Monday, December 31, 2012

တနင်္လာသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

တနင်္ဂနွေနေ့ နံနက်(၇)နာရီတွင် ဝေဿဘူမြတ်စွာဘုရား အားရည်မှတ်၍ ယိုလေးမျိုး လှူဒါန်းရပါမည်။ နောက်တစ်နေ့ တနင်္လာနေ့နံနက်(၇) နာရီ(၂၄)မိနစ်တွင် 
မိမိရောင်းထွက်လိုသော စက်ပစ္စည်းအား တနင်္လာထောင့်(အရှေ့အရပ်)မှနေ၍ (ယမန်နေ့က ဝေဿဘူမြတ်စွာဘုရား အားရည်မှတ်၍ ယိုလေးမျိုး အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောစက်ပစ္စည်းသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး မေမြို့ပန်း (၅) ပွင့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၁၉)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်
လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။ မင်းသိင်္ခ


No comments: