Tuesday, January 1, 2013

ကွန်ပျူတာမြန်နှုန်းမြင့်နည်း

အရင်ဆုံးလုပ်ရမှာကတော့ Registy ကလုပ်မှာဖြစ်တဲ့အတွက် Start ကလေ Run ကိုဖွင့်လိုက်ပါ။ ပြီးရင် regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ Registy Editor ပေါ်လာပါလိမ့်မယ်။ Registy Editor မှာအောက်က ပြောတဲ့အတိုင်းလေးလိုက်လုပ်လိုက်ပါ။၁။ Memory performance ပိုမိုကောင်းမွန်အောင်လုပ်ခြင်း။
ဒါကတော့ memory ထဲမှာ မှတ်ထားတဲ့ အချက်အလက်တွေကို hard disk မှာ file တွေကို သပ်သပ်ရပ်ရပ် စီစီရီရီ သိမ်းထားသလို မျိုးဖြစ်အောင်လုပ်ခြင်းပါဘဲ။ ဒီလိုလုပ်ဖို့အတွက်
HKEY LOCAL MACHINE/SYSTEM/Current Control Set/Control/Session Manager/Memory Management
ထိရောက်အောင် tree တွေကို ဖွင့်ပြီး အဆင့်ဆင့်သွားလိုက်ပါ။ ရောက်ရင် Memory Management ကို select လုပ်ထားပါ။ ပြီးရင်ညာဘက်မှာရှိတဲ့အထဲက Disable Paging Executive ကို double click နဲ့ဖွင့်ပြီး Decimal Value ကို 1 ပြောင်းလိုက်ပါ။ နောက်ထပ် Large System Cache ကိုလည်း Double click နဲ့ဖွင့်ပြီး Decimal Value ကို 1 ပြောင်းလိုက်ပါ။ ဒါဆိုရင် OS က memory ကို အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးပါလိမ့်မယ်။

၂။ Add/Remove program ထဲမှာပါတဲ့ Entry တွေကိုရှင်းထုတ်ခြင်း

HKEY_LOCAL_MACHINE/SOFTWARE/Microsoft/Windows/Current Version/Uninstall ထိသွားပါ။ Uninstall ကို ဖွင့်ပြီးအောက်မှာရှိတဲ့အထဲက မလိုတော့တဲ့ Program တွေကို delete လုပ်လိုက်ပါ။

၃။ Start Menu ကို မြန်ဆန်လာအောင်လုပ်ခြင်း

Start Menu ကို default အတိုင်းထားရင် အနည်းငယ်နှေးနေတတ်ပါတယ်။ သူ့ကို Level အမျိုးမျိုးပြောင်းပေးလို့ရတယ်။ ဒီအတိုင်းသွားလိုက်ပါ။
HKEY_CURRENTUSER/Control Panel/Desktop
ပြီးရင် Desktop ကို select လုပ်ထားပြီး ညာလက်က Menu Show Delay ကို double click လုပ်ပြီး Value data ကို "0" (သုည) ပြောင်းလိုက်ပါ။ effect ဖြစ်ဖို့အတွက် ကွန်ပျူတာကို Restart ပေးဖို့တော့ လိုပါတယ်။


No comments: