Sunday, January 6, 2013

အတွင်းကြေ ဒဏ်ရာ

  • ၁။ တစ်စုံတစ်ရာ ထိခိုက်မိ၍ ကိုယ်ခန္ဓာ တစ်နေရာရာ၌ ရောင်ရမ်းခဲ့ သော် ဆီမီးတောက်ကို သွေးလိမ်းပေးက ပျောက်၏။
  • ၂။ ဆူးပန်းအပွင့်ပြုတ်ရည်ကို နှာရောင်၊ ကြွက်သားရောင်ခြင်း၊ အဆစ်နာခြင်း အတွက် သုံးသည်။
  • ၃။ ဇာတိပ္ဖိုလ်သီးကို ရေနှင့် သွေးလိမ်းပေးခြင်းဖြင့်နားရင်းရောင်
  • ရောဂါဖြစ်စဉ်ကရောင်တင်းသောနေရာကို ပျောက်၏ ။
  • ၄။ အကျိတ်နာ၊ ထိခိုက် ရှနာခြင်း၊ အတွင်းကြေ ဒဏ်ရာ ရခြင်းတို့ အတွက် နနွင်းနှင့် ထုံးကို ရောစပ် လိမ်းပေးခြင်း၊ ဒဏ်ရာ မှ သွေးထွက် လွန်ခြင်းတို့ အတွက် နနွင်းမှုန့် သိပ်ပေးခြင်း တို့ဖြင့် ပျောက်ကင်း စေနိုင်၏။
  • ၅။ စပါးလင်ကို ထုထောင်း၍ အဝတ်ဖြင့် ထုပ်ပြီး ကြပ်ထုပ် ပြုလုပ်၍ ထိုးပေးပါက ရောင်ရမ်းနာပျောက်ကင်း၏ ။
  • ၆။ ရွက်ကျ ပင်ပေါက် ရွက်ကို မီးကင်၍ ထိခိုက် ရောင်ရမ်းနေသော ဒဏ်ရာ များကို ကပ်ပေးပါက ရောင်ရမ်း ကျဆင်း၍ ဒဏ်ရာ များ သက်သာ ပျောက်ကင်း၏။

No comments: