Saturday, January 5, 2013

ဝမ်းရောဂါ

  • ၁ ။ကျွန်းပင်၏အခေါက်မှုန့်ကို ရေနွေးနှင့် အတန်ကြာ စိမ်သောက်သော် အဆက်မပြတ်သွားသော ဝမ်းသွားရောဂါပျောက်၏ ။
  • ၂။ ခရေသီး၏ အစေ့ကို ရေအေးနှင့် သွေးသောက်ခြင်း၊ ခရေသီးအမှည့်၏ အသားကိုစားပေးခြင်းဖြင့် အဆက်မပြတ်သွားသော ဝမ်းရောဂါ ပျောက်ကင်း စေနိုင်သည်။
  • ၃။ ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုးခြင်းဖြစ်လျှင် ငုနှစ်ကိုသွေး၍ ကလေးချက်ပတ်လည်၌ လူးပေးပါက ပျောက်၏။
  • ၄။ စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
  • ၅။ စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
  • ၆။ စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။
  • ၇။ ဆီမီးတောက် အရွက်အမှုန့်ကို ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိတုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာမည်။
  • ၈။ ဇာတိပ္ဖိုလ်သီးကို ရေအေးနှင့်သွေး၍ သောက်ခြင်း ၊ တဖြည်းဖြည်းလျက်ခြင်း ၊ တစ်ကိုယ်လုံး လိမ်းနယ်ပေးခြင်းဖြင့် ကာလဝမ်းရောဂါ ပျောက်၏ ။
  • ၉။ ဇာတိပ္ဖိုလ်သီးကို စားခြင်းဖြင့် တာရှည်စွာ အဆက်မပြတ်သွားသော ဝမ်းရောဂါ ၊ ဝမ်းမီးနုံ့ခြင်း ၊ အဖျဉ်ရောင်ခြင်း ၊ ထိုးအောင့်ခြင်းဖြစ်လျှင် ပျောက်ကင်း၏ ။
  • ၁၀။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ဝမ်းတွင်း သက်တန့် ပျောက်၏။
  • ၁၁။ ဝမ်းဖော ၊ ဝမ်းရောင် နှင့် ရေငတ် ဝမ်းကျဖြစ် လျှင် ထမင်း ဆုပ် မီးဖုတ်စိမ် ရည်နှင့် နလင်ကျော် သွေးသောက်က ပျောက်၏ ။
  • မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
  • ၁၂။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။
  • ၁၃။ ပရုတ်အေး အရွက်ရည်ကို ပျားရည်နှင့် ရောလျက် သော် ဝမ်းသက် ရောဂါ ပျောက်၏။
  • ၁၄။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။
  • ၁၅။ ခပေါင်းရေကြည်စေ့ကို သွေး၍ ဒိန်ချဉ်ရေဖြင့် ၇ ရက်စေ့အောင် သောက်သော် အလွန်ပျောက်ခဲသော ဝမ်းပျက်ရောဂါ ပျောက်၏ ။
  • ၁၆။ ချင်းစိမ်းနှင့် ပင်းစိမ်း ရွက်မှ ညှစ်၍ရသော အရည်တို့ကို အမျှစပ်၍ ပျားရည်အနည်းငယ် ထည့် သောက်သော် ကာလဝမ်းရောဂါ ပျောက်ကင်း၏ ။
  • ၁၇။ ငရုတ်ကောင်းစေ့ကို ရှိန်းခို ၊ ဘိန်းတို့နှင့်ရော၍ အမှုန့်ပြုပြီး စားပါကအဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါ ပျောက်၏။
  • ၁၈။ ငရံ့ပတူအရွက်ကိုပြုတ်၍ သုပ်စားခြင်းဖြင့် လေကောင်း၍ ဝမ်းမှန်စေသည်။
  • ၁၉။ နန်းလုံးကြိုင်အခေါက်ကို ပြုတ်၍ အနည်းငယ် မျှသောက်ပါက အလွန်အမင်း သွားသော ဝမ်းရောဂါ ပျောက်၏ ။
  • ၂၀။ နီပါးဆေးပင်(တောရဲယို)အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးး ဝမ်း သွားသော် တိုက်ရ၏ ။
  • ၂၁။ ပြည်ပန်းညိုအရွက် ကို ဟင်းချို ချက်သောက် က ပိတ်ဝမ်း ရောဂါ၊ သွေးဝမ်း ရောဂါ၊ လေရောဂါ၊အစာ မကြေ ၊ သည်းခြေ ပျက် ရောဂါ များ ပျောက်၍ အားကို ဖြစ်စေ၏။
  • ၂၂။ မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏
  • ၂၃။ မန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။
  • ၂၄။ မိဿလင် ကို ရေသင့်ရုံ နှင့် ကျို၍ သောက်သော် ပင်လယ် အူလျှောက်နာ ဖြစ်ခြင်း၊ ဝမ်းဗိုက် ထိုးအောင့်၍ ဝမ်းသွားခြင်း များ ပျောက်၏။
  • ၂၅။ မိဿလင် ကို နံနံစေ့ နှင့် ရေထည့် ကျိုပြီး တစ်ဝက်မျှ အကျန်တွင် တစ်ခွက်စာ ကြွေဇွန်းကြီး ၂ ဇွန်းမျှ သောက်သော် ဝမ်းလျှော ရောဂါ ပျောက်ကင်း၏။
  • ၂၆။ ရွက်ကျ ပင်ပေါက် အရွက် ကို ကြိတ်၍ ရသော အရည်ကို သောက်ပေး ပါက ကာလ ဝမ်းရောဂါ ပျောက်ကင်း ၏။
  • ၂၇။ သံမနိုင်၊ ကျောက်မနိုင် အရွက်ခြောက် များကို ရေစိမ်၍ သောက်ပါက ဝမ်းသွား ခြင်း ၊ သွေးဆင်းခြင်း၊ မီးယပ်ဖြူ ဆင်းခြင်း စသည်တို့ကို ပျောက်ကင်း စေ၏ ။
  • ၂၈။ သစ်ကြံပိုး အခေါက် မှုန့်ကို ရှားစေးနှင့် ဆတူ သောက်ပါက ဝမ်းသွားခြင်း ပျောက်၏။
  • ၂၉။ သစ်ကြံပိုး အခေါက် ၌ အခံဓာတ်ခေါ်(tannin) ပါ သဖြင့် ဝမ်းပျက် ရောဂါနှင့် ဝမ်းတွင်း သွေးယိုစီးသော ရောဂါများ ၌ သုံးနိုင်၏။
  • ၃၀။ သင်္ဘောသီး နုနုကို အခြောက်လှန်း အမှုန့်ပြုပြီး အနည်းငယ်မျှ စားသော် အဆက်မပြတ် သွားသော ဝမ်းပျက် ရောဂါ ပျောက်၏။
  • ၃၁။ ကျောက်ဖရုံပွင့်ကို ကြိတ်စားသော် ကာလဝမ်းရောဂါပျောက်၏။
  • ၃၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။
  • ၃၃။ ဝမ်းဗိုက် အမြဲ ထိုးအောင့် နာကျင်၍ ဝမ်းဖြူဖြူ အရေ ကျဲကျဲများ သွားပါက လေးညှင်းမှုန့် ကို ပျားရည်နှင့် ရော၍ လျက်သော် ပျောက်၏။
  • ၃၄။ ကြောင်ရိုသေပင်အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဦးနှောက်ရောဂါနှင့် ဝမ်းမကောင်းခြင်း ၊ ဝမ်းပျက်ရောဂါဖြစ်ခြင်း ၊ ဝမ်းထဲ၌ ရစ်၍နာခြင်း များကိုလည်း ပျောက်ကင်းစေသည်။
  • ၃၅။ ကြောင်လျှာအသီးကို ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ဝမ်းပျက်ရောဂါပျောက်၏။
  • ၃၆။ ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်း ၏ ။
  • ၃၇။ ကြစုသီးကို မုန့်ကျွဲသည်းကဲ့သို့ ကျိုစားသော် ဝမ်းတစစ်စစ် သက်သော ရောဂါ ၊ အစာမကြေ ဝမ်းသက်ရောဂါ ပျောက်၏ ။

No comments: