Tuesday, January 1, 2013

မရိုးတစ်ပင်လုံး ဆေးအသုံး


အသုံးပြုပုံ
 အမြစ်

၁။ မရိုး မြစ်ခေါက်ကို ရေနှင့် ကြိတ်၍ သွားကိုက်သော နေရာတွင်သိပ်ပေးသော် သွားကိုက် ပျောက်၏ ။
 
၂။ မရိုးမြစ် နှင့် ဝါဂွမ်း မြစ်ကို ဆတူ ကြိတ်၍ အနည်းငယ် မျှ သောက်သော် မြွေဆိပ်များ ကျဆင်း စေ၏ ။
 
၃။ ကင်းကိုက်သော ဒဏ်ရာပေါ် တွင် မရိုးစေ့ သို့မဟုတ် မရိုးမြစ် ကို ရေနှင့် သွေးလိမ်း လျှင် ကင်းဆိပ် ပျောက်၏ ။

၄။ မရိုးမြစ် ကို ဆင်ခြေ ထောက် ရောဂါ ၊ ထိခိုက် မိ၍ ရောင်ရမ်း သော ဒဏ်ရာတို့ အတွက် ဆေးဖော် စပ် သုံး ၏ ။
 
၅။ မရိုးမြစ် ကို ကြိတ်၍ မီးဖြင့် နွေးအောင် ပြုပြီး ပေါင် ၊ခြေ သလုံးသား တောင့်တင်း ကိုက်ခဲသော နေရာပေါ် တွင် လိမ်းက ပျောက်၏ ။
 
၆။ မရိုးမြစ် မှုန့်နှင့် ပျားရည် ရောသောက်က အရေပြား ရောဂါနှင့် အနာကြီး ရောဂါ ပျောက်၏ ။
 
၇။ မရိုးမြစ် နှင့် မရိုးစေး ကို မျက်စိ ကွင်းဆေး ၊ မျက်စိနာ ပျောက်ဆေး များ အဖြစ် ဖော်စပ် အသုံး ပြု၏ ။
 
၈။ မရိုးမြစ် ကို ဝက်ရူးနာ ရှူဆေး အဖြစ် အသုံးပြု၏ ။ အပွင့် ကို ဝက်ရူး နာသောက် ဆေး အဖြစ် ဖော်စပ် သုံး၏။ 

အပွင့်
၁။ မရိုးပွင့် အစိုကို ကြိတ်၍ နွားနို့ နှင့် နေ့စဉ် သောက်သော် ကျောက် တည်ရောဂါ ပျောက်၏ ။
 
၂။ အပွင့်ကို နှမ်းဆီနှင့် ကြော်စားလျှင် သွေးလုံးပျောက်၏ ။
 
၃။ မရိုးပွင့် ကို ကာလ ဝမ်းရောဂါ ပျောက်ဆေး အဖြစ် လည်း ဖော်စပ် သုံး၏ ။
 
အစေး
၁။ ဒူးခေါင်း ကိုက်ခဲခြင်း ၊ ကွေးဆန့်၍ မရခြင်း အတွက် မရိုးဆေး နှင့် လိမ်းနယ်ပေး ရ၏ ။
 
၂။ မရိုးဆေး နှင့် ဆူးဖြူ အခေါက် မှုန့်တို့ကို ရောကြိတ်ပြီး ချက်ဘေး ပတ်လည် နှင့် ဆီးအိမ် ကို လူးပေးပါက ဆီးချုပ်ခြင်း ပျောက်၏ ။

၃။ မရိုးစေးကို နနွင်းနှင့် သွေးလိမ်း က မျက်နှာ ရှိ တင်းတိပ် များပျောက်၏ ။
 
၄။ မရိုးစေး နှင့် သနပ်ထော် စေး ခပ်ပျစ်ပျစ် သွေးလိမ်းက ကျပ်ဖူးနှင့် အခြား အဖုအပိမ့် များ ပိန်၍ ပျောက်၏ ။
 
၅။ မရိုးစေး နှင့် ရှိန်းခို သွေး၍ စုတ်ဖြင့် ထိုးပေးက မခံ မရပ် နိုင်အောင် ကိုက်ခဲ နာကျင်ခြင်း ပျောက်၏ ။
 
အကိုင်း
၁။ မရိုးကိုင်း ကို အတွင်း လိပ်ခေါင်း ပျောက်ဆေး အဖြစ် အသုံးပြု ၏ ။
 
၂။ မရိုးကိုင်း ခြောက် ကို မီးရှို့၍ အခိုးကို နှာခေါင်း ဖြင့် ရှူပေးပါက ခေါင်းကိုက် ၊ အကြော တက်ရောဂါ ပျောက်၏ ။ 
အရွက်
၁။ မရိုးရွက် ရင့်ကို ထောပတ် နှင့် သုတ်၍ မီးကင် ပြီး အရည်ညှစ်ကာ နားတွင် ထည့်သော် နားနာ ၊ နားကိုက် ပျောက်၏။
 
၂။ မရိုးရွက် ကြိတ်ညှစ် ရည်ကို ဆား အနည်းငယ် ထည့်သောက်သော် သလိပ်နာ ၊ ပန်းနာ ၊ ဝမ်းဗိုက်နာ ၊ ဝမ်းရောင်နာ များ ပျောက်၏ ။
 
၃။ မရိုးရွက် ကို သူငယ်နာ အဆုတ် ရောင်ရောဂါ ၊ ဝမ်းရောဂါ ၊ ဝမ်းရောင် ၊ ဝမ်းကြောတင်းခြင်း ရောဂါ များ အတွက် ဆေးဖော်စပ် သုံး၏။
 
၄။ သွက်ချာ ပါဒ လေငန်း ၊ အဆစ် ရောင် ရောဂါ လိမ်းဆေး တွင် မရိုးရွက် ကို ထည့်သွင်း ဖော်စပ် သုံး၏။

No comments: