Thursday, January 31, 2013

နှလုံးရောဂါ ကာကွယ်ပေးမည့် သရေစာများ

နှလုံးရောဂါ မျိုးရိုးဗီဇကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်မှုရှိနိုင်ပေမယ့်
အစားအသောက်နဲ့ လေ့ကျင့်ခန်း တွေလို
ဘဝနေထိုင်စားသောက်မှုပုံစံ တချို့ကလည်း
နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အဆာပြေအဖြစ်စားလေ့ရှိတဲ့ သရေစာတွေကတောင် အာဟာရပြည့်ဝတာကို ရွေးရင် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁)ပန်းသီး
ပန်းသီးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေကြောင့် နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ပန်းသီးမှာ အမျှင်ဓာတ် ပက်တင်(Pectin) အပြည့်အဝပါဝင်တာကြောင့် နှလုံး သွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
 
ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
ပန်းသီးမှာပါတဲ့ ကာဆီတင်နဲ့ တခြားအင်တီအောက်ဆီးဒင့်တွေက သွေးကြောကျဉ်းစေတဲ့ ဓာတ်တိုးမှုတွေကို လျော့ကျစေတဲ့အပြင် နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုလည်း လျော့ကျစေပါတယ်။ ပက်တင်ဟာ နှလုံးရောဂါဖြစ်စေတဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို

လျော့နည်းစေပါတယ်။ ပန်းသီးမှာ ရောင်ရမ်းမှုလျော့ကျစေတဲ့အာနိသင် ရှိတာကြောင့် ခန္ဓာကိုယ်အနံှ့က သွေးကြောတွေကို ကျန်းမာစေပါတယ်။ အနီရောင်ပန်းသီးဟာ အင်တီအောက်ဆီးဒင့်အစွမ်းသတ္တိ အပြည့်အဝပါဝင်နေပါတယ်။ (၂)ကုလားပဲ
ဘော်ဒန်လေ့လာမှုတစ်ရပ်အရ အမျိုးသားနဲ့ အမျိုးသမီး တစ်သောင်းခန့်ကို လေ့လာခဲ့ရာ ကုလားပဲကိုပုံမှန် စားတဲ့သူတွေက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို ၂၂-ရာခိုင်နှုန်း လျော့ကျစေတယ်လို့သိရပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
ပဲအားလုံးမှာ နှလုံးကျန်းမာရေးကိုကောင်းစေတဲ့ အစွမ်းရှိပါတယ်။ ကုလားပဲမှာ ပျော်ဝင်အမျှင်ဓာတ်တွေပါ ဝင်တာကြောင့် သွေးတွင်းကိုလက်စထရာအဆင့်ကို လျှော့ကျစေတဲ့အပြင် နှလုံးကိုကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်၊ ပိုတက်စီယမ်နဲ့ အိုမီဂါ ၃, ဖက်တီးအက်စစ်တွေ ပါဝင်ပါတယ်။ ကုလားပဲကိုပြုတ်ပြီး တစ်ပတ်မှာ လေးကြိမ်စားပေးနိုင်ပါတယ်။ (၃) ဗာဒံစေ့နှင့် အရသာတူသောအစေ့
လေ့လာမှုကြီးတွေအရ အခွံမာသီးတွေကို ပုံမှန်စားတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို ၃၇-ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဗာဒံစေ့နဲ့ အရသာတူတဲ့ Almond စေ့မှာ တခြားအခွံမာသီးတွေထက် နှလုံးကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်နေပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရရှိသလဲ
ဗာဓံစေ့မှာ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်အပါအဝင် နှလုံးကျန်းမာစေတဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးဖိအားကို ကျန်းမာတဲ့အဆင့်မှာ ထိန်းထားပြီး ပိုတက်စီယမ်က နှလုံးကနေ သွေးညှစ်ထုတ်ရာမှာ ကောင်းအောင် ကူညီပေးပါတယ်။ (၄) စပျစ်သီး
စပျစ်သီးမှာ နှလုံးကိုကာကွယ်ပေးတဲ့ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ပိုတက်စီယမ်နဲ့ ဖလေဗိုးနွိုက်အပါအဝင်
အာဟာဓာတ်တွေပါဝင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
စပျစ်သီးမှာ အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုကျစေတဲ့အာနိသင်တွေ ပါဝင်ပါတယ်။ စပျစ်သီးမှာပါတဲ့အာ ဟာရဓာတ်တွေကြောင့် သွေးဖိအားကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောကို လျှော့ကျစေပါတယ်။ ဗီတာမင် ဘီစစ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကိုလျှော့ကျစေပြီး နှလုံးသွေးကြောကျဉ်းတာနဲ့
သွေးတိုးတာကို လျှော့ကျစေပါတယ်။ (၅) အမဲရောင်ချောကလက်
တစ်နေ့မှာ ချောကလက်တစ်ကွက်စာပမာဏကို စားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို ၇၅% လျှော့ကျစေပါတယ်လို့ လေ့လာသူတချို့က ဆိုထားပါတယ်။ ဘယ်လိုအကျိုးကျေးဇူးရရှိသလဲ
အမဲရောင် ချောကလက်မှာ ကိုကိုးပါဝင်မှုများပါတယ်။ ကိုကိုးမှာ ဖလေဗိုးနွိုက်ဓာတ်ပေါင်းတွေ ပါဝင်တာ ကြောင့် သွေးကြောပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးရောဂါထတာနဲ့ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးဖိအားကိုလည်းလျှော့ကျစေပါတယ်။

ကြယ်စင်

သိထားသင့်တဲ့အသည်းရောဂါတွေ (အပိုင်း-၅)

အသည်းရောင်အသားဝါရောဂါ
(အသည်းရောင်အသားဝါရောဂါနဲ့လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

ကျွန်တော့်ရဲ့လူနာ (၇)တန်းကျောင်းသူလေးဟာ မျက်လုံးက ဝါထိန်နေပါတယ်။ လူကတော့ လုံးဝအကောင်း ဒေါင်ဒေါင်မြည်ပဲ၊ ပြေးလွှားခုန်ပေါက်ဆော့နေတာ၊ သိပ်မဆော့ဖို့ မိဘတွေက တားရတယ်။ ဒီကလေးလေးကို သူ(၃)တန်းလောက်ကတည်းက ကျွန်တော် ကြည့်ပေးနေတာပါ၊ အသည်းရောင် အသားဝါ ရောဂါ မဟုတ်ပါဘူး။ မွေးရာပါ အသားဝါရောဂါပါ။ ဒီကလေးလေး ရင်ဆိုင်ရတဲ့ ပြဿနာကတော့ ကျောင်းဖွင့်လို့ အတန်းတစ်တန်းတက်လိုက်တိုင်း အတန်းပိုင်ဆရာမက အသားဝါရောဂါဆိုပြီး ကျောင်းမတက်ဖို့၊ နေကောင်းပြီး
အသားဝါပျောက်မှ ကျောင်းကိုလာဖို့ ပြောပါတယ်။ အဲဒီလိုဖြစ်တိုင်း သူ့အမေ ကျွန်တော့်ဆီပြေးလာတယ်။ "ဆရာလုပ်ပါဦး၊ သမီးလေး ကျောင်းဖွင့်လို့ အတန်းသစ် တက်ပြန်ပြီ၊ အသည်းရောင်အသားဝါရောဂါ မဟုတ်ဘူးဆိုတာ ထောက်ခံပေးပါ" လို့ လာပြောလေ့ ရှိပါတယ်။ ကျွန်တော်က သက်ဆိုင်ရာသို့ "ဤကလေးသည် မွေးရာပါ အသားဝါရောဂါရှိနေသူတစ်ဦး ဖြစ်ပါသည်။ မျက်လုံးများ ဝါနေသော်လည်း အသည်းရောင်အသားဝါရောဂါ လုံးဝမဟုတ်ပါ၊ ကူးစက်မှုလည်း မရှိပါ၊ လက်ရှိအခြေအနေအရ ကျန်းမာရေးနှင့်ပြည့်စုံပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ကျောင်းတက်နိုင်ပါသည်" ဆိုပြီး ထောက်ခံစာထုတ်ပေးလိုက်မှ ကလေးလေးကျောင်းတက်လို့ ရပါတယ်။
ဒီလို အသည်းရောင်အသားဝါမဟုတ်ဘဲ မျက်လုံးတွေ၊ ဆီးတွေဝါထိန်ပြီး လူကကောင်းနေတဲ့ ရောဂါလည်း ရှိပါသေးတယ်။ မြန်မာနိုင်ငံမှာလည်း မကြာမကြာတွေ့ရပါတယ်။ မွေးရာပါ အသားဝါရောဂါ တွေပေါ့။ ဒီလိုမွေးရာပါအသားဝါရောဂါတွေထဲမှာ ပြီးခဲ့တဲ့အပတ်တွေက သွေးနီဥတွေပေါက်ကွဲပြီး ဖြစ်တတ် တဲ့ သာလာဆီးမီးယားရောဂါ (Thallasaemia) ရောဂါတွေအကြောင်းကို ရေးခဲ့ပါတယ်။ အခု ကျွန်တော် ပြောပြမယ့် ရောဂါစုကတော့ သွေးနီဥတွေပေါက်ကွဲတာမဟုတ်ဘဲ ဖြစ်တဲ့ အသားဝါရောဂါတွေအကြောင်း ဖြစ်ပါတယ်။

မွေးရာပါအသားဝါရောဂါများ(Familial non-haemolytic hyperbilirubinaemias)
ဒီရောဂါစုဖြစ်တဲ့ ဝေဒနာရှင်လူနာတွေမှာ ကိုယ်ခန္ဓာထဲမှာ ပုံမှန်ထွက်နေတဲ့ အဝါဓါတ် (Bilirubin)တွေကို စွန့်မထုတ်နိုင်တဲ့ မွေးရာပါချွတ်ယွင်းချက်ရှိလို့ ဖြစ်တာပဲ။ အဝါဓါတ်တွေကို အသည်း ထဲကနေတဆင့် အပြင်ကို မထုတ်ပြစ်နိုင်တော့ အဝါဓါတ်တွေ သွေးထဲမှာ လျှံတက်လာပြီး အသားဝါ ဖြစ်တာပေါ့။ အသားနဲ့ မျက်လုံးတွေ ဝါပေမယ့် အသည်းကတော့ လုံးဝကောင်းတယ်၊ အသည်းမရောင်ဘူး။ ဒါကြောင့် အသည်းရောင်အသားဝါ မဟုတ်ဘူး၊ မွေးရာပါ အသားဝါရောဂါလို့ပဲ ခေါ်ရပါမယ်။ အသည်းထဲ မှာ အဝါဓါတ်ကို ချေဖျက်စွန့်ပစ်တဲ့နေရာတစ်နေရာရာမှာ မွေးရာပါ ချို့ယွင်းနေတာပါ။ အဲဒီတော့ အဝါဓါတ် ချေဖျက်တဲ့နေရာ ဘယ်နားမှာ ဘယ်လောက်အထိ ချို့ယွင်းတယ်ဆိုတာပေါ်မူတည်ပြီး ရောဂါ အကောင်း၊ အဆိုး ကွာပါတယ်။ ငယ်ငယ်လေးနဲ့ သေသွားနိုင်တဲ့အဆင့်တွေရှိသလို အသက်ကြီးတဲ့အထိ ဘာမှမဖြစ်ဘဲ သက်တမ်းစေ့နေရတဲ့ ရောဂါသည်တွေလည်း ရှိပါတယ်။ အဲဒီလို မွေးရာပါ အသည်းရောင် အသားဝါ ရောဂါ ရှိတဲ့အထဲက အတွေ့ အများဆုံးရောဂါတစ်ခုကိုပဲ ပြောပြပါမယ်။

ဂေး(လ်)ဘတ်ရောဂါစု (Gilbert Syndrome)
အဲဒီလို မွေးရာပါအသားဝါရောဂါတွေ အဆင့်အမျိုးမျိုး ရှိနေတဲ့အထဲမှာ အများဆုံးတွေ့ရတဲ့ရောဂါ ကတော့ (၁၈၅၈)မှာမွေးပြီး (၁၉၂၇)ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့က သမားတော်ကြီး အော်ဂတ်စတင်ဂေး(လ်)ဘတ (Augustin Gilbert) စပြီးတွေ့တဲ့ အမျိုးအစားပါ။ စတွေ့တဲ့လူနာမည်ပေါ် ယူပြီးတော့ ဂေး(လ်)ဘတ်ရောဂါစု (Gilbert's Syndrome) လို့ နာမည်ပေးထားပါတယ်။ မွေးရာပါ မျိုးရိုးလိုက်တဲ့ရောဂါ ဖြစ်ပါတယ်။

ဘာလို့ဖြစ်တာလဲ
ဒီရောဂါစုရဲ့ ဖြစ်ရတဲ့အကြောင်းကတော့ အသည်းထဲမှာ ဘီလီရူဘင် အဝါဓါတ်ကို အရည်ပျော်ပြီး စွန့်ထွက်သွားအောင် မလုပ်နိုင်တာပါ။ (deferiency in hepatic bilirubin glucuroinsation)
ရောဂါလက္ခဏာတွေ
၁။ အသားတွေ၊ မျက်လုံးတွေ ဝါနေပါတယ်။
၂။ သွေးထဲမှာ ဘီလီရူဘင် အဝါဓါတ် တက်နေပါမယ်၊ ဒါပေမယ့်လို့ ဘာရောဂါဝေဒနာမှ မခံစားရပါဘူး။
၃။ စမ်းသပ်ကြည့်မယ်ဆိုရင် အသည်းလည်း မကြီး၊ သရက်ရွက်လည်း မကြီးပါဘူး။
၄။ အသည်းရောဂါလက္ခဏာတွေ မတွေ့ရပါဘူး။

ဘယ်လိုခံစားရမှာလဲ
ဒီရောဂါရှိတဲ့လူတွေမှာ အသားဟာ ဝါလိုက်၊ လျော့လိုက်နဲ့ပါ၊ ဒါပေမယ့် ဝါတာကလွဲလို့ လူနာမှာ ဘာမှမခံစားရဘဲ ပုံမှန်သွားလာလှုပ်ရှားလို့ ရပါတယ်။
ဘယ်လိုကုမှာလဲ
ဘာမှကုစရာမလိုပါဘူး။ အမြဲတန်း ဝါနေတဲ့ရောဂါပါ။ လူနာနဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို သဘောပေါက်အောင် ရှင်းပြထားရပါမယ်။

မှတ်သားရမယ့် အချက်တွေ
၁။ အသားနဲ့ မျက်လုံးတွေဝါတိုင်း အသည်းရောင်အသားဝါရောဂါ မဟုတ်ပါဘူး။
၂။ မွေးရာပါ ဘီလီရူဘင်ကို စွန့်မထုတ်နိုင်တဲ့ အသားဝါရောဂါတွေ ရှိပါတယ်။
၃။ အဲဒီလိုရောဂါတွေထဲမှာ ဂေး(လ်)ဘတ်ရောဂါ (Gilbert Syndrome) စုတွေက အတွေ့အများဆုံး မွေးရာပါ အသားဝါရောဂါပါ။
၄။ အသည်းရောဂါလက္ခဏာ လုံးဝမရှိပါ၊ ဘာမှလည်း မခံစားရပါ။
၅။ ကုစရာမလိုပါ။
 
ပါမောက္ခခင်မောင်ဝင်း(အသည်း)

သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၄)

သိထားရမဲ့ အချက်တွေ (အနှစ်ချုပ်)

၁။ ဘယ်လို အသက်အရွယ်တွေဖြစ်မှာလဲ
မြန်မာနိုင်ငံမှာ အသက် (၁)နှစ်ကနေ အသက်(၃ဝ) အတွင်း ဖြစ်နိုင်ပါတယ်။

၂။ ဘာရောဂါ လက္ခဏာတွေ ရှိလဲ
ဖျားတာနဲ့ စတယ်။ တချို့လည်း ပျို့အန်ကြတယ်။ သုံး၊ လေးရက်ကြာမှ ဆီးဝါ၊ မျက်လုံးဝါလာတယ်။ ကလေးငယ်လေးတွေ အသားမဝါခင် ဖျားနေတုန်းမှာတော့၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုတ်ကွေးဆိုပြီး လွဲမှား ထင်တတ်ကြတယ်။

၃။ ဘယ်ရာသီမှာ အဖြစ်များလဲ 
 ကျောင်းပိတ်ထားတဲ့ မတ်လကနေ မေလအတွင်းမှာ ကလေးငယ်တွေ အကြီးအကျယ် ဖြစ်ကြပါတယ်။

၄။ ဘယ်လိုသိမှာလဲ
အသားဝါလာပြီဆိုရင် (Anti-HAV lgM) ဆိုတဲ့ test ကို သွေးစစ်လိုက်လို့ Positive ဆိုရင် အသည်းရောင်အသားဝါ အေ ရောဂါ သေချာပြီပေါ့။

၅။ ဘယ်လိုကူးမှာလဲ
ရောဂါသည်နဲ့ နီးနီးစပ်စပ်နေရုံနဲ့လည်း ကူးနိုင်ပါတယ်။
မသန့်တဲ့အစားအသောက်နဲ့ ရေကလည်း ကူးနိုင်ပါတယ်။
သိပ်ကို ကူးလွယ်ပြီး အကူးမြန်တဲ့ ရောဂါတစ်ခုပါ။ ရောဂါသည်နဲ့ ပစ္စည်းအားလုံး လုံးဝခွဲထားဖို့ လိုပါမယ်။

၆။ ဘယ်လိုကုမှာလဲ
အနားယူ၊ လုံလောက်တဲ့ အရည်၊ ကယ်လိုရီ ကျွေးပြီးကု၊ နီးစပ်ရာ ဆရာဝန်နဲ့ ပြပါ။ မလိုအပ်ဘဲ ရေတွေအများကြီး ဇွတ်မသောက်ခိုင်းပါနဲ့။ ဂလူးကို့စ်တွေ မတန်တဆဖျော်မတိုက်ပါနဲ့။ မကြိုက်ဘဲ၊ မသောက်ချင်ဘဲနဲ့ သံပုရာသီး၊ ရှောက်သီး၊ အချဉ်ရည်တွေ မတိုက်ပါနဲ့ ဆေးမြီးတိုတွေ မသုံးပါနဲ့။

၇။ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ
အသည်းရောင် ဘီနဲ့ စီရောဂါပိုးတွေကတော့ ပိုးဝင်ပြီးရင် နာတာရှည်ပိုးသယ်ဆောင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပြီး၊ နာတာရှည် အသည်းရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အေရောဂါကတော့ ဖြစ်တုန်းပဲ ခံရပြီး ပျောက်သွားတာနဲ့ ပိုးလုံးဝ ကင်းစင်သွားပြီး နာတာရှည် အသည်းရောဂါ မဖြစ်နိုင်ပါဘူး။

၈။ ဘယ်လောက်အထိ အန္တရာယ်ရှိသလဲ၊ စိုးရိမ်ရသလဲ
ကလေးတစ်ယောက် အသည်းရောင်အသားဝါရောဂါ ဖြစ်ပြီဆိုကတည်းက မိဘ၊ ဆွေမျိုးအားလုံး ပူပင်သောက ဖြစ်ရပြီး၊ သိပ်ဝါလွန်းလို့ ရှိရင် ဆေးရုံတင်ကုရပါတယ်။
အခန့်မသင့်ရင် သည်းခြေလမ်းကြောင်းပိတ်ပြီး (Cholestasis)ရလို့ ဝါတာဟာ တော်တော်နဲ့ မကျဘဲ တစ်လကျော်လောက်အထိ ကြာသွားနိုင်တယ်။
တစ်ခါတလေ ပျောက်ပြီး တစ်လလောက်ကြာမှ ပြန်ဝါတတ်တယ် (relapse) ။
ရှားရှားပါးပါး တစ်ယောက်တလေဟာ သိပ်ဝါလွန်းပြီး သတိလစ် (Hepatic Coma) ရပြီး အသက်ဆုံးပါး တတ်ပါတယ်။

၉။ ဘယ်လိုကာကွယ်မလဲ
တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ကိုက်ညီအောင် သန့်ပြန့်တဲ့ အစားအစာကို စားပါ။
ဖြစ်နိုင်ရင်တော့ အသက် (၃ဝ)နှစ်အောက် ကလေး၊ လူငယ်တွေဟာ အသည်းရောင် အသားဝါ အေကာကွယ်ဆေး (HAVRIX) ထိုးထားသင့်ပါတယ်။

ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန
ရန်ကုန်ဆေးရုံကြီး

သိထားသင့်တဲ့အသည်းရောင်အသားဝါဘီရောဂါ (အပိုင်း-၃)

 (အသည်းရောင် အသားဝါရောဂါနဲ့ လွဲနိုင်တဲ့ရောဂါတွေကို ပြောနေပါတယ်။)

မွေးရာပါသွေးအားနည်းရောဂါ (Thalassaemia)
အသည်းရောင်အသားဝါရောဂါနဲ့ မကြာမကြာလွဲတတ်ပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ သာလာဆီးမီးယား (Thalassaemia) လို့ခေါ်တဲ့ မွေးရာပါသွေးအားနည်းရောဂါပါပဲ။ သာလာ(စ်) (Thalas) ဆိုတာက ပင်လယ်လို့ အဓိပ္ပါယ်ရပါတယ်။ aemia ဆိုတာက သွေး။ ဒီရောဂါ ကို မြေထဲပင်လယ်တဝိုက်မှာ စတွေ့တော့ အဲဒီတုန်းကထင်တာက ဒီရောဂါဟာ ပင်လယ်တဝိုက်မှာပဲ တွေ့ရတဲ့ သွေးအားနည်းရောဂါလို့ နာမည်ပေးခဲ့တာပါ။

ဘာကြောင့်ဖြစ်တာလဲ
မွေးရာပါမျိုးရိုးဗီဇ ဂျင်း (Gene) တွေ ပြောင်းလွဲကုန်လို့ သာလာဆီးမီးယားရောဂါ ဖြစ်တာပါ။ (Gene) တွေပြောင်းလွဲတော့ ဘာဖြစ်သလဲဆိုတော့ ရောဂါသည်တွေရဲ့ သွေးနီဥတွေထဲမှာရှိတဲ့ ပရိုတိန်းတွေပြောင်းလွဲကုန် ပြီး၊ သွေးနီဥတွေပေါက်ကွဲပျက်စီးလွယ်ပြီး၊ သွေးအားနည်းရောဂါရတာပါ။ လူကောင်းတစ်ယောက်ရဲ့ သွေးနီဥတစ် လုံးဟာ သက်တမ်းအနေနဲ့ ရက် (၁၂ဝ)ရှိပေမယ့်လို့ သာလာဆီးမီးယားရောဂါသည်တွေရဲ့သွေးနီဥတွေ ကတော့ သက်တမ်း တိုသွားပြီး စောစောစီးစီး ပျက်ကုန်တာပေါ့။
ဘယ်လောက်ဆိုးသလဲ
သာလာဆီးမီးယားရောဂါဟာ တစ်ယောက်နဲ့တစ်ယောက် ရောဂါ အနု၊ အရင့် ကွာပါတယ်။ ဂျင်း (Gene) ပြောင်းလွဲမှုကြောင့် သွေးနီဥတွေထဲမှာ ပရိုတိန်းပြောင်းလွဲမှု အနည်း၊ အများ ဖြစ်တာပေါ်မူတည်ပြီး ရောဂါ အကောင်း၊အဆိုး ကွာပါတယ်၊ သိပ်ဆိုးရင် ကိုယ်ဝန်ဆောင်ဘဝမှာလည်း ကလေး ပျက်ကျသွားနိုင်တယ်။ တချို့ကျတော့ အသက် (၁ဝ)နှစ်လောက်အထိ နေရတယ်။ တချို့ကျတော့လည်း သက်တမ်းစေ့ ပုံမှန်နေရပါတယ်။

ရောဂါလက္ခဏာတွေ
အသည်းရောင်၊ အသားဝါရောဂါနဲ့ လွဲနိုင်တယ်လို့ ပြောထားတဲ့အတိုင်း မျက်လုံးနဲ့ အသားတွေ ဝါတတ် ပါတယ်။ သွေးနီဥတွေ ပေါက်ကွဲတယ်ဆိုကတည်းက သွေးနီးဥထဲကထွက်တဲ့ ဘီလီရူဘင် (Bilirubin) လို့ ခေါ်တဲ့ အဝါဓါတ်ဟာ သွေးထဲမှာ တက်လာတော့ အသားဝါဖြစ်တာပေါ့။
ပြီးတော့ သွေးနီဥတွေ ပျက်စီးကုန်လို့ဖြစ်တဲ့ သွေးအားနည်းတာ (Anaemia) ဖြစ်မယ်။ အသားအရေ က ဝါလည်းဝါ၊ သွေးအားလျှော့တော့ ဖြူဖတ်ဖြူရော်လည်းဖြစ်မယ်။
သွေးအား လိုသလောက်မရှိဘဲ ဟေမိုကလိုဘင် (Haemoglobin) ခေါ်တဲ့သွေးအားဟာ (၁ဝ)အောက်လောက်မှာ အမြဲဖြစ်နေတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေဟာ လိုအပ်တဲ့ အာဟာရတွေမရဘဲ ကိုယ်ခန္ဓာ မဖွံ့ဖြိုးတော့ဘူးပေါ့။ ရောဂါသိပ်ဆိုးတဲ့သူတွေဆိုရင် အရပ်ပုပုလေးတွေဖြစ်နေမယ်။
နောက်ထူးခြားတာတစ်ခုကတော့ မျက်နှာပုံပန်း၊ အရိုးတွေပြောင်းလွဲကုန်တာပဲ။ သာမန် လူကောင်းတွေ မှာ လက်ရိုး၊ ခြေရိုးတွေကနေ သွေးနီဥတွေထုတ်ပေးတယ်။ သာလာဆီးမီးယားရောဂါသည်တွေမှာတော့ မျက်နှာ အရိုး၊ ခါးဆစ်ရိုးတွေကလည်း သွေးနီဥတွေ ထုတ်ပေးရတယ်။ အဲဒီမှာတင် အရိုးတွေ ပုံပြောင်းကုန်တာပေါ့၊ မျက်နှာကိုကြည့်လိုက်ရင် နှာခေါင်းပြားမယ်၊ နဖူးနည်းနည်းမောက်မယ်၊ မျက်လုံးအောက်က အရိုးဖုကြီး နှစ်ခုဟာ ပိုကြီးကြီးလာမယ်၊ ကြည့်လိုက်ရင် သိပ်သိသာတယ်၊ ခါးရိုးတွေပါဝင်ပြီး သွေးနီဥတွေ ထုတ်ရရင်တော့ ခါးဆစ် တွေမှာ ဖုတွေထပြီး အခန့်မသင့်ရင် အောက်ပိုင်းပါ သေတတ်တယ်။
သွေးနီဥတွေ တဖြည်းဖြည်းနဲ့သိပ်နည်းလာရင် အရိုးတွေတင်မကဘူး၊ အသည်းနဲ့သရက်ရွက်ကပါကူပြီး ထုတ်ပေးရပါတယ်။ အဲဒီတော့ အသည်းကော၊ သရက်ရွက်ကော ကြီးလာပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ လူပိန်းတွေ နားလည်လွယ်အောင် သာလာဆီးမီးယားရောဂါကို ဓမွေးရာပါ အသည်းကြီး၊ သရက်ရွက်ကြီး၊ သွေးအားနည်း အသားဝါရောဂါဓ လို့ အမည်ပေးထားပါတယ်။

ဘယ်လိုအခါမျိုးမှာလွဲတတ်သလဲ
သာလာဆီးမီးယားအပြင်းစားရောဂါဆိုရင်တော့ ကြည့်လိုက်တာနဲ့ကို သိသာပါတယ်။ အရပ်ပုမယ်၊ မျက်နှာပုံပန်းသဏ္ဍာန်ကလည်း သိသာတယ်။ သွေးအားတွေနည်း၊ အသားဝါနေပြီး ဗိုက်ကိုစမ်းလိုက်လို့ အသည်း၊ သရက်ရွက် ကြီးနေတယ်ဆိုရင် သွေးတောင်စစ်စရာမလိုဘူး။ သာလာဆီးမီးယားရောဂါမှန်း တန်းသိပါတယ်။ သာလာဆီးမီးယားနဲ့ အသည်းရောင် အသားဝါ ဘယ်လိုအခြေအနေမျိုးမှာ လွဲတတ်သလဲဆိုတာ ပြောချင်ပါတယ်။ သာလာဆီမီးယားရောဂါ၊ အနုစား မျိူးမှာ လူပုံကလည်းမပြောင်း၊ သွေးအားလည်း သိပ် မနည်းဘဲ အပြင်ပန်းကြည့်ရုံနဲ့ သာလာဆီးမီးယားမှန်း လုံးဝ မသိသာလို့၊ မျက်လုံးတွေ ဝါနေတဲ့အခါမျိုးမှာ အသည်းရောင် အသားဝါနဲ့လွဲတတ်ပါတယ်။ ဒီလို လွဲတတ်တယ်ဆိုတာကို ဆရာဝန်ကသိဖို့ လိုပါလိမ့်မယ်၊ မသိ ရင်တော့ ဆေးကုတာလုံးဝလွဲမှားပြီး ဒုက္ခတွေ ရောက်ပါလိမ့်မယ်။

မှတ်သားရမည့်အချက်တွေ
၁။ အသည်းရောင် အသားဝါရောဂါနဲ့ သာလာဆီးမီးယား “မွေးရာပါ အသည်းကြီး၊ သရက်ရွက်ကြီး၊ သွေးအားနည်း အသားဝါရောဂါ” နဲ့လွဲတတ်ပါတယ်။
၂။ အထူးသဖြင့် အသားဝါရောဂါ ခဏ၊ ခဏ ဖြစ်တယ်ဆိုရင် ပိုပြီး ကရုစိုက်ပါ။
၃။ ဆရာဝန်တွေအနေနဲ့ မသိမဖြစ် အသည်းရောင် အသားဝါနဲ့ လွဲတတ်တဲ့ရောဂါတစ်ခုပါ။

ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန
ရန်ကုန်ဆေးရုံကြီး

သိထားသင့်တဲ့ အသည်းရောင် အသားဝါ ဘီ ရောဂါ (အပိုင်း ၂)


( ပြီးခဲ့တဲ့အပတ်က အသည်းရောင် အသားဝါ A ရောဂါရဲ့ ရောဂါလက္ခဏာတွေအကြောင်း ပြောခဲ့ပါတယ်။ ) (para)အသည်းရောင် အသားဝါ ဘီနဲ့စီရောဂါကိုတော့ လူသိများကြပြီး အသည်းရောင် အသားဝါ အေရောဂါ ကိုတော့ လူသိနည်းပါသေးတယ်။ ဘာလို့လည်းဆိုတော့ အေရောဂါဟာ ကလေးတွေမှာပဲ ဖြစ်လေ့ရှိပြီးတော့ များသောအားဖြင့်လည်း ခဏလေး အသားဝါပြီး သူ့ဘာသာသူ ပျောက်သွားတတ်တော့ သိပ်ပြီး ဂရုမစိုက်မိကြ ဘူးပေါ့။ (para)အသည်းရောင် အသားဝါ အေရောဂါပိုးဟာ ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်၊ အရမ်းပဲကူးစက်လွယ်ပါတယ်။ အဓိကအားဖြင့်တော့
အစားအစာနဲ့ရေကနေ ကူးပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ အသက်ငယ်တဲ့သူတွေ မှာ အဖြစ်များပြီး တစ်ခါဖြစ်ပြီးရင် နောက်ထပ်ပြန်မဖြစ်တော့ပါဘူး။ ယခုလက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ အသက် (၃ဝ)အထိ အသည်းရောင်အေရောဂါ ဖြစ်နိုင်ပါတယ်။ (၃ဝ)ကျော်သွားပြီဆိုရင်တော့ အေရောဂါမဖြစ် နိုင်တော့ဘူးလို့ ပြောရပါမယ်။ (para)အသည်းရောင် အေရောဂါပိုးဟာ ရောဂါရှိတဲ့သူရဲ့ မစင်ထဲကနေ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့ပါ တယ်၊ ရေခဲထဲမှာဆိုရင် မသေဘဲ တစ်နှစ်လောက်အထိ ခံပါတယ်။ လူ့မစင်တွေကို မြေသြဇာအဖြစ်နဲ့သုံးပြီး စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ကန်ဇွန်းရွက် စတဲ့အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေကို စားမယ်ဆိုရင် တော့ အေရောဂါပိုး ကူးစက်ဖို့ရာ များပါတယ်။ ရောဂါဖြစ်တဲ့ ကလေးတစ်ယောက်ဟာ အသားဝါပြီးနောက် (၃)ပတ်လောက် သူနဲ့နီးနီးစပ်စပ် နေတဲ့လူတွေကို ကူးနိုင်ပါတယ်။ သူကိုင်ထားတဲ့ပစ္စည်း၊ စားထားတဲ့ပန်းကန်၊ အဲဒီလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ပစ္စည်းအားလုံးဟာ အေပိုးတွေပျံ့နှံ့ပြီး ဘေးနားမှာ နေတဲ့သူအားလုံးကို ရောဂါ ကူးနိုင်တာပေါ့။ (para)ဒါကြောင့် ကိုယ့်ကလေး အသည်းရောင် အသားဝါ အေရောဂါဖြစ်လို့ ကျောင်းကိုလွှတ်မယ်ဆိုရင် သူများ ကလေးတွေကိုပါ ကူးစက်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ များသောအားဖြင့်တော့ ကလေးငယ်လေးတွေ မူကြိုကျောင်းမှာ၊ လူငယ်လေးတွေ ရေကူးသင်တန်းမှာ အဲဒီလို လူအများရှိတဲ့နေရာကနေ ကူးလာတာပါဘဲ။ (para)ရောဂါလက္ခဏာတွေကတော့ ဖျားတာနဲ့စလေ့ရှိပါတယ်၊ ဖျားခါစမှာ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ် ကွေး၊ ရောဂါမျိုးစုံဆင်ကြပြီး အသားတွေဝါလာမှ အသည်းရောင် အသားဝါမှန်း သိလေ့ရှိပါတယ်။ (paraအနားယူ၊ လုံလောက်တဲ့ရေ၊ အချိုဓါတ် သောက်သုံးမယ်ဆိုရင် သူ့ဘာသာပျောက်သွားလေ့ရှိပါတယ်။ ရေတွေကို အလွန်အကျွံ (၆)ပုလင်း၊ (၇)ပုလင်း သောက်ဖို့မလိုပါ။ အချိုဓါတ်ရအောင်ဆိုပြီး ဂလူးကို့စ်တွေ (၁)ထုတ်လုံးကုန်အောင် နေ့စဉ် သောက်ဖို့လည်း မလိုပါဘူး။ အသည်းရောင် မြန်မြန်ပျောက်ဖို့အတွက် သံပုရာရည်တွေ မကြိုက်ဘဲ ဇွတ်မှိတ်မသောက်ပါနဲ့။ အာသီသရှိသလောက် ရေကိုသောက်ပြီး အရာရာကို သင့်တင့်လျောက်ပတ်စွာ လုံလုံလောက်လောက် စားသုံးရင် အလိုလိုပျောက်သွားမယ့် အသည်းရောင် A ရောဂါပါ။ ပါမောက္ခခင်မောင်ဝင်း (အသည်း)
ဌာနမှူး/အသည်းအထူးကုဆရာဝန်ကြီး
အသည်းရောဂါအထူးကုဌာန ရန်ကုန်ဆေးရုံကြီး

အသည်းရောင်အသားဝါ ဘီရောဂါ အပိုင်း(၁)

 အသည်းရောင် အသားဝါ ဘီရောဂါပိုး အကြောင်း၊ ကူးစက်ပုံ၊ ဖြစ်ပွားနှုန်း၊ ဘီပိုးဝင်ရင် ဘာဖြစ်မယ်၊ ဘီပိုးကြောင့် ဖြစ်လာနိုင်တဲ့ နာတာရှည် အသည်းရောဂါတွေ၊ ဘီရောဂါပိုးကို နောက်ဆုံးပေါ်နည်းတွေနဲ့ ဘယ်လိုကုမယ်၊ ဘီပိုးကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ ပြည်သူတွေ၊ ဆေးဝန်ထမ်းတွေ သိသင့်တဲ့ ခေတ်မီအချက်အလက်တွေကို လစဉ်အခန်းဆက် ရေးသွားပါမယ်။ ကမ္ဘာ့ကျန်းမာရေးပြဿနာ အသည်းရောင် အသားဝါဘီ ဗိုင်းရပ်စ် ရောဂါပိုးဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး အသည်းရောဂါပိုး တစ်မျိုးဖြစ်ပါတယ်။ သူ့ကြောင့်လည်း လူတွေမှာ အသည်းရောဂါ အများဆုံး ဖြစ်ပြီး တစ်ကမ္ဘာလုံးအတွက် ကျန်းမာရေး ပြဿနာကြီး တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူသန်းပေါင်း ၂ဝဝဝ လောက်ဟာ ဘီရောဂါပိုး ကူးစက်ခံထားရပြီး လူသန်းပေါင်း ၃၆ဝ လောက်ကတော့ ပိုးပြန်မထွက်တော့ဘဲ နာတာရှည်ရောဂါပိုး သယ်ဆောင်သူတွေအဖြစ် ကျန်ခဲ့ ပါတယ်။

နှစ်စဉ် တစ်နှစ်ကို လူ ၅.၂ သန်းလောက်ဟာ ဘီပိုး ကူးစက်ခံနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ၂ဝဝဝ ပြည့်နှစ်မှာ ခန့်မှန်းခဲ့ပါတယ်။ ပိုးကူးစက်ခံရတဲ့ လူတွေမှာ ရုတ်တရက် ချက်ချင်း အသက်အန္တရာယ်ထိခိုက်မှု မရှိပေမယ်လို့ ကံဆိုးစွာနဲ့ နာတာရှည်ပိုး သယ်ဆောင်သူ အဆင့်ကို ရောက်သွားရင်တော့ ဆိုးဝါးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင် ပါတယ်။ အသည်းရောင်အသားဝါ ဘီရောဂါပိုး နာတာရှည် သယ်ဆောင်တဲ့ သူတွေဟာ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်တတ်ပါတယ်။ ဒီနေ့ ကမ္ဘာပေါ်မှာ အသည်းကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းဟာ အသည်းရောင် အသားဝါ ဘီရောဂါပိုးကြောင့်ပါပဲ။ ဘီပိုးနာတာရှည်ရှိတဲ့ လူတွေရဲ့ ၁၅% ကနေ ၄ဝ%လောက်ဟာ နာတာရှည် အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ စတဲ့အသည်းရောဂါတွေ ဖြစ်ကုန်ပြီး တစ်နှစ်ကို လူပေါင်း ၅၂ဝဝဝ ကနေ ၁၂ဝဝဝဝဝ လောက် သေကြပါတယ်။ တစ်ကမ္ဘာလုံးမှာ ကြည့်လိုက်ရင် ဘီရောဂါပိုး အဖြစ်များတဲ့အရပ်ဒေသတွေမှာ အသည်းကင်ဆာ ဖြစ်နှုန်းဟာ လည်း များတာပါပဲ။ အာရှ၊ အာဖရိက ဒေသတွေမှာ အသည်းကင်ဆာရောဂါသည် အားလုံးရဲ့ ၆ဝ%-၈ဝ% လောက်ဟာ အသည်းရောင် အသားဝါ ဘီရောဂါပိုးကြောင့် ဖြစ်တာပါ။ အသည်းကင်ဆာ ဖြစ်နှုန်းဟာ တစ်ကမ္ဘာလုံးမှာ ပိုမိုမြင့်မားလာနေတာကို တွေ့ရပါတယ်။

အသည်းကင်ဆာဟာ ကမ္ဘာပေါ်မှာ နံပါတ် (၆) အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအဖွဲ့ (International Agency for Reserch on Cancer) (IARC) က အသည်းရောင်အသားဝါ ဘီ ရောဂါပိုးကို လူတွေအတွက် ကင်ဆာ ဖြစ်စေတတ်တဲ့ အရာ (Carcinogen) တစ်ခုလို့ သတ်မှတ်ပါတယ်။ အသည်းရောင် ဘီ ရောဂါပိုးရှိတဲ့ လူတွေ အရက်သောက်ရင် စီပိုး၊ ဒီပိုးနဲ့HIV ပိုး ရှိရင် အသည်းကင်ဆာ ပိုပြီး ဖြစ်တတ်ပါတယ်။ ဝန်ထုပ်ဝန်ပိုး အသည်းရောင်အသားဝါ ဘီရောဂါပိုးဟာ လူတွေအတွက် တကယ့် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဘီပိုးရှိတဲ့ လူတွေဟာ နာတာရှည် ရောဂါသည်တွေဖြစ်ပြီး၊ တော်တော်လည်း သေနှုန်းများတဲ့ ရောဂါဆိုတော့ လူနာနဲ့နိုင်ငံ အတွက် ငွေကုန်ကြေးကျ တော်တော်လေးကိုများစရာပါ။ ဘီပိုး စတင်ဝင်ခါစ နာတာရှည် အဆင့်မရောက်ခင်မှာကို စမ်းသပ်ရ၊ ကုရ၊ ဆေးဝယ်ရနဲ့ လူနာတွေ ပိုက်ဆံတော်တော် ကုန်နေပါပြီ။ ဘီပိုးကြောင့် အသည်းရောဂါ ပိုရင့်လာလေ၊ ဆေးကုစရိတ်က ပိုကုန်လေပါပဲ။ ဆေးကုလို့ ပိုက်ဆံကုန်တာအပြင် လူနာ၊ လူနာစောင့်တွေ အလုပ်မလုပ်နိုင်လို့ အလုပ်ပျက် အကိုင်ပျက် လုပ်ငန်းခွင် ပျက်ကွက်လို့ လုပ်အားဆုံးရှုံးမှုတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ ဘီပိုးကြောင့် ငွေကြေးနစ်နာမှုတွေဟာ တော်တော်များပါတယ်။ အဲဒီလို ဘီပိုးကြောင့် တိုင်းပြည်တွေမှာ စီးပွားရေး ဘယ်လောက်နစ်နာတယ်၊ ငွေကြေး ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ ဘီပိုး အဖြစ်များတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ တွက်မထားကြပါဘူး။

အမေရိကန်နိုင်ငံမှာတော့ ဘီပိုးကြောင့် စီးပွားရေးနစ်နာမှုတွေကို တွက်ကြည့်တဲ့အခါ ဘီပိုးရှိပြီး အသည်းမပျက်သေးတဲ့ လူတစ်ယောက်အတွက် ကုန်ကျစရိတ်ဟာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ (၄ဝဝဝ) လောက် ကျပါတယ်။ ဒီထက် အသည်းရောဂါ ပိုဆိုးလာရင်တော့ လူတစ်ယောက် တစ်နှစ်ကို ဒေါ်လာ (၂ဝဝဝဝ)လောက် ကုန်ကျပါတယ်။ အသည်း အစားထိုးရပြီ ဆိုရင်တော့ ဒေါ်လာ (၉ဝဝဝဝ) လောက် ကုန်ကျမယ်လို့ မှန်းရပါတယ်။ ဂျာမနီနိုင်ငံမှာတော့ အသည်းရောင် ဘီရောဂါပိုးကြောင့် နိုင်ငံတော်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း(၈ဝဝ)လောက် ကုန်ကျခံ ရတယ်လို့ ၁၉၉၇ ခုနှစ်က ခန့်မှန်းခဲ့ပါတယ်။ ဘီပိုး ကာကွယ်ရေး၊ ပညာပေးနဲ့ ကုသရေးအတွက် လုပ်တဲ့စရိတ် တွေပါ။ တောင်ကိုးရီးယားနိုင်ငံမှာတော့ ၁၉၉၇ခုနှစ်မှာ ခန့်မှန်းတွက်ချက်မှုအရ သိရတာ ကတော့ အသည်းရောင်ဘီပိုးကြောင့် နိုင်ငံအနေနဲ့ တစ်နှစ်လုံးအတွက် ဒေါ်လာသန်း (၁ဝဝဝ) လောက် ကုန်ကျမှုရှိခဲ့ပါတယ်။ ဒါဟာ တစ်နှစ်လုံး သုံးတဲ့ ကျန်းမာရေးဘတ်ဂျက်ရဲ့ ၃.၂% လောက် ရှိပါတယ်။ ဒီလို ဘီရောဂါပိုးဖြစ်နှုန်း အရမ်းနည်းတဲ့နိုင်ငံတွေမှာတောင် ဘီပိုးအတွက် တစ်နှစ်ကို ဒေါ်လာသန်းပေါင်းများစွာ နစ်နာနေတယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံလို ဘီပိုးအဖြစ်သိပ်များတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာတော့ ဘီပိုးကြောင့် ကျန်းမာရေး၊ စီးပွားရေး ထိခိုက်မှုတွေဟာ သိပ်ကိုများ မှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုးဟာ နိုင်ငံရဲ့ စီးပွားရေးကို အတော်လေး ထိခိုက်စေတဲ့၊ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ တစ်ခုလို့ သိထားရမှာပါ။

ကမ္ဘာအရပ်ရပ်မှာ ဘီပိုးဖြစ်ပွားနှုန်း ကမ္ဘာပေါ်မှာ ဘီပိုး၊ နာတာရှည်သယ်ဆောင်ထားတဲ့ လူသန်းပေါင်း (၃၆ဝ)လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ နာတာရှည် ဘီပိုးရှိတဲ့လူတွေဟာ ကမ္ဘာ့အနှံ့အပြားမှာ တစ်နေရာနဲ့တစ်နေရာ ဖြစ်နှုန်း မတူပါဘူး။ ဖြစ်နှုန်းအနည်းအများ ပေါ်မူတည်ပြီး အရပ်ဒေသ တွေကို (၃)မျိုးခွဲထားပါတယ်။ ဘီပိုး နာတာရှည်ရောဂါသည် ဖြစ်နှုန်း ၂% အောက်ဆိုရင် ဖြစ်နှုန်းနည်းတယ်။ ၂% ကနေ ၈% အထိရှိရင် ဖြစ်နှုန်း အလယ်အလတ်ပေါ့။ ၈% ကျော်ရင် ဖြစ်နှုန်းများတယ်လို့ သတ်မှတ်ပါတယ်။ အာရှ၊ ဆာဟာရ၊ အာဖရိကနဲ့ ပစိဖိတ် ဒေသတွေမှာ တော့ ဖြစ်နှုန်းက သိပ်များပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါ ဘီရောဂါပိုး နာတာရှည် သယ်ဆောင်ထားတဲ့ သူတွေရဲ့ ၇၅%ဟာ အာရှ ပစိဖိတ်မှာဘဲ ရှိပါတယ်။ အာရှတိုက်မှာ ရှိတဲ့ နိုင်ငံတော်တော်များများဟာတော့ နာတာရှည် ဘီပိုး ဖြစ်နှုန်း ၈%ကျော် ရှိကြပါတယ်။ ဘာလို့ ဒီလောက်တောင် ဖြစ်နှုန်းများရသလဲဆိုတော့ ဘီပိုးဟာ ပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေး ကို ကူးစက်တဲ့နည်းနဲ့ အဓိက ပြန့်ပွားလို့ပါပဲ။ အဲဒီလို မွေးကင်းစ ကလေးလေးကို ဘီပိုးကူး လိုက်တော့ ကလေးလည်း အသက် တစ်နှစ်လောက်လည်း ဖြစ်တာ ကလေး ၉ဝ%ဟာ ဘီပိုးနာတာရှည် သယ်ဆောင်တဲ့ သူတွေ ဖြစ်ကုန်ရော။ တစ်ခါ အဲဒီပိုး ရှိတဲ့ ကလေးတွေက သူတို့ ပတ်ဝန်းကျင် နီးစပ်ရာလူတွေကို ထပ်ပြန့်တာနဲ့လည်း ဘီပိုးကူးစက်တဲ့ သံသရာကြီး လည်ပတ်ပြီး ဘီပိုး ဖြစ်နှုန်းတွေဟာ အာရှတိုက်မှာ များနေတာပေါ့။ အဲဒီလို မွေးမွေးခြင်း ဘီပိုးဝင်လိုက်ရင် နောက် (၁ဝ)နှစ်ကျော်ကြာတာနဲ့ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်နိုင် တော့တာပါပဲ။ ဒီလို မိခင်ကနေ ကလေးတွေကို ကူးစက်မှုဖြစ်နေတာကို ကာကွယ်ဖို့ကတော့ မွေးပြီးပြီးခြင်း ကလေးအားလုံးကို အသည်းရောင် ဘီပိုး ကာကွယ်ဆေးထိုးပေးရမှာပါ။ ဒီလို ကလေးသူငယ်တွေကို ဘီပိုး ကာကွယ်ဆေးထိုးပေးတဲ့ စီမံချက်ကို မြန်မာနိုင်ငံမှာ စနေပါပြီ။ နောက်နောင်မှာတော့ ဒီလိုအသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို တစ်ကမ္ဘာလုံးမှာ တိုးမြှင့်ဆောင်ရွက်သွားပြီး ဘီရောဂါ ကမ္ဘာပေါ်က ပျောက်ကင်းသွားတဲ့အထိ တိုက်ဖျက်သွား ရမှာပါ။ ပါမောက္ခ ခင်မောင်ဝင်း (အသည်း)

သစ်တိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


သစ်တိုသီးကို ခရမ်းချဉ်သီး ဟင်းထဲ ထည့်ချက်စားလေ့ ရှိကြသလို ကိတ်မုန့်လို သရေစာ မုန့်တွေ မှာလည်း ထည့်သွင်းပြုလုပ်လေ့ ရှိပါတယ်။ သစ်တိုသီးမှာ အောက်ပါ အာဟာရ တန်ဖိုးတွေ ပါဝင်နေပါတယ်။ သစ်တိုပင်ရဲ့ အမြစ်၊ အရွက်နဲ့ အခေါက်တွေမှာလည်း အောက်ပါ ဆေးဖက်ဝင်တဲ့ အာနိသင်တွေ ရှိတယ်လို့ trifter.com မှာ ဖော်ပြထားပါတယ်။
 
- ယားယံမှုကို သက်သာစေခြင်း သစ်တိုရွက်ကို ကြိတ်ခြေပြီး ယား ယံနေတဲ့ အရေပြားပေါ်မှာ အုံပေးထား ရင် အယားသက်သာစေပါတယ်။

- ဝမ်းလျှော သက်သာစေခြင်း သစ်တိုမြစ်ကို ဝမ်းလျှောတဲ့ ဝေဒ နာအတွက် အစွမ်းထက် အိမ်သုံးဆေးအ နေနဲ့ သုံးကြပါတယ်။

- အဖျားကျစေခြင်း လတ်ဆတ်တဲ့ သစ်တိုရွက်ကို အပူရှိန်တက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ပေါ်မှာ ကပ်ပေးရင် ချွေးထွက်စေပါ တယ်။ သစ်ရွက်ပြုတ်ရည်နဲ့ ရေချိုးလေ့ ရှိကြပါတယ်။

- ဗိုက်အောင့်သက်သာစေခြင်း သစ်တိုပင်အမြစ်ကို ဗိုက်အောင့် သက်သာစေတယ်ဆိုပြီး ဆေးဖော်ကာ အသုံးပြုတတ်ကြပါတယ်။ကြယ်စင်

ဇော်ဂျီတောင်ဝှေးပင်


အသုံးပြုပုံ-
အရွက်
၁။ အရွက်ကို ရေနှင့် ကျိုသောက်က သွေးအန်သွေးကျ သွေးလွန်ရောဂါ ပျောက်၏ ။ သကြားနှင့် ကျိုသောက်သော် ဝမ်းကောင်းစေ မှန်စေ၏ ။ ထန်းလျက်နှင့် ကျိုသောက်သော် အူရောင်ရောဂါ ၊ အသည်းရောင်ရောဂါတို့ ပျောက်၏ ။
၂။ ရွက်နုများကို ပါးပါးလှီး၍ သုပ်စားတို့စားလျှင် ဝမ်းကိုက်ရောဂါ ပျောက်၏ ။ ဝမ်းကို လည်းကောင်းစေ၏ ။
၃။ ဇော်ဂျီတောင်ဝှေးရွက်ကို လူနို့နှင့် ပြုတ်သောက်ပါက အဆုတ်ရောင်ခြင်း ၊ အသည်းရောင်ခြင်း နှင့် ကျောက်ကပ်တွင်ဖြစ်သော ရောဂါများ ပျောက်၏ ။

အမြစ်
၁။ အမြစ်ကို သွေး၍ ရှူလျှင် ထိပ်ကပ်နာနှင့် နှာခေါင်း သွေးလျှံ ၊ သွေးကျခြင်းများ ပျောက်၏ ။
၂။ လျှာ၌ အနာ ၊ အဖုအပိမ့်များပေါက်လျှင် ဇော်ဂျီ တောင်ဝှေး မြစ်ကိုသွေး၍ ဆားအနည်းငယ်ထည့်ပြီး လျှာနာ ကို နှိုက်ပေးရ၏။
၃။ အမြစ်ကို ပြုတ်သောက်က ဝမ်းကောင်းစေ၏ ။
၄။ အမြစ်ကို သွေးလိမ်းသော် ဝဲစို ၊ ဝဲခြောက်နာ ၊ ပေါက်ခြံကွဲနာနှင့် အခြားအနာအဆာများပျောက်၏။
 
ပဉ္စငါးပါး
၁။ အမျိုးသမီးများ မီးယပ်မပေါ်သော် ဇော်ဂျီတောင်ဝှေးပဉ္စငါးပါးကို သကြားနှင့် ကျိုသောက်က မီးယပ်ပေါ်စေ၏ ။
၂။ ဇော်ဂျီတောင်ဝှေး့ပဉ္စငါးပါးပြုတ်ရည်ကို သကြား ။ ကန်စွန်းရွက်ပြုတ်ရည်နှင့် ဖျော်စပ်၍ နေ့စဉ်သောက်သော် အဆုတ်နာ ပျောက်၏။
၃။ ဇော်ဂျီတောင်ဝှေး ပဉ္စငါးပါး ကြိတ်ညှစ်ရည် ၊ ချင်း ၊ ထန်းလျက်ရည်တို့ ဆတူစပ်၍ နေ့စဉ်သောက်သော် အမျိူးသမီးများ သွေးသားမှန်ကန်၍ လှစေ ဝစေ၏ ။ အမောလည်း ခံနိုင်၏ ။ အမျိုးသမီးကြီးများ သွေးဆုံးရောဂါကို လည်း ပျောက်စေ၏ ။

အရေပြားအနာတွေ အမြန်ပျောက်တဲ့ သံလွင်ဆီ

အရေပြားအနာ အမျိုးမျိုးအတွက် အသုံးတည့်မယ့် အပြင် ချိုင်းချွေးနံ့ရှိသူ တွေ အတွက်
လည်း အဆင်ပြေတာ ကြောင့် ဒီသံလွင်ဆီ ကို ညွှန်ရခြင်းပါ။ သဘာဝ သံလွင်ဆီ ၁ဝဝ ရာခိုင် နှုန်းကို ခေတ်မီ ကုထုံး နည်းပညာ ဖြစ်တဲ့ အောက်ဆီဂျင် (အိုဇုန်းဓာတ်ပေါင်းငွေ့) နဲ့ ပေါင်းခံ ထုတ်လုပ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံး စမ်းသပ် ထုတ်လုပ် ထားတာ ဖြစ်ပါတယ်။ အောက်ဆီဂျင်က ပိုးမွှားတွေ သေစေပြီး အနာကျက် မြန်စေတာကြောင့် အိုဇုန်း ဓာတ်ပေါင်းငွေ့ စက်နဲ့ ပေါင်းခံထုတ် လုပ်ထားတဲ့ သံလွင်ဆီက အရေပြားအနာ အမျိုးမျိုးကို အချိန်တို အတွင်း သက်သာ ပျောက်ကင်းစေတာ တွေ့ရပါတယ်။ တိုင်းရင်းဆေးဝါး အဖြစ် ထုတ်လုပ်ဖြန့်ချိခွင့် ရရှိထားတဲ့ ဒီသုခ အမှတ်တံဆိပ် အနာ လိမ်းဆေးကို သုခ အထူးကု ဆေးခန်းက ထုတ်လုပ်ထား တာဖြစ်ပြီး လိပ်ခေါင်းနဲ့ အနာလိမ်း ဆေးဆီလို့ အမည်ပေးထားတယ်။

သဘာဝ သံလွင်ဆီ ဖြစ်တဲ့အတွက် ဆေးလိမ်းရာမှာ အေးမြပြီး ပူစပ်၊ နာကျင်တာမျိုး မရှိပါဘူး။ သုံးစွဲဖူးသူ တွေရဲ့အဆိုအရ ထိခိုက်၊ ပွန်းပဲ့၊ အပူ လောင်နာတွေကို တစ်ရက်၊ နှစ်ရက် အတွင်း သက်သာ ပျောက်ကင်းတယ်လို့ သိရတယ်။ ဆေးထုတ်လုပ်သူ ကတော့ အရေ ပြားအနာ အမျိုးမျိုးအပြင် လိပ်ခေါင်းရောဂါ အမျိုးမျိုး၊ ဂရင်ဂျီနာ အပါအဝင် စအိုနာ အမျိုးမျိုး၊ ဝက်ခြံ၊ ဝဲ၊ ယားနာ၊ ဆီးချို ကြောင့်ဖြစ်တဲ့အနာ၊ ဓာတ်ရောင်ခြည် ကြောင့် ဖြစ်တဲ့အနာ၊ ကင်ဆာ အနာတွေ ကိုလည်း ပျောက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရေယုန်၊ ဆင်ရေယုန်၊ အင်းဆက်ပိုးမွှား ကိုက်နာ၊ မီးလောင်နာ၊ မှတ်ခရု၊ ပွေး၊ ဝဲ၊ ညှင်း စတာတွေ အပြင် ခြေဖဝါး၊ ချိုင်းအနံ့ဆိုး ထွက်တာ တွေလည်း ပျောက်ကင်း သက်သာစေ တယ်လို့ ဆိုတာကြောင့် စမ်းသပ် သုံးကြည့်လို့ရအောင် ညွှန်ပေးတာပါ။

ဈေးနှုန်းကတော့ ပုလင်းအရွယ် အစားပေါ် မူတည်ပြီး ကျပ် ၃၅ဝ ကနေ ၁၈ဝဝ လောက်အထိ အမျိုးမျိုး ရှိတယ်။ တိုက်အမှတ် (၈၃-၈၄)၊ ရန်ကုန်- အင်းစိန်လမ်းမကြီး၊ သုခမှတ်တိုင် အနီး မှာရှိတဲ့ သုခ အထူးကု ဆေးခန်းမှာ ဝယ်ယူနိုင်ပါတယ်။ ထူးခြားချက် တစ်ခုကတော့ သုခ အထူးကု ဆေးခန်းမှာ လိပ်ခေါင်းနဲ့ အရေပြားနာ အမျိုးမျိုးကို နေ့စဉ် မွန်းလွဲ ၁ နာရီကနေ ၄ နာရီအထိ အခမဲ့ စမ်းသပ်ကုသ ပေးနေတာပါ။ ရောဂါ အခြေအနေကို ဆရာဝန်နဲ့ အခမဲ့ ပြသပြီးမှ စနစ်တကျ ဝယ်ယူသုံးစွဲ လိုသူတွေ အတွက်လည်း အဆင်ပြေနိုင် တာမို့ ညွှန်ပေး လိုက်ရခြင်းပါ။

အသားအရေအတွက် နနွင်းမှုန့်၏ အစွမ်း


နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။ 

 နေလောင်ဒဏ် သက်သာစေခြင်း
နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။


ဝက်ခြံပျောက်စေခြင်း
နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။  
အိုမင်းမှုကို နှေးကွေးစေခြင်း
နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။  

အသားအရေ ဝင်းပစေခြင်း
နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။  

အရေပြားပြဿနာများကို သက်သာစေခြင်း
နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့် အသုံးပြုနည်း

နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။

နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။ 
 ကြယ်စင်

လေဖြတ်ခြင်းကို ကာကွယ်နိုင်ရန်

ငှက်ပျောသီး
၁။ နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင် ကြောင်း တွေ့ရှိထားပါတယ်။

ခြင်ကိုက်ခံရလျှင်

ငှက်ပျောသီး
၁။ ခြင်ကိုက်ခံရပြီး အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။

ဆေးလိပ်ဖြတ်မယ်ဆိုရင်

ငှက်ပျောသီး
၁။ ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်
တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်းကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့်ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

စိတ်ဖိစီးမှု

ငှက်ပျောသီး
၁။ ငှက်ပျောသီး မှာ ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်
ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီး မှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဉာဏ်ရည် ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။

ပျိုမေတို့အတွက် ငှက်ပျောသီး


ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေ အများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက် အလှကုန် တွေမှာ များသောအားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာ အတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။
 
စိတ်ဖိစီးမှု  
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီး မှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဉာဏ်ရည် ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။  
အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ် ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခု က ဆိုထားပါတယ်။ တခြားလူကြီး ရောဂါများကိုလည်း ကာကွယ်ပေး ပါတယ်။  
ပျို့အန်ခြင်း  
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။  
ဆေးလိပ်သောက်ခြင်း  
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။  
ခြင်အန္တရာယ်  
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။  
လေဖြတ်ခြင်း  
နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင် ကြောင်း တွေ့ရှိထားပါတယ်။  
အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုးရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမလိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။  
အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်း သွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန် လုပ်ပေးလာတာနဲ့အမျှ အသားအရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။ ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။  
ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေ ဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့ အတွက် ငှက်ပျောသီးဟာ အသားအရေ အတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေး အာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Pistachio ၏ ကျန်းမာရေး စွမ်းပကား


City Mart ဆိုင်တွေမှာ ရရှိနိုင်တဲ့ Pistachio အခွံမာအစေ့အဆန်က အရသာရှိသလို အသင့်အတင့် စားပေးရင် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိစေပါတယ်။
 
နှလုံးကျန်းမာခြင်း
Pistachio ကို ပုံမှန်စားပြီးတဲ့အခါ မကောင်းတဲ့ ကိုလက်စထရော (LDL) ကို လျော့ကျစေပြီး ကောင်းတဲ့ ကိုလက် စထရော(LDL)ကို မြင့်တက်စေတယ် လို့ လေ့လာတွေ့ရှိရပါတယ်။ ဗီတာမင် အေနဲ့ အီးလို အင်တီအောက်ဆီးဒင့် ပါဝင်မှု များတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပြီး သွေးကြောတွေကို ကာကွယ်ပေးကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ Pistachio ကို အသင့်အတင့် စားပေးတာတောင် အင်တီအောက်ဆီးဒင့် လူတင်ပမာဏကို တိုးစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။


ဆီးချိုရောဂါသက်သာစေခြင်း
Pistachio ကိုစားတာက အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ Pistachio တစ်ခွက်စာပမာဏကို စားပေးရုံနဲ့ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ် ၆၀ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်က ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို ကူညီပေးတာကြောင့် ဆီးချိုရောဂါ ကို သက်သာစေပါတယ်။ 

 သွေးအားကောင်းစေခြင်း
Pistachio မှာ ဗီတာမင် B6 အများအပြား ပါဝင်ပါတယ်။ ဒီဗီတာမင်က ဟေမိုဂလိုဘင်ပြုလုပ်ရေးအတွက် အရေးပါတာကြောင့် သွေးကြောက တစ်ဆင့် ဆဲလ်တွေဆီကို အောက်ဆီဂျင်သယ်ပို့ ရေးမှာ အရေးပါပြီး သွေးထဲက အောက်ဆီဂျင် ပမာဏကို တိုးစေပါတယ်။  

နာ့ဗ်ကြောစနစ် ကျန်းမာခြင်း
Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ နာ့ဗ်ကြောစနစ်ကို ကျန်းမာစေပါတယ်။ ဒီဗီတာမင်က နာ့ဗ်အမျှင်တစ်ဝိုက်ရှိ အကာ myelin ဖြစ်ပေါ်မှုမှာ အရေးပါပြီး ဆီရိုတိုနင်၊ မယ်လတိုနင်၊ အက်ပီနက်ဖရင်နဲ့ GABA ဖြစ်ပေါ်မှုမှာ ပါဝင်ကူညီပါတယ်။ 

 မျက်စိကျန်းမာခြင်း
Pistachio မှာ အခွံမာသီး အများစုမှာ မတွေ့ရတဲ့ ကာရိုတီးနွိုက် နှစ်မျိုး ပါဝင်ပါတယ်။ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ ကာရိုတီးနွိုက်တွေက အင်တီ အောက်ဆီးဒင့်ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးပြီး တစ်သျှူးတွေကို ကာကွယ်ပေးပါတယ်။ Pistachio ဟာ မက်ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။  

ကိုယ်ခံစွမ်းအားစနစ် ကောင်းခြင်း
Pistachio မှာပါတဲ့ ဗီတာမင် B6 ဟာ ကိုယ်ခံစွမ်းအားနစ်ကို ကျန်းမာစေပါတယ်။ ဗီတာမင် B6 ဟာ သွေးနီဥကို ဖြစ် ပေါ်စေရုံသာမက သိုင်းမတ်စ်၊ သရက် ရွက်နဲ့ သားနံရည်အကျိတ်တွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် သွေးဖြူဥထုတ်လုပ်မှုကိုလည်း ကောင်းမွန်စေပါတယ်။  

အရေပြားကို ကျန်းမာစေခြင်း
Pistachio မှာ ဗီတာမင်အီး အ များအပြား ပါဝင်တာကြောင့် ဆဲလ်နံရံတွေရဲ့ တင်းအားကို ကောင်းမွန်စေပြီး အသားအရေကို ကျန်းမာလှပစေ ပါတယ်။ ဗီတာမင်အီးဟာ အသားအရေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းမှုနဲ့ အရေပြားကင်ဆာတို့ မဖြစ်အောင် နေ့စဉ် ကာကွယ်ပေးနိုင်ပါတယ်။
 ကြယ်စင်

လည်ချောင်းရောင်သောရောဂါ

ကြက်ဟင်းခါးသီ;း
  ၁။ ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပျဉ်တွင် သွေးလူးသော် လည်ချောင်းရောင်သောရောဂါ ပျောက်ကင်း၏ ။

ခွေးရူးကိုက်

ကြက်ဟင်းခါးသီး
၁။ ခွေးရူးကိုက်သောနေရာများတွင် ကြက်ဟင်းခါး အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း ၊ သောက်ပေးခြင်းဖြင့်ပျောက်ကင်း၏။

သွေးလွန်တုပ်ကွေး

ကြက်ဟင်းခါးသီး
၁။ အဖျားကို နိုင်သော သတ္တိရှိသဖြင့် ကြက်ဟင်းခါး အရွက်ကို ကြိတ်၍ ရသော အရည်ကို တိုက်ပေးခြင်းဖြင့်သွေးလွန်တုပ်ကွေးရောဂါပျောက်၏။

ဘိန်းဆိပ်သင့် ခြင်း


ကြောင်လျှာပင်
၁။ ကြောင်လျှာရွက်ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။

Tuesday, January 29, 2013

အူအတက် ရောင် ရောဂါ

ကြောင်ရိုသေပင်
၁။ ကြောင်ရိုသေပင်အရွက်ကို ငါးမြွေထိုးခြောက်နှင့် ကြော်စားက ဝမ်းထဲတွင် အူအတက် ရောင်စေသော ရောဂါကို ကာကွယ်သည်။

အိမ်မပျော်သောရောဂါ

ကြောင်ပန်းပင်
၁။ အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါက်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏ ။

ခူနာ

အောင်မဲဖြူပင်
၁။ အောင်မဲဖြူရွက် ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။

စအို မျှော့ ဝင်လျှင်

လောက်သေပင်
၁။ စအို မျှော့ ဝင်ကာ ရောဂါ အတွက် လောက်သေရွက် ၊ ကြွက်နား ပေါင်းရွက်၊ ကြက်မွေး(ကြက်တောင် မှ အမွေး) ၎င်း ၃ ပါး ဆတူ စု၍ ပြုတ်ပြီး အငွေ့ကို
 ချွေးအောင်း သကဲ့သို့ အိုးပေါ်တွင် ထိုင်ပြီး အခိုး အငွေ့ များ အခြား သို့ မထွက် နိုင်ရန် ခါးအောက်ပိုင်း နှင့် အိုးကို ပါ အဝတ်ထူ ထူ ရစ်ပတ်၍ အငွေ့ မှိုင်း ခံပါက မျှော့များ အကောင် လိုက်သော် လည်းကောင်း၊ ကြေပြုတ်၍ သော်
လည်းကောင်း ကျလာစေ ၏ ။ လောက်သေရွက် နှင့် ကြွက်နားပေါင်း ဆတူပြုတ် ၍ လက်ဖက်ရည် ကြမ်းပန်းကန်လုံး နှင့်လည်း ခပ်ပူပူ သောက်ပေးရ ၏။

ကလေးများ အနာစက် ၊ ဝဲစို ၊ အိုင်းနာ

လောက်သေပင်
၁။ ကလေးများ အနာစက် ၊ ဝဲစို ၊ အိုင်းနာ ကို လောက်သေရွက် အကျွမ်းလှော်၍ ရေနံကြီး စစ် စစ် နှင့် လူးလျှင် ပျောက်၏ ။

Monday, January 28, 2013

မီးယပ်ရောဂါ


ဆီးဖြူပင်
၁။ အမျိုးသမီးများ မီးယပ်သွေးလွန်ရောဂါဖြစ်နေလျှင် ဆီးဖြူခေါက်၊ ဆီးဖြူရွက်တို့ကို ထုထောင်း၍ ဆီးခုံပေါ်အုံပြီးစည်းပေးထားပါက မီးယပ်သွေးလွန်ရောဂါကို သက်သာပျောက်ကင်းစေပါသည်...။





ဒန္တသုခ


၂။ ဒန္တသုခ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။



ခေါင်း တစ်ခြမ်း ကိုက်ရောဂါ


ကြစု

၁။ ကြစုသီးနှစ်ကို ကြိတ်၍ ခေါင်းတွင် လိမ်းပေးသော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏။ 




အောင်မဲဖြူ

၂။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်း ပျောက်၏။ 



ပေါက်ပန်းဖြူ

၃။ ပေါက်ပန်းဖြူ အပွင့် သို့မဟုတ် အရွက် ကို အရည်ညှစ်ယူ၍ ခေါင်း မကိုက်သော တစ်ဖက်ရှိ နှာခေါင်း မှ ရှူပါက ခေါင်း တစ်ခြမ်း ကိုက်ရောဂါ ပျောက်၏ ။


နူနာ

ဗောဓိညောင်
 
၁။ ဗောဓိညောင် အမြစ်ကို သွေး၍နူနာနှင့် အခြားအနာပေါက်တို့ကို လိမ်းပေးက ပျောက်၏ ။

ခြေကွဲနာ

ဗောဓိညောင်

၁။ ဗောဓိညောင် အရွက်ကြိတ်ညှစ်ရည်နှင့် အစေးကို ခြေကွဲနာ ပေါ်၌ လိမ်းပေးသော် ပျောက်၏ ။

ဂရင်ဂျီနာ

ဗောဓိညောင်

၁။ ဗောဓိညောင် အတွင်းသားခေါက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ဂရင်ဂျီနာ ပေါ်သို့ ပြွန်ချောင်း ဖြင့် မှုတ်ထည့်ပေးသော် ရက်အနည်းငယ်အတွင်း အသားနုတက်၍ အနာကျက်လာ၏ ။

Sunday, January 27, 2013

လက်မောင်းသိမ်ရောဂါ

ခွေးလှေးယား

၁။ ခွေးလှေးယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။

အဖုအကျိတ်

ခွေးတောက်

၁။ ခွေးတောက်အရွက်ကို ကြိတ်၍ အုံးစည်းပေးခြင်းဖြင့် အဖုအကျိတ်များလည်း ပျောက်၏။

ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ

ခွေးတောက်

၁။ ထန်းရည် ၊ အရက် ကြာရှည်စွာသောက်သုံးသူများ တစ်နှစ်တစ်ခါ ခွေးတောက်ရွက်ကို ကြက်သား နှင့် ချက်စားခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်အတောက်များ ပြေပျောက်စေ၏ ။

ဝမ်းကြော၊ ရင်ကြောများ တင်းမာခြင်း

ဧကရာဇ်
 
၁။ ဝမ်းကြော၊ ရင်ကြောများ တင်းမာခြင်း အတွက် ဧကရာဇ်ပင် အမြစ်ကို ဆန်ဆေးရည် နှင့် သွေးလိမ်းက ပျောက်၏။ 




ရွှေနွယ်ပင်

၂။ ဝမ်းကြောတင်း ခြင်း ၊ ဝမ်းရောင် ခြင်း ၊ အစာမကြေ လေချဉ်တက် ခြင်း ၊ ဝမ်းဗိုက်နာ ခြင်း များ အတွက် ရွှေနွယ်ပင် ကို ကျတ်ကျတ် ကျို ၍ ဝမ်းဗိုက် တွင် လိမ်းပေးပြီး အဝတ်ဖြင့် ပတ်ထား ပါက အောက်သို့ လေစုန်ကာ ပျောက်ကင်း၏။

ငန်းဖမ်းခြင်း

ဣဿရမူလီ

    ၁။ ဣဿရမူလီအမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေး ခြင်းဖြင့် ငန်းဖမ်းခြင်း နှင့် နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များပျောက်၏။

      Saturday, January 26, 2013

      ဆူး စူးနေလျှင်

      အကြောတစ်ထောင်ပင်

      ၁။ အကြောတစ်ထောင်ပင် အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။

      ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေးစေရန်

      ဟင်းနုနယ်ဆူးပေါက်
       
      ၁။ ဟင်းနုနယ်ဆူးပေါက်ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။




      ဂေါ်ရခါးသီး
       ၂။ ဂေါ်ရခါးသီးမှာ ပါရှိတဲ့ ဖောလစ်ဓါတ်ဟာ သွေးထဲရှိ ဆဲလ်များနဲ့ DNA ဖွဲ့စည်းတည်ဆောက်မှုတို့ကို အကျိုးဖြစ်ထွန်းစေနိုင်ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ရှိခါစ မိခင်လောင်းများဟာဂေါ်ရခါးသီးကို အလုံအလောက်စားပေးခြင်းဖြင့် မွေးဖွားလာမယ့် ရင်သွေးငယ်များအတွက် အာရုံကြောနဲ့ပတ်သက် တဲ့ ရောဂါဝေဒနာများကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ် ။  
      ဘောစကိုင်း

      ၃။ ဘောစကိုင်း အခေါက် နှင့် အမြစ်ပြုတ် ရည်ကို ကိုယ်ဝန်ပျက် မကျစေရန် ကာကွယ်ဆေး အဖြစ် ဖော်စပ် အသုံးပြု၏ ။

      လူပျိုနာ

      သင်္ဘောသီး

      ၁။ အနာ အဖုများနှင့် လူပျိုနာ ကြောင့်ဖြစ်သော အနာများကို သင်္ဘောသီးစေး လိမ်းပေးက ပျောက်၏။




      သင်္ဘောမဲဇလီ

      ၂။ သင်္ဘောမဲဇလီအရွက် ကြိတ်ညှစ်ရည် ဖြင့် လူပျိုနာ များပေါ်တွင် လိမ်းပေးက ပျောက်၏။ 



      ခြေဖဝါး လက်ဖဝါး ပူလောင်သော်

      သပြု

      ၁။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ သပြု အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။

      တိုက်ဖိုက် (Typhoid) ရောဂါ

      သစ်ကြံပိုး

      ၁။ တိုက်ဖိုက် (Typhoid) ရောဂါ ဖြစ်သော် သစ်ကြံပိုး အဆီ ၂ စက် ခန့် တစ်နေ့ နှစ်ကြိမ် သို့မဟုတ် ၃ ကြိမ်ခန့် သောက် ရ၏ ။

      Tuesday, January 22, 2013

      ခရုသင်း ရောဂါ

      သစ်ဆိမ့်

      ၁။ သစ်ဆိမ့်ခေါက် ကို သွေးလိမ်းသော် ခရုသင်း ပျောက်၏ ။





      ဧကရာဇ်ပင်

      ၂။ ဧကရာဇ်ပင် အမြစ် အစိုကို ထန်းလျက်နှင့် ကျိုသောက်ခြင်းဖြင့် ခရုသင်း ရောဂါ ပျောက်ကင်း စေနိုင်သည်။

      သရက်ရွက် ကြီးသော ရောဂါ

      သံပုရာသီး

      ၁။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။  




      သစ်ဆိမ့်

      ၂။ သစ်ဆိမ့်ပွင့်ကို ပြုတ်သောက်ပါက သရက်ရွက် ကြီးသော ရောဂါ ၊ ဝမ်းသွားလွန်ခြင်း ၊ ရင်ဘတ်နာ ခြင်း ၊ သလိပ်ပူထခြင်းများ ပျောက်၏ ။  



      နွေရာသီ ချွေထွက်များနေလျှင်

      • ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။

      ခြေထောက် အလှအပ

      • သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

      လက်သည်းဆေး စွန်းခြင်း

      • သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်
      • ။ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

      တံတောင်ဆစ်မည်းခြင်း

      • သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေတွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

      အဆီပြန်တဲ့အသားအရေပိုင်ရှင်များ

      • သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ တစ်ဖန် ပြန်ဆေးကြောပေးပါ။