း ပေးခြင်းဖြင့် ကုသနိုင်လေသည်။

အဆစ်ရောင် သောနေရာများ ကို နာနာပွတ်လိမ်း ပေးပါက သက် သာ စေသည်။ ငှက်ဖျား အဖြစ်များ သော ဒေသများတွင် အန္တရာယ်မှ ကာကွယ် နိုင်စေရန် စပါးလင် ဆီပါဝင် သော ဖယောင်းလိမ်း ဆေးကို ခြင် ကိုက် ခံရသော နေရာတို့ကို လိမ်းပေး ခြင်းဖြင့် ကာကွယ် နိုင်လေသည်။ နှမ်း ဆီ သို့မဟုတ် အုန်းဆီ နှင့် စပါးလင် ဆီကို ရောစပ်ကာ လိမ်းဆေး အဖြစ် အသုံးပြုနိုင်လေသည်။ လေဖြတ် ရောဂါ၊ လေငန်းရောဂါ၊ ကြွက်တက် ရောဂါတို့ကို ဆေးလိမ်း ပေးပြီး နှိပ် နယ်ပေးခြင်းဖြင့် ကုသပေးနိုင်၏။ ကလေးများ သန်ထိုးပါက ဝမ်းဗိုက် ကို ထို အဆီလိမ်းပေးပြီး အဝတ်နှင့် ပတ်ထား ပေးပါက သက်သာ ပျောက် ကင်းသွား လေသည်။ စပါးလင်ဆီနှင့် အုန်းဆီ စစ်စစ်တို့ကို ရောစပ်၍ ဦးရေ ပြားအတွင်း စိမ့်ဝင်သွားအောင် လိမ်း ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းအား အကောင်းဆုံး ကုသပေးနိုင်ပါသည်။

ဖော်ပြပါ နည်းလမ်း အသွယ် သွယ် အသုံးဝင်သော စပါးလင်နှင့် စပါးလင်ဆီ တို့သည် တန်ဖိုး စရိတ် လည်းနည်း၊ ရောဂါ ပျောက်ကင်းမှု တွင်လည်း ကျေးဇူးကြီးမား လှပါသ ဖြင့် မြန်မာ့ ရေမြေမှာ လွယ်လင့်တ ကူ တွေ့ ရှိရယူနိုင်သော စပါးလင် အသုံးဝင်နည်းတို့ကို ကျန်းမာရေးအ တွက် ယနေ့မှစ၍အသုံးပြုနိုင်ကြပါ စေဟု တိုက်တွန်း လိုက်ရပါတော့ သည်။

ကိုးကား

ရောဂါကုသနည်း တိုင်းရင်းဆေးဝါးများ (ကျော်တင့်ဆွေ)

စိတ်ကျရောဂါ (Depression )

စိတ်ကျရောဂါ ( Depression ) သည် ဘယ်လိုလူမျိုးတွေမှာဖြစ်နိုင်ပါသလဲလို့မေးလာနိုင်စရာရှိပါတယ် ၊ သုတေသနပညာရှင်တွေ ၊ လူတန်းစားအလွှာပေါင်းစုံ ၊ အောင်မြင်ခြင်းရရှိသူတွေ ရှုံးနိမ်းခြင်းကျဆုံးခြင်းဖြစ်သည့်လူတွေ နောက်ဆုံးကုန်ကုန်ပြောရရင် လူသားများဖြစ်သောလူသားတိုင်းဖြစ်နိုင်သည့် ရောဂါတမျိုးဘဲဖြစ်ပါတယ် ။

ဒီလိုစိတ်ကျရောဂါ ဖြစ်ပွားနေသောသူများတွင်လည်းတခြားရောဂါများလည်းရှိနေနိုင်ပါသည် ။ စိတ်ကျရောဂါ ဖြစ်ပွားနေပြီးလို့သတ်မှတ်ထားသည့်ကိုတော့ စိတ်ပျက်ဖွယ် လည်းမဟုတ်ပါဘူးစိတ်ကျရောဂါသည် ကုသခြင်းဖြင့် ပြန်လည်ကောင်းမွန်နိုင်သောရောဂါတစ်မျိုးလည်း ဖြစ်ပါသည် ။ ကမ္ဘာ့ စိတ်ကျန်းမာရေးအဖွဲ့၏ လေ့လာထာသောအစီရင်ခံစာအရထုတ်ဖော်တင်ပြထားသည်မှာလူ ၂၀ တွင် တစ်ယောက်သည် စိတ်ကျရောဂါ ဖြစ်ပွားစေသည်ဟုထုတ်ပြန်ခဲ့ပါသည် ။
စိတ်ကျရောဂါ ရဲ့လက္ခဏာတွေ အများကြီးရှိသည့်ထဲ့မှာလူတိုင်းသိနားလည်နိုင်သည့် အချက်တွေကိုတင်ပြရမယ်ဆိုရင် မိမိသည့် အလိုလိုနေရင်းမောပန်းနေမယ် အာရုံစိုက်ခြင်းတွေ နည်းပါးလာပြီးတော့ အာရုံစိုက်မှုတွေ ခက်ခဲနေလာမယ် စိတ်ခံစားချက်တွေကမအီမလည်ကြီးတွေ ဖြစ်နေမယ် အလိုလိုနေရင်းနဲ့လည်းစိတ်တိုနေတတ်တယ် ဘာလုပ်လုပ် မဖြစ်တော့ပါဘူးကွာဆိုသည့် စိတ်ပိုင်းဆိုင်ရာတွေမှာလည်းစိတ်ဓာတ်တွေ ကျဆင်းနေမယ် ဒါတွေဟာစိတ်ဓာတ်ကျဆင်းခြင်းရဲ့လက္ခဏာတွေဘဲဖြစ်ပါတော့သည် ။

စိတ်ကျရောဂါ ကြောင့် လူတစ်ယောက်၏ လုပ်ငန်းဆောင်တာများကိုထိခိုက်စေပါသည် နောက်ဆက်တွဲအဖြစ် အဆိုးဆုံးမှာခံစားလာမိသောစိတ်ကျရောဂါကြောင့် မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ( Suicide ) ကို ဖြစ်ပွားလာစေနိုင်ပါသည် ။

အသက်ပိုင်းခြားအလိုက်ကတော့ ယနေ့လူငယ်များ နှင့် လူလတ်ပိုင်းတွေ ပိုများပြားလာကြောင့်တွေ့ရှိနေရပေသည် ။အသက်ကြီးရင့်သည့် အပိုင်းတွင် ရာခိုင်နှုန်းနည်းပါးကြောင်းလည်းလေ့လာတွေ့ရှိပါသည် ။
အာရှဒေသများဖြစ်သောစင်္ကာပူနိုင်ငံ ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် လွန်ခဲ့သော နှစ်များကပင် သေကြောင့်ကြံစည်မှု့သည် ခေတ်စားသလို့ဖြစ်ခဲ့ဘူးပါသည် ။

ကမ္ဘာ့ကြီးအပေါ်တွင် လူသားအားလုံးအနေနဲ့ ပြောပြရရင် မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ကြောင့် နှစ်စဉ်လူဦးရေတစ်ဘီလီယံသည် ဝမ်းနည်းကြေကွဲစွာအဖြစ်များနဲ့ သေဆုံးနေကြရပါသည် ။ တနည်းအားဖြင့် မိမိကိုယ်ကိုသေကြောင်းကြံစည်မှုကြောင့် နေ့စဉ် လူသုံးထောင် လောက်သေဆုံးနေကြရပါသည် ။ ထိုကဲ့သို့ လုပ်ဆောင်သူသည့် အကြိမ် ၂၀ အထက် သေကြောင်းကြံစည်ကြကြောင်းစာတမ်းများသိတင်းများထုတ်ပြန်ချက်များအရသိရှိရပါသည် ။

အမျိုးသမီးများသည် စိတ်ကျရောဂါ ဖြစ်ပွားမှု့ အများဆုံးဖြစ်ပွားခဲ့ပြိးဆင်းရဲခြင်း ၊ လှပမှု့ကိုရှေ့တန်းတင်မိခြင်း ၊ ပညာရေးအဆင့်အတန်းနိမ့်ကျခြင်း ၊ မျိုးရိုးရှိခြင်း ၊ လိင်အကြမ်းဖက်မှု့ပြုမှုခံစားရခြင်း ၊ အချစ်ရေးကိစ္စများ ၊ အိမ်ထောင်ကွဲခြင်း ၊ နာတာရှည်ရောဂါများခံစားရခြင်းတို့သည် စိတ်ကျရောဂါ ဖြစ်ပွားမှုများသောအခြေအနေအရပ်ရပ်များ ဖြစ်ပါသည် ။


စိတ်ကျရောဂါဖြစ်ပွားသူတွက် ကူညီနိုင်သောနည်းလမ်းများမှာ -
စကားပြောပြောပေးခြင်း ၊ ပြောဖြစ်သည့် အကြောင်းများကိုဂရုတစိုက် နားစိုက်ထောင်ပေးခြင်း ၊ ဘာသာရေးအသိများကိုတဖြေးဖြေးခြင်းသိရှိနားလည်အောင် လေးလေးနက်နက် အသိပေးပြောပြပေးခြင်း ၊ စိတ်ရောဂါအတွက် ဆေးဝါးကုသမှု ပြုလုပ်ပေးခြင်း ၊ ကုသခြင်းအတွက် လိုအပ်သောအကူအညီများထောက်ပံ့ပေးစေခြင်း ၊ မိမိကိုယ်ကိုသေကြောင်း ကြံစည်မှု၏ ရှေ့ပြေးလက္ခဏာများကိုသိရှိအောင် လေ့လာခြင်း ၊ နေ့စဉ်နေတိုင်းသူ၏ လုပ်ဆောင်ချက်များကိုဝင်ရောက်အကုူအညီပေးပေးခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်ချက်များကိုလုပ်ဆောင်နိုင်အောင် လုပ်ပေးနိုင်အောင် များစွာကူညီပေးခြင်းတို့ဖြစ်ပါသည် ။

ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ….စိတ်ကျရောဂါသည် ပြည့်သူကျန်းမာရေး ပြဿနာတရပ် …..အနေဖြင့် ရောက်ရှိလာနေခြင်းကြောင့် လူတိုင်းလူတိုင်းအနေဖြင့် စိတ်ကျရောဂါ အကြောင်းသိရှိအောင် လေ့လာခြင်း ဖြင့် ထိုစိတ်ကျရောဂါရှိကို … “ စိတ်ကျရောဂါ ကမ္ဘာလုံးဆိုင်ရာအရေးကြီးဆုံးအချိန် ” ( Depression : A Global Crisis ) ဆောင်ပုဒ်လေးအတိုင်း …လူသားများအားလုံးပူးပေါင်းပါဝင်ပြီးအသက်ရာကျော်ရှည်ပါစေရန် ……..
Mg Mandalay — withAye Kyithar.

ခါးနာသောသူများအတွက် အလွယ်ဆုံးကုသနည်း


အခုနည်းကတော့ သဘောၤရွက်ပါဘဲဗျာလွယ်ကူပါတယ်၊ သင်္ဘောရွက်စိမ်းတစ်ရွက်ကိုညအိပ်ခါနီးကျောဘက်အင်္ကျီ အတွင်းကအသားပေါ်မှာကပ်ထားပြီးအိပ်ရမယ်။ ပက်လက်လှဲပြီးညအိပ်ပါ။ ခါးထဲကအပူအခိုးတွေ ကိုသင်္ဘောရွက်ကစုပ်ယူပါတယ်။ ကပ်ထားခိုက်မှာစပ်ရှိန်းရှိန်းခံစားရပါမယ်။ အဲဒီလိုနေ့စဉ် ရက်ဆက် မပျက်မကွက် လုပ်ရပါတယ်။

နောက်ပြီးခါးလေ့ကျင့်ခန်းကိုလည်းလုပ်ရပါမယ်။ လုပ.်ပုံကတော့ မတ်တပ်ရပ်နေပြီးခါးကိုရှေ့အနည်းငယ် ကိုင်းပြီး ခန္ဓာကိုယ်ကိုခါးမှစ၍ ဆန်ကောဝိုင်းသလို လှည့်ပတ်ပေးရပါမယ်။ ဘယ်ပြန်ညာပြန် (၁၀)ကြိမ်လောက် အလိုက်သင့် သက်သက်သာသာလှည့်ဝိုက်ပေးရပါမယ်။ အဲဒီလိုလုပ်တော့ ခါးရိုး၊ ခါးဆစ်ကအကြောအရွက်တွေ ပွင့်လာပြီးအညောင်းအကိုက် သက်သာလာပါလိမ့်မယ်။ တစ်နေ့မှာ နှစ်ကြိမ်လောက် လေ့ကျင့်လုပ်ကြည့်ပါ။

အဖြူရောင်မီဒီယာ

ကျန်းမာရေးကောင်းစေသောအဖြူရောင်အစာများ

အဖြူရောင်အစာတွေကိုလျှော့စားပါလို့ ပြောလိုက်ရင် အခွံချွတ်ထားတဲ့ ဆန်တွေ၊ ဂျုံတွေနဲ့ လုပ်ထားတဲ့အစာတွေကိုဆိုလိုတာပါ။ အဖြူရောင်ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နဲ့ အခွံမာအသီးတွေမှာရောဂါကိုတွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (anti-oxidants)တွေ များစွာမပါဝင်ပေမယ့် သွေးတိုးရောဂါ၊ နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ အခြားရောဂါတွေ ဖြစ်နိုင်ခြေကိုလျှော့ချနိုင်တဲ့ အစွမ်းတွေရှိကြောင်းအောက်မှာဖော်ပြလိုက်ပါတယ်။

မုန်လာဥ(Turnip)
ခွက်တစ်ဝက်စာမုန်လာဥမှာ ၁၈ ကယ်လိုရီသာပါဝင်ပေမယ့် ကင်ဆာကိုတွန်းလှန်နိုင်တဲ့ Glucosinolates ဒြပ်ပေါင်းတွေ များစွာပါဝင်ပါတယ်။

ပန်းဂေါ်ဖီ(Cauliflower)
ချက်ပြီးသားပန်းဂေါ်ဖီတစ်ခွက်စာမှာအရိုးသန်စွမ်းဖို့လိုအပ်တဲ့ ဗီတာမင် K ဟာသင်ရဲ့နေ့စဉ်လိုအပ်ချက် ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

ကြက်သွန်နီ(Onion)
Quercetinတွေများစွာပါဝင်တဲ့အတွက် အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။

မုန်လာဥဖြူ(Radish)
ခွက်တစ်ဝက်စာမုန်လာဥဖြူမှာကိုးကယ်လိုရီသာပါဝင်ပါတယ်။ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် ခုခံအားစနစ် ကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ(Garlic)
သွေးဖိအားလျော့ကျစေနိုင်တဲ့အပြင် ကိုလက်စထရောအဆင့်လည်းလျှော့ချနိုင်ပါတယ်။ ကင်ဆာကိုကာကွယ်နိုင်တဲ့ အစွမ်းလည်းရှိပါတယ်။

စိမ်းစားဥ(Parsnips)
အမျှင်ဓာတ်နဲ့ ဗီတာမင် C များစွာပါဝင်ပါတယ်။ မတ်ပဲတစ်ခွက်စာမှာသင့်ရဲ့နေ့စဉ်အမျှင်ဓာတ်လိုအပ်တဲ့ ပမာဏရဲ့ ထက်ဝက်ခန့် ပါဝင်တဲ့အပြင် အသားဓာတ် ၁၄ ဂရမ် ပါဝင်ပါတယ်။
Ref: Good Health

Posted in: Cidamna( မြန်မာ )

ကလေးသေနှုန်းကျဆင်းရေးနှင့် တိုင်းရင်းဆေးပညာ

မိခင် သေနှုန်း၊ မွေးကင်းစကလေးသေနှုန်း၊ တစ်နှစ်အောက် ကလေးသေနှုန်း၊ ငါးနှစ်အောက် ကလေးသေနှုန်းများသည် နိုင်ငံတော် အတွက် အရေးကြီးပြီးအခြေခံကျသောစီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများ ဖြစ်ကြသည်။ ထို့အတွက် နိုင်ငံတော်မှ တိကျသောစီမံကိန်းများချမှတ်၍ ဆောင်ရွက် လုပ်ကိုင် မှုကြောင့် မိခင်နှင့်ကလေးကျန်းမာရေးကဏ္ဍတွင် သိသာထင် ရှားသောတိုးတက်မှုများရရှိခဲ့သည်။
“မြန်မာနိုင်ငံကလေးများကျန်းမာဖွံ့ဖြိုးရေးမူဝါဒ” (မူကြမ်း) တစ်ရပ်ကို ၂၀၀၄ ခုနှစ်တွင် ရေးဆွဲအကောင် ထည်ဖော်နိုင် ခဲ့သဖြင့် မွေးကင်းစကလေးအပါအဝင် ကလေးကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုပီပြင် ခဲ့ပါသည်။ နိုင်ငံတော် အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ကလေးသေနှုန်းကို ၃ပုံ ၂ပုံ လျှော့ချနိုင်ရေးအတွက် ရည်မှန်းချက် ထား၍ ဆောင်ရွက် အကောင်အထည် ဖော်လျှက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ရိုးရာတိုင်းရင်းဆေးဖြင့် ကလေးသူငယ် ကျန်းမာရေးကိုစောင့်ရှောက်၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ သည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေးပညာဖြင့် ကလေးသူငယ်များအား ပြုစုစောင့်ရှောက်မှု တို့သည် ရှေးဘုရင်များလက်ထက်တွင်လည်းကောင်း၊ ခေတ် အဆက်ဆက်တွင် လည်းကောင်းရှိခဲ့ကြောင်းသက်သေအထောက်အထားများစွာတွေ့ရှိရပါသည်။ ဆရာခဲ၊ ဆရာညို၊ ဒေါ်အေး၊ ဦးစံတင့်၊ ဦးလှဘော်၊ ဦးအောင်ကြီး၊ ဒေါ်ခင်တိုးဝေစသည့် သူငယ်နာရောဂါ ကုသရာတွင် ကျွမ်းကျင် ကျော်ဇောသောဆရာပေါင်းများစွာလည်းခေတ်အဆက် ဆက်တွင် ပေါ်ထွက်ခဲ့ပါသည်။ အချိန် ကာလပြောင်းလဲလာသည်နှင့် အမျှ မြန်မာ့ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်မှု သည်လည်းပြောင်းလဲတိုးတက် လျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပြီးကလေးရောဂါ ပညာဌာနဖွင့်လှစ်ထားရှိကာကလေးသူငယ် ကျန်းမာရေးကိုစောင့်ရှောက် ကုသနိုင်စွမ်းသောတိုင်းရင်းဆေးဆရာများကိုမွေးထုတ်လျက်ရှိပါသည်။ ဤစာတမ်းကိုရေးသားခြင်းအားဖြင့် နိုင်ငံတော်မှ ရည်မှန်းချက် ထားသော ၂၀၁၅ ခုနှစ်တွင် ကလေးသေဆုံးမှု နှုန်းကို ၃ ပုံ ၂ ပုံလျှော့ချနိုင်ရေးအကောင် အထည်ဖော် ဆောင်ရွက်မှုတွင် တိုင်းရင်းဆေးပညာရှင်များအနေနှင့် မိမိတို့ တက်စွမ်းသမျှ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်မှ တိုင်းရင်းဆေးပညာရှင်များအပေါ်တွင် မျှော်လင့်ချက် ထားသော “အမျိုးသားကျန်းမာရေးမူဝါဒနှင့် အညီ” အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သော ပြည်သူ့ ကျန်းမာရေးစီမံချက်များတွင် မိမိတို့ တက်ကျွမ်းသောတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးလုပ်ငန်းများပါဝင်ဆောင်ရွက် နိုင်ရန် ဟူသောရည်ရွယ်ချက်ကိုအထောက်အကူ ပြုနိုင်မည်ဟုမျှော်လင့်ပါသည်။

ရည်ရွယ်ချက်

ယေဘူယျရည်ရွယ်ချက် - မြန်မာနိုင်ငံတွင် မွေးကင်းစကလေးသေနှုန်းလျော့ချရာ၌ တိုင်းရင်းဆေးပညာရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်ဝိသေသရည်ရွယ်ချက်
၁။ကလေးသေနှုန်းများသောရောဂါများကိုသိရှိနိုင်စေရန်
၂။မွေးကင်းစ ကလေးသေနှုန်းများစေသောရောဂါများကိုကာကွယ်နည်း၊ ပြုစုစောင့်ရှောက်နည်းတို့ကိုသိရှိကျင့်သုံးနိုင်ရန်
၃။မွေးကင်းစ ကလေးသေနှုန်းများသောရောဂါများတွင် ဆေးရုံသို့ ညွှန်းပို့ပေးသင့်သောအခြေအနေများကိုသိရှိကျင့်သုံးနိုင်ရန်
၄။ကလေးသေနှုန်းလျော့ချရာတွင် တိုင်းရင်းဆေးပညာရှင်များအနေဖြင့် ပါဝင် ဆောင်ရွက်ပြီး နိုင်ငံတော်၏ ကျန်းမာရေးမျှော်မှန်းချက်ကိုအထောက်အကူ ပြုစေရန်

-မွေးစကလေးသေနှုန်းများသောရောဂါများ
-လမစေ့ ပေါင်မပြည့် ကလေးမွေးခြင်း
-ရေမွမ်းခြင်း
-မွေးစကလေးပိုးဝင်ခြင်း
လမပြည့် ပေါင်မပြည့် ကလေး
လမစေ့
-၃၇ ပတ်အောက် (၉လအောက်) (LBW)
ပေါင်မပြည့်
-၂၅၀၀ ဂရမ်အောက် (LBW)
-၁၅၀၀ ဂရမ်အောက် (ELBW)
-လမပြည့်ခြင်းနှင့် ပေါင်မပြည့်ခြင်းမှာဆက်စပ်
-မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်စဉ် ကောင်းမွန်စွာစားသောက်ပြီးကျန်းမာအောင် နေထိုင်ပါကလမစေ့ ပေါင်မပြည့် ကလေးမွေးဖွားရန် အခွင့်အလမ်းလွန်စွာနည်းပါးသည်။
လမစေ့ ပေါင်မပြည့် ကလေးမွေးနိုင်သောအခြေအနေ၊ ဖြစ်ကြောင်းများ
-မိခင်အသက် ၂၀ အောက်ဖြစ်ခြင်း
-ကိုယ်ဝန်ဆောင်ချိန် ၃ နှစ်မခြားဘဲကလေးနီးခြင်း
-ကလေးများခြင်း
-ယခင်လမစေ့၊ ပေါင်မပြည့် ကလေးမွေးဖူးခြင်း
-ကိုယ်ဝန်ဆောင်စဉ် ပင်ပန်းဆင်းရဲစွာအလုပ်လုပ်ရခြင်း
-နာရီများစွာအနားမရဘဲအလုပ်လုပ်ခြင်း
-ဆင်းရဲခြင်း
-မိခင်ပိန်ပြီးကိုယ်အလေးချိန်နည်းကာအဟာရချို့တဲ့ခြင်း
-မိခင်တွင် အခြားကျန်းမာရေး ပြဿနာများရှိခြင်း (ဥပမာ-သွေးတိုး)
-အမြွှာကိုယ်ဝန်
-ဆေးလိပ်သောက်ခြင်း
-မူမမှန်သောမွေးပိုင်းနှင့် ဦးတိုက်ခြင်း

လက္ခဏာများ

-မွေးကင်းစကလေးသည် (၂၅၀၀) ဂရမ်အောက် အလေးချိန် လျော့နည်းခြင်း
-၃၇ ပတ် မပြည့်မီမွေးခြင်း
-ကြွက်သားများလျော့တွဲအားနည်းခြင်း
-အရေပြားအောက် အဆီပြင် အနည်းငယ်သာရှိခြင်း
-အရေပြားနီရဲနေခြင်း
-တခါတရံအမွှေးနုများတစ်ကိုယ်လုံးဖုံးလွှမ်းနေခြင်း

ပြုစုစောင့်ရှောက်ခြင်း

-ခြောက်သွေ့စွာထားခြင်း
-နွေးထွေးစွာထားခြင်း
-မိခင်နှင့် ကလေးအသားချင်းထိကပ်ထားခြင်း

ဆေးရုံသို့ ညွှန်းပို့သင့်သည့် အခြေအနေ

-ကလေးအသက်ရှု ခက်ခဲခြင်း
-ရောဂါပိုးဝင်သောလက္ခဏာများကိုတွေ့ရခြင်း၊ အသားဝါပြင်းထန်ခြင်း
-ကိုယ်အလေးချိန် (၁၅၀၀) ဂရမ်အောက် နည်းပါးခြင်း

မွေးကင်းစကလေးရေမွမ်းခြင်း

-ကလေးသည် မွေးပြီးစက္ကန့် (၃၀)အတွင်းအသက်ရှုနိုင်ခြင်းမရှိ
-မွေးမွေးပြီးချင်းကလေးငယ်မှာလုံလောက်သောအသက်ရှုခြင်းကိုစတင်နိုင်ခြင်းမရှိလျှင်သော်လည်းကောင်း၊ ဆက်လက် ထိန်းသိမ်းနိုင်စွမ်းမရှိလျှင်သော် လည်းကောင်း၊ အသက်ရှု မွန်းခြင်းဖြစ်၊ အသက်ရှုကြပ်မွမ်းခြင်းအောက်ဆီဂျင် အလုံအလောက် မရခြင်း

ကလေးရေမွမ်းခြင်း ဖြစ်စေနိုင်သောအခြေအနေ၊ ဖြစ်ကြောင်းများ

-ရုတ်တရက် ဝမ်းနာပြီးမွေးခြင်း
-ဝမ်းကြာရှည်စွာနာခြင်း
-အချင်းမဖွံ့ဖြိုးခြင်း
-ကိုယ်ဝန် အဆိပ်တက်ခြင်း
-ရက်လွန်ခြင်း
-သန္ဓေသားညှက်ခြင်း
-လမစေ့မွေးခြင်း၊ အမြွှာပူးမွေးခြင်း
-မိခင်သွေးအားနည်းခြင်း၊ မမွေးမီသွေးသွန်ခြင်း
-မိခင်တွင်ဆီးချိုရောဂါရှိခြင်း၊ ရေမြွှာစောစီးစွာပေါက်ခြင်း
-ရေမြွှာများခြင်း၊ ရောဂါပိုးဝင်ခြင်း
-မိခင်ဖခင်တွင် ပန်းနာရင်ကြပ်ရှိခြင်း
-ငယ်ချေးများကိုအဆုပ်အတွင်ဝင်ရောက်အောင် ရှုသွင်းမိခြင်း
-ခက်ခဲစွာမွေးဖွားရခြင်း
-ကိရိယာအကူအညီဖြင့် မွေးဖွားရခြင်း
-ချက်ကြိုးတွင် ပြဿနာရှိခြင်း

လက္ခဏာများ

-မွေးကင်းစကလေး နှလုံးခုန်သံ ၁၀၀ အောက်နှင့် ၁၈၀ အထက်ဖြစ်နေခြင်း
-ရေမြွှာတွင် ငယ်ချေးရောပါ၍ အရောင်စိမ်းခြင်း
-စက္ကန့် ၃၀ အတွင်းအသက်မရှုနိုင်ခြင်း
-မွေးကင်းစကလေး နှလုံးခုန်သံမူမမှန်ခြင်း၊ မြန်ခြင်း၊ နှေးခြင်း
-ကလေးမှာ ပြာခြင်း

ပြုစုစောင့်ရှောက်ခြင်း

-အသက် ရှုနိုင်ရန် ကူညီလုပ်ဆောင်ပေးခြင်း (အသက်ရှု လမ်းကြောင်းရှင်းပေးခြင်း၊ လေဝင် လေထွက် ကောင်းစေရန် ပြု လုပ်ပေးခြင်း)
-ရေမြွှာရည်နှင့် ငယ်ချေးများကိုပါစပ် နှာခေါင်းမှ ကိရိယာဖြင့် စုပ် ထုတ်ပေးခြင်း
-ကလေးအသက်ရှု ခက်ခဲမှု ပြင်းထန်ပါကဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်း

ပြင်းထန်ပါကဆေးရုံသို့ ညွှန်းပို့ရန် ဆုံးဖြတ်ခြင်းဆေးရုံသို့

-အသက်ရှုသွင်းလျှင် အသံကြားနေရခြင်း
-၁ မိနစ်လျှင် ၃၀ ကြိမ်အောက်နည်း၍ အသက်ရှုခြင်း
-အသက်ရှုစဉ် နံရိုးကြွက်သားချိုင့်ဝင်ခြင်း/ ရင်ညွန့်ချိုင့်ခြင်း
-အသက်ရှုထုတ်သောအခါ ညည်းသံကြားရခြင်း
-တိမ်ပြီးစည်းချက်မမှန်သောအသက်ရှုခြင်း
-လုံလောက်သောအသက်ရှုခြင်းကိုဆက်ပြီးမထိန်းသိမ်းနိုင်ခြင်း
-၁ မိနစ်လျှင် အကြိမ် ၆၀ ထက်အသက်ရှုခြင်း
-ကလေးလျှာနှင့် နှုတ်ခမ်းပြာခြင်း
-တစ်ကိုယ်လုံး ဖြူဖျော့ပြာနှမ်းခြင်း

မွေးစကလေးပိုးဝင်ခြင်း

-မမွေးဖွားမီမွေးဖွားစဉ်နှင့် မွေးဖွားပြီးအချိန်မရွေးဖြစ်နိုင်
-မွေးစကလေးပိုးဝင်ခြင်းသည် လွန်စွာကျယ်ပြန့်
-မျက်စိ၊ ချက်တိုင်၊ အရေပြား၊ ပါးစပ်နှင့် အစာလမ်းကြောင်း၊ ဆီးလမ်းကြောင်း၊ အဆုတ်နှင့် အသက်ရှု လမ်းကြောင်းများတွင် ပိုးဝင်တက်ပါသည်။

ဖြစ်နိုင်သောအခြေအနေနှင့် ဖြစ်ကြောင်းတရားများ

-မိခင်မွေးလမ်းကြောင်းမသန့်ရှင်းခြင်း
-မိခင်တွင် ကူးစက်ရောဂါပိုးရှိနေခြင်း
-ချက်ကြိုးကိုင်တွယ်ရာတွင် မသန့်ရှင်းခြင်း
-မိခင်နို့သီးနှင့် နို့ဗူးတိုက်ရာတွင် မသန့်ရှင်းခြင်း
-ကလေးအနှီးအဝတ် မသန့်ရှင်းခြင်း
-မိခင် ပြုစုစောင့်ရှောက်သူတို့မှ တဆင့် ကူးစက်ခြင်း (အကြောင်းတရားအခြေအနေများစွာ)

ရောဂါလက္ခဏာနှင့် ဆေးရုံသို့ ညွှန်းပို့သင့်သောအခြေအနေများ

-မျက်ဝတ်မှာ ပြည်အဖြစ်တည်လာခြင်း
-အဖျားကြီးခြင်း
-ပြင်းထန်သောဝမ်းလျှောဝမ်းပျက်ဖြစ်ခြင်း
-အသက်ရှုလျှင် နံရိုးချိုင့်ခြင်း၊ ရင်ညွန့်ချိုင့်ခြင်း
-ချက်တိုင်နှင့် ပတ်ဝန်းကျင် နီရဲတင်းမာခြင်း
-မေးခိုင်ခြင်း
-ကလေးနို့တင်းရောင်ခြင်း
-ပြင်းထန်သောအရေပြားပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း
-မွေးကင်းစကလေးပိုးဝင်ခြင်း၊ လမစေ့ ပေါင်မပြည့်မွေးခြင်း
-မွေးဖွားစဉ်ရေမွမ်းခြင်းများမှာမိခင်၏ ကံ၊ စိတ်၊ ဥတုအပေါ်တွင် များစွာတည်မှီသည်။
-မိခင်ဖြစ်သူသည် ပဋိသန္ဓေ ဆောင်စဉ်ကာလတွင် ကံစိတ် ဥတုအာဟာရမှန်သမျှကိုမှန်ကန်စွာကျင့်သုံးမည်ဆိုပါကသန္ဓေသားတွင်လည်းဓါတ်ကြီး (၅)ပါးညီညွတ်မျှတကာကျန်းမာသန်စွမ်းသောကလေးများမွေးဖွားပြီးကလေးသေနှုန်းကျဆင်းစေမည် ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်းရှောင်ကျဉ်ရန်

-ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများ
-အားကစားလုပ်ခြင်းများ
-အရက်သေစာသောက်စားခြင်း
-အအိပ်ပျက်ခံခြင်း
-အပျော်အပါးများခြင်း
-ဆေးလိပ်သောက်ခြင်း
-ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိုက်နာရန်

-ငါးပါးသီလဆောက်တည်ခြင်း
-သန္ဓေသားအားမေတ္တာပို့ခြင်း
-သရဏဂုံဆောက်တည်ခြင်း
-ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း
-သတ္တဝါများအားမေတ္တာပို့ခြင်း
-တစ်ကိုယ်ရေသန့်ရှင်းခြင်း
-မီးဖွားရန် အခန်းကိုလည်းစနစ်တကျ သန့်သန့်ရှင်းရှင်း ပြင်ဆင်ထားရှိခြင်း
-မိသားစုစီမံကိန်းထားရှိရန်
-ကိုယ်ဝန်ဆောင်စဉ် ကျန်းမာရေးဌာနများတွင် ပြသ၍ စောင့်ရှောက်မှုကိုခံယူပါ
-ကိုယ်ဝန်ဆောင်စဉ်နှင့် မီးဖွားစဉ် တစ်ကိုယ်ရည် သန့်ရှင်းခြင်းနှင့် အသုံးအဆောင် သန့်ရှင်းရေးကိုဆောင်ရွက်ပါ။

နိဂုံး

ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ၏ အနာဂတ် သည် မျိုးဆက်သစ် ကလေးငယ် များ၏ ကျန်းမာရေးနှင့် ဆက်စပ်လျက်ရှိပေရာတိုင်းရင်းဆေးပညာရှင်များအနေနှင့် ကလေးသူငယ် ကျန်းမာရေးစောင့်ရှောက်မှုတွင် ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။မွေးကင်းစကလေးသေနှုန်းများသောရောဂါများကိုတိုင်းရင်းဆေးပညာဖြင့် ကာကွယ်ခြင်းများ၊ ကျန်းမာရေးပညာပေးခြင်းများ ပြုလုပ်ပြီးထိုရောဂါများကိုတွေ့ရှိပါက ပြုစုကုသပေးခြင်း၊ ဆေးရုံသို့ ညွှန်းပို့ သင့်သောအခြေအနေများတွင် အချိန်မှီလွှဲပြောင်းပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ မွေးစကလေးသေနှုန်းလျော့ ချရေးဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာရှင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် ရေးသားတင်ပြအပ်ပါသည်။

ကျေးဇူးတင်လွှာ

CTME အစီအစဉ် ဖြစ်မြောက်ရေးအတွက် စီစဉ်ပေးသောတိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ်ကြီး နှင့်တကွ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းရင်းဆေးတက္ကသိုလ် MEU ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ (မန္တလေးတိုင်းဒေသကြီး) ဥက္ကဠနှင့် အဖွဲ့ဝင်များ၊ အဖက်ဖက်မှ ကူညီအားပေးသူများနှင့် CTME အားပံ့ပိုးကူညီပေးသောဒေါ်ခင်အုန်းမြင့် ပဉ္စရူပဆေးတိုက်တို့အားအထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားအပ်ပါသည်။ ဒေါ်ဝင်းယုအောင်(နည်းပြ)၊ ဦးသန်းအုန်း(ကထိက/ဌာနမှူး၊ ကလေးရောဂါ ပညာဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ဆီးချို{Gestational diabetes}


     ကိုယ်ဝန်ဆောင်ဆီးချို၁ဆိုသည်မှာယခင်ကဆီးချိုရောဂါမဖြစ်ဖူးသောအမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်ကာလ အတွင်းဆီးချို စတက်ခြင်း ဖြစ်သည်။ ကိုယ်ဝန်ကြောင့် ဖြစ်သောဆီးချိုကို ကိုယ်ဝန်ဆောင်များ၏ ၃-၁၀% အတွင်းတွင် တွေ့ရသည်။ ရောဂါဖြစ်ရသည့် အကြောင်းရင်းအတိအကျကိုမသိရသေးသော်လည်း ကိုယ်ဝန်ဆောင်ချိန် ထွက်လာသောဟိုမုန်းများကြောင့် အင်ဆူလင်ခုခံမှုတိုးခြင်းကိုအခြေခံသည်ဟုယုံကြည်ရသည်။ ဆီးချိုရှိသော ကိုယ်ဝန်ဆောင်တွင် ကလေးထွားခြင်း၂ ၊ကလေးငယ်၏ သွေးအတွင်းသကြားဓာတ်ပမာဏလျော့နည်းခြင်း၊ နှင့်အသားဝါရောဂါတို့ ဖြစ်တတ်သည်။
     ကိုယ်ဝန်ဆောင်ဆီးချိုကို ကုသ၍ရနိုင်ပြီးသကြားဓာတ်ကိုလုံလောက်စွာထိန်းသိမ်းခြင်းဖြင့် ဖော်ပြခဲ့သောကလေးထွားခြင်းစသည့် အခြေအနေများမဖြစ်ပေါ်အောင် ဟန့်တားနိုင်မည်ဟုယူဆဖွယ်ရှိသည်။
ကိုယ်ဝန်ဆောင် ဆီးချိုသည် ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးပြီးနောက်ပိုင်းတွင် ဆီးချိုအမျိုးအစား-၂ ဖြစ်ရန် အခွင့်အလမ်းအလွန်များသည်။ ဆီးချိုရှင် မိခင်များကမွေးသောကလေးများမှာလည်း အဝလွန်ခြင်း နှင့် ဆီးချို-၂ ဖြစ်နိုင်ချေများသည်။

အဓိပ္ပါယ်သတ်မှတ်ချက်
     ကိုယ်ဝန်ဆောင်ဆီးချိုကိုအဓိပ္ပါယ် သတ်မှတ်ထားသည်မှာ ကိုယ်ဝန်ရှိသည့် အချိန်တွင် စတင် တွေ့ရှိရသောမည်သည့် ဆီးချိုတက်မှုမျိုးကိုမဆိုကိုယ်ဝန်ဆောင်ဆီးချိုဟု ခေါ်ဆိုရန်ဖြစ်သည်။ ဤအဓိပ္ပါယ် သတ်မှတ်ချက် အရဆိုလျင် လူနာသည် ယခင်ကတည်းကဆီးချို ရောဂါ ဖြစ်ပွားခဲ့ပြီးရောဂါဖြစ်နေမှန်းမသိဘဲ ကိုယ်ဝန်ဆောင်သည့် အခါတွင်မှာရောဂါဖြစ်နေကြောင်းစတင်သိရှိရခြင်းမျိုးသို့တည်းမဟုတ် ဆီးချိုဖြစ်ချိန်နှင့် ကိုယ်ဝန်ဆောင်ချိန် ကာလတိုက်ဆိုင်သွားခြင်းမျိုးများလည်း ပါဝင်ရပေတော့မည်။

ဖြစ်နိုင်ချေအချက်များနှင့် ရောဂါလက္ခဏာများယခင် ကိုယ်ဝန်ဆောင် ကာလများတွင် ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးခြင်းသို့မဟုတ် သွေးအတွင်းသကြားဓာတ်ပမာဏပုံစံတကျမရှိခြင်း
  • -ဆွေမျိုးရင်းခြာထဲတွင် ဆီးချို-၂ ဖြစ်ဖူးခြင်း
  • -သက်ကြီး ကိုယ်ဝန်ဆောင်ခြင်းအများအားဖြင့် ၃၅ နှင့်အထက်)
  • -လူမျိုး( အဖြစ်များသောလူမျိုးများမှာအာဖိရကန်-အမေရိကန်များ၊ အာဖရို-ကာရေဘီယန်များ၊ အမေရိကန် များ၊ ပစိဖိတ် ကျွန်းသားများ နှင့် အိန္ဒိယနွှယ် လူမျိုးများ ဖြစ်သည်)                
  • ကိုယ်အလေးချိန်များသူများ အဝလွန်သူများ
  • -ယခင်ကိုယ်ဝန်တွင် ကလေးထွားခြင်း(၈ပေါင်၁၂အောင်စထက်များခြင်း)
  • - ယခင်ကိုယ်ဝန်တွင်ပုံမမှန်ခြင်းတစ်ခုခုဖြစ်ဖူးခြင်း
  • -ယင်းအချက်များအပြင် ဆေးလိပ်သောက်သူများတွင် ဖြစ်နိုင်ချေ ၂ ဆများသည်ဟုလည်းသိရသည်။၄၀မှ၆၀ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်ဆီးချိုရှင် များတွင်မူတင်ပြခဲ့သော ဖြစ်နိုင်ချေ များကိုရှာမတွေ့ရပြန်။ ထို့ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအားလုံးကိုဆီးချိုစစ်ဆေးရန် တိုက်တွန်းကြခြင်းဖြစ်သည်။ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ဆီးချိုသည်များမှာ မည်သည့် ရောဂါလက္ခဏာမှ ပြလေ့မရှိ။ အချို့တွင်မူရေငတ်ခြင်း၊ ဆီးသွားခြင်း၊ နုံးခြင်းပျို့ခြင်းအန်ခြင်း၊ ဆီးအိမ်အတွင်းပိုးဝင်ခြင်း နှင့် အမြင်အာရုံေ၀ဝါးခြင်းတို့ ဖြစ်တတ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ
ကိုယ်ဝန်ဆောင်ဆီးချို သည် မိခင်နှင့်ကလေး နှစ်ဦးစလုံးကို အန္တရာယ်ပြုနိုင်သည်။ သွေးအတွင်းသကြားဓာတ်ပမာဏများလေလေရောဂါနောက်ဆက်တွဲ ဖြစ်နိုင်ချေ များလေလေ ဖြစ်သည်။ သေချာစွာကုသထားလျင်မူရောဂါနောက်ဆက်တွဲအချက်အတော်များများကိုလျှော့ချနိုင်သည်။

ကလေးတွင် ကြီးထွားမှုနှင့် ဓာတုဆိုင်ရာပုံမမှန်ခြင်း ဖြစ်နိုင်သည်။ကလေးထွားခြင်းနှင့် ကလေးသေးခြင်း နှစ်မျိုးလုံး ဖြစ်နိုင်သည်။ ကလေးထွားလျှင်မူကိရိယာနှင့်မွေးရခြင်း(ဥပမာညှပ်ဆွဲမွေးခြင်း၊ လေစုပ်စက်နှင့်မွေးရခြင်း၊ ဗိုက်ခွဲမွေးရခြင်း) များလုပ်ရဖို့များသည်။ ရိုးရိုးမွေးပါကကလေးပုခုံးတစ်ခြင်း၃*** ဖြစ်ကောင်းဖြစ်နိုင်သည်။

ကလေးထွားခြင်းသည် သာမန် ကိုယ်ဝန်ဆောင်များ၏ ၁၂ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်ပြီး ကိုယ်ဝန်ဆောင် ဆီးချိုသည် များ၏၂၀ ရာခိုင်နှုန်းတွင် ဖြစ်ပေါ်တတ်သည်ဟုလေ့လာချက် တစ်ခုကဆိုထားသည်လည်းရှိသည်။ သို့သော် ဤကိန်းဂဏန်းများကိုအလုံးစုံမယုံကြည်အပ်သေး။ ဤဘာသာရပ်မှာသုတေသနလုပ်ရခြင်းများလွန်စွာရှုပ်ထွေးသည့် အပိုင်းဖြစ်သည်။

မွေးကင်းစကလေးများတွင် သွေးအတွင်းသကြားဓာတ် ကျဆင်းခြင်း၊ အသားဝါခြင်း၊ သွေးနီဥများခြင်း နှင့် ကယ်လစီယမ် ဓာတ်နည်းခြင်းမက်ဂနီဆီယမ်ဓာတ်နည်းခြင်းများဖြစ်နိုင်သည်။ အသက်ရှူကြပ်ခြင်းလည်း ဖြစ်နိုင်သည်။

ရောဂါအလားအလာ

ကိုယ်ဝန်ဆောင်ဆီးချို သည်များသည် မီးဖွားပြီးနောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားတတ်သည်။ ဒုတိယအကြိမ် ကိုယ်ဝန်ဆောင်သော် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်နှုန်းမှာလူမျိုးအလိုက် ၃၀မှ ၈၄ ရာခိုင်နှုန်းခန့်အထိ ဖြစ်နိုင်ချေ ရှိသည်။ ပထမကိုယ်ဝန်နှင့် ဒုတိယကိုယ်ဝန် သားဆက်ခြားကာလတစ်နှစ်အတွင်း ဖြစ်နေပါကဆီးချိုပြန်ဖြစ်နိုင်ချေ ပိုများသည်။

ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ဖူးသူများသည် အနာဂတ်တွင် ဆီးချိုအစစ် ဖြစ်နိုင်ချေများသည်။ Navajo study အရ ကိုယ်ဝန်ဆောင် ဆီးချိုသည်များ၏ နောက် ၁၁ နှစ်အကြာဆီးချိုအစစ် ဖြစ်နိုင်ချေမှာ ၅၀မှ ၇၀ ရာခိုင်နှုန်းဖြစ်သည်။

အခြားလေ့လာမှုတစ်ခုအရမူကိုယ်ဝန်ဆောင်ဆီးချို ဖြစ်ပြီးနောက် ၁၅ နှစ်အကြာတွင် ဆီးချိုဖြစ်နိုင်ချေမှာ ၂၅ ရာခိုင်နှုန်းနှင့် အထက် ဖြစ်သည်။

ကုသမှု

ကုသမှုတွင် အရေးကြီးသည့် ရည်မှန်းချက်မှာမိခင်နှင့် ကလေး၏ အသက် အန္တရာယ်ကိုလျှော့ချနိုင်ရန်ဖြစ်သည်။ သွေးအတွင်းသကြားဓာတ် ပမာဏကိုလျှော့ပေးခြင်းဖြင့် မိခင်နှင့်ကလေး၏ အန္တရာယ်ကိုလျှော့ချပေးရန် ရည်ရွယ် ထားသည်။ သို့ရာတွင် ဗိုက်ခွဲမွေးရခြင်းနှင့် မီးဖွားကာနီးအသေအပျောက်များခြင်းကိုလျှော့ချနိုင်သည်ဟုသက်သေမပြနိုင်သေးပါ။

လေ့ကျင့်ခန်း၊ အစားအသောက်၊ ဆေးဝါးနှင့် အင်ဆူလင်ကိုသုံး၍ကုသရသည်။

စောဒက

ကိုယ်ဝန်ဆောင်ဆီးချိုသည် အငြင်းပွားမှုများသောဘာသာရပ်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ဆီးချို ကိုရောဂါတစ်ခုအနေနှင့် ဆိုနိုင်မဆိုနိုင် ဟူသည်မှာလည်းမေးခွန်းတစ်ရပ်ဖြစ်နေသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ဆီးချိုသည်ဟု ကင်ပွန်းတပ်ခံရသောအမျိုးသမီးများမှာလည်းအကြောင်းမဲ့ ဗိုက်ခွဲမွေးခြင်းစသည်တို့ အပြုခံရဖို့ အခွင့်အတော်များနေသည်။ ကိုယ်ဝန်ဆောင်ဆီးချိုကို ဆေးပေးကုသထားခြင်းသည် ဗိုက်ခွဲမွေးခြင်းအပေါ် မည်သို့သက်ရောက်နိုင်သည်ကိုလည်းသက်သေပြနိုင်ခြင်းကလည်းမရှိပေ။

DrLwanwai

Gestational diabetes mellitus (GDM) is a condition that develops during pregnancy in women who have never had diabetes before. Gestational diabetes occurs in 3-10% of pregnancies. The exact cause of the disease is unknown, but it is believed to be due to increased insulin resistance caused by hormones released during pregnancy. Gestational diabetes can cause problems with the baby's growth, low blood sugar levels in the baby, and jaundice.
Gestational diabetes is treatable and it is thought that by maintaining adequate blood sugar levels, the conditions described above, such as preeclampsia, can be prevented. Gestational diabetes increases the risk of developing type 2 diabetes after pregnancy. Children born to mothers with diabetes are also at increased risk of obesity and type 2 diabetes.
Definition
Gestational diabetes is defined as any type of diabetes that begins during pregnancy. This definition includes cases where the patient has pre-existing diabetes and is unaware of it but is diagnosed during pregnancy, or cases where the onset of diabetes coincides with pregnancy.
Possible factors and symptoms: Having had gestational diabetes in a previous pregnancy or having abnormal blood sugar levels.
-A close relative with type 2 diabetes
-Older pregnancy (usually 35 years or older)
-Race (most common races are African-American, Afro-Caribbean, Native American, Pacific Islander, and Indian)
-Being overweight or obese
-Having a large baby in a previous pregnancy (more than 8 pounds 12 ounces)
-Having had a previous miscarriage
-In addition to these factors, smokers are twice as likely to develop type 2 diabetes. In 40 to 60 percent of women with gestational diabetes, the risk is not as high as previously reported. That's why all pregnant women are encouraged to get tested for diabetes. Usually, people with gestational diabetes don't have any symptoms. Some may experience increased thirst, urination, nausea, vomiting, bladder infections, and blurred vision.
Side effects
Gestational diabetes can be dangerous for both mother and baby. The higher the blood sugar level, the greater the risk of complications. If treated properly, many complications can be reduced.

The baby may have growth and chemical abnormalities. The baby may be either large or small. If the baby is large, it is more likely to need to be delivered by an instrument (such as forceps, vacuum extraction, or cesarean section). If the baby is born naturally, the baby may be breech.

One study suggests that large babies occur in 12 percent of normal pregnancies, while gestational diabetes occurs in 20 percent of pregnancies. However, these figures are not completely reliable. This is a very complex area of ​​research.

Newborns may have low blood sugar, jaundice, red blood cells, and low calcium and magnesium levels. They may also have difficulty breathing.
Disease potential
Gestational diabetes usually goes away after delivery. The risk of developing gestational diabetes in a second pregnancy is 30 to 84 percent, depending on ethnicity. The risk of developing diabetes again is higher if the first pregnancy and the second pregnancy occurred within a year of each other.

Women who have had gestational diabetes are at higher risk of developing diabetes in the future. According to the Navajo study, the risk of developing diabetes in the next 11 years for women with gestational diabetes is 50 to 70 percent.

Another study found that the risk of developing diabetes 15 years after having gestational diabetes is 25 percent or higher.
Treatment
The main goal of treatment is to reduce the risk of complications for both mother and baby. The aim is to reduce the risk of complications for both mother and baby by lowering blood sugar levels. However, there is no evidence that it reduces the risk of cesarean section and perinatal mortality.

Treatment includes exercise, diet, medication, and insulin.
Question
Gestational diabetes is a controversial topic. Whether or not it can be considered a disease is also a question. In addition, women who are diagnosed with gestational diabetes are more likely to undergo unnecessary cesarean sections. There is no evidence that treating gestational diabetes with medication affects the risk of cesarean sections.

ကင်ဆာကုသနိုင်မည့် ဆေးရွက်ကြီးပင်အကြောင်း




ဆေးလိပ်နှင့်ဆေးရွက်ကြီးသည် ကင်ဆာရောဂါဖြစ်စေသောအဓိကအကြောင်းရင်း ဖြစ်သည်။ နစ်ကိုတင်း
ကတ္တရာ၊ ကာဘွန်မိုနော့ဆိုက်စသည်ဖြင့်ဆေးလိပ်တွင်လူတို့အား အန္တရာယ်ပြုသည့် ဓါတ်ပစ္စည်း၄၀ကျော်ပါဝင် သည်ဟုဆိုပါသည်။
ကင်ဆာ ဖြစ်စေနိုင်သောဆေးရွက်ကြီးပင်မှာကင်ဆာကိုကုသနိုင်မည့် ဆေးကိုထုတ်ဖော် ရန် သုတေသနပညာရှင်များက ကြိုးပမ်းခဲ့ကြသည်။အမေရိကန်သိပ္ပံရှင်များသည် ဆေးရွက်ကြီးပင်ကိုကင်ဆာ
ကာကွယ်ဆေးဖော်ထုတ်ရန်စိုက်ပျိုးခဲ့ကြသည်။ Stand ford University in California မှသုတေသနပညာရှင် များကဆေးရွက်ကြီးပင်မှ ထုတ်လုပ်သောအင်တီဘော်လီပဋိပစ္စည်း (Antibody) သည် လင့်ကျိတ် ကင်ဆာ (Folliculor B-Cell Lymphoma or Non-Hodgkin's Lymphoma) ကိုတိုက်ဖျက်နိုင်စွမ်းရှိကြောင်းထုတ်ဖော် တင်ပြခဲ့ကြသည်။ လင့်ကျိတ်ကင်ဆာရောဂါများဆိုးဝါးပြင်းထန်သောကင်ဆာရောဂါတစ်မျိုးဖြစ်ပြီးကုသရာ၌ အခက်အခဲများစွာရှိသည်။ ယင်းကင်ဆာကိုကုသပေးနိုင်မည့် ပဋိပစ္စည်းကိုဆေးရွက်ကြီးပင်မှ ထုတ်လုပ်နိုင်မည် ဆိုခြင်းမှာဆေးပညာအတွက် အောင်မြင်မှု တစ်ရပ်ဟုဆိုရမည် ဖြစ်သည်။

http://futurestars-myanmar.ning.com/profiles/blog/show?id=6405389%3ABlogPost%3A515034&xgs=1&xg_source=msg_share_post

♥♥ရေးသားချိန်♥♥ 7:37 AM ♥♥ရေးသူ♥♥ ကိုဦး

B ပိုး C ပိုးသမားတွေ အတွက် သတင်းကောင်း *ဣဿရမူလီ*


ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။
ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochiaindica)* သာမညဣဿရီတဲ့။
ရှမ်းဘာသာကတော့ ဝမ်လီနုတ်ယုံး *(ဝ၊ခေ်လီခေူဂ့်ယုင်း*) လို့ခေါ်ပြီးတရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။

အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလိုအိမ်မှာအလှစိုက်ထားလေ့ရှိတယ်။
အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီးအဖြူ။ အဝါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။
အသီးကတော့ ကင်းမွန်သီးလိုခပ်ဆင်ဆင်ဖြစ်ပြီးအရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲအနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီးအရသာပေါ့တယ်။
ဘီပိုးရောဂါ၊ စီပိုးရောဂါရှိသူများအတွက် မကြာခင်ကသိရတဲ့ ဆေးကောင်းတစ်လက်ပါ။
ဒီဆေးအကြောင်းကို မန ္တလေး၊ ကျွဲဆည်ကန်နေနန်းမွေဖေါင် (2nd Year Law) ကနေတဆင့် သိရခြင်းပါ။
သူမအဖေရဲ့ မန္တလေးမိတ်ဆွေတစ်ဦးဘီပိုးရောဂါဖြစ်ပြီးယိုးဒယား၊ စင်္ကာပူအထိသွားကုတာသိန်းပေါင်းများစွာကုန်ပေမယ့် ရောဂါကမပျောက်ဖြစ်နေတယ်။

စိတ်ပျက်ပျက်နဲ့ မန္တလေးကိုရောက်တော့ မိတ်ဆွေ တစ်ယောက်ကဣဿရမူလီကိုသုံးကြည့်ခိုင်းတယ်။
သူလည်း (၃)လလောက် အဲဒီအရွက်ကိုအစိမ်းလိုက် တစ်နေ့ (၃)ခါ၊ တစ်ခါ လေးရွက် ငါးရွက်လောက် ဝါးစားပြီး ရေသောက်လိုက်တယ်။
နောက်ပိုင်းသူ့ရဲ့ အသားအရေလည်းအရင်လိုနီကြောင်ကြောင် နီရဲရဲမဟုတ်တော့ပဲအသားအရည်တွေ ဝင်းလာတယ်။ ကြည်လာတယ်။
ကျန်းမာရေးလည်းတော်တော်ကောင်းလာတာတွေ့ရတယ်။ နောက် (၅)လ ကြာတော့ သူယိုးဒယားကိုဆေးစစ်သွားတော့ ဟိုကဆရာဝန်တွေက အံ့သြစွာနဲ့ သူ့ရဲ့ ဘီပိုးရောဂါ လုံးဝပျောက်သွားကြောင်း၊ ဘာဆေးတွေ သုံးကြောင်းမေးလာတော့ သူကတိုင်းရင်းဆေးဣဿရမူလီဆေးကိုသုံးကြောင်းပြောလိုက်တယ်။
အခုသူကျန်းကျန်းမာမာပါပဲ။
*ဆေးသုံးစွဲနည်း*
(၁) အကောင်းဆုံးကတော့ အရွက်စိမ်းကို ဝါးစားပြီး ရေသောက်တာပိုထိရောက်တယ်။ (၂) သုံးခွက် တစ်ခွက် ကြိုသောက်ရင်လည်းရပါတယ်။ (၃) အရွက်ကိုအခြောက်လှမ်းပြီးလက်ဖက်ရည် သောက်သလိုမျိုးသောက်ရင်လည်းရတယ်တဲ့။
ဓါတ်ပုံကိုလားရှိုးမြို့ ရပ်ကွက် (၆) ရွှေလီကျောင်းအနီး၊ ဒေါ်နန်းရွှေကျောင်းအိမ်မှာသွားရိုက်ထားခြင်းဖြစ်တယ်။
ဣဿရမူလီမှတဆင့် ဘီပိုးအတွက် စီပိုးအတွက် ဆေးကောင်းတစ်လက်အဖြစ် ဆက်လက် တိုးတက်အောင် ဖေါ်ဆောင်နိုင်ပါစေ။
*သင်ရဲ့ မိတ်ဆွေထံဆက်လက် လက်ဆင့်ကမ်းပြီးဘေသဇ္ဇဒါန (ဆေးအလှူ) အဖြစ် ကုသိုလ်ယူကြပါရန် . . . . *
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
စဝ်ဆုခမ်း (တန့်ယန်း)