![]() |
| ဆီးဖြူပင် |
![]() |
| ဒန္တသုခ |
၂။ ဒန္တသုခ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။
![]() |
| နနွင်း |
၃။ ကိုယ်ဝန်ဆောင် စဉ် အတွင်း ဖျားခြင်း၊ သားဖွားပြီး သွေးတက်ခြင်း၊ သွေးပုပ်ကျန်ခြင်း၊ သွေးမသန့် ခြင်း၊ မီးဖွားပြီး နောက် ချိနဲ့ခြင်း၊ အသား အေးခြင်း၊ သားမြတ် ကိုက်ခြင်း၊ ရောင်ခြင်း၊ မီးယပ် သွေးဖော ဖြစ်ခြင်း ၊ ယားယံ ခြင်းတို့အတွက်နနွင်းကိုအမှုန့်ပြုကာ
ရေနှင့်ဖျော်၍လိမ်းပေးခြင်း၊ သောက်ပေး ခြင်း၊မှိုင်းရှူပေးခြင်း၊
ရေနွေး နှင့် ပြုတ်၍ ရေချိုးပေး ခြင်း၊ ကြပ်ထုပ် ထိုးပေး ခြင်း တို့ဖြင့် ပျောက်ကင်းစေနိုင်၏။
![]() |
| ပင်စိမ်း |
၄။ မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။
![]() |
| ဝါပင် |
၅။ ဝါမြစ်ခေါက် ကို ပြုတ်သောက်သော် မီးယပ် လာစဉ် သွေးလွန်သော ရောဂါ ပျောက်၏။
၆။ ဝါမြစ်ကို ဆန်ဆေးရည် နှင့် သွေးသောက် သော် မီးယပ်ဖြူဆင်း သောရောဂါ ပျောက်၏။
![]() |
| ကစော့ခါး |
၇။ ကစော့ခါး ပဉ္စငါးပါး နုပ်နုပ်စဉ်း၍ ရေထက်ဝက် ခန်းအောင် ကျိုပြီး ပိတ်သန့်သန့်ဖြင့် စစ်၍ အေးလျှင် ပျားရည်တစ်ဆယ်သားခန့် ထည့်ပါ။ လက်ဖက်ရည်ပန်းကန်ဖြင့် ထက်ဝက်ခန့် တစ်နေ့ နှစ်ကြိမ်
သောက်ပါကမီးယပ်ဖြူဆင်းသည့်ရောဂါ ပျောက်၏။
![]() |
| ကျွန်းပင် |
၈ ။ ကျွန်းပင်၏အခေါက် ကိုတစ်ညလုံး ရေစိမ်ထားသော စိမ်ရည်ကို သောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
![]() |
| ကန်စွန်းရွက် |
၉။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။
![]() |
| ဆိတ်ဖလူး |
![]() |
| ကွမ်းရွက် |
၁၁။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏
![]() |
| ပရန္နဝါ |
၁၂။ ပရန္နဝါ ကို ကြိတ်မှန် ရွက် နှင့် ရောသောက် သော် မီးယပ် ရောဂါ ပျောက်၏။
![]() |
| ပုန်းညက် |
၁၃။ ပုန်းညက်အခေါက် ကို ပြုတ်၍ သောက်ပါက သွေးသွန် ခြင်း ပျောက်၏။
![]() |
| ဗုဒ္ဓသရဏပင် |
၁၄။ ဗုဒ္ဓသရဏပင် ဥကို ဓားနှင့် ပါးပါး လှီးပြီး အခြောက် လှန်း၍ ထန်းလျက် နှင့် ယိုထိုး ကာ စမုန်မျိုး ငါးပါး အမှုန့် ပြု၍ ထည့်ပြီး ဖန်ဘူးတွင် ထည့်၍ နံနက် တစ်ခါ၊ ညအိပ်ရာ ဝင်တစ်ခါ ကွမ်းသီးလုံး ခန့် စားပါက ယောကျ်ား မိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသား မညီညွတ်ခြင်း၊ မီးယပ် ဝမ်းပျက်၊ သွေးဆုံး ၊ ကိုယ်လက် တို့၌ သွေးလေ မလျှောက်ခြင်း၊လိပ်ခေါင်း၊ ပန်းညှိုး၊ အသား အရေ ခြောက်ကပ်၊ အားအင် ကုန်ခန်းခြင်း၊ အသားအရ စေးထန်းထန်း ဖြစ်ခြင်း၊ ခါးနာ ၊ ထုံကျင် ကိုက်ခဲခြင်း နှင့် အသားဝါ ရောဂါ များ ပျောက်ကင်း စေသည်။
၁၅။ ဗုဒ္ဓသရဏပင် ဥပြုတ်ရည် ကို ဒိုပါလာ သကြားနှင့် ဖျော်ပြီး နံနက် ည လက်ဖက်ရည် အကြမ်း ပန်းကန်လုံး တစ်လုံးကျ သောက်ပေးက အမျိုးသမီးများ အဖြူ အနီ ဆင်းခြင်း၊ မစားချင် မသောက်ချင် ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သား ကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေ ပူ၍ ပြာနှမ်းနှမ်း ဖြစ်ခြင်း၊ ခေါင်း ဦးရေ ကျိန်းခြင်း၊ အကြော အခြင် တင်းခြင်း၊ဝမ်းဖော ဝမ်းရောင် ခြင်း၊ သွေးပုပ် ဆန်ခြင်း နှင့် ဆီးရောဂါ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။
![]() |
| မန်ကျည်း |
၁၆။ မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
![]() |
| မိဿလင် |
၁၇။မိဿလင် ကို အရည်ညှစ် ၍ ဆားအနည်းငယ် ထည့်သောက် သော် မီးယပ် ချုပ်ခြင်း ပျောက်၏။
၁၈။ ရာသီလာစဉ် ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှုနဲ့ ရာသီအကြိုဝေဒနာ ခံစားရတဲ့ အမျိုးသမီးတွေက
အီစထရိုဂျင်ဟော် မုန်းအဆင့် မြင့်တက်နေပုံ ရပါတယ်။ ဒါကို လျော့ကျစေဖို့ အစားအသောက် စားသောက်မှုပုံစံကို လျှော့ချပေးရပါမယ်။ မဂ္ဂနီဆီယမ်များများပါတဲ့ အစာတွေကို စားတာက ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာစေပါတယ်။ မဂ္ဂနီဆီယမ်က ကြွက်သားရဲ့ လုပ်ငန်းတွေ ကျန်းမာဖို့အတွက် အရေးကြီး တာကြောင့် မဂ္ဂနီဆီယမ်ချို့တဲ့နေရင် ရာသီအကြို ဗိုက်အောင့်တဲ့ ဝေဒနာ
ခံစားရနိုင်ပါတယ်။နေ့စဉ် အစိမ်းရောင် ဟင်းရွက်များများနဲ့ အခွံမာတဲ့ အစေ့အဆန် လက်တစ် ဆုပ်စာတို့ကို စားပေးပါ။ ရာသီလာချိန်ကို စောင့်ဆိုင်းနေဖို့ မလိုဘဲ နေ့စဉ် စားပေးလိုက်ရင် ရာသီအကြိုဝေဒနာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အခွံချွတ် ထားတဲ့ ကာဗိုဟိုက်ဒရိတ်အစာကို လျှော့ချပြီး အိုမီဂါ ၃ ပါဝင်မှုများတဲ့ ငါးအဆီကို စားရပါမယ်။
![]() |
| မုရားကြီး |
၁၉။ မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ၊မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။
![]() |
| ရင်းပြားနီ |
၂၀။ ရင်းပြားနီအရွက်ကို ရေနွေးဖြော၍ သုပ်စား ခြင်းဖြင့် မီးယပ် ရောဂါ ပျောက်ကင်း စေ၏။ မီးဖွား ပြီးစ မိခင်များ စားသုံးလျှင် ဒဏ်ကြေ၍ အင်အားတိုးပြီး နို့ထွက် ကောင်းစေ၏။
![]() |
| ရှဉ့်မတက် |
၂၁။ ရှဉ့်မတက်ဥ ကြိတ်၍ ရသော အရည် တွင် ပျားရည် ရောသောက်သော် မီးယပ် ရောဂါ ပျောက်၏။
![]() |
| ရှားစောင်း လက်ပပ် |
၂၂။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ္စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။
![]() |
| သင်္ဘောမညှိုး |
၂၃။ သင်္ဘောမညှိုး အရွက်နုကို ရေနှင့် စိမ်၍ သောက်ပါက မီးယပ် သွေးလွန် ရောဂါကို ပျောက်ကင်း စေသည်။
![]() |
| ဟင်းနုနယ်ဆူးပေါက် |
၂၄။ ဟင်းနုနယ်ဆူးပေါက်အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။
၂၅။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။
![]() |
| အလိုကျူ |
၂၆။ အလိုကျူ ပြုတ်ရည်တွင် ကြွေပုပ်မှုန့် ထည့်ဖျော် သောက်ပါက အမျိုးသမီးများ ရိဖြူ ရိနီ ကျဆင်းခြင်း ပျောက်၏။
![]() |
| အကြောတစ်ထောင်ပင် |
၂၇။ အကြောတစ်ထောင်ပင် အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့်
ဖောရောင်ခြင်း ပျောက်၏။
![]() |
| ရွေးကလေး |
၂၈။ ရွေးကလေး အမြစ်ကို ရေဖြင့် တစ်ည စိမ်၍ နံနက်တွင် အဝတ်ဖြင့် စစ်ပြီး ညနံနက် တစ်ကြိမ် စီသောက် ပါက မီးယပ်ဖြူ ဆင်းသော ရောဂါ ပျောက်၏။ မှတ်ချက်။ ။ ရွေးကလေး ပင်သည် အဆိပ် ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို ၍ သုံးဆောင် သော် ဝမ်းလျှောခြင်း ၊ အန်ခြင်း ၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေး ခွဲမှ ၃ ရွေး အထိသာ သုံးနိုင်၏
![]() |
| ရှောက်သီး |
၂၉။ မီးယပ် သွေးဆင်း၍ မူးေ၀ သောရောဂါ အတွက် ရှောက်သီးကို ထန်းလျက် နှင့် စားက ပျောက်၏ ။
![]() |
| ကြောင်ရိုသေပင် |
၃၀။ ကြောင်ရိုသေပင်အရွက်ခြောက်ပြုတ်ရည်ကို တိုက်လျှင် အသက်ရှူလမ်းကြောင်း တစ်လျှောက်၌ ရှိသော အညစ်အကြေးပိတ်ဆို့ခြင်းကို ရှင်းလင်း စေပြီး အသက်ရှူပြွန်တံ ရောင်ခြင်းကို သက်သာစေ၏ ။ ပန်းနာရောဂါ ၊ မီးယပ်ကွက်ပေါ်သောရောဂါ ၊ သွေးတိုးရောဂါတို့ကို လည်း ပျောက်စေ၏။
![]() |
| ကြိတ်မှန် |
၃၁။ မီးယပ်သွေး ငုပ်လျှင် ကြိတ်မှန်အရွက်ကို ထန်းလျက်နှင့် သုံးခွက်တစ်ခွက်တင် ကျိုသောက်သော် သွေးပေါ်စေ၏။
![]() |
| ဇော်ဂျီတောင်ဝှေး |
၃၂။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေးပဉ္စငါးပါးကို သကြားနှင့် ကျိုသောက်က မီးယပ်ပေါ်စေ၏ ။
၃၃။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါး ကြိတ်ညှစ်ရည် ၊ ချင်း ၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိူးသမီးများ သွေးသားမှန်ကန်၍ လှစေ ဝစေ၏ ။ အမောလည်း ခံနိုင်၏ ။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကိုလည်း ပျောက်စေ၏






















+%E1%80%B1%E1%80%86%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8).jpg)


+-%E1%80%81.jpg)


No comments:
Post a Comment