Tuesday, January 1, 2013

Mozilla Firefox ကိုအမြန်နှုံးမြင့်ပြီးသုံးရအောင်ဗျာ

 May 19, 2012 ရက် ၊ 18:56 တွင် ဥယျာဉ်မှူး ၃ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

မင်္ဂလာပါ
ဧဒင်ဥယျာဉ်မှ သူငယ်ချင်းများအတွက် Mozilla Firefox ကို အမြန်နှုံးမြင့်ပြီးသုံးရအောင်ဗျ
Mozilla Firefox ကိုဘယ်လို့ အမြန်နှုံး မြင့်ပြီးသုံးရမလဲဆိုရင်
ပထမဆုံး Desktop ပေါ်မှာရှိတဲ့ Mozilla Firefox ပုံကို ညာဘက်ကလစ်ပေးလိုက်ပါ
ပြီးရင် Properties ထဲကိုဝင်လိုက်ပါခင်ဗျာ ပြီးရင်တော့ Shortcut ကိုကလစ်ပေးပြီး Target ဘောက်ထဲက အကွက်ရဲ့နောက်ဆုံးဒီစာရဲ့နောက်ကို "C:\Program Files\Mozilla Firefox\firefox.ex"
စပေ့ဘားတစ်ချက်ရိုက်ပြီး /prefetch:1 ကိုထည့်လိုက်ဗျာ အဆင်ပြေပါပြီး

ကဲ့ မြန်လာပြီးနော် ဒါပေမဲ့ နည်းနည်းပဲ မြန်သေးတယ်ဗျ စိတ်ကြိုက်မဖြစ်သေးဘူး

ထက်ပြီးဒီထက်မြန်အောင်လုပ်ဦးမှာ ဆိုဒ်တစ်ခုဝင်ရင် ကွန်နရှင်ကောင်းကောင်းနဲ့  Mozilla Firefox မြန်မြန်လေဆိုတော့ သုံးရတာအဆင်ပြေတာပေါ့ဗျာ မဟုတ်ရင် သုံးနေရင် ကွန်ပျုတာကိုရိုက်ခွဲးချင်စိတ်တွေပေါက်လာရော :P
နောက်တစ်မျိုးထက်လုပ်ရအောင်ဗျာ
Mozilla Firefox ကိုဖွင့်လိုက်ပါ Add ဘားပေါ်မှာ about:config
ဆိုပြီးရိုက်ထည့်လိုက်ဗျာ
ပြီးရင် I'll be careful, I promise! ကိုကလစ်ပေးပြီးဝင်လိုက်ဗျာ scresh ဘားပေါ်မှာ pip လို့ ရိုက်ထည့်လိုက်ဗျာ network.http.pipelining ကို နှစ်ချက်နှိပ်ပြီ true လုပ်လိုက်ဗျာ
network.http.pipelining.maxrequests မှာ 4 ကို နှစ်ချက်နှိပ်ပြီး 30 ပြောင်းပေးလိုက်ဗျာ
network.http.proxy.pipelining ကိုလဲ true ပြောင်းပေးလိုက်ဗျာ သူငယ်ချင်းရဲ့ Mozilla Firefox သိသိသာသာမြန်လာပါပြီး

ဒါကိုသုံးရတာ စိတ်တိုင်မကျသေးဘူး ဒီထက်မြန်ချင်သေးတယ်ဗျာ Mozilla Firefox သုံးတိုင်လုပ်ရမယ်နည်းလမ်းလေပါ ခုနည်းလေကတော့ ဆိုဒ်တွေဝင်တိုင် လုပ်ပေးရင် အဆင်ပြေပါတယ် သုံးရတာ လေးနေတယ်ထင်လာရင် လုပ်ပေးပါ

Mozilla Firefox ကိုဖွင့်လိုက်ပါ Shift + Ctrl + J ကိုနှိပ်လိုက်ပါ
Error Console ဖိုင့်တစ်ခုတက်လာရင် All ကိုနှိပ်ပြီးရင် Clear ကိုနှိပ်လိုက်ပါခင်ဗျာ
Mozilla Firefox သိသိသာသာမြန်လာပါပြီးခင်ဗျာ
ဆိုဒ်တွေဝင်တိုင် နှိပ်ပေးပါ အဆင်ပြေပါပြီး

ခုလောက်ဆိုရင် ဧဒင်ဥယျာဉ်ညီကိုမောင်နှမများလည်း Mozilla Firefox ကို အမြန်နှုံးမြင့်ပြီးသုံးနေလောက်ပါပြီး

လုံးဝ ကွန်နရှင်မကောင်းတဲ့ နေရာတွေတော့ ဘယ်လောက်ကြီးလုပ်လုပ် မမြန်နိုင်ပါဘူး ..:D


No comments: