- ၁။ ဆင်တုံးမနွယ် လက်လေးသစ်ကို ပါးပါးလှီး၍ မကြာခဏ စားသုံးပါက သွေးအန်ရောဂါ ပျောက်၏
- ၂။ သွေးအန်၊ သွေးကျ၊ ချောင်းဆိုးသွေးပါရောဂါဖြစ်သူများ ဆီးဖြူသီးကို ပြုတ်ပြီးပျားရည်နှင့် စိမ်၍တစ်နေ့ သုံးလုံးမှ ငါးလုံးခန့်သုံးစွဲပေးပါက သက်သာပျောက်ကင်းစေပါသည်...။
- ၃။ နနွင်း ကို လက်ထုပ် ခေါက်မှုန့် နှင့် ရော၍ ရေနှင့် ကျိုပြီး ပျားရည် သင့်ရုံစပ်၍ သောက်ပါကသွေးအန်၊ သွေးလျှံ၊ သွေးဝမ်း ရောဂါ များ ပျောက်၏။
- ၄။ ကျွဲကျောင်းမင်ဆေး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို သောက်လျှင် သွေးအန်ရောဂါ ၊ ဝက်သက် ရောဂါ နှင့် ရင်ဘတ်အောင့်ခြင်း ပျောက်၏ ။
- ၅။ မီးကွင်းဂမုန်းအရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။
- ၆။ မုရားကြီး အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။
- ၇။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။
- ၈။ ခွေးလှေယားစေ့အနုက်ကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏
- ၉။ ကြစုသီးမှုန့်ကို မုရားကြီးရွက်ညှစ်ရည်ဖြင့် ၇ ကြိမ်တေ၍ ၇ ကြိမ် နေလှန်းပြီး ပျားရည်နှင့် တေ၍လျက်သော်သွေးအန် ၊ သွေးလျှံရောဂါ ပျောက်၏ ။
- ၁၀။ ဇော်ဂျီတောင်ဝှေးပင် အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။
Sunday, January 6, 2013
သွေးအန်ရောဂါ
Saturday, January 5, 2013
ဆီး တွင်သွေးပါသော ရောဂါ
- ၁။ ငုပင်၏ အသီးအနှစ်ကို သွေး၍ နေ့ဘက်တွင် ချက်၌ လိမ်းပေးသော် ဆီးအောင့်ဆီးချုပ်နှင့် ဆီး၌ သွေးပါသော ရောဂါပျောက်၏။
- ၂။ ဆီး၌ သွေးပါခဲ့သော် သနပ်ပစ္စည်းအရွက်ရည်ကို ဆေးခြောက် အနည်းငယ် နှင့် ရောသောက် ရ၏။
- ၃။ ပေါက်ပွင့်ကို ရေအေးတွင် တစ်ညလုံး စိမ်၍ နံနက်တွင် သကြား အနည်းငယ် ထည့်၍ သောက်လျှင် စအိုဝနာ ခြင်း ၊ ဆီးနှင့် ရော၍ သွေးပါခြင်း ၊ နှာခေါင်း သွေးယို ခြင်း တို့ကို ပျောက်ကင်းစေသည်။
- ၄။ ဆီးတွင် သွေးပါသော ရောဂါ အတွက် လောက်သေပင် အမြစ်ကို ငရုတ်ကောင်း အနည်းငယ် ထည့်ကျိုပြီး ဆီးပြွန် ချောင်းမှ ၎င်း ပြုတ်ဆေး ကို ဖန်ပြွန် ပိုက် စသည်ဖြင့် သွင်းပေး သော် ပျောက်၏။
ဇက်ကြောတက်
- ၁။ ဇက်ကြော တက် တဲ့သူတွေ အတွက်တော့ ချင်းတက်လေးကို ပါးပါးလှီး မီးကင်ပြီး ဇက်ကြောတက် တဲ့ နေရာမှာ ကပ်ပေးရင် သက်သာစေပါတယ်...။
- ၂။ ပိတ်ချင်းသီး ကို ရေနှင့် သွေး၍ မျက်စဉ်း ခတ်ပါက ဇက်ကြော တက်ခြင်း၊ ထိုင်းမှိုင်းခြင်း ပျောက်၏။
- ၃။ ဇက်ကြောတက် ၊ မျက်ရိုး ကိုက် သည့် နေရာများ တွင် မုန်ညင်းဆီ လိမ်းပေးက လည်း ပျောက်ကင်း၏။
ကားမူး (ကားတောက်)လျှင်
- ၁။ ကားမူး တတ်တဲ့သူများအတွက်တော့ ခရီးမသွားခင် ချင်းတက် အနည်းငယ်ကိုဝါး
စားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်..။
အသံဝင် လည်ချောင်းနာ
- ၁။ ချင်း နဲ့ ထန်းလျက်ကို သုံးခွက် တစ်ခွက်တင်ရောကျိုပြီး သောက်သုံးပါကအသံဝင်၊ လည်ချောင်းနာရောဂါများ ပျောက်ကင်းစေပါတယ်...။
- ၂။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။
- ၃။ပရုတ်အေး အရွက်ကိုပြုတ်သောက် သော် လည်ချောင်း နာခြင်း၊ ချောင်းဆိုး ခြင်း ပျောက်၏။
- ၄။ လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
- ၅။ နံနံစေ့ကို ဝါး၍ အရည်မျို ချပါက လည်ချောင်းနာ ခြင်း ပျောက်ကင်းသည်။
- ၆။ မန်ကျည်းသီးကို ရေနဲ့ အရည်ဖျော်ပြီး အာလုတ်ကျင်းပေးတာက လည်ချောင်းနာတာကို သက်သာစေပါတယ်။
- ၇။ လင်းလေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။
- ၈။ သံပရာ ရည်ပူပူနှင့် ပျားရည်ရော ၍ နေ့အခါ နှစ်ကြိမ် မျှ လျက်ပါက လည်ချောင်းနာ ရောဂါ ပျောက်ကင်း ၏။
ခံတွင်းနာ
- ၁။ ခရေပင်၏အခေါက်၊ဆီးဖြူခေါက်၊ရှားခေါက် ၃ မျိုးပြုတ်၍ငုံပေးခြင်းဖြင့် ပါးစပ်၌ မက်ခရုပေါက်ခြင်း၊ သွားဖုံး ရောင်ခြင်း၊ ပါးစပ်၌အပူလောင်ခြင်း၊ ရေစီးကမ်းပြို ဖြစ်ခြင်းစသောခံတွင်းနာအားလုံးပျောက်ကင်း စေသည်။
- ၂။ ဒန့်သလွန် အစေးကို ပါးစပ်၌ ငုံပေး သော် သွားပုပ်ခြင်း ပျောက်၏။
- ၃။ သင်္ဘောမဲဇလီအရွက် ကိုကျကျ ပြုတ်၍ ခပ်နွေးနွေး အုံပေးသော် ခံတွင်း၌ အနာ အဖုများ ပေါက်ခြင်း၊ ရောင်ရမ်းခြင်း များပျောက်၏။
- ၄။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကိုငုံပေးလျှင်ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်း များကို ဖန်ရေဆေး ပေးနိုင်သည်။
- ၅။ ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်းခြောက် ကွဲနာ ပျောက်၏ ။
- ၆။ နွားမြေရင်း ခေါင်းကို သွေး၍ လျှာကို ပွတ်ပေး ပါက လျှာရင်းတွင် ရှိသော အဖု အပိမ့် များပျောက် ၏။
နှလုံးရောဂါ
- ၁။ ခရေပင်၏ အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။
- ၂။ ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော် နှလုံးတုန်ခြင်း ၊ စိတ်ခြောက်ခြား ခြင်းပျောက်၏ ။
- ၃။ ဇာတိပ္ဖိုလ်သီး ကို သွေး၍ ပျားရည်နှင့် စားပါက နှလုံးအားနည်းခြင်းကို သက်သာစေသည်။
- ၄။ ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။
- ၅။ နှလုံး၊ ကျောက်ကပ်ရောဂါ =ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တစ်လုံး၊ညအိပ်ရာဝင်တစ်လုံး စားပေးပါ။
- ၆။ ကရမက်ကိုသွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း ၊ သောက်ခြင်းဖြင့်လည်းကောင်း ၊ သလိပ်ကြေစေပြီး နှလုံးရောဂါ ၊ ဆီးရောဂါ ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။
- ၇။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။
- ၈။ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ၉။ဖာလာစေ့ နှင့် ပိတ်ချင်းမြစ် တို့ကို အမှုန့်ပြု၍ ထောပတ်နှင့် ရောလျက်သော် နှလုံးရောဂါ ပျောက်၏။
- ၁၀။ မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။
- ၁၁။ ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။သွေးကြောနံရံများမာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။ထို့ပြင် Folateဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ဝင်ပြန်သည်။ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများကျဉ်းစေသည်။နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လဖြတ်ရောဂါဖြစ်စေသည်။ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။
- ၁၂။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ရဲယိုရွက် ကို ဟင်းချို ချက်သောက်က ပျောက်စေ၏။
- ၁၃။ ဧကရာဇ်ပင် အမြစ်ကို ဆန်ဆေးရည် နှင့် သွေးပြီး သကြား ဆားပါ ထည့်သောက်က နှလုံးတုန်၊ ရင်ခုန်၊ ခေါင်းမူး ပျောက်သည်။
- ၁၄။ ကြောင်လျှာအသီးကို ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
လေထိုး လေအောင့်
- ၁။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။
- ၂။ ငုပင်၏ အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။
- ၃။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ထားဝယ်မှိုင်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။
- ၄။ နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ကြိမ် သောက် သော် လေထိုး လေအောင့်ရောဂါ ပျောက်၏။
- ၅။ ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။
- ၆။ ပရုတ်အေး အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။
- ၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုျနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။
- ၈။ စံကားဝါအခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။
- ၉။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
- ၁၀။ ဆူးပုပ်အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကိုလည်းကောင်း၊အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။
- ၁၁။ မန်ကျဉ်းပင်အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏
- ၁၂။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။
- ၁၃။ လက်ထုတ်ကြီး အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။
- ၁၄။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။
- ၁၅။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
- ၁၆။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။
- ၁၇။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။
- ၁၈။ ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။
- ၁၉။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။
သက်တန့်နာ
၁။ ခံတက်ပင်သည် သက်တန့်နှင့် အနာပေါက်နာတို့၌ အခေါက်ကို ပရန္နဝါ မြစ်နှင့် သွေးသောက်သော် လျင်မြန်စွာ ပျောက်၏။
ယားနာ
- ၁ ။ ကျွန်းပင်၏ အသီးကို ဆီနှင့် သွေးလိမ်းသော် ယားနာ ပျောက်၏ ။
- ၂။ ခရေပွင့်အခြောက်ကို သနပ်ခါးဖြင့် ရောသွေးလိမ်းက အပူကြောင့်ဖြစ်သောမိတ်နာ၊ ယားနာများအမြန်ပျောက်ကင်း၏။
- ၃။ ငုပင်၏ ပဉ္စငါးပါး(အမြစ်၊ အခေါက်၊အသီး၊အပွင့်၊အရွက်)ကို ရေနှင့် သွေးလိမ်းသော်ပွေးနာ၊ ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါတို့ကို ပျောက်၏။
- ၄ ။ တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏ ။
- ၅။ နံ့သာဖြူ နှင့် သံပရာရည် ဖျော်လူးပါက ယားယံခြင်း ပျောက်၏ ။
- ၆။ ကင်း ၊ ပင့်ကူကိုက်ခြင်း ၊ ကိုယ်လက် ကိုက်ခဲခြင်း ၊ အသားကွက်၍ ယားယံခြင်း ၊ ရောင်ခြင်း များအတွက် နလင်ကျော် ကို ဆားနှင့် သွေး၍ လိမ်းလျှင် အခိုးရ ၍ ပျောက်ကင်းသည်။မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၇ ။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများကို ကံ့ကော် ဝတ်ဆံနှင့်သနပ်ခါး ကြိတ်၍ သွေးလိမ်းပါက အနာများကို ပျောက်၏ ။
- ၈။ ကင်ပိမ့်အရွက်မှ ထုတ်၍ ရသော အဆီသည် အပူနာ ၊ ယားနာ ၊ နှင်းခူတို့ကို ပျောက်ကင်းစေသည်။
- ၉။ ကရမက်ကိုသွေးလိမ်းခြင်းဖြင့် ကိုယ်သားကိုယ်ရေကို အေးမြစေပြီး ယားယံခြင်း ပျောက်၏ ။
- ၁၀။ ကျွဲကျောင်းမင်ဆေး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ပွေး၊ ဝဲ ၊ ယားနာ ၊ အရေပြားရောဂါတို့၌ သုတ်လိမ်း ပေးလျှင် ပျောက်၏ ။
- ၁၁။ ဆယ့်နှစ်ရာသီ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
- ၁၂။ ဆယ့်နှစ်ရာသီ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
- ၁၃။ ဆိတ်ဖလူးအရွက်ကို ကြိတ်၍ လိမ်းသော် ပွေးနာပျောက်၏ ။
- ၁၄။ ဆိတ်ဖလူးအရွက်ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာ ပျောက်ကင်း၏ ။
- ၁၅။ဆီးဖြူသီးအခြောက် သို့မဟုတ် အစိုကို သွေး၍ သံပရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သော ယားယံနာ၊ ပွေးညှင်း၊ တင်းတိပ်များကို လိမ်းပေးက ပျောက်၏။
- ၁၆။ ပင့်ကူထိပ်ပိတ် အရွက် ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းပေး ပါက ယားယံ ခြင်းကို ပျောက်ကင်း စေ၏။
- ၁၇။ ဒန့်ကျွဲ စေ့နှင့် ပရန္နဝါ ရော၍ စားခြင်း ၊ လိမ်းခြင်း ပြုသော် ပွေးနာ ပျောက်၏ ။
- ၁၈။ အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
- ၁၉။ မဉ္ဇူပန်းပင် အရွက်စိမ်း ကြိတ်ရည် ညှစ်ရည်နှင့် လိမ်းပေးသော် အရေ ပြား ပေါ် တွင် ယားဖု ကလေးများ ပေါက်၍ မနေနိုင် အောင် ယားယံခြင်း ပျောက်၏။
- ၂၀ ။ မုန်ညင်းဆီ ၊ မရိုးရွက် ရည်၊ နနွင်းတက် ၎င်းသုံးမျိုး ကို ရောချက် ၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာများ ကို လူးပေးပါက ပျောက်ကင်းသည်။
- ၂၁။ လိပ်ဆူးရွှေ ပဉ္စငါးပါးကို ကြိတ်၍ နှမ်းဆီနှင့် ရောချက်ပြီး ယားနာ၊ ပွေးနာနှင့် အနာပေါက် များကို လိမ်းရ၏။
- ၂၂။ လိပ်ဆူးရွှေအရွက် ကြိတ်၍ ရသော အရည်ကို ခြေဖဝါး၊ ခြေချောင်း ကြား၌ ဖြစ်သော ဝဲနာ၊ ယားနာ တို့အား လိမ်းပေးလျှင် ပျောက်၏။
- ၂၃။ ယားနာ၊ ပွေးနာ ၊ အရေပြား ၌ အမည်းကွက် များ ပေါက်ခြင်း ၊ အမွေးများ ကျွတ်ခြင်း စသော ရောဂါ များ အတွက် သံပရာ သီးကို ထက်ခြမ်း ပြု၍ ၎င်း အခြမ်းဖြင့် နာနာပွတ် တိုက်ပေးပါ က ပျောက်၏ ။
- ၂၄။ သင်္ဘောသီး စိမ်းမှ ထွက်သော အစေးဖြင့် ယားနာ၊ ပွေးနာနှင့် အရေပြား ရောဂါများ ကို လိမ်းပေးက ပျောက်၏။
- ၂၅။ လက်ချားမှုန့် နှင့် ဖန်ခါးသီးမှုန့် ကို သင်္ဘောမဲဇလီမြစ် သွေးရည်နှင့် ဖျော်လိမ်းက ပွေးနာ ပျောက်၏။
- ၂၆။ ငုပင်၏ အရွက်ကို ရှာလကာရည်နှင့် ကျောက်ပြင်တွင် ကြိတ်ပြီး ထိုကြိတ်ရည်ဖြင့်လူးသော် နူနာနှင့် အခြားအရေပြားရောဂါများ ပျောက်၏။
- ၂၇။ စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
- ၂၈။ ပွေးနာ၊ အရေပြား ယားနာ ဖြစ်လျှင် ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။
- ၂၉။ အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။
- ၃၀။ ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။
- ၃၁။ ကင်ပွန်းသီးကိုကြိတ်၍ အရေပြားရောဂါကို လိမ်းပေးလျှင် ပျောက်၏။ ၇။ ဆယ့်နှစ်ရာသီ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
- ၃၂။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။
- ၃၃။ မရိုးမြစ် မှုန့်နှင့် ပျားရည် ရောသောက်က အရေပြား ရောဂါနှင့် အနာကြီး ရောဂါ ပျောက်၏ ။
- ၃၄။ ယူကလစ်အဆီကို အရေပြား ပေါ်၌ ဖြစ်ပေါ် တတ်သော အနာ ရောဂါများ ပေါ်တွင် လိမ်းပေးရ၏။
- ၃၅။ အရေပြား ရောဂါများ အတွက် မြင်းခွာ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
- ၃၆။ သင်္ဘောမဲဇလီအပွင့်ကို ညက်ညက် ကြိတ်၍ လိမ်းသော် အရေပြား ရောဂါ ပျောက်၏။
- ၃၇။ သင်္ဘောမဲဇလီအရွက်ဖြင့် ပွေး၊ ဝဲ၊ နှင်းခူ စသော အရေပြား ရောဂါ များကို နေ့၌ ၂ ကြိမ် မှန်မှန် ရက်အတန် ကြာ ပွတ်ပေးသော် ပျောက်၏။
- ၃၈။ သင်္ဘောမဲဇလီအရွက်ကို ထောင်း၍ တမာရွက်ရည် နှင့် လိမ်းကျံ ပေးသော် ဝဲနာ၊နူနာ များ ပျောက်ကင်း၏။
- ၃၉။ ချေးသီးကို အင်တွဲနှင့်ရော၍ နှမ်းဆီဖြင့်ချက်ပြီး ယားနာ၊ခြေကွဲနာတို့ ကိုလိမ်းပေးရ၏။
- ၄၀။ ချေးသီးကို နှမ်းဆီဖြင့်သွေး၍ လိမ်းပေးပါက ပွေးနာများ ပျောက်ကင်း၏။
- ၄၁။ ဗောဓိညောင် အခေါက်ကို ရေနှင့် ထက်ဝက်ခန်းအောင် ကျို၍ လည်းကောင်း ၊ ပြုတ်၍ လည်းကောင်း သောက်သော် အရေပြားရောဂါအမျိုးမျိုးနှင့် ယားနာ ပျောက်၏ ။
- ၄၂။ ရေသကျည်း အခေါက် ကြိတ်ညှစ်ရည် ကို အရေပြား ရောဂါ ရှိသူများအား တိုက်ကျွေးခြင်း၊ အစေ့ ကို သွေး၍ လိမ်းကျံပေး ခြင်းပြုရ၏။
- ၄၃။ ရွှေနွယ်ပင် ကို ညက်အောင် ကြိတ်၍ ရေနှင့် မပျစ်မကျဲ ဖျော်ပြီး ယားနာ များကို လိမ်းပေးသော် ပျောက်ကင်း၏။
- ၄၄။ ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို ပျောက်ကင်းစေသည်။
- ၄၅။ ကြောင်ရိုသေပင်အရွက်ရည် သည် ဝဲခြောက် ၊ ပွေး ၊ ယားနာ စသော အရေပြား ရောဂါ တို့ကို ပျောက်ကင်းစေသည်။ တမာဆီနှင့် ရောလိမ်းသော် အမျိုးမျိုးသော ယားနာကို ပျောက်ကင်းစေ၏ ။
- ၄၆။ နွယ်သာကီ အမြစ်ခေါက် မှုန့်ကို ပွေးနာနှင့် အခြား အရေပြား ပေါ်ဖြစ်သော ယားနာများ တွင် အသုံးပြု နိုင်သည်။
- ၄၇။ နွယ်သာကီ အရွက် ကို အမှုန့်ပြု၍ ယားနာ၊ ပွေးနာ များတွင် လည်းကောင်း၊ ပြုတ်ရည် ကို အရောင် ကျ စေရန် လည်းကောင်း လိမ်းပေးလျှင် ပျောက်ကင်း၏။
- ၄၈။ နွားမြေရင်း ခေါင်းကို သွေးလိမ်းက ကိုယ်လက် ရောင်ရမ်းခြင်း၊ ယားယံခြင်း နှင့် နူနာ ဖြစ်စရောဂါ ရေယုန်၊ ဝဲစို ဝဲခြောက် ရောဂါ တို့ ပျောက်၏။
- ၄၉။ ကြက်သွန်ဖြူဥ တစ်လုံး၏ အောက်ပိုင်းကို လှီး၍ ထွက်လာသော အစေးရည် နှင့် ပွေး ၊ ဝဲ ၊ တင်းတိပ် ၊ ဝက်ခြံတို့ကို မကြာခဏ ပွတ်ပေးက ပျောက်၏ ။
- ၅၀။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို သွေးလိမ်းသော် ဝဲစို ၊ ဝဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြားအနာအဆာများပျောက်၏။
ဝမ်းရောဂါ
- ၁ ။ကျွန်းပင်၏အခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏ ။
- ၂။ ခရေသီး၏ အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် အဆက်မပြတ်သွားသော ဝမ်းရောဂါ ပျောက်ကင်း စေနိုင်သည်။
- ၃။ ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။
- ၄။ စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
- ၅။ စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
- ၆။ စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။
- ၇။ ဆီမီးတောက် အရွက်အမှုန့်ကို ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိတုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာမည်။
- ၈။ ဇာတိပ္ဖိုလ်သီးကို ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏ ။
- ၉။ ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ပျောက်ကင်း၏ ။
- ၁၀။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
- ၁၁။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၁၂။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။
- ၁၃။ ပရုတ်အေး အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။
- ၁၄။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။
- ၁၅။ ခပေါင်းရေကြည်စေ့ကို သွေး၍ ဒိန်ချဉ်ရေဖြင့် ၇ ရက်စေ့အောင် သောက်သော် အလွန်ပျောက်ခဲသော ဝမ်းပျက်ရောဂါ ပျောက်၏ ။
- ၁၆။ ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။
- ၁၇။ ငရုတ်ကောင်းစေ့ကို ရှိန်းခို ၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီး စားပါကအဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါ ပျောက်၏။
- ၁၈။ ငရံ့ပတူအရွက်ကိုပြုတ်၍ သုပ်စားခြင်းဖြင့် လေကောင်း၍ ဝမ်းမှန်စေသည်။
- ၁၉။ နန်းလုံးကြိုင်အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏ ။
- ၂၀။ နီပါးဆေးပင်(တောရဲယို)အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ဝမ်း သွားသော် တိုက်ရ၏ ။
- ၂၁။ ပြည်ပန်းညိုအရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။
- ၂၂။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏
- ၂၃။ မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။
- ၂၄။ မိဿလင် ကို ရေသင့်ရုံ နှင့် ကျို၍ သောက်သော် ပင်လယ် အူလျှောက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့်၍ ဝမ်းသွားခြင်း များ ပျောက်၏။
- ၂၅။ မိဿလင် ကို နံနံစေ့ နှင့် ရေထည့် ကျိုပြီး တစ်ဝက်မျှ အကျန်တွင် တစ်ခွက်စာ ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှော ရောဂါ ပျောက်ကင်း၏။
- ၂၆။ ရွက်ကျ ပင်ပေါက် အရွက် ကို ကြိတ်၍ ရသော အရည်ကို သောက်ပေး ပါက ကာလ ဝမ်းရောဂါ ပျောက်ကင်း ၏။
- ၂၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ခြောက် များကို ရေစိမ်၍ သောက်ပါက ဝမ်းသွား ခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏ ။
- ၂၈။ သစ်ကြံပိုး အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ဝမ်းသွားခြင်း ပျောက်၏။
- ၂၉။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ဝမ်းပျက် ရောဂါနှင့် ဝမ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။
- ၃၀။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။
- ၃၁။ ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။
- ၃၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။
- ၃၃။ ဝမ်းဗိုက် အမြဲ ထိုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။
- ၃၄။ ကြောင်ရိုသေပင်အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။
- ၃၅။ ကြောင်လျှာအသီးကို ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
- ၃၆။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။
- ၃၇။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။
ထိပ်ကပ်နာ
- ၁။ ကျီးအာမြစ် အမှုန့်ကို ထိပ်ကပ်နာ ရောဂါဖြစ်လျင်ရှူရ၏ ။
- ၂။ နှာပိတ်၊ နှာပုပ်၊ ထိပ်ကပ်နာ ဖြစ်က နလင်ကျော်မှုန့် ရှူလျှင်ပျောက် ၏ ။ ကလေးချက် ကြိုးနာပေါ် တွင် လည်း အမှုန့်ဖြူး ပေး နိုင်၏ ။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၃။ ထိပ်ကပ်နာ ရှိသူများ ညအိပ်ရာ ဝင်ချိန် နှာခေါင်း တွင်းသို့ မုန်ညင်းဆီ အနည်းငယ် ထည့်ပေးက ပျောက်၏။
- ၄။ သြဇာအရွက်ကို ချေ၍ ရှူပေးသော် အမူးအမော် နှင့် ထိပ်ကပ်နာ ပျောက်၏။
- ၅။ ဇော်ဂျီတောင်ဝှေးပင် အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။
သလိပ် ကြေ
- ၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။
- ၂။ သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
ပန်းနာ၊ ရင်ကျပ် ရောဂါ
- ၁။ ကျီးအာသီး အသီးခြောက်ကို ချေ၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။
- ၂။ ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။
- ၃။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။
- ၄။ အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့်ကြော်စားပါ။
- ၅။ ကပ်စေးနဲ(နွားမြီးကပ်)အမြစ်မှုန့်ကို နွားနို့များများနှင့် အမြှပ်ထအောင် မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာ ချောင်းဆိုးရောဂါပျောက်၏ ။
- ၆။ ကျွဲကျောင်းမင်ဆေးကို ပြုတ်၍ သောက်လျှင် ပန်းနာ ၊ရှိုက်နာ၊ ပြွန်ချောင်းများရောင်တင်းသောရောဂါပျောက်၏။ ကလေးများ အတွက်မူ ချောင်းဆိုးရောဂါ၌ သုံးရသည်။
- ၇။ ခန်းတောက်မြစ်၊ ငရုတ်ကောင်းတို့ကို ညက်အောင် ကြိတ်၍ ပဲစေ့မျှလုံးထားပြီး နံနက် ည တစ်လုံးစီ သောက်သော် သလိပ်၊ချောင်းဆိုး၊ပန်းနာရင်ကျပ် ရောဂါပျောက်၏။
- ၈။ ခန်းတောက်မြစ်၊ရွှေတံတိုင်းမြစ်ခေါက်နှင့် ဘောက်ခွေးမြစ်ခေါက်တို့ကို အမျှယူ၍ အမှုန့်ပြုပြီး အခိုးအဖြစ် ရှူပေးသော် ပန်းနာ ရင်ကျပ်ရောဂါနှင့် ချောင်းဆိုး ရောဂါပျောက်၏။
- ၉ ။ နံနံစေ့ကို ဆန်ဆေးရည် တွင်စိမ်၍ သကြားသင့် ရုံရောပြီး တိုက်ပါက ကလေးများ ချောင်းဆိုး ပန်းနာ ပျောက်ကင်း၏ ။
- ၁၀။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏ ။
- ၁၁။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။
- ၁၂။ ဂမုန်းကြက်သွန်ဖြူ(မချစ်ဥ)ကို အမှုန့်ပြု၍ လိမ္မော်ခွံနှင့် ပြုတ်ပြီးသောက်ခြင်းဖြင့် ပန်းနာရောဂါ နူနာရောဂါများ ပျောက်ကင်းစေ၏။
- ၁၃။ပဒိုင်းရွက် ကို ပါးပါး လှီး နေလှန်းပြီး ဆေးလိပ် ကဲ့သို့ လိပ်၍ သောက်ရှူ သော် လတ်တလော ပန်းနာ ရင်ကျပ် ဝေဒနာမှ သက်သာ စေ၏။
- ၁၄။ မရိုးရွက် ကြိတ်ညှစ် ရည်ကို ဆား အနည်းငယ် ထည့်သောက်သော် သလိပ်နာ ၊ ပန်းနာ ၊ ဝမ်းဗိုက်နာ ၊ ဝမ်းရောင်နာ များ ပျောက်၏ ။
- ၁၅။ မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။
- ၁၆။ ယူကလစ်အရွက်ကို ပြုတ်၍ အခိုး အငွေ့ ရှူရှိုက် သော် ပန်းနာ ကြောင့် ရင်ကျပ်ခြင်း ပျောက်၍ အသက်ရှူ လွယ်လာ၏။
- ၁၇။ ရင်းပြားနီမြစ်မှုန့် ၁ ဆ၊ ချင်းခြောက်မှုန့် ၁ ဆ ကို ချင်းစိမ်းရည် နှင့် ရောလျက် သောက်သော် ချောင်းရိုးရိုး ဆိုးခြင်း၊ ပန်းနာ၊ ကြက်ညှာ၊ ရင်ကျပ် ချောင်းဆိုး ရောဂါ များ ပျောက်၏။
- ၁၈။ ရဲယိုအသီးကိုပျားရည်နှင့် ခေါက်စားလျှင် ချောင်းဆိုး ရောဂါနှင့် ပန်းနာ ကို ပျောက်စေသည်။
- ၁၉။ သစ်ဆိမ့်သီးးခွံ ကိုသွေး၍ ပျားရည် နှင့် လျက်သော် ပန်းနာ ၊ ရင်ကျပ် ၊ ချောင်းဆိုး ပျောက်၏။
- ၂၀။ သီးသီး အစိမ်းရည်ကို တစ်နေ့ တစ်ကြိမ် သောက်က ပန်းနာ ရင်ကျပ် ပျောက်၏။
- ၂၁။ သင်္ဘောမဲဇလီအဖူးနှင့် အရွက်ကို ပြုတ်သောက် ပါက အသက်ရှူ ပြွန်ချောင်း ရောင်သော ရောဂါနှင့် ပန်းနာ ရောဂါကို သက်သာစေ၍ ဝမ်းကို သက်စေပြီး ဆီးကို များစေသည်။ သလိပ် ကိုလည်း ကျစေ နိုင်၏။
- ၂၂။ ကျောက်ဖရုံမြစ်မှုန့်ကို ရေနွေးနှင့် သောက်လျှင်ချောင်းဆိုးရောဂါနှင့် ပန်းနာရင်ကျပ် ရောဂါ ပျောက်၏။
- ၂၃။ ဗောဓိညောင် အသီးခြောက်ကို ကြိတ်၍ ရေနှင့် ရောပြီး အနည်းငယ်ခန့် သောက်သော် ပန်းနာ ၊ ရင်ကျပ်ရောဂါ ပျောက်၏ ။
- ၂၄။ ဗောဓိညောင် အမြစ်ကို သိန္ဓောဆားထည့်ပြုတ်ပြီး ပြုတ်ရည် အနည်းငယ်ကို သောက်ပေးက ပန်းနာရောဂါ ပျောက်၏ ။ ချွဲကို လည်း ကျစေသည်။
- ၂၅။ ဗောဓိညောင် အမြစ်မှုန့် နှင့် ချင်းမှုန့်ရောစားက လေနှင့် ပန်းနာ ၊ ချောင်းဆိုး ၊ ထိုးအောင့်ခြင်း ၊ အော့အန်ခြင်း နှင့် ဆင်ခြေထောက်ရောဂါများ ပျောက်၏ ။
- ၂၆။ ကြောင်ရိုသေပင်အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။
- ၂၇။ ကြောင်လျှာအခေါက်မှုန့်ကို ချင်းရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။
- ၂၈။ ကြောင်လျှာအသီးကို ကြက်သားနှင့် ချက်စားပါက ပန်းနာရောဂါ ပျောက်၏ ။
- ၂၉။ ကြစုသီးကို ထုခြေ၍ ဆေးတံတွင်ထည့်သောက်သော် ပန်းနာရောဂါ ပျောက်၏။
အအေးမိ၊ တုတ်ကွေး ရောဂါ
- ၁။ ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးသူများ အနေဖြင့် အအေးမိရောဂါ ၊ တုပ်ကွေးရောဂါ နှင့် ကပ်ပါးပိုးဆိုင်ရာရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း တင်ပြအပ်ပါသည် ။
- ၂။ ချင်း နဲ့ ထန်းလျက်ကို သုံးခွက်တစ်ခွက်တင် ရောကျိုပြီး သောက်သုံးပါက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့ ရောဂါများပျောက်ကင်းစေပါတယ်...။
- ၃။ အအေးမိ၊ နှာစေး၊ ချောင်းဆိုး လျှင် ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
- ၄။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် သစ်ကြံပိုး အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။
- ၅။ တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။
မျက်နှာပေါင်းတင်မယ်
၁။ ဖရဲသီးကိုညှစ်ပြီးအဖတ်ကိုမျက်နှာနဲ့လည်ပင်းနေရာတွေကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကိုပြန် ဆေးပေးပါ။ ဒါက ရိုးရိုးနည်းဖြစ်ပါတယ်။မျက်နှာမှာ နေလောင်ဒဏ်တွေ၊နေပူထဲခဏခဏသွားရလို့ မျက်နှာမည်းညစ်နေတဲ့သူဆိုရင်တော့ဖရဲသီးနဲ့ သခွားသီးကိုအချိုးကျညှစ်ပြီးအဖတ်နဲ့လိမ်းပေးရမှာဖြစ်ပါတယ်။ မိနစ် ၂၀ လောက်ထားပြီးမှရေနဲ့ပြန်ဆေးပေးပါ။ သာမန်အသားအရေအတွက်ဖရဲသီးပေါင်းတင်နည်းဟာ အရေ ပြားကိုနှုးညံ့ရွန်းစိုလာစေပြီး နေလောင်ဒဏ်အသားအရေများအတွက် မည်းညစ်နေတာတွေပျောက်ကင်းပြီး ရှင်းသန့်လာစေပါတယ်။၂။ ဖရဲသီးအရည် ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ဘရန်ဒီဝီစကီ ထမင်းစားဇွန်း တစ်ဇွန်း၊ဆေးဖက်ဝင် သစ်ခေါက်ရည် ထမင်စားဇွန်း နှစ်ဇွန်း၊ ရေသန့်ထမင်းစားဇွန်း နှစ်ဇွန်း၊ အားလုံးကို စုပေါင်းပြီးမွှေပါ။ မျက်နှာကို အရင်ဆုံးသန့်စင်ထားပါ။ အဲဒီနောက် ရလာတဲ့ ဖရဲသီးတိုနာကို ဂွမ်းစနဲ့ တို့ယူပြီး မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ကြက်သီးနွေးရေနဲ့ မျက်နှာသစ်ပေးပါ။၃။ ဖရဲသီး Toner ရဲ့ ပါဝင်ပစ္စည်းတွေ အားလုံးကို စုဖို့ အခက်အခဲရှိတယ်ဆိုရင်တော့ဆေးဖက်ဝင်သစ်ခေါက်ရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေသန့်အနည်းငယ်ရှိရုံနဲ့လည်း ပြုလုပ်နိုင်ပါတယ်။ဖရဲသီးစိတ်လေးတွေကို အစေ့မဖယ်ဘဲ မွှေစက်ထဲမှာ သစ်ခေါက်ရည်နဲ့ ရေရောပြီးမွှေပါ။ဖရဲစေ့မှာ Omega-6 နဲ့ Omega-9 မရှိမဖြစ် အဆီဓာတ်တွေပါဝင်ပြီး အဲဒီအဆီဓာတ်တွေကအရေပြားရဲ့အတွင်းပိုင်းထိ အလွယ်တကူ ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။၄။ သင့်မျက်နှာက အဆီပြန်တတ်ရင်တော့ ဖရဲသီးအရည်အနည်းငယ်၊ဘရန်ဒီဝီစကီနဲ့ ရေ ထမင်းစားဇွန်း နှစ်ဇွန်းစီ ထည့်မွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။မျက်နှာပေါ်က အဆီတွေကို ဖယ်ရှားပေးပါတယ်။၅။ ဖရဲသီးအရည်တစ်မျိုးတည်းကို မျက်နှာပေါ် တိုက်ရိုက် သုတ်လိမ်းနိုင်ပါသေးတယ်။ဖရဲသီးအရည်ကို ဂွမ်းစနဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ခြောက်အောင် ခဏထားပါ။ ပြီးနောက် မျက်နှာသစ်ပါ။၆။ ဖရဲသီးအရည်ကို သံပရာရည် အနည်းငယ်နဲ့ရောပြီးလည်း မျက်နှာပေါ် ဂွမ်းစ အသုံးပြုကာ သုတ်လိမ်းနိုင်ပါတယ်။ ခဏထားပြီး ခြောက်သွားပါက သင်လက်ခံနိုင်ရုံ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။၇။ ဖရဲသီးအတွင်းသားကို ကြိတ်ခြေပြီးရလာတဲ့ အဖတ်တွေကို သင့်မျက်နှာနဲ့ လည်ပင်းတစ်လျှောက် ကပ်ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသန့်စင်ပေးပါ။ သင့်အသားအရေကို အေးမြစေကာ၊ ကြည်လင်သန့်ရှင်းစေပြီး အရွယ်တင် နုပျိုစေပါတယ်။၈။ သင့်မျက်နှာမှာ နေလောင်ဒဏ်ရာတွေပါ ရှိနေရင်တော့ ဖရဲသီးအတွင်းသားနဲ့သခွားသီးအတွင်းသားတွေကိုဆတူရောပြီး ကြိတ်ခြေပါ။ ရလာတဲ့ အရောအနှောအဖတ်တွေကိုမျက်နှာပေါ်သုတ်လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေနဲ့သန့်စင် ဆေးကြောပါ။နေလောင်ဒဏ်ရာတွေကို သက်သာစေပြီး အသားအရေ ဖြူဝင်းလှပစေပါတယ်။ဖုန်တွေနဲ့ မျက်နှာကထွက်တဲ့ အဆီတွေရောပြီး ချွေးပေါက်ပိတ်တာကိုလည်း ကောင်းမွန်စေပါတယ်။၉။ ဖရဲသီး၊ ငှက်ပျောသီး၊သဘောၤသီးနဲ့ကုံကုမံရွက်တွေကု ရောနှောပြီး ရလာတဲ့အရောအနှော အဖတ်တွေကို လိမ်းပေးပါ။ အဲဒီနောက် မျက်နှာပေါ်ကို ပျားရည်သုတ်လိမ်းပြီးနာရီဝက်ကြာတဲ့အခါ မျက်နှာသန့်စင်ပေးပါ။ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ဂျုံမှုန့်ကို စက်ဝိုင်းပုံသဏ္ဌာန် နှိပ်နယ်ပြီး သုတ်လိမ်းပေးပါ။
ကိုယ်အလေးချိန်လျော့ကျစေရန်
၁။ ဖရဲသီးဟာ ဝိတ်ကျစေတဲ့သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဖရဲသီးတစ်ခွက်မှာ ကယ်လိုရီ ၄၆ ရှိပါတယ်။ဖရဲသီးဖျော် ရည်ကိုများများသောက်ပြီး ရေများများသောက်ပေးရင် သိသိသာသာဝိတ်ကျလာစေပါတယ်။ တခြားဘေးထွက် ဆိုးကျိုးမရှိတဲ့အတွက် စိတ်ချလက်ချစားသုံးနိုင်ပါတယ်။ ဖရီသီးကိုဘယ်လောက်စားသုံးပေးရမလဲဆိုတော့ကိုယ်ဘယ်လောက်ဝိတ်ကျမြန်မြန်ချချင်တယ်ဆိုတဲ့အပေါ်မှာမှုတည်ပါတယ်။ သာမန်အားဖြင့်တော့ ကယ်လိုရီ ၁၅၀ စားသုံးပေးရမှာဖြစ်ပါတယ်။ ဖရီသီးကိုမနက်စာမစားခင်အချိန်၊ နေ့လယ်စာ မစားခင်တစ်ခွက်နဲ့ ညနေစာမစား ခင်တစ်ခွက် သောက်ပေးပါ။ သွားရည်စာအဖြစ်လည်း စားသုံးပေးပါ။ဖရီသီးထဲမှာပါတဲ့သကြားဓာတ်ဟာဘေးဘယာမဖြစ်စေရပါဘူး ။
၂။ ရေကိုယ်အလေးချိန် လျော့ကျရေးနဲ့ အသားအရေ ကျန်းမာလှပရေး အတွက် အကောင်းဆုံး အရည်ပါ။ ရေအေးပဲ ဖြစ်ဖြစ်၊ ရေနွေးပဲ ဖြစ်ဖြစ် သန့်ရှင်းနေရင် သောက်သင့်ပါတယ်။ ရေချည်း မသောက်ချင်ရင် လတ်ဆတ်တဲ့ သံပရာသီးစိတ် အနည်းငယ် ညှစ်ထည့်ပြီး သောက်ပါ။ သခွားသီးစိတ်၊ ခရမ်းချဉ်သီးစိတ် စတာတွေကိုလည်း ရေထဲ ထည့်ပြီး သောက်နိုင်ပါတယ်။
၃။ ဟင်းသီးဟင်းရွက် ဖျော်ရည်သင့်ခန္ဓာကိုယ် အလေးချိန် လျော့ကျကာ ကျန်းမာစေဖို့ အတွက် လိုအပ်တဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေဟာ ဟင်းသီးဟင်းရွက် ဖျော်ရည်မှာ ပါဝင်နေပါတယ်။ ဟင်းသီးဟင်းရွက် ဖျော်ရည်ဟာ အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အရသာဟာ သင့်လျှာတွေကို စိတ်ကျေနပ်မှု ပေးနိုင်ပါတယ်။
၄။ မချိုသော လက်ဖက်ရည်ကြမ်းလက်ဖက်စိမ်း လက်ဖက်ရည်ဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေပြီး ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ သင်က အချိုအရသာကို ကြိုက်ရင် လက်ဖက်စိမ်း လက်ဖက်ရည်ထဲကို ပျားရည် အနည်းငယ် ထည့်ပါ။ လက်ဖက်ရည်ကြမ်းနဲ့ အူလွန်(Oolong tea) လက်ဖက်ရည်ကိုလည်း သောက်သင့်ပါတယ်။ ဒီလက်ဖက်ရည်ကြမ်းတွေထဲမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်မှ အဆိပ်အတောက်တွေကို ထွက်ရှိသွားစေပါတယ်။
၅။ ဘလက်ကော်ဖီနံနက်ခင်း အချိန်မှာ ဘလက်ကော်ဖီကို သောက်ပေးတာက ဆာလောင်မှုကို ဟန့်တားပေးနိုင်တာကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ဘလက်ကော်ဖီဟာ ခန္ဓာကိုယ်ကို ပူစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သင်သောက်တဲ့ ကော်ဖီထဲမှာ နို့ဆီနဲ့ သကြား မထည့်ပါနဲ့။
၆။ အဆီထုတ်ထားသော နွားနို့အဆီနည်း နွားနို့ဟာ ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ်တို့ရဲ့ အကောင်းဆုံး အရင်းအမြစ် ဖြစ်ပြီး ကြွက်သားတွေ အားကောင်းအောင် တည်ဆောက်ပေးကာ အရိုးတွေကို သန်စွမ်း ကျန်းမာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် မတက်အောင် အဆီနည်း နွားနို့ကို သကြားမရောဘဲ သောက်ပါ။ သင်က အချိုကြိုက်ရင် ချောကလက် အနည်းငယ် ထည့်ပြီး ချောကလက် နွားနို့ကို သောက်ပေးရင် လေ့ကျင့်ခန်း လုပ်ထားတဲ့ ကြွက်သားတွေကို သန်စွမ်း ကြံ့ခိုင်စေပါတယ်။
သွေးတိုးရောဂါ
- ၁။ သွေးတိုးသမားတွေအတွက်ဖရဲသီးအစေ့ကိုဖျော်ရည်လုပ်ပြီး သောက်ပေးရပါတယ်။ ဖရဲသီးအစေ့ကိုနေလှန်း ပြီးတစ်ရက်ထားပါ၊ ပြီးရင်လက်ဖက်ရည်ဇွန်း (၂)ဇွန်းစာ အစေ့ကိုယူပြီး ရေနွေးနဲ့တစ်နာလောက်ပြုတ်ပေးပါ၊သုံး ပုံတစ်ပုံကျန်မှ အရည်နဲ့စစ်ပြီး အဲဒီ့အရည်ကိုမနက်တိုင်းဘာအစာမှမစားရသေးခင်သောက်သုံးပေးရပါတယ်။ ကျန်တဲ့တဲ့ နေ့ခင်းဘက်အချိန်တွေသောက်ရင်လည်းရပါတယ်။ မနက်ပိုင်း ဘာအစာမှမစားရသေးခင်သောက်တာဟာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိစေပါတယ်။
- ၂။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။
- ၃။ ပရုတ်အေး အရွက် ပေါင်းခံရည် သောက်သော် သွေးတိုး ရောဂါ ပျောက်၏။
- ၄။ မန်ကျည်းသီးမှာ ပိုတက်စီယမ်ဓာတ် များစွာ ပါဝင်ပါတယ်။ ပိုတက်စီယမ်ဟာ နှလုံးခုန်နှုန်းကို ဟန်ချက်ညီအောင် ထိန်းပေးပြီး ဆိုဒီယမ်ရဲ့ အာနိသင်ကို ထိန်းချုပ်ပေးကာ သွေးတိုးကို ကျစေပါတယ်။
- ၅။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။
- ၆။ ရဲယိုရွက် ကိုပြုတ်၍ တို့စားလျှင် လေချုပ် ရောဂါ၊ ဝမ်းဗိုက်နာ ရောဂါ၊ အာခေါင် ပူလောင် သောရောဂါ၊ သည်းခြေ ဖောက်ပြန်သော ရောဂါနှင့် သွေးတိုး ရောဂါ ပျောက်ကင်း၏။
- ၇။ ဧကရာဇ်ပင် အရွက်ကို ပြုတ်၍ သုပ်စားလျှင် လည်းကောင်း၊ ကြော်စား လျှင်လည်းကောင်း မီးယပ် ငုပ်ခြင်းနှင့် သွေးတိုး ရောဂါ ပျောက်၏။
- ၈။ ကြောင်ရိုသေပင်အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။
- ၉။ ကြောင်ရိုသေပင်အရွက်ကို ချက်ပြုတ်စားသောက်ပါက ပန်းနာရောဂါ ၊ မီးယပ်ကွက် ပေါ်သောရောဂါ ၊ သူငယ်နာရောဂါ ၊ သွေးတိုးရောဂါများ ပျောက်ကင်းစေသည်။
- ၁၀။ ကြက်သွန်ဖြူကို နေ့စဉ် စားသုံး ခြင်းအားဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေနိုင်သည်။ ကြက်သွန်ဖြူဥတစ်လုံးဥကြီး ၇ လုံးကို နွားနို့စစ်စစ် ၄၀ သားတွင် ထည့်၍ ဆူအောင် ကျိုပြီး ၁၀ မိနစ်ခန့် အအေးခံပါ။ နောက်တစ်ကြိမ်ဆူအောင် ထပ်တည်၍ သောက်ပါက သွေးတိုးရောဂါပျောက်၏။
ကျောက်ကပ် ကျောက်တည် ရောဂါ
- ၁။ ဖရဲသီး အရည်ကို သကြားတစ်ဇွန်း(လက်ဖက်ရည်ဇွန်း)နဲ့ ခပ်ပြီးသောက်ပေးပါကကျောက်ကို သန့်စင်စေပါတယ်၊ ဂျိုးတွေကျစေပါတယ်၊ ကွမ်းစားလို့ကျောက်ကပ်မှာထုံးတွေတည်နေတာတွေကျစေပါတယ်။
- ၂။ ခံတက်ပင်၏အမြစ်ခေါက်ကို ၄ ခွက် တစ်ခွက်တင် ပြုတ်သောက်သော် ဆီးချို၊ ကျောက်တည်ရောဂါ ပျောက်၏။ ယင်းပြုတ်ရည်တွင် ကြံသကာ ရောသောက်သော်ဆီးအိမ်ရောင်ရောဂါနှင့်ကျောက်တည်ရောဂါ ပျောက်၏။
- ၃။ ကညွတ်အမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူ ရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း၏။အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်းပျောက်ကင်းစေနိုင်သည်။
- ၄။ မရိုးပွင့် အစိုကို ကြိတ်၍ နွားနို့ နှင့် နေ့စဉ် သောက်သော် ကျောက် တည်ရောဂါ ပျောက်၏ ။
- ၅။ ရှဉ့်မတက်ဥ ကြိတ်ညှစ်ရည်တွင် နွားနို့ ရောသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
- ၆။ လက်ထုတ်ကြီး အခါးခေါက်ကို ဒိန်ချဉ်ရည် နှင့် သွေးသောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
- ၇။ လက်ထုတ်ကြီး မြစ်နှင့် ဇဝက်သာကို အမှုန့်ပြု၍ နွားနို့ သို့မဟုတ် ဆန်ဆေးရည် နှင့် သောက်သော် ကျောက်တည် ရောဂါ ပျောက်၏။
- ၈။ သိကြားမကိုဋ်အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ဆီးရောဂါ၊အဆစ်အမြစ်ကိုက်ရောဂါ များ ပျောက်၏။
- ၉။ ဟင်းနုနယ်ဆူးပေါက်အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
- ၁၀။ ကျောက်ဖရုံအသီးရည်တွင် ရှိန်းခိုနှင်ဂျုံပြာဆား အနည်းငယ်ထည့်သောက်သော် ဆီးအိမ်ရောင်ခြင်း ပျောက်၍ ကျောက်ကပ် တွင်တည်သော ကျောက်ကို အရည်ပျော်၍ ကျစေ၏ ။
- ၁၁။ ရှောက်သီး အမြွှာနှင့် သိန္ဓော ဆား ရော၍ နံနက် ည နေ့စဉ် သောက်သုံးက ဆီးအိမ် နှင့် ကျောက်ကပ် တွင် ဖြစ်တတ်သော ကျောက်တည် ရောဂါ ပျောက်ကင်း ၏။
- ၁၂။ ကျောက်တည် ရောဂါ အတွက် ကြံဟင်း ကြိတ်ညှစ်ရည် ကို နွားနို့ သကြားနှင့်ရော၍ သောက်ရ၏။
- ၁၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။
ချောင်းဆိုးရောဂါ
- ၁။ ချောင်းခြောက်ဆိုးနေရင်ဖရဲသီးအရည်ကိုဆား ခပ်ပြီးသောက်ပေးပါ။
- ၂။ ခရေပွင့်ကို တစ်ညလုံးရေစိမ်၍ နံနက်တွင်ထို စိမ်ရည်ကိုစစ်ပြီးကလေးအားတိုက်လျှင်ချောင်းဆိုးရောဂါပျောက်၏။
- ၃။ ဒန္တသုခ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊
- ၄။ နှာစေး အအေးမိ ချောင်းဆိုး ရောဂါ ဖြစ်လျှင် ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ထိုဆီကို ရေနွေးအကြမ်းပန်းကန်တလုံးထဲသို့ဆီနှစ်စက်သုံးစက်ချပေးပြီး ပူပူလေးမှုတ်၍ သောက်ပေးပါကနှာစေးအအေးမိ ချောင်းဆိုးရောဂါများ ပျောက်စေပါသည်
- ၅။ လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုးလျှင် ပင်စိမ်းပွင့် ကို ချင်းခြောက်၊ကြက်သွန်နီနှင့်ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။
- ၆။ ချောင်းဆိုးလျှင် ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
- ၇။ ချင်းစိမ်းရည်နှင့် ပျားရည်ရောစပ်၍ လျက်ပေးပါက နှာစေးချာင်းဆိုး ၊ ပန်းနာရင်ကျပ် ပျောက်၏ ။
- ၈။ ငရုတ်ကောင်းစေ့ကို အမှုန့်ပြုပြီး ပျားရည်နှင့် ရော၍ လျက်ပါက ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကျပ် ရောဂါများကို ပျောက်ကင်း၏။မိခင်များ နို့ထွက်၏။
- ၉။ စံကားဝါအခေါက်မှုန့်ကို ပျားရည်နှင့် ရောလျက်သော် ချောင်းခြောက်ရောဂါ ပျောက်ကင်း၏။
- ၁၀။ တရုတ်နံနံကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက် ၊ ချောင်းစိုရောဂါ ပျောက်၏။
- ၁၁။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။
- ၁၂။ ဆိတ်ဖလူးအခေါက်ကို ကွမ်းယာ၌ ထည့်စားသော် ချောင်းဆိုးပျောက်၏ ။
- ၁၃။ ပင်စိမ်း ရွက်ကို ကြိတ်ညှစ်၍ ရသော အရည်သည် ချောင်းဆိုး ရောဂါ ၊ အရေပြား ရောဂါ ၊ မစားချင် မသောက်ချင် ဖြစ်ခြင်း နှင့် အစာအိမ် ရောဂါ ကြောင့် ဗိုက်နာသော ဝေဒနာ တို့အား ပျောက်ကင်းစေသည်။
- ၁၄။ ပတဲကောကြီး မြစ်ကို ချင်းစိမ်းအရည်၊ ပျားရည်နှင့် လျက်ပေးက ချောင်းဆိုး ရောဂါ ပျောက်၏။
- ၁၅။ ပရန္နဝါ အမြစ်မှုန့် ကို သကြားနှင့် စားသော် ချောင်းခြောက်ဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းနှင့် ကြက်ညှာ ချောင်းဆိုး ခြင်းများ ပျောက်၏ ။ ပျားရည်နှင့် လျက်ပေးသော် ပန်းနာ ရောဂါ ပျောက်၏ ။
- ၁၆။ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ လည်ချောင်း နာခြင်း စသော ရောဂါ များအတွက် ဖာလာစေ့ ကို ကြိတ်၍ ပျားရည် သို့မဟုတ် သကာနှင့် ရောလျက် ပေးရသည်။
- ၁၇။ မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။
- ၁၈။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။
- ၁၉။ ချောင်းခြောက် ရောဂါ အတွက် ရှဉ့်မတက်ဥ၊ မုယားကြီးရွက် သကြားခဲ ရော၍ သောက်ရ၏။
- ၂၀။ လိပ်ဆူးရွှေအရွက်ကို ကြိတ်၍ ရသော အရည်တွင် ပျားရည် သို့မဟုတ် သကြား သို့မဟုတ် ရေနွေးနှင့် ရော၍ ကြွေဇွန်းငယ် ၂ ဇွန်းမျှ တိုက်သော် ကလေးများ ချောင်းဆိုး ဖျားနာ သလိပ် ထကြွခြင်း များပျောက်၏။
- ၂၁။ သံပရာ ရည်ကို သကြားခတ် ၍ သောက်ပါက အဆီများ ၍ ချောင်းဆိုးခြင်း ၊ သည်းခြေ အားနည်းခြင်း ၊ အဆစ်အမျက် ကိုက်ခြင်း များ ပျောက်ကင်း၏။
- ၂၂။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
- ၂၃။ သပြု အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။
- ၂၄။ သင်္ဘောမဲဇလီအရွက် နှင့် မုရားကြီး ရွက်ရော၍ မြုံ့ခြင်း၊ အရည်ကို မျိုပေးခြင်းဖြင့် ချောင်းခြောက် ရောဂါ ပျောက်၏။
- ၂၅။ချေးသီးကို မီးပေါ်၌ တင်၍ ထွက်လာသောအဆီများမှ အဆီ ၃ စက်ခန့်ကို နွားနို့နှင့်ရောသောက်သော် ချောင်းဆိုး ရောဂါ ပျောက်၏။ ချေးသီးအဆီ အစက် ၂ စက်မျှ ည နံနက် တိုက်ပေး သော် ကလေးများ သလိပ်ကျပ်ခဲခြင်း၊ချောင်းဆိုးခြင်း ပျောက်၏။
- ၂၆။ ပျားရည် ၊ ရှောက်ရည် ၊ ဇဝက်သာ သုံးမျိုး ရောသောက် က ချောင်းဆိုး ၊ ရင်ကျပ် ၊ သလိပ်ကပ် ၊ ပန်းနာ ပျောက်၏။
- ၂၇။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
- ၂၈။ ကြက်သွန်ဖြူ ကို အရည်ပြု၍ သောက်ခြင်း ၊ စားခြင်းဖြင့် ချောင်းဆိုးရောဂါ ၊ ဝမ်းဖော ၊ ဝမ်းရောင်နှင့် ဝမ်းဗိုင်တွင် ဖြစ်ပေါ်တတ်သော အနာရောဂါများ ပျောက်၏။
- ၂၉။ ကြက်သွန်ဖြူအရည်ကို ရေအနည်းငယ်နှင့် သကြားရောပြီး လက်ဖက်ရည်ဇွန်း တစ်ဇွန်း ခန့် တိုက်ပေးက ကြက်ညှာ ချောင်းဆိုးရောဂါ ပျောက်၏ ။
Subscribe to:
Comments (Atom)