- ၁။ နနွင်းကို သကြားနီ ခဲနှင့် ရောစပ်၍ ဆန်ဆေးရည် နှင့် သောက်သုံးပါက သားအိမ်တွင် ကျောက်တည်ခြင်း ပျောက်၏။
Sunday, January 6, 2013
သားအိမ်တွင် ကျောက်တည်ခြင်း
အသည်း၊ အဆုတ်၊ အူ အနာပေါက်လျှင်
- ၁။ အသည်း၊ အဆုတ်၊ အူ တွင် ဖြစ်သော အ နာများအ တွက်လည်း နလင်ကျော် မှုန့်ကို သောက်သုံးက ပျောက်၏ ။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၂။ အဆုတ် ရောင်ခြင်း၊ ကြီးခြင်း၊ အသည်း ရောင်ခြင်း၊ ကြီးခြင်း၊ အဆစ် ကိုက်ခဲခြင်း၊ ဖောရောင်ခြင်း တို့၌ သက်ရင်းကြီး အမြစ်၊ အခေါက်ကို အတွင်းဆေး အပြင်ဆေး အဖြစ် စားသုံးခြင်း ၊ လိမ်းကျံခြင်း၊ ကြပ်ထုပ်ထိုး ခြင်းများ ပြုလုပ်ပါက လျင်မြန်စွာ ပျောက်ကင်းစေ၏။
အသက်ကြီးသူများ
- ၁။ အသက်၅၀ ကျော်အရွယ် ကိုယ်လက်လေး ခြင်း ၊ နာကျင်ခြင်း ဖြစ်၍ သွားလာရာ တွင် ဒူးဆစ်များ ကျဉ်ခြင်း၊ထိုင် ပါများလျှင် ကျဉ်ခြင်း၊ အမြင့်တက် ရာတွင် မောခြင်း ဖြစ်လျှင် နလင်ကျော် ကို ပရုတ်ဆီ နှင့်သွေး ၍လိမ်းခြင်း ၊ သောက်ခြင်းဖြင့် ပျောက်၏ ။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၂။ ကညွတ်အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေ၏။အင်အားကို ဖြည့်တင်းစေ၏။သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်သည်။
- ၃။ ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာအရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။
- ၄။ ဂေါ်ရခါးသီးမှာ Poly-phenolic ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့အတွက် ကင်ဆာရောဂါများကိုဟန့်တားကာကွယ် ပေးနိုင်ခြင်းနဲ့ အိုမင်းရင့်ရော်မှုကိုလည်း ထိန်းသိမ်းပေးတာကိုတွေ့ရပါတယ် ။
- ၅။ ဗောဓိညောင် အရွက်ကို ထန်းလျက်နှင့် ပြုတ်သောက်က မောပန်းခြင်း ပျောက်၍ ကိုယ်ခန္ဓာအားအင် ပြည့်ဖြိုးစေသည်။
- ၆။ ပေါက်ပွင့် ခြောက်ကို ရေနွေးတွင် လက်ဖက်ခြောက် ကဲ့သို့ ခတ်၍ သောက်သော် မောပန်းခြင်းကို ပြေစေ၍ သွေးသား သန့်ရှင်းစေသည်။
- ၇။ ကြောင်ရိုသေပင်အရွက်ကို ပုစွန်ထုပ်နှင့် ကြော်စားပါက နွမ်းလျပင်ပန်းခြင်း ပျောက်သည်။
- ၈။ ကြက်သွန်ဖြူကို အမှုန့်ပြု၍ ပျားရည်နှင် စိမ်ပြီး အိပ်ရာဝင်ချိန်တွင် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့် ကို ရေတစ်ခွက်နှင့် သောက်ခြင်းဖြင့်အိပ်ပျော် စားဝင် အားအင်ပြည့်စေပါသည်။
ညောင်းညာ ကိုက်ခဲ ခြင်း
- ၁။ ညောင်းညာ ကိုက်ခဲခြင်း ဖြစ်လျှင် နံ့သာဖြူ ၊ သွေးလိမ်းက ပျောက်၏
- ၂။ မရိုးမြစ် ကို ကြိတ်၍ မီးဖြင့် နွေးအောင် ပြုပြီး ပေါင် ၊ခြေ သလုံးသား တောင့်တင်း ကိုက်ခဲသော နေရာပေါ် တွင် လိမ်းက ပျောက်၏ ။
- ၃။ မိဿလင် ကို အရည်ညှစ် ၍ ငရုတ်ကောင်း မှုန့် ထည့်လိမ်း သော် တစ်ကိုယ်လုံး သို့မဟုတ် ကိုယ်အင်္ဂါ အစိတ်အပိုင်း များတွင် အအေးပပ်ခြင်း၊ ကိုက်ခဲ နာကျင်ခြင်း၊ လေမလျှောက် ၍ လေးလံ ထိုင်းမှိုင်း ခြင်းတို့ကို ပျောက်ကင်း စေ၏။
- ၄။ ထိခိုက် ဒဏ်ရာ နှင့် အကိုက်အခဲ အကြော ထုံးနာ တို့အတွက် မိဿလင်ဥ ကိုကြိတ်၍ ကြပ်စည်း ရ၏။
- ၅။ ရွေးကလေး အရွက် အစိုကို ဆီနှင့် ကြိတ်၍ ကိုယ်လက် ကိုက်ခဲ သော နေရာများ သို့ လိမ်းပေးသော် ပျောက်၏။
- မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။
- ၆။ အကြောအခြင် ကိုက်ခဲခြင်း အတွက် ကြက်သွန်ဖြူအရည်နှင့် ပွတ်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေ၏။
ကြို့ထိုးခြင်း
- ၁။ ဆန်ဆေးရည်နှင့် နံ့သာဖြူ သွေး၍ သကြားခဲ နှင့် ရောသောက်သော် အပူလွန် ရောဂါ ၊ ကြို့ထိုးနာ တို့ ပျောက်၏ ။
- ၂ ။ ချင်းစိမ်းရည်နှင့် ကြက်သွန်နီဥမှ ညှစ်၍ ရသော အရည်ကိုသင့်လျော်အောင် ရောသောက်သော်အော့အန်ခြင်း ၊ကြို့ထိုးခြင်း ပျောက်၏ ။
- ၃။ငရုတ်ကောင်းကို မီးကင်ပြီး အခိုးအငွေ့များ ရှူပေးခြင်းဖြင့် ကြို့ထိုးရောဂါပျောက်ကင်း၏။
- ၄။တရုတ်နံနံကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏ ။
- ၅။ သီးသီး အစိမ်းရည်တွင် ပိတ်ချင်း သီးမှုန့် အနည်းငယ် ထည့်၍ ပျားရည်နှင့် ရောလျက် ပါက ကြို့ထိုး နာ ပျောက်၏။
အနာ
- ၁။ ဒန္တသုခ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။
- ၂။ အိုင်းအနာ၊ အဖုအနာ ဖြစ်လျှင် ပင်စိမ်းရွက်ပြုတ်ရည်နှင့် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။
- ၃။ ဝါပွင့်ကို ပြာချ၍ သိပ်ပေး ပါက အနာစိမ်း အနာစက် များ အသားနု တက်၍ ပျောက်၏။
- ၄။ ကင်ပိမ့်အရွက်ကို ကြိတ်၍ အနာပေါ်၌ သုတ်လိမ်းပေးလျှင် အနာပူလောင်ခြင်း နည်းပါး၍ ကျက်သွား၏
- ၅။ ငန်းမန်းရှိသောအနာကို ကန်စွန်းရိုးနီ နှင့် ဘူးရွက် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။
- ၆။ ကိုရံကြီးဥကို သွေးလိမ်းပါက အနာမီး ၊ အနာလျှံ ပျောက်၏ ။ သို့သော် ယား၏ ။
- ၇။ ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။
- ၈။ စံကားဝါအမြစ်ခြောက်ကို ဖြစ်စေ ၊ အမြစ်အခေါက်ကို ဖြစ်စေ၊ ဒိန်ရည်နှင့် ရောကြိတ်၍ အနာများပေါ်၌ အုံပေးသော် အနာနုလျှင် ပိန်၍ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
- ၉။ စမြိတ်အရွက်ကို ဆီသုတ်၍ မီးကင်ပြီး အနာပေါ်ကပ်ပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သွား၏။
- ၁၀။ နီပါးဆေးပင်(တောရဲယို)အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
- ၁၁။ အနာမှ သွေးစိမ်းယို သောအခါ တွင် နီပါးဆေးပင်(တောရဲယို)အ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
- ၁၂။ မန်ကျည်းသီးဟာ အရေပြား ရောင်ရမ်းမှု ဖြစ်စဉ်ကို အမြန်သက်သာစေပြီး အနာကျက်မြန်စေပါတယ်။
- ၁၃။ ပြည်တ ရွှဲရွှဲနှင့် မကျက်နိုင် သော အနာအို ၊ အနာဟောင်းများ မိကျောင်းကွမ်းဖတ် အစေ့ကို ကြိတ်၍ အုံပေးက အနာကျက် ပြီး အသားနု တက်ကာ ပျောက်ကင်း၏။
- ၁၄။ အနာပျက် ၊ အနာဆွေး များ တွင် မုန်ညင်း ဆီ လိမ်းက ပျောက်၏။
- ၁၅။ ယူကလစ်အရွက်ကို ကြိတ်၍ အနာမီး၊ အနာစက် များကို လိမ်းပေးခြင်း၊ အုံပေးခြင်း ဖြင့် ပျောက်ကင်း၏။
- ၁၆။ လက်ထုတ်ကြီး အမြစ်ကို သွေး၍ သိန္ဓောဆား အနည်းငယ် ထည့်ပြီး နွားကျင်ငယ် ရေဖြင့် လိမ်းပေးသော် အနာ မီးလျှံ အနာစက် များ ပျောက်၏။
- ၁၇။ လိပ်ဆူးရွှေရွက် ကို ပြာချပြီး ထောပတ်နှင့် ရောလိမ်းသော် မကျက်နိုင်သော အနာများ အသားနုတက်၍ အမြန်ပျောက်၏။
- ၁၈။ အနာဆွေး၊ အနာဟောင်း များ မကျက်နိုင်ဘဲ ပြည်တစိုစို ဖြစ်နေလျှင် သက်ရင်းကြီး ရွက်ကို အညက်ကြိတ်၍ အုံပေးခြင်းဖြင့် အနာ အသားနု အမြန်တက်ပြီး ကျက်စေသည်။
- ၁၉။ အကြောတစ်ထောင်ပင် အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
- ၂၀။ချေးသီးကို ထုံးနှင့်ရောကြိတ်၍ အနာပေါ်၌ အုံပေးခြင်းဖြင့် အနာ ပျောက်ကင်း စေ၏။
- ၂၁။ အနာဟောင်း ၊ အနာပျက်တို့၌ ဗောဓိညောင် အခေါက်နုကို ပြာချ၍ ၎င်းပြာကို အဝတ်နုဖြင့် စစ်ပြီး အနာများ ပေါ် လိမ်းပေးက လျင်မြန်စွာ ပျောက်စေ၏ ။
- ၂၂။ တောင်မရိုး ရွက်နု များကို နွမ်းလာအောင် မီးကင် ၍ ကြိတ်ပြီး အနာဟောင်း ၊ အနာဆွေး များနှင့် အနာ မကျက် နိုင်ဘဲ သွေးပြည် ယို၍ အနံ့ ဆိုးထွက် နေသော အနာ များကို လိမ်းပေးက မကြာမီ ပျောက်ကင်း စေနိုင်၏။
- ၂၃။ လက်ပံခါးအစေးကို အနာ များတွင် သုတ်လိမ်း ပေးပါက အနာ အသားနု တက်၍ လျင်မြန်စွာ ပျောက်ကင်း၏။
- ၂၄။ လတ်ဆတ်သည့် ပေါက်ပင်အစေးကို လိမ်းပေးလျှင် အနာ အဖု အပိမ့်များ ပျောက်ကင်းသည်။
- ၂၅။ ကိုယ်၌ အနှံ့အပြား ပေါက်တတ်သော အနာ မီးလျှံ စသော အနာအဖု အပိမ့် များ ပေါက်သော် ရွေးကလေး အစေ့ ၊ ပြဒါး၊ ကန့်ဝါ ၊ တမာစေး ၊ ဆေးခြောက်ရွက်၊ ဝါစေ့တို့ ကို ဆတူယူ ၍ သံပရာရည် နှင့် ကြိတ်လိမ်းသော် ပျောက်၏။
- မှတ်ချက်။ ။ အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။
- ၂၆။ အနာဟောင်း၊ အနာဆွေး များပေါ်တွင် ရေသကျည်း အစေ့ကို သွေးလိမ်းပေး ခြင်းဖြင့် အသားနု တက်၍ ပျောက်ကင်း စေသည်။
- ၂၇။ ရွှေနွယ်ပင် မှုန့် ၊ ချင်းခြောက်မှုန့် ဆတူ ရော၍ ထောပတ်နှင့် ဖျော်ပြီး အနာဆွေး၊ အနာဟောင်း များကို လိမ်းပေးသော် အနာများ အသားနု တက်၍ အမြန်ကျက်သည်။
- ၂၈။ လေးညှင်းပွင့် နနွင်း ဆတူ စပ်၍ ကြိတ်ပြီး မြုံနေသော အနာများ ပေါ်တွင် လိမ်းပေးသော် ပျောက်၏။
- ၂၉။ ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏ ။
- ၃၀။ ကြောင်ရိုသေပင်အရွက်ကို ကြိတ်၍ အနာပေါ်၌ အုံပေးသော် အနာများပျောက်ကင်းစေ၏ ။
- ၃၁။ ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။
- ၃၂။အသားကျယ်ပြန့်စွာ စားတတ်သော အနာကို ကြစုသီးငါးခွက်တစ်ခွက်တင်ပြုတ်၍ ဖန်ရေဆေးပေးရ၏ ။
- ၃၃။ သြဇာကိုအမှုန့်ပြု ၍ အနာများကို ဖြူးပေးပါက ပိုးများကို ပျောက်ကင်းစေ သည်။
အစာမကြေ ရောဂါ
- ၁။ ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ဝမ်းဖော ဝမ်းရောင် ပျောက်၏။
- ၂။ ဝါရွက်ကို ကြိတ်ညှစ်၍ သောက်သော် အစာ မကြေ ဝမ်းသွား ရောဂါ ပျောက်၏။
- ၃။ စပါးလင်အရည်သည် အစာမကြေ ၊ ခံတွင်းမကောင်း သောရောဂါ တို့ကို ပျောက်ကင်းစေနိုင်၏။
- ၄ ။ တရုတ်နံနံကို ဆားပုပ်နှင့် ရောစားသော် ဝမ်းဗိုက်နာ ကောင်း၏ ။ ထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ ၊ ရင်ပြည့် ၊ ဝမ်းကြော ၊ ဝမ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏ ။
- ၅ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း ၏။
- ၆။ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ဝမ်းသက်ခြင်းများ ပျောက်ကင်း၏။
- ၇။နံနံစေ့ကို ချင်းခြောက်နှင့် ရောပြုတ်ပြီး အစာစား ပြီး တိုင်း သောက်ပါက ဝမ်းမီး ကောင်းလာစေသည်။
- ၈။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏ ။
- ၉။ ပတဲကောကြီး၊ ချင်းခြောက်၊ သိန္ဓောဆား တို့ကို ဆတူ စပ်၍ အမှုန့်ပြု သောက်သော် အစာ မကြေ ရောဂါ ပျောက်ကင်း၏။
- ၁၀။ မန်ကျဉ်းပင်အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
- ၁၁။ မန်ကျည်းသီးဟာ အစာကြေညက်စေပြီး အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ အစာခြေလမ်းကြောင်း ဝေဒနာတွေ ကုသရာမှာ မန်ကျည်းသီးကို သုံးလေ့ရှိကြပါတယ်။
- ၁၂။ ရဲယိုသီး မှည့်ကို ထန်းလျက်နှင့် စားသော် အစာမကြေ ရောဂါ ပျောက်၏။
- ၁၃။ သက်ရင်းကြီး အမြစ်ကို ထန်းလျက်နှင့် စိမ်၍ စိမ်ဆေး အဖြစ် နေ့စဉ် သုံးဆောင်ပါက အစာကြေ၊ လေမှန်၊ဝမ်းမှန် စေသည်။ ယင်းစိမ်ဆေး ဖြင့်လည်း အရက်ဖြတ်၍ ရသည်။ အခြား ရောဂါများ ဝင်ရောက် ခြင်းမှလည်း ကာကွယ်နိုင်၏။
- ၁၄။ ဟင်းလျာ များ ချက်ပြုတ် ရာ၌ သစ်ကြံပိုး အခေါက် ကို ထည့်ချက်လျှင် အစာကြေ၏ ။
- ၁၅။ လူလတ် အရွယ်များ အစေး အနည်းငယ်မျှကို နွားနို့၊ သကြားခဲ ရရာနှင့် စားသော် အစာ မကြေ ရောဂါ ပျောက်၏။
- ၁၆။ ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။
- ၁၇။ ကြောင်လျှာရွက်ပြုတ်တို့စားက ဝမ်းမီးကောင်း၏ ။
ရာသီထိန် ခြင်း
- ၁။ ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိန် ခြင်း ပျောက်၏။
- ၂။ ဣဿရမူလီအမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ကို ဆားစိမ်း အနည်းငယ် ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေး ထိန်ချုပ်ခြင်း ပျောက်၍ မှန်စေ၏။
ဝမ်းကိုက် ရောဂါ
- ၁။ ဝမ်းကိုက် သော အခါ (ချွဲသက်သက် ဖြစ်စေ ၊ သွေးစ သွေးန များဖြင့် ရောပြွမ်း ၍ ဖြစ်စေ) ထားဝယ်မှိုင်း အရွက်ကို ရေနွေး ဖြော၍ သုပ်စား ပါက ရက် အနည်းငယ် အတွင်း ပျောက်ကင်း၏ ။
- ၂။ အစာမကြေ၊ ဝမ်းကိုက်လျှင် ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။
- ၃။ ခပေါင်းရေကြည်အစေ့ခွံကို အမှုန့်ပြု၍ အန်ဆေး ၊ ဝမ်းကိုက်ပျောက်ဆေး အဖြစ်သုံး၏။
- ၄။ ဖန်ခါးအခေါက် ကို ပြုတ်သောက် သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
- ၅။ မီးကွင်းဂမုန်းအရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
- ၆ ။ မုရားကြီး အရွက်ကို ကျို၍သောက်က ဝမ်းကိုက် ရောဂါ ပျောက်သည်။
- ၇။ လက်ထုတ်ကြီး အခေါက်ကို အမှုန့်ပြုလုပ်၍ ပျားရည်နှင့် ရောသောက်သော် ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းသွား ရောဂါနှင့် ကာလဝမ်း ရောဂါ များ ပျောက်၏။
- ၈။ သက်ရင်းကြီး အရွက်နုကို ပြုတ်တို့ စားခြင်းဖြင့် ဝမ်း၊ လေမှန်၍ ဝမ်းကိုက်နာ၊ ဝမ်းသွားနာ တို့ကို ပျောက်ကင်း စေ၏။
- ၉။ သစ်ကြံပိုး အခေါက် ကို ပြုတ်၍ သောက်လျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။
- ၁၀။ လောက်သေပင် အရွက် မနုမရင့် ကို ပြုတ်၍ သုပ်စား ခြင်း ၊ တို့စား ခြင်း ဖြင့် ဝမ်းကိုက် ရောဂါ ၊ ဝမ်းဖော ဝမ်းရောင် ရောဂါ ၊ ကလေးများ သန်ဝမ်းကိုက် ခြင်း၊ ရင်ပြည့်ရင်ကယ် ဖြစ် ခြင်း ပျောက်၏ ။
- ၁၁။ ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏ ။
- ၁၂။ ဇော်ဂျီတောင်ဝှေးပင် ရွက်နုများကို ပါးပါးလှီး၍ သုပ်စားတို့စားလျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ဝမ်းကို လည်းကောင်းစေ၏ ။
သန် ချဆေး
- ၁။ ထားဝယ်မှိုင်း အစေ့ ၂-၃ စေ့ကို ကြိတ်၍ ပျားရည်နှင့် ရောပြီး စားသုံးပါက သန်ကောင်များ သေကြေ ကျဆင်း လာမည်။
- ၂။ ဒန့်သလွန်သီး ကို ဟင်းချက် ကျွေးက ကလေး များ သန်ကောင်၊ တုတ်ကောင် ကင်းရှင်း စေ၏။
- ၃။ ကလေး သန်ကျ လိုလျှင် ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
- ၄။ ဆိတ်ဖလူးအရွက်ကြိတ်ရည်တွင် ဆားအနည်းငယ်ခတ်၍ သောက်က သန်များကို ကျစေသည်။
- ၅။ ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။
- ၆။ လက်ထုတ်ကြီး အမြစ်ကို ရေနှင့် သွေးပြီး အိပ်မွေ့သီး အနည်းငယ် ထည့်သောက်သော် သန်ကျ၏။
- ၇။ သူငယ်များ သန်ထသော် လင်းလေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။
- ၈။ သင်္ဘောသီး အစေ့ အရေအတွက်ကို အရွယ်နှင့် ချင့်၍ စားသော် ဝမ်းတွင်းရှိ သန်များ ကျ၏။
- ၉။ အစေးကို ထန်းလျက်နှင့် နယ်စားသော် သန်ကျ၏။
- ၁၀။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက် ညှစ်ရည်ကို အရွယ်အလိုက် ချင့်၍ တိုက်ပေး ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
- ၁၁။ လက်ပံခါးအမြစ် ခေါက်ကို ကျို၍ အိပ်မွေ့ သီးမှုန့် နှင့် သင့်ရုံ ရောသောက် သော် ဝမ်းတွင်း ရှိ တုတ်များ သန်ကောင် များ ကျ၏။
- ၁၂။ သြဇာအရွက်ကို ကြိတ်၍ စားခြင်း ဖြင့် သန်ကျ စေသည်။တုတ်ကောင်ကြီး များလည်း ကျစေသည်။ ပျောက်ကင်း စေသည်။ ကြိတ်၍ အုံကပ်ပေး ပါက အကြောငုပ် ခြင်း ၊ တက်ခြင်းများ ပျောက်၏ ။
ဝက်ခြံ
- ၁။ ဇာတိပ္ဖိုလ်သီးကို သွေး၍ ဝက်ခြံပေါက်သည့်နေရာ၌ လိမ်းပေးက နုလျှင် ပိန်၍ ရင့်လျှင် အမြန်မှည့်ပြီး ပျောက်၏ ။
- ၂။ ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။
- ၃။ ဝက်ခြံ အမြစ် မထွက် သော် ဖန်ခါးသီး စေ့ကို ဆန်ဆေး ရည် နှင့် သွေးလိမ်း ရ၏။
ပျို့အန်သော ရောဂါ
- ၁။ ဇာတိပ္ဖိုလ်သီးကိုရေအေးနှင့်သွေး၍ လျက်ခြင်းဖြင့်ပျို့အန်သော ရောဂါဖြစ်လျှင် ပျောက်၏ ။
- ၂။တရုတ်နံနံနှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ပျားရည်နှင့်ရောစားပါကအော့အန်သောရောဂါ ပျောက်၏
- ၃။ ရင်းပြားမြစ်၊ ချင်းခြောက် နှင့် နံနံစေ့ တို့ကို အညီစု၍ ရေထက်ဝက်ခန်း ကျိုပြီး အနည်းငယ် မျှစီ ည နံနက် သောက်သုံးပေး သော် ရင်ပြည့် ရင်ကယ် ပျို့အန်ခြင်း များ ပျောက်၏။
- ၄။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
- ၅။ လေးညှင်းပွင့် ကို ရေနှင့် ကြိတ်၍ ခပ်နွေးနွေး ပြုပြီး သောက်သော် ရေငတ်ခြင်း၊ ပျို့အန်လိုခြင်း၊ လျှာခြောက်ခြင်း၊ ချွဲခြင်း၊ အရသာ မပေါ်ခြင်း များပျောက်၏။
- ၆။ အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
အရူးရောဂါ
- ၁။ ဆူးပန်းအစေ့ကို အမှုန့်ပြု၍ နွားနို့နှင့်သောက်ပါက အရူးရောဂါ ၊ လေဖောက်ပြန်သောရောဂါ ၊ ယားနာ ပျောက်၏။
- ၂။ ဝါပွင့်ကို ရှာလပတ် ရည်လုပ် သောက်သော် စိတ်နောက်ခြင်း၊ ရူးသွပ်ခြင်း ပျောက်၍ စိတ်ကို ရွှင်လန်း စေသည်။
- ၃။ ပေါက်ပန်းဖြူ အရွက်ကို အရည်ညှစ်၍ ချင်းခြောက် ၊ ပိတ်ချင်း ကြံသကာ တို့နှင့် ဆတူရော၍ ရှူပေးပါက စိတ်ဖောက် ပြန် ပျံ့လွင့်သော ရောဂါ ပျောက်၏ ။
ဆံပင်သန်ဆေး
- ၁။ ဆူးပန်းစေ့နှင့် ဆူးဖြူခေါက်တို့ကို အညီအမျှစီယူ၍ မီးရှို့ပြာချ ပြီးနောက် ယင်းပြာကို စပယ်ဆီနှင့်ရော၍ ဆံပင်၌ လိမ်းလျှင် ဆံပင်များ နူးညံ့ပျော့ပျောင်း၍ ဆံပင်အလွန် ကောင်းလာစေသည်။
လိပ်ခေါင်းရောဂါ
- ၁။ ဆူးပန်းအပွင့်ကိုကြိတ်၍ သကြားနှင့် ရောသောက်ပါကလိပ်ခေါင်းနှင့်ကျောက်တည်ရောဂါ ပျောက်သည်။
- ၂။ မြင်းသရိုက် လိပ်ခေါင်းရောဂါ အတွက် ထိကရုံးအရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။
- ၃။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် လိပ်ခေါင်းသွေးပါရောဂါသက်သာ၏ ။
- ၄။ ငရုတ်ကောင်းစားခြင်းဖြင့် အစာကြေခြင်း ၊ လေကြေခြင်း၊ ဆီးကောင်းခြင်း၊ဝမ်းဖောဝမ်းရောင် ဖြစ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကို ပျောက်ကင်းစေသည်
- ၅။ မိဿလင် အစိုကို ထုခြေ၍ အိုးသစ်တွင် ထည့်ကာ ပေါင်းတိုက်ရေ ယူပြီး နံနက်ည ကြွေဇွန်းကြီး ၂ ဇွန်းကျ မှန်မှန် သောက်က အတွင်း လိပ်ခေါင်း ပျောက်ကင်း စေနိုင်၏။
- ၆။ လင်းလေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။
- ၇။ ဒူလာ၊ လိပ်ခေါင်း ရောဂါ တို့အတွက် သက်ရင်းကြီး အမြစ်ကို သံပရာရေနှင့် သွေး၍ သောက်ရ၏။
- ၈။ ရွေးကလေးအစေ့နှင့် အမြစ်ကို အမှုန့်လုပ်၍ အုန်းရည်နှင့် သောက် သော် လိပ်ခေါင်း ရောဂါ ပျောက်၏။
- မှတ်ချက်။ ။ ရွေးကလေးပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏ ။
အသည်းရောင် အသားဝါရောဂါ
- ၁။ ဆူးပန်းအပွင့်ခြောက်ကို အမှုန့်ပြုစားသုံးပါက အသားဝါရောဂါ ပျောက်၏။
- ၂။ ကင်ပွန်းချဉ်အရွက်နုကလေးများကို ငရုတ်ကောင်းရည်တွင် စိမ်၍ ဆား ၊ မန်ကျည်းသီး ၊ ငရုတ်သီး နှင့် ရောထောင်းပြီး အသည်းရောင် အသားဝါရောဂါ ၊ သည်းခြေရောဂါ စသည်တို့အတွက် တိုက်ကျွေးက သက်သာစေသည်။
- ၃။ ကင်ပွန်းချဉ်အရွက်နုများကို ကြိတ်၍ အသည်းရောင်သော နေရာ၌ လိမ်းကျံပေးက သက်သာစေ၏ ။
- ၄။ စပါးလင် လက်ဆုပ်ခန့် ကို အမြီး ၊ ခေါင်း ဖြစ်၍ ရေနှင့် သုံးခွက်တစ်ခွက်တင်ကျိုပြီး တစ်နေ့ ၃ ကြိမ်ထက်မနည်း သောက်ပါက ၃ ရက်ခန့် အကြာတွင် ဂျွန်းဒစ်ခေါ် ဆီး ကြောင့်ဖြစ်သော အသားဝါရောဂါ ပျောက်ကင်း၏ ။
- ၅။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ ရှားစောင်း လက်ပပ် အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။
- ၆။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသည်းရောင်၍ အသားဝါသောရောဂါ ပျောက်ကင်း၏။
- ၇။ ဇော်ဂျီတောင်ဝှေးပင် အရွက်ကို သကြားနှင့် ကျိုသောက်သော် ဝမ်းကောင်းစေ မှန်စေ၏ ။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ ၊ အသည်းရောင်ရောဂါတို့ ပျောက်၏
- ၈။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။
အတွင်းကြေ ဒဏ်ရာ
- ၁။ တစ်စုံတစ်ရာ ထိခိုက်မိ၍ ကိုယ်ခန္ဓာ တစ်နေရာရာ၌ ရောင်ရမ်းခဲ့ သော် ဆီမီးတောက်ကို သွေးလိမ်းပေးက ပျောက်၏။
- ၂။ ဆူးပန်းအပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။
- ၃။ ဇာတိပ္ဖိုလ်သီးကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့်နားရင်းရောင်
- ရောဂါဖြစ်စဉ်ကရောင်တင်းသောနေရာကို ပျောက်၏ ။
- ၄။ အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။
- ၅။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏ ။
- ၆။ ရွက်ကျ ပင်ပေါက် ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်း ကျဆင်း၍ ဒဏ်ရာ များ သက်သာ ပျောက်ကင်း၏။
သားဖွားလွယ်ကူစေရန်
- ၁။ ဆီမီးတောက်မြစ်ဥကို စင်ကြယ်စွာ ဆေးကြော၍ ရေနှင့်ကြိတ်ပြီး ချက်နှင့် သားအိမ်ပေါ်တွင် လိမ်းပေးပါက လျင်မြန်လွယ်ကူစွာ သားဖွားနိုင်၏။
မျက်စိ ရောဂါ
- ၁။ မျက်စိနာ၊ မျက်ရည်ပူကျ၊ မျက်စိမှုန်၊ မျက်စိဝေ၊ မျက်စိအောင့်, ပူ, စပ်စသည့်ရောဂါကို ဆီးဖြူခေါက်အား သန့်စင်စွာသွေး၍ မျက်စိပတ်ဝန်းကျင်ကို ကွင်းပေးပါက သက်သာပျောက်ကင်းစေပါသည်...။
- ၂။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏ ။
- ၃ ။ တမာရွက် ရည်ကို မျက်စိ ၌ ခတ်ပေး ခြင်းဖြင့် မျက်စိ ယားယံခြင်း ၊ ပူခြင်း၊ မျက်ရည် ပူကျခြင်း ပျောက်၏ ။
- ၄။ ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
- ၅။ မျက်စိနာ မျက်စိမှုန် ရောဂါ အတွက် နလင်ကျော် သွေးပြီး မျက်လုံးကို ဝိုင်း ၍ လိမ်းပေးရ ၏။
- မှတ်ချက်။ ။ နလင်ကျော် မှုန့်စားသုံး စဉ် အတွင်း ထန်းလျက် မစားရ။ စားလျှင် သေတတ် ၏ ။ (အချိုဟူ သမျှ ရှောင်က ပိုကောင်း ၏ ။)
- ၆။ ပရုတ်အေး အရွက်ရည် ကို လိမ်းကျံ ပေးသော် နဖူး၊ မျက်ရိုး ကိုက်ခြင်း ပျောက်၏။
- ၇။ ခန်းတောက်မြစ်ကို ပျစ်ပျစ်သွေး၍ မျက်စိတွင်ကွင်းပေး သော် မျက်စိနာခြင်းနှင့် မျက်စိ၌ဖြစ်သောရောဂါများပျောက်၏။
- ၈။ ခပေါင်းရေကြည်အစေ့ကို သွေး၍ မျက်စိ၌ ကွင်းပေးသော် မျက်စိ မှုန်ခြင်း ပျောက်၍ အမြင်သန်လာမည်။ မျက်သား အဖြူရောင်ပေါ်တွင် ဖြစ်ပေါ်တတ်သော သွေးခြည်ဥ ရောဂါမျိုးနှင့် အခြားမျက်စိနာရောဂါများကိုလည်း ပျောက်ကင်းစေနိုင်၏ ။
- ၉။ ခပေါင်းရေကြည်အစေ့ကို သွေး၍ ပျားရည်နှင့် ကွင်းပေးသော် မျက်စိတိမ်သလ္လာရောဂါ ပျောက်၏ ။ မှတ်ချက်။ ။ မျက်စိတွင်းသို့ ဝင်ရောက်ပါက မျက်လုံးကွယ်တတ်သဖြင့် မျက်စိရောဂါများအတွက် အသုံးပြုရာတွင် မျက်လုံးအိမ် အတွင်းသို့ မဝင်ရောက်စေရန် အထူးသတိပြုသင့်သည်။
- ၁၀။ စံကားဝါအရွက်နုစိမ်ရည်ကို စစ်၍ မျက်စိတွင် ခတ်ပေးသော် မျက်စိတွင်းရှိ အညစ်အကြေးများစင်ကြယ်ပြီး မျက်စိအားနည်းရောဂါ ပျောက်၏။
- ၁၁။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။
- ၁၂။ ဆီးဖြူအစေ့ကို ထုထောင်းခြေပြီးလျှင် ရေနွေးနှင့် ပြုတ်၍ မျက်စိကို ဆေးကြောပေးသော် မျက်စိ၌ ဖြစ်သောရောဂါများ ပျောက်ကင်း သက်သာစေနိုင်၏။
- ၁၃။ ပုန်းညက်အရွက်ကို ရေတွင် စိမ်၍ မျက်စဉ်း ခတ်ပေး လျှင် မျက်စိ ပူလောင် ခြင်း ပျောက်၏။
- ၁၄။ ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ် ပြီး ထို ရေကြည် ဖြင့် မျက်စိ ကို ဆေးပေး ပါက မျက်စိ နာကျင် ကိုက်ခဲ ခြင်း ပျောက်၏။
- ၁၅။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အဝတ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။
- ၁၆။ ရင်းပြားနီအမြစ်ကို နှမ်းဆီ နှင့်ချက်ပြီး အမြှုပ် သေလျှင် စစ်ယူ၍ မျက်လုံးအိမ်၌ ကွင်းပေး၊ လိမ်းပေးသော် မျက်လုံးအိမ် ရောင်ခြင်း၊ ယားယံခြင်း နှင့် မျက်ချေး ထွက်ခြင်း များ ပျောက်၏။
- ၁၇။ အပူအား ကြီး၍ ဖြစ်သော မျက်လုံး ပူခြင်း၊ ယားခြင်း၊ ကျိန်း ခြင်း ၊ ရောင်ရမ်းခြင်း အတွက် ရွက်ကျ ပင်ပေါက် အရွက် သက်သက် ကို ညက်စွာ ကြိတ်၍ လည်းကောင်း ၊ အအေးလွန် ၍ ဖြစ်သော မျက်စိနာ အတွက် ၎င်း အရွက် ကြိတ်ပြီးသား တွင် နနွင်း စစ် အနည်းငယ် ထည့်ကာ ခပ်နွေးနွေး ပြု၍ လည်းကောင်း အုံပေးပါ က မျက်စိနာ ပျောက်၏။
- ၁၈။ ရှားစောင်း လက်ပပ် ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။
- ၁၉။ ရှားစောင်း လက်ပပ် အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။
- ၂၀။ သစ်ဆိမ့်သီး ကို သွေး၍ မျက်စိကို ကွင်းပေးသော် မျက်စိနာ ပျောက်၏ ။
- ၂၁။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေး ပါက မျက်စိနာ ရောဂါ ပျောက်၏။
- ၂၂။ ဧကရာဇ်ပင် အမြစ် နှင့် အခေါက်ကို သွေး၍ မျက်စိတွင် ကွင်းပေးလျှင် မျက်စိနာ ပျောက်၏။
- ၂၃။ ပေါက်ပန်းဖြူ ပွင့်ကို အရည်ညှစ် ၍ မျက်စိ၌ ခတ်ပေးသော် မျက်စိမှုန်ခြင်း ၊ မျက်စိဝေခြင်း ပျောက်၏ ။
- ၂၄။ ကြေးနီခွက် သန့်သန့်၌ လေးညှင်းပွင့် ကို ပျားရည်နှင့် ထုခြေ၍ မျက်စဉ်း ခတ်သော် မျက်စိနာခြင်း၊ မျက်လုံး၌ တိမ်ဖြူစွဲ ခြင်း ပျောက်၏။
- ၂၅။ အောင်မဲဖြူ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
- ၂၆။ ကြစုသီးကို တစ်ညလုံး ရေနှင့် စိမ်ပြီး နံနက်တွင် ယင်းစိမ်ရည်နှင့် မျက်စိကို ဆေးကြောပေးသော် မျက်စိအေး၍ အမြင်သန်၏ ။
- ၂၇။ ကြိတ်မှန်အရွက်ကို အမှုန့်ထောင်း၍ နွားနို့ဖြင့် နေ့စဉ်သောက်သုံးခဲ့သော် မျက်စိအမြင်သန်၏ ။ ဆွံ့အသောသူများ စကားပြောနိုင်၏ ။ နားပင်းသူများ အသံကြားနိုင်၏ ။ နဲ့သောသွား ခိုင်၏။
အသက်ရှည်ဆေး
- ၁။ ဆင်တုံးမနွယ်ရွက်ကို လောက်သေရွက် ၊ အုန်းနှဲရွက် ၊ သင်္ဘော မဲဇလီရွက် ၊ ကုန်းထိကရုံးရွက်တို့နှင့် အမျှစပ်၍ လက်ဖက်ရည် အဖန်ကဲ့သို့ သောက်က အသက်ရှည်၍ အနာရောဂါ ကင်းစေနိုင်သည်။
- ၂။ ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္နဝါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။
- ၃။ ဆီးဖြူသီးသည် အသက်ကိုရှည်စေ၏။ ချောင်းဆိုး ၊ ပန်းနာ၊ လေနာတို့ကို ပျောက်ကင်းစေ၏။
- ၄။ ပရန္နဝါ ရွက်ရည်ကို နို့နှင့် ရောသောက်က ဆီးအောင့် ရောဂါ ၊ ဆီးပူ ညောင်းကျ ရောဂါ ၊ ပန်းသေ ရောဂါ နှင့် အဖျား ရောဂါ တို့ကို ပျောက်ကင်း စေရုံမျှ မက အသက် ကို ရှည်စေ၍ လူကို နုပျို အားတိုး စေနိုင်၏ ။
- ၅။ ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲ သော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်ပါသည်။
- ၆။ မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
- ၇။ ရွှေနွယ်ပင် ကို တို့စရာ အဖြစ် ဖြစ်စေ ၊ ၎င်းချည်း သက်သက် ဖြစ်စေ နေ့စဉ် စားသုံးပေး ပါက ဆံမဖြူ သွားမကျိုး ပါးရေ မတွန့်ဘဲ အသက်ရှည် နုပျို ကျန်းမာ စေ၏ ။
- ၈။ ကြိတ်မှန်ရွက်နှင့် နှမ်းနက်ကို ဆတူယူ၍ အမှုန့်ပြုပြီး နွားနို့နှင့် အမြဲ မှီဝဲသော် အနာရောဂါ ကင်းစင်ပြီး အသင်ရှည်ကာ ဆံပင်လည်း နက်လာမည်။
Subscribe to:
Comments (Atom)