- ၁။ ခရေပင်၏ အခေါက်ပြုတ်ရည်ကို သောက်ခြင်းဖြင့် လည်းကောင်း၊ အပွင့်ကိုရှူခြင်းဖြင့်လည်းကောင်း၊ အသီးကိုစားခြင်းဖြင့်လည်းကောင်း နှလုံးရောဂါကို ပျောက်စေ၏။
- ၂။ ဆင်တုံးမနွယ်ကို မြင်းခွာရွက်နှင့်ရော၍ ပြုတ်ပြီး သောက်သော် နှလုံးတုန်ခြင်း ၊ စိတ်ခြောက်ခြား ခြင်းပျောက်၏ ။
- ၃။ ဇာတိပ္ဖိုလ်သီး ကို သွေး၍ ပျားရည်နှင့် စားပါက နှလုံးအားနည်းခြင်းကို သက်သာစေသည်။
- ၄။ ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင်ပါတယ်။
- ၅။ နှလုံး၊ ကျောက်ကပ်ရောဂါ =ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တစ်လုံး၊ညအိပ်ရာဝင်တစ်လုံး စားပေးပါ။
- ၆။ ကရမက်ကိုသွေး၍ လိမ်းခြင်းဖြင့်လည်းကောင်း ၊ သောက်ခြင်းဖြင့်လည်းကောင်း ၊ သလိပ်ကြေစေပြီး နှလုံးရောဂါ ၊ ဆီးရောဂါ ၊ ညောင်းကျရောဂါများ ပျောက်ကင်း၏။
- ၇။ ပရန္နဝါ ရွက်ကို ငါးပနော်နှင့် ကြော်ချက် စားခြင်း ၊ ဟင်းချိုသောက် ခြင်းဖြင့် နှလုံးရောဂါ ၊ အဆုတ်ရောင် ၊ အူရောင် ရောဂါ ၊ ကိုယ်ဖော ကိုယ်ရောင် ရောဂါ ၊ ရေဖျဉ်း ၊ မြင်းသရိုက် ၊ လေနာ သလိပ်နာ ၊ အစာ မကြေ ရောဂါများ ပျောက်၏ ။
- ၈။ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
- ၉။ဖာလာစေ့ နှင့် ပိတ်ချင်းမြစ် တို့ကို အမှုန့်ပြု၍ ထောပတ်နှင့် ရောလျက်သော် နှလုံးရောဂါ ပျောက်၏။
- ၁၀။ မန်ကျည်းသီးဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး နှလုံးကို ကျန်းမာစေပါတယ်။
- ၁၁။ ရုံးပတီသီးမှာ Antioxidants ပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။သွေးကြောနံရံများမာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ Vitamin C သည် ထိပ်တန်း အင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။ထို့ပြင် Folateဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ဝင်ပြန်သည်။ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီ တစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် Amino Acid များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများကျဉ်းစေသည်။နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လဖြတ်ရောဂါဖြစ်စေသည်။ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။ထို့အတူ Potassium၊ Magnesium တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။
- ၁၂။ နှလုံး ရောဂါ၊ သွေးသွန် ရောဂါနှင့် ဆီးချို ရောဂါများ အတွက် ဒန့်သလွန်ရွက် နှင့် ရဲယိုရွက် ကို ဟင်းချို ချက်သောက်က ပျောက်စေ၏။
- ၁၃။ ဧကရာဇ်ပင် အမြစ်ကို ဆန်ဆေးရည် နှင့် သွေးပြီး သကြား ဆားပါ ထည့်သောက်က နှလုံးတုန်၊ ရင်ခုန်၊ ခေါင်းမူး ပျောက်သည်။
- ၁၄။ ကြောင်လျှာအသီးကို ပုစွန်ဖြင့် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏
Saturday, January 5, 2013
နှလုံးရောဂါ
Labels:
ရောဂါအမျိုးအစား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment