Saturday, January 5, 2013

အအေးမိ၊ တုတ်ကွေး ရောဂါ

  • ၁။ ကြက်သွန်ဖြူကို နေ့စဉ် ပုံမှန်စားသုံးသူများ အနေဖြင့် အအေးမိရောဂါ ၊ တုပ်ကွေးရောဂါ နှင့် ကပ်ပါးပိုးဆိုင်ရာရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ကြောင်း တင်ပြအပ်ပါသည် ။
  • ၂။ ချင်း နဲ့ ထန်းလျက်ကို သုံးခွက်တစ်ခွက်တင် ရောကျိုပြီး သောက်သုံးပါက ရာသီဥတု အပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်တဲ့ တုတ်ကွေး၊ ချောင်းဆိုး၊ ချမ်းစိမ့်စိမ့် ဖျားတဲ့ ရောဂါများပျောက်ကင်းစေပါတယ်...။
  • ၃။ အအေးမိ၊ နှာစေး၊ ချောင်းဆိုး လျှင် ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
  • ၄။ တုပ်ကွေး ရောဂါ ၊ ချောင်းဆိုး ရောဂါ ၊ သုက်ခန်း ခြောက်ခြင်း ၊ သွေးဝမ်း ပိတ်ဝမ်းကိုက်ခြင်း တို့တွင် သစ်ကြံပိုး အခေါက်ကို သွေး၍ အခြား ဆေးတို့နှင့် ဖက်စပ် တိုက်နိုင်သည်။
  • ၅။ တုပ်ကွေးဖျား သို့မဟုတ် အဖျား ရိုးရိုးဖြစ် လျှင် ပေါက်ပန်းဖြူ ရွက်ကို ကြက်သွန်နီနိုင်နိုင် နှင့် ကြော်စားပါက ပျောက်၏ ။

No comments: