Tuesday, January 1, 2013

တနင်္ဂနွေသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

စနေနေ့ နံနက်(၉)နာရီတွင် ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ် အားရည်မှတ်၍
အုန်းဆွမ်း (၂) ပန်းကန်လှူဒါန်းရပါမည်။ နောက်တစ်နေ့ တနင်္ဂနွေနေ့နံနက်(၉) နာရီ(၂၂)မိနစ်တွင် မိမိရောင်းထွက်လိုသော စက်ပစ္စည်းအား ရာဟုထောင့်(အနောက်မြောက်အရပ်)မှနေ၍ (ယမန်နေ့က ရှင်ဥပဂုတ္တရဟန္တာအရှင်မြတ် အားရည်မှတ်၍
အုန်းဆွမ်း (၂) ပန်းကန်အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောစက်ပစ္စည်းသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး ဆီးညွန့် (၃) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၈)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ

No comments: