Saturday, January 5, 2013

လေထိုး လေအောင့်

  • ၁။ ခံတက်ချဉ်ထည့်စားခြင်း ၊ သုပ်စားခြင်းဖြင့် လေထိုးလေအောင့် ရောဂါပျောက်၏။
  • ၂။ ငုပင်၏ အမြစ်ကို နွားနို့နှင့်ပြုတ်သောက် လေရောဂါ ပျောက်၏။
  • ၃။ လေထိုး ခြင်း ၊အစာ မကြေခြင်း အတွက် ထားဝယ်မှိုင်း အရွက် ကို ပြုတ်သောက် က ပျောက်ကင်း ၏ ။
  • ၄။ နနွင်း ကို ဆားအနည်းငယ် ခတ်၍ တစ်နေ့ ၃ကြိမ် သောက် သော် လေထိုး လေအောင့်ရောဂါ ပျောက်၏။
  • ၅။ ပရုတ်အေး ပင်ကို ပြုတ်သောက် သော် ဝမ်းဗိုက်နာ ပျောက်ကင်း၏။
  • ၆။ ပရုတ်အေး အရွက်ကို ပေါင်းချွေး ပြုလုပ်၍ တိုက်သော် ကလေးများ ဝမ်းဗိုက်နာ ခြင်း ပျောက်၏။
  • ၇။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုျနှင့် ရောလျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ နှလုံးတုန် ရင်ခုန်ရောဂါ ပျောက်၏။
  • ၈။ စံကားဝါအခေါက်ကိုပြုတ်သောက်သော် နာတာရှည် လေရောဂါ ပျောက်၏။
  • ၉။ စမြိတ်စေ့ကို သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါက ရင်ဘတ်နာ နှင့် လေထိုးလေအောင့် ၊ လေနာ သောရောဂါ ပျောက်၏ ။
  • ၁၀။ ဆူးပုပ်အရွက်ကို စားသုံးခြင်းဖြင့် အထက်သို့ ဆန်တက်သော လေကိုလည်းကောင်း၊အောက်သို့သက်သော လေကို လည်းကောင်း ကြေစေနိုင်၏။
  • ၁၁။ မန်ကျဉ်းပင်အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏
  • ၁၂။ အသီးနုကို ပြုတ်၍ သုပ်စားက လေထိုး လေအောင့် နှင့် သွေးတက်ရောဂါ ပျောက်၏။
  • ၁၃။ လက်ထုတ်ကြီး အခေါက် ပြုတ်ရည်တွင် ဆားနှင့် ရှိန်းခို အနည်းငယ် ထည့်သောက်ပါက လေထိုး လေအောင့် ပျောက်၏။
  • ၁၄။ သံပရာသီး အစိမ်း၏ အခွံကို စားပါက လေနာ ရင်နာ ပျောက်ကင်း၏။
  • ၁၅။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
  • ၁၆။ ခွေးတောက်အရွက်ကို ဟင်းခါးချက်သောက်ခြင်း ၊ ကြော်စားခြင်းဖြင့် လေအောင့် လေထိုး ၊ ဆီးချုပ်ရောဂါများ ပျောက်၏ ။
  • ၁၇။ ရှောက်သီး ကို ဆန်ဆေးရည် တစ်ပိဿာ နှင့် ရေခန်း အောင် ပြုတ်ပြီး နူးလျှင် ဆန်ခါ နှင့်စစ်ချ ၍ ယင်း တစ်ဆယ် သား ခန့်ကို ဆား အနည်းငယ် နှင့် မွှေ၊ နေလှန်း ၊ အမှုန့် ပြုပြီး သုံးဆောင်က လေရောဂါ အမျိုးမျိုး ပျောက်ကင်း ၏ ။
  • ၁၈။ ကြက်သွန်ဖြူကို နှမ်းဆီတွင် စိမ်၍ ဆားအနည်းငယ် ထည့်ပြီး ထမင်းမစားမီ စားပါက လေရောဂါပျောက်၏ ။
  • ၁၉။ ပျားရည်နှင့် ကြစုသီးမှုန့်ကို လျက်ပေးသော် လေရောဂါ ပျောက်၏ ။

No comments: