Sunday, December 30, 2012

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာတွေ့ရှိထားပါတယ်။
စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။အထူးသဖြင့်တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက် နှင့် အောက် သောက်သုံးသူများ)
ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီးနေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisol ကို ကိုယ်တွင်း မှ ထုတ်လွတ်ပါတယ်။ ယင်း Cortisolထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ)Cortisol ပိုမိုထုတ်လွတ်ပြီးကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချားစရာပုံရိပ်များ၊အတွေးများ ပေါ်ပေါက်လာစေပါတယ် လို့ ဆိုပါတယ်။


ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်းသိရပါတယ်။

7Days News Journal မှကူးယူတင်ပြခြင်းဖြစ်ပါသည်...


အသည်းကင်ဆာ အကြောင်း သိကောင်းစရာ

အသည်းကင်ဆာ အကြောင်း သိကောင်းစရာအသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။
Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တဝိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။

(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
 
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ဝါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ဝမ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။

အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။

အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း

အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတဝိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း

အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။

အဆင့် (၃) C: ကင်ဆာက အနီးအနားတဝိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း

အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှ့ံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံး၀ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။ အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအဝင် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီီး ကုသမှုကို ခံယူသင့်ပါတယ်။
မငယ်

အချိုမှုန့် ဆိုတာ ဘာလဲ

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။
အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား
ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ
(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။
(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ဝန်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။
 
ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။မန္တလေး


သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်

သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများ စားပြီးနောက် ဝမ်းဗိုက်ပြည့်အင့်
ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ .........
ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။
သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။)

ပန်းသီးဖျော်ရည်သည် သည်းခြေကျောက်ကို ပျော့စေနိုင်သည်။
ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။ ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်းကို ရေနွေးတစ်ဖန်ခွက်နှင့် သောက်ပါ။

ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။
ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။ ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံးတစ်ဝက်ကို လတ်ဆတ်သော သံပရာရည်ဖြင့် ရော၍ သောက်ပါ။သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည်
သည်းခြေကျောက်များကို ချောမွေ့စွာ ထွက်နိုင်စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် 
ဝမ်းထဲ၌ အစိမ်းရောင် ကျောက်တုံးကလေးများကို တွေ့ရမည်။

ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ်စာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။

ကြေးမုံသတင်းစာ မှ ကူးယူတင်ပြခြင်းဖြစ်သည်...


လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ - ၁၁ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)
၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၄။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime) အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ
ထုံကျဉ်ခြင်း။ လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်းမှ ကာကွယ်နိုင်ကြပါစေ.....
နောက်ဆုံးတစ်ချက်က အရေးကြီးလို့.............
 
 ၁၁။ မျက်စိနှစ်ဖက်လုံးမှောင်အတိ ကျသွားပြီး ... ခန့်မှန်း ၁၅ စက္ကန့်လောက်ပြန်မမြင်လောက်အောင်
ပိန်းပိတ်သွားရင် လေဖြတ်ရန်နာရီပိုင်းသာလိုတော့သည့် အနီးဆုံးအခြေအနေပါ။

ကျန်းမာရေးဂျာနယ် မှ ကူးယူတင်ပြခြင်းဖြစ်သည်....

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ပင်စိမ်းပင်သည် မြန်မာနိုင်ငံနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။
ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။ စိုက်ပျိုး၍လည်းရသည်။ မျိုးစေ့မှတဆင့်အပင်စိုက်ရန် လွယ်ကူသောအပင် ဖြစ်သည်။ မြေသြဇာ အထူးမလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။
ပင်စိမ်းပင်သည် အပင်ငယ်မျိုးဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့်အထိ ရှိ၏။ အရွက်မှာ သေးပြီးစိမ်းလျက် နူးညံ့၏။ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူကလေးများပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင်အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ
ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်းအမျိုးမျိုးရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြေခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။
လူကို အကျိုးပွားစေသည်။ ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) နားကိုက်= ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။
(၂) သွားကိုက်= ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။
(၃) ကလေး ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့်
ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)
(၄) ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကိုယူ၍ နားထင်နှင်
့ နဖူးတွင် လိမ်းပေးပါ။
(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့
တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။
(၆) သားသမီး ဝေးလိုသော်= ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့်နောက်သုံးရက်ဆက်တိုက် သောက်ပေးပါ။
(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊အဖျားကျသွားပါမည်။
(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင်နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။
(၉) ပွေးနာ၊ အရေပြား ယားနာ= ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊
ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။
(၁၀) အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။
(၁၁) လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။
(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။
(၁၃) အရေပြားအနာများ= (အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊
 နှမ်းဆီ (၁၅)ကျပ်သားရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါကနှာစေးအအေးမိ ချောင်းဆိုးရောဂါများကိုပင်
 ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။
(၁၄) ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီးပွတ်သပ်ပေးပါ။
(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။
(၁၆) ကလေး သန်ကျ= ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။
(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။
ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။
(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။
(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး
အဖျားကျသွားပါမည်။
(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။
(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့်
ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။
(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။
(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။
(၂၄) အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို
 သောက်ပေးပါ၊ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။
(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။
(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့်ကြော်စားပါ။
(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်= ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။
(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့်နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။
(၂၉) သူငယ်နာ၊ ကျောပူခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကိုခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။
(၃၀) မီးဖွားပြီးစ အပုပ်ဆန်= ပင်စိမ်းရွက် ကြော်စားပါ။
(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်= ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ
ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။
(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။
(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။
(၃၄) ချောင်းဆိုးနပန်းနာ= ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။
(၃၅) သလိပ်ကပ် ချွဲကျပ်= ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။
ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။
နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။
(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီးအနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမကသွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။
(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။
(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။
(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင်ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။
(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့်
ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။
ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့် ရောဂါများကို ပျောက်ကင်း
စေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။
ကသစ်ဦး(ကျိုင်းတုံ)

တစ်နေ့လျင်ခြောက်နာရီအောက်လျော့နည်းအိပ်စက်သူများအသက်တိုနိုင်

အိပ်ရေးဝအောင် အိပ်စက်မှုမရှိသော အလေ့အထ ကြာရှည်စွာ စွဲကပ်နေခြင်းသည် အသက်တိုစေတတ်ကြောင်း ပညာရှင်များက သတိပေးပြောကြားခဲ့သည်။ တစ်နေ့လျင် (၆)နာရီအောက် လျော့နည်းကာ အိပ်စက်ချိန်ရှိသူများသည် သာမန်ထက်
ပိုမိုစောစီးစွာ သေဆုံးနိုင်ကြောင်း အီတလီနှင့် ဗြိတိန်မှ သုတေသီများကဆိုသည်။ ၎င်းတို့၏ လေ့လာမှုအရ တစ်နေ့(၆)နာရီအောက်သာ အိပ်စက်သူများသည် ပုံမှန်အားဖြင့် (၈)နာရီကြာ အိပ်စက်သူများထက် ပျမ်းမျှ(၂၅)နှစ်ထိ အသက်ပိုတိုရန် (၁၂)ရာခိုင်နှုန်း ပိုမိုနီးစပ်ကြောင်း သိရသည်။

Sleepဆေးပညာဂျာနယ်က ယခုတွေ့ရှိချက်အား လူပေါင်း(၁.၅)သန်းအား မတူညီသည့် သုတေသနပြုမှု (၁၆)ခုဖြင့် လေ့လာခဲ့ပြီး ကောက်ချက်ဆွဲထားခြင်းဟု ရေးသားဖော်ပြခဲ့သည်။ (၆)နာရီနှင့် (၈)နာရီကြား ကာလသည် လူတစ်ဦး နေ့စဉ်ပုံမှန် အိပ်စက်သင့်သည့် အခြေအနေဖြစ်ပြီး ထို့ထက်ပိုခြင်း၊ လျော့ခြင်းတို့သည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်နေကြောင်း ဆရာဝန်များကဆိုသည်။ လောင်းဘာရိုး အိပ်စက်မှု သုတေသနစင်တာမှ ပါမောက္ခ ဂျင်မ်ဟုမ်းက “အိပ်စက်ခြင်းဟာ ဓာတ်ခွဲခန်းသုံး လစ်တမတ်စ် စက္ကူလိုပါပဲ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းရောရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အိပ်တာကို အလွန်အကျွံဖြစ်ရင်၊ လိုတာထက်လျော့နေရင် တခြားရောဂါတွေ အများကြီး ရလာနိုင်ပါတယ်”ဟု ရှင်းပြခဲ့သည်။ “တချို့တွေက တစ်နေ့ကို (၅)နာရီလောက်ပဲ အိပ်ကြပါတယ်။ ဒါဟာ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် အန္တရာယ်များပါတယ်။

အိပ်ချိန်မလုံလောက်တာဟာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေအတွက် မောင်းနှင်နိုင်စွမ်းနဲ့ ပုံမှန်လည်ပတ်နိုင်စွမ်းကို ကြီးကြီးမားမား ထိခိုက်လာနိုင်ပါတယ်”ဟု ဒေါက်တာဟုမ်းက ပြောကြားသွားသည်။

(ပြန်လည်မျှဝေပါသည်)

Saturday, December 29, 2012

နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ

သာမန်အတိုင်း စားသုံးရင် ပရိုတိန်းဓာတ်၊ ကာဘွန်ဟိုက်ဒရိတ်ဓာတ် ကြွယ်ဝ တဲ့ အစားအစာများက ကျန်းမာရေးအတွက် အကျိုးပြုပေမယ့် များများ စားသုံးရင် အမျိုးသားတို့အတွက် ကလေးရနိုင်ချေ နည်းပါး စေကြောင်း သိရပါတယ်။
အမျိုးသားရယ်လု့ိ မဟုတ်ပဲ အမျိုးသမီးများရဲ့ မျိုးပွားနိုင်ချေ နှုန်းကိုပါ ထိခိုက် စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကာဘွန် ဟိုက်ဒရိတ်ဓာတ်၊ ပရိုတိန်းဓာတ်ကို သာမန်ထက် စားသုံးမိရင် အမျိုးသား တို့ရဲ့ မျိုးပွားနိုင်မယ့် ကျားဟိုမုန်း (Sperm) တွေကို သေစေပါတယ်။ ဒါကြောင့် ကလေးရန် ခက်ခဲစေခြင်း ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ မျိုးပွားနိုင် ၏တဲ့ vitro fertilization (IVF) ကိုလည်း ထိခိုက်စေပြီး ကိုယ်ဝန ်ဆောင်နိုင်ချေကို နည်းပါးစေပါတယ်။ ထောပတ်ဒိန်ခဲ၊ မလိုင် တို့လို နို့နှင့် နို့ထွက် ပစ္စည်း များ အားလုံးပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကက္ကဆက် တက္ကသိုလ်မှ ဆေးပညာရှင် သုတေနီနဲ့ ပရော်ဖက်ဆာများ လက်တွေ့ လေ့လာ စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် နို့နှင့် နို့ထွက် အစားအစာများကို ပုံမှန်စားသုံးခြင်း ထက် မပိုသင့်ပါလို့ တိုက်တွန်းထားကြောင်း သိရပါတယ်။

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။
--
Ref: medic-facts

http://www.innewsmyanmar.com/2012/12/blog-post_5404.html


ဆေးစွမ်းထက်သော သလည်းသီး

မြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နဲ့ မြန်မာပြည် အောက်ပိုင်း ဒေသအချို့မှာ စိုက်ပျိုး အောင်မြင်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သလည်းသီးလို့ ခေါ်ပြီး ဥရောပ၊ အာဖရိ၊ အမေရိကန်၊ အာရှ အစရှိသဖြင့် နေရာစုံမှာ ဒေသစုံ မှာ ပေါက်တတ်တဲ့ အပင် ဖြစ်ပါတယ်။
သလည်းသီးဟာ သဘာဝအလျောက်ကို ဆေးဖက်ဝင်နေတဲ့ အသီး ဖြစ် ပါတယ်။ vitamins C,K, folate, thiamin, dietary fiber, antioxidants အစရှိတဲ့ ဆေးဖက်ဝင် အာဟာရဓာတ် များစွာ ပါဝင်ပြီ အဓိက တိုက် ဖျက်ပေးတဲ့ ရောဂါ ကတော့ ကင်ဆာ ဖြစ်ပါတယ်။ အူမကြီး ကင်ဆာ၊ ရင်သား ကင်ဆာ၊ အမျိုးသား ဆီးလမ်းကြောင်းပိတ် အကြိတ်ကင်ဆာ တို့ကို တိုက်ဖျက်ပေးတာ ဖြစ်ပါတယ်။

ပြီးတော့ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်တဲ့ သက်ဆိုင်တဲ့ ရောဂါများကို လည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးအဆစ်ရောင်နာ ရောဂါ ရှိသူများအတွက်လည်း ဝေဒနာ သက်သာစေပါတယ်။ ဒါကြေင့် သလည်းသီးဟာ မှီဝဲ စားသုံးသင့်တဲ့ အသီးတစ်မျိုး ဖြစ်တယ် လို့ ဆေးပညာရှင်များက ထောက်ခံထားကြောင်း သိရပါတယ်။

ဂေါ်ဖီထုပ် (မုန်လာထုပ်) မှရသော ကျန်းမာရေး အကျိုးကျေးဇူး

ဂေါ်ဖီထုပ် (မုန်လာထုပ်) (Cabbage) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိပါတယ်။
- ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်း ပေးပါ တယ်။ ကိုယ်တွင်း ဗိုင်းရက်တွေကို နှိမ်နှင်းပေး တဲ့ပိုးသတ်ဆေး တစ်မျိုး လည်း ဖြစ်ပါတယ်။
- ဝမ်းပုံမှန် မသွားသူများ စားသုံးသင့်ပြီး သွေးဖိအားများသူ များလည်း မှီဝဲသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဖြစ်ပါတယ်။
- အဆီချ ပရိုဂရမ်မှာ ထည့်သွင်း စားသုံးသင့်တဲ့ အရွက် ဖြစ်ပါ တယ်။ ဂေါ်ဖီထုတ်က အဆီကျပြီး ပိန်စေတတယ်လို့ ဆိုပါတယ်။
- ပန်းနာ၊ ရင်ကြပ်၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေး အစရှိတဲ့ အသက်ရှု လမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါအားလုံးကိုလည်း ပျောက်ကင်းစေ ပါတယ်။
- ချွေးထွက်များပြီး ရောဂါခဏခဏဖြစ်နေသူများလည်း ဂေါ်ဖီထုပ် မှီဝဲ သင့်ပါတယ်။
- ဗိုက်တာမင် A, B, C, E အစရှိတဲ့ ဓာတ်များ ပါဝင်ပါတယ်။
- ကယ်လ်ဆီယံ၊ ကလိုရင်း၊ အိုင်အိုဒင်း၊ အိုင်းရွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရက်စ်၊ ပိုတက်ဆီယမ်၊ ဆာလဖာ အစရှိတဲ့ သံဓာတ်/ Minerals များလည်း ပါဝင်တဲ့အတွက် ဂေါ်ဖီထုတ်/မုန်လာထုပ် ဟာ ပုံမှန် မှီဝဲ စားသုံးသင့်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။

အရပ်ရှည်စေမည့် အစားအစာများ

Mg Mandalay
အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။ အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ... ဆယ်ကျော်သက်ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။
ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရဓာတ်တွေကိုချည်း စားရမှာမဟုတ်ဘဲ တခြားဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင်ဓာတ်တွေအပါအဝင် မျှတတဲ့ အစာအာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည်စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ
ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။
ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။

ပရိုတင်း
ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။
အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ်လိုအပ်ချက်ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ
ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။
ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ
လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြုရပါတယ်။
သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သားကျုံ့ခြင်းနဲ့ စွမ်းအင်ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ်တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံံ့ဖြိုးကြီးထွားဖို့အတွက် အထူးအရေးကြီးပါတယ်။

ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။

ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိကအစာပါ။ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံ တွေမှာ သံဓာတ်ပါဝင်ပေမယ့် ပမာဏနည်းပါးပါတယ်။
ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျသဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။Health

ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။


သွားများကို အရောင်စွန်းထင်းစေသော အစားအစာများ



Mg Mandalay
သွားများကို အရောင်စွန်းထင်းစေသော အစားအစာများ ...........
၁။ ဝိုင်
ဝိုင်နီဟာ အက်စစ်ဓာတ်များတဲ့ အချိုရည် ဖြစ်ပြီး သူ့ဆီမှာ Chromogen နဲ့ Tannins တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းတွေဟာ သွားကို အရောင်စွန်းထင်းစေတဲ့ အဓိက တရားခံများ ဖြစ်ကြပါတယ်။ ဝိုင်နီလိုပဲ ဝိုင်အဖြူကလည်း သွားတွေကို အန္တရာယ် ဖြစ်စေပါတယ်။

၂။ လက်ဖက်ရည်
ဝိုင်လိုပဲ သွားတွေကို အရောင်စွန်းစေတဲ့ Tannins တွေ ပါဝင်ပါတယ်။ ကော်ဖီတွေဟာ Tochromogen ပါဝင်မှုမြင့်ပေမယ့် သွားကို အရောင်စွန်းစေတဲ့ Tannin ပါဝင်မှုကတော့ နည်းတဲ့အတွက် လက်ဖက်ရည်သောက်တဲ့သူတွေရဲ့ သွားဟာ ကော်ဖီသောက်သူတွေ ထက် ပိုပြီးအရောင်စွန်းနိုင်ပါတယ်။

၃။ ကိုလာ
အက်စစ်သဘာဝများပြီး Chromogen များစွာပါတဲ့ ကိုလာဟာ သွားတွေကို သိသိသာသာ အရောင်စွန်းစေပါတယ်။ အရောင်ဖျော့တဲ့ တခြားအအေး (Soft Drink) တွေဟာလည်း အက်စစ်သဘာဝရှိပြီး တခြားအစားအစာတွေကြောင့် သွားတွေ အရောင်စွန်းရအောင် ကူညီပေးပါတယ်။ ခုံပေါ်မှာ အအေးဘူးတင်ထားလေ့ရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အရောင်စွန်းလွယ်ပါတယ်။

၄။ ပြင်းသော အချိုရည်
အက်စစ်ပါဝင်မှုပိုများတဲ့ ရှတတအချိုရည်တွေဟာ သွားတွေရဲ့ ကြွေလွှာကို ဖျက်ဆီးပစ်ပြီး သွားတွေကို အရောင်စွန်းထင်းလွယ်စေပါတယ်။

၅။ ဘယ်ရီသီးများ
ဘလူးဘယ်ရီသီး၊ ခရမ်းဘယ်ရီသီး၊ ချယ်ရီ၊ စပျစ်သီး အပါအဝင်၊ အရောင်သိသာတဲ့ အသီးတွေ၊ ဖျော်ရည်၊ မုန့်တို့ဟာ သွားကို အရောင်စွန်းစေပါတယ်။

၆။ ဆော့
ပဲငံပြာရည်၊ ခရမ်းချဉ်သီး sauce၊ Curry Sauce အပါအဝင် တခြား အရောင်ရင့်တဲ့ Sauce တွေဟာ သွားကို အန္တရာယ် ဖြစ်စေပါတယ်။

၇။ အချို
အချို၊ သကြားလုံး၊ ပီကေ စတာတွေမှာ သွားကို အရောင်စွန်းထင်းစေတဲ့ အရာတွေ အများကြီး ပါဝင်ပါတယ်။ ဒါတွေကို စားပြီးလို့ လျှာလေးဟာ အရောင်စုံဖြစ်နေပြီ ဆိုရင်တော့ သင့်ရဲ့ သွားလည်း မကြာခင် ဒီလိုမျိုး ဖြစ်လာပါလိမ့်မယ်။ အမြဲတမ်း စားနေတဲ့သူ မဟုတ်ရင်တော့ ဒီပြဿနာကို သိပ်ပြီး ကြီးကြီးကျယ်ကျယ် ခံစားရမှာ မဟုတ်ပါဘူး။

ဒီပြဿနာတွေကို ရှောင်ကြဉ်ဖို့အတွက်ဆိုရင်. . .

(၁) ပိုက်ကိုအသုံးပြုပါ
ပိုက်ကနေတစ်ဆင့် စုပ်သောက်ရင် သွားတွေ အရောင်စွန်းတာကို ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ပိုက်က သောက်တာကြောင့် သွားနဲ့ အရည်ထိတွေ့မှု နည်းသွားပါတယ်။ ဝိုင်၊ ကော်ဖီပူပူ တို့ကို ပိုက်နဲ့စုပ်သောက်ဖို့ စိတ်မပါပေမယ့် အအေး၊ ဖျော်ရည်၊ ကော်ဖီအေး၊ ကိုလာ တို့ကိုတော့ ပိုက်နဲ့ သောက်သင့်ပါတယ်။

(၂) ချက်ချင်း မျိုချပါ
သွားကို အရောင်ထင်းစေတဲ့ အအေးတွေ၊ အစားအစာတွေကို ချက်ချင်းမျိုချတာကလည်း ကူညီနိုင်ပါတယ်။ ဒါပေမယ့် မမျိုချခင် သေသေချာချာ ဝါးဖို့တော့ လိုပါတယ်။ အစားအစာ တွေကို ပါးစပ်ထဲအကြာကြီး ငုံထားတာမျိုးကို ရှောင်သင့်ပါတယ်။

(၃) ပလုတ်ကျင်းပါ
အစာစားပြီးတိုင်း သွားတိုက်ဖို့ဆိုတာ သိပ်အဆင်မပြေပါဘူး။ ဒါပေမယ့် သွားတွေရဲ့ ကြွေလွှာဟာ အစာစားပြီးလို့ မိနစ် ၃၀ လောက်ကြာတဲ့အထိ သွားတွေကို ကာကွယ် ပေးထားပါတယ်။ ဒါကြောင့်အရင်ဆုံးရေနဲ့ ပလုတ်ကျင်းထားပြီး နောက်မှ သွားတိုက်ပါ။Health



ဗိုက်ထဲတွင် အစာမရှိလျှင် ဒိန်ချဉ်မသောက်ရ

ဒိန်ချဉ်ကို ဝမ်းထဲမှာ အစာမရှိရင် မစားသင့်ဘူးလို့ ဆေးပညာရှင်များက မှာကြားထားပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
နို့ကိုအချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်မှာ lactic အက်ဆစ်တွေ ပြည့်နေပါတယ်။ ဝမ်းထဲမှာ အစာမရှိတဲ့အခါ အစာအိမ်မှာလည်း အက်ဆစ်တွေက အလဟသ ဖြစ်နေပါတယ်။

ဒါကြောင့် ဒိန်ချဉ်ကို အစာမရှိပဲ သောက်တဲ့အခါ ဝင်လာတဲ့ Lactic အက်ဆစ်ဟာ ဝမ်းထဲမှာရှိနေတဲ့ အစာချေ အက်ဆစ်နဲ့ ဓာတ်ပြုပြီး အဆိုးဆုံး အခြေအနေကတော့ အူအတက်ပေါက်ခြင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းတို့ အထိ ကျန်းမာရေး ဆိုးကျိုး ရှိစေနိုင်ပါတယ်။

ဒါကြောင့် ဒိန်ချဉ်ကို ဝမ်းထဲမှာ အစာမရှိပဲ မသောက်သုံးမိဖို့ သတိပေးထား ကြောင်း သိရပါတယ်။

ရှားစောင်းလက်ပက် နှင့် လူ့ကျန်းမာရေး

ရှားစောင်းလက်ပက်ဟာ အရေအပြား ကျန်းမာရေးအတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုး ဖြစ်ပါ တယ်။
သူ့ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ အရေအပြားမှာ ရှိတဲ့ ဆဲလ်တွေ ကို အောက်စီဂျင် ဓာတ် ပေးစွမ်းခြင်း ဖြစ်ပါတယ်။ ယင်းသို့ ပေးစွမ်း ခြင်းဖြင့် တစ်ရှုးများကို အလိုလို ပြုပြင် သန်မာစေပါတယ်။ ဒီတော့ အရေအပြား အတွက် သူ့ရဲ့ကောင်းကျိုးများက အောက်ပါ အတိုင်း ဖြစ် ပါတယ်။
မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်ဆီးသော အရည်အပြား၊ ထိခိုက်ရှနာမှ ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့်၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်း အနာ၊ နှင်းခူ နှင့် အခြား အရေအပြားရောဂါတွေကို ရှားစောင်းလက်ပက် အသား (အနှစ်) လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
မျက်နှာကို လိမ်းပေးခြင်း၊ ကပ်ပေးခြင်းကလည်း မျက်နှာ အသား အရေ ပြုပြင်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဝက်ခြံ၊ တင်းတိမ့် များ ပျောက် ကင်းပြီး အသားအရေ နူးညံ့ချောမွေ့ စေပါတယ်။ ဒါကြောင့် အလှကုန် ပစ္စည်းအချို့နဲ့ ကိုယ့်သန့်စင်ဆေးရေ၊ ဆပ်ပြာတို့မှာ ရှားစောင်း လက်ပက် များ ထည့်သုံးခြင်း ဖြစ်ပါတယ်။
ယင်းကတော့ ပြင်က အသားအရေကို ကောင်းကျိုးပြုခြင်းမျှသာ ဖြစ်ပါတယ်။ အမှန်တော့ ရှားစောင်းလက်ပက်က ကိုယ်တွင်း ကျန်းမာရေးအတွက်လည်း အကျိုးထူးတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပါတယ်။ နှလုံး၊ အဆုပ်၊ အသည်း နှင့် သက်ဆိုင်သော ရောဂါတော်တော်များများကို ပျောက်ကင်းစေပါတယ်။ အရက်နာ ကျသူများလည်း ရှားစောင်းလက်ပက် အစိမ်းလိုက် စားသုံးခြင်းဖြင့် အသည်း ကျန်းမာရေးကို ပြန်လည် ကောင်းမွန်စေတယ်လို့ သိရပါတယ်။
ကင်ဆာရောဂါအတွက် ဆေးဝါးတစ်မျိုးလည်း ဖြစ်တဲ့အတွက် ဆေးတွေမှာ လည်း ရှားစောင်းကို အသုံးပြုပါတယ်။ အဓိကကတော့ ကိုယ်တွင်းမှာ အပူ ကြောင့် ဖြစ်တဲ့ ရောဂါမှန်သမျှကို ကုသပေးခြင်း ဖြစ်ပါတယ်။ သွားကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် သွား တိုက်ဆေး တွေမှာလည်း တွေ့ရတတ်ပါသေးတယ်။
သူ အကျိုးမပြုတဲ့ နေရာက မရှိသလောက်ကို လူသားကျန်းမာရေးအတွက် တကယ်ကို အကျိုးပြုပါတယ်။ ဒါကြောင့်လည်း ရှားစောင်းလက်ပက် အချိုရေ၊ ယို၊ ဆေး၊ ကိုယ်သန့်စင် ဆေး၊ ဆပ်ပြာ အစရှိသဖြင့် ပေါ်ပေါက် လာရခြင်း ဖြစ်ပါတယ်။

ဆံပင်အတွက် ကြက်သွန်နီ


ကြက်သွန်နီကို ဆံပင်အရှည်မြန်ရန် နှင့် နက်မောင် သန်စွမ်းစေရန် အသုံးပြုနိုင်သည်။
ကြက်သွန်နီကို အပိုင်းပိုင်းလှီးပြီး ခေါင်းလျှော်ရေထဲကို စိမ်ထားရမည်။ ၁၅ ရက်ကြာပါက ယင်းခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်မည် ဖြစ်သည်။ အနောက်တိုင်းတွင် ဆံပင်အရှည်မြန်ရန်နှင့် နက်မောင် သန်စွမ်းရန် ယင်း သဘာဝ နည်းလမ်းကို အသုံးပြုသူများ ရှိကြောင်း သိရသည်။

စပျစ်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။
ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။

Friday, December 28, 2012

ကြို့ထိုးခြင်းနှင့် သိပ္ပံနည်းကျကုထုံး

နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အား ဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။ ကြို့ထိုးခြင်းဆိုသည်မှာ ဝမ်းဗိုက် အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ကြွက်သား လှုပ်ရှားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ် သည်ဟု အကြမ်းဖျင်းကြားဖူးထားပါ သည်။
ယင်းဒိုင်ယာဖရမ်ကြွက်သား သည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့ မရှိဘဲ အကြောင်းတစ်ခုခု တိုက်ဆိုင် လာသောအခါ လှုပ်ရှားလာသဖြင့် ကြို့ထိုးခြင်းဟူသော ဝေဒနာ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။ ကြို့ထိုးခြင်းနှင့် ပတ်သက်၍ ဆေးနည်းတိုပေါင်းမြောက်မြားစွာ တင်ပြရေး သားကြ သည်။ ကြို့ထိုးလျှင် ရေသောက်ရမည်ကို လူတိုင်းသိကြ သည်၊ ကြို့ထိုးသူတိုင်းအားလည်း ရေသောက်ခိုင်းကြသည်။
ရေသောက် ပြီး ပျောက်သွားတာလည်း ရှိပါသည်။ မပျောက်မချင်း ရေသောက်ကြသဖြင့် ဝမ်းဗိုက်ကယ်သွားပြီး ထမင်းစားပျက် ရ၏။ နောက်ဆုံးဖတ်လိုက်ရသော မဂ္ဂဇင်းတစ်အုပ် တွင်သောက်ရေဖန်ခွက် အတွင်း ရေထည့်၊ ကြေးပြားတစ်ခု ထည့်ပြီးသောက်ရန် နည်း တစ်ခု ပေး ထားပါသည်။ ကျွန်တော်တင်ပြချင်သည်မှာ လည်း ရေသောက်နည်းပင် ဖြစ်ပါ သည်။ ဤနည်းမှာ နက္ခတ္တ ရောင်ခြည်မဂ္ဂဇင်းထဲမှ ဖတ်ရှုခဲ့ရသော နည်းပင် ဖြစ်ပါသည်။
ကြို့ထိုးသူ၏ နားရွက်နှစ်ဖက်အား အခြားသူတစ်ဦး က တင်းကျပ်စွာ လေလုံအောင် ပိတ် စေပြီး ကြို့ထိုးသူကို အသက်အောင့်ပြီး ရေသောက်စေသောနည်းပင်ဖြစ်သည်။ မိမိကြို့ထိုးနေစဉ် အနား၌ နားရွက် ပိတ်ပေးမည့်သူမရှိပါက မိမိခံတွင်း၌ ရေကို ဆံ့သရွေ့ ငုံထားပြီး မိမိဘာ သာ နားရွက်ကို လေလုံအောင် ပိတ် ပြီး အသက်အောင့်၍ ရေကို မျိုချပါ။ ရေတစ်ငုံစာနှင့်ပင် ကြို့ထိုး လက်တွေ့ ပျောက်ခဲ့ရပါသည်။ ဤနည်းသည် သိပ္ပံနည်းကျ လက်တွေ့ဆန်သော နည်းဖြစ်သည် ဟု စဉ်းစားမိပါသည်။ အသက်ရှူ အောင့်ထားခြင်းအားဖြင့် အဆုတ်တွင်း ၌ လေများဖြင့် တင်းခံထားစဉ် နား ရွက်ကို ပိတ်ထားခြင်းဖြင့် နားရွက်မှ လေမထွက်နိုင်၊ ထိုအချိန်တွင် အသက် အောင့်၍ ရေကို မျိုချလိုက်သောအခါ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ် ကြွက်သားပြင်အားအောက်သို့ တွန်းချ လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဒိုင်ယာ ဖရမ်ကြွက်သားပြင်သည် အထက်သို့ ဆောင့်ဆောင့်တက်ခြင်းအားဖြင့် ကြို့ ထိုးနေရာမှ အောက်သို့ ဖိအားပြင်း စွာဖြင့် တွန်းချခြင်းခံလိုက်ရသောအခါ အပေါ်သို့ ဆောင့်ဆောင့်တက်သော အကျင့်ပျောက်သွားပြီး ကြို့ထိုးခြင်း ဝေဒနာလည်း ပျောက်ကင်းသွားရ လေသည်။ ရေတစ်ငုံမျိုချပြီး မပျောက်ကင်း ပါက ဒုတိယတစ်ငုံထပ်ပြီး အထက်ပါ နည်းအတိုင်း မျိုချပါ။ ရေတစ်ဖန်ခွက် မကုန်မီမှာပင် လက်တွေ့ပျောက်ကင်း မည် ဖြစ်ပါသည်။ လုပ်ကိုင်ရတာ လွယ်ကူ၊ ပစ္စည်း ရှာရတာမခက်ခဲ၊ အမှားအယွင်း အ္တ ရာယ်မရှိနိုင်သော သိပ္ပံနည်းကျ လက် တွေ့နည်းမို့ ကြို့ထိုးနေသောသူများ လက်တွေ့စမ်းသပ်ကြည့်ရန် ရေးသား တင်ဆက်လိုက်ရပါသည်။

ကြံရိုးနှင့် ကြံရည်၏ ကျန်းမာရေး အာနိသင်များ

ကြံပင်ဟာ အဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့ သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။
ကျန်းမာကြံ့ခိုင်စေပါတယ်
ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။

အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်
ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်
ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။

စွမ်းအင်ရရှိစေပါတယ်
ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။

ရေဓာတ် ပြည့်ဝစေပါတယ် ပူပြင်းတဲ့ ရာသီဒဏ်ခံရရင် ဒါမှမ ဟုတ် ကိုယ်လက်လှုပ်ရှားမှုကို ကြာကြာ လုပ်ရင် ကြံရည်ကို သောက်သင့်ပါတယ်။ ဒါက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေ ပါတယ်။ အထူးသဖြင့် ဆော်ဒါလို အချိုရည်တွေအစား ကြံရည်ကို သောက်သင့် ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို သန်စွမ်းစေတယ်
ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။

ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်
ကြံရိုးဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ကျောက်ကပ်တွေကို လုပ် ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ ကြံရိုးဟာ ဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။

သက်လုံကောင်းစေပါတယ်
ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။

ဝမ်းမှန်မှန်သွား စေပါတယ်
ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

ထက်မြတ်


ကြက်ဥ၊ ဘဲဥ၏ ကျန်းမာရေးနှင့် အာဟာရ

ကြက်ဥ၊ ဘဲဥတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို မြင့်တက်စေတယ်ဆိုတဲ့ အယူအဆကြောင့် စားရမှာ ခပ်လန့်လန့် ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကြက်ဥ၊ ဘဲဥတွေကို အသင့်အတင့် စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
မျက်စိကျန်းမာရေးကို ကောင်းစေပါတယ် ကြက်ဥ၊ ဘဲဥစတဲ့ ဥအမျိုးမျိုးမှာ လူတင်နဲ့ ဇီဇန်သင်းစတဲ့ ပရိုတင်းဓာတ်တို့များစွာ ပါဝင်တာကြောင့် အသက်ကြီးချိန်မှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (Macular Degeneration) နဲ့ အတွင်းတိမ် ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နှလုံးသွေးကြောစနစ် ကျန်းမာရေးကို ကောင်းစေပါတယ် တစ်နေ့မှာ ကြက်ဥ၊ ဘဲဥ တစ်လုံးစားပေးရင် နှလုံးအထူးကု ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်လို့ လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အကြောင်းကတော့ ကြက်ဥ၊ ဘဲဥကို ပုံမှန် တစ်နေ့တစ်လုံး စားတာကြောင့် သွေးခဲနှုန်း၊ နှလုံးရောဂါ ထတာနဲ့ လေဖြတ်တာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်လို့ပါ။

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက ကောင်းမွန်စေပါတယ်
ကြက်ဥ၊ ဘဲဥအနှစ်မှာ ဗီတာမင် ဘီကိုလင်းဓာတ် ပါဝင်တာကြောင့် ဥအမျိုးမျိုးကို ဦးနှောက်အတွက် အစာလို့ ဆိုကြပါတယ်။ အကြောင်းကတော့ နာ့ဗ်ကြောတွေရဲ့ လုပ်ငန်းဆောင်တာနဲ့ ဖွံ့ဖြိုးမှုကို အားကောင်းစေတာကြောင့်ပါ။ ကိုလင်းဓာတ်ဟာ ကိုယ်ဝန်ဆောင် မိခင်မှာလည်း မရှိမဖြစ် အရေးပါပါတယ်။ သန္ဓေသား ဦးနှောက် ဖွံ့ဖြိုးမှုအတွက် အရေးပါလို့ပါ။

ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်
ကြက်ဥ၊ ဘဲဥစားတာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တခြားလေ့လာမှုတွေက ဆိုပါတယ်။ တစ်ပတ်မှာ ကြက်ဥ၊ ဘဲဥနှစ်လုံးအောက် လျော့နည်းပြီး စားတာက ရင်သားကင်ဆာ ဖြစ်နှုန်း လျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆံကေသာ၊ လက်သည်းနဲ့ အသားအရေကို ကျန်းမာလှပစေပါတယ်
ကြက်ဥ၊ ဘဲဥမှာ ဆာလဖာ ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတာ၊ ဗီတာမင်ဘီ စုပ်ယူအား ကောင်းစေတာ စတဲ့ အာနိသင်တို့ကို ရရှိစေနိုင်ပါတယ်။ ဆာလဖာဟာ ကော်လာဂျင်နဲ့ ကီရာတင်တို့ ထုတ်လုပ်မှု ကောင်းစေတာကြောင့် အသားအရေကို လှပစေတာ၊ လက်သည်းတွေကို သန်စွမ်းစေတာနဲ့ ဆံကေသာကို တောက်ပစေတာစတဲ့ အစွမ်းသတ္တိတွေကို ပေးစွမ်းနိုင်ပါတယ်။

ကြွက်သားကို ဖွံ့ဖြိုးစေပါတယ်
ကြက်ဥ၊ ဘဲဥထဲမှာပါတဲ့ ပရိုတင်းဓာတ်ကြောင့် ခန္ဓာကိုယ်ရဲ့ ကြွက်သား တည်ဆောက်မှုကို အားကောင်းစေပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ပါတယ်
နံနက်စာအနေနဲ့ ကြက်ဥ၊ ဘဲဥကို စားပေးတာက အဝလွန်နေသူနဲ့ ကိုယ်အလေးချိန် များနေသူတွေကို ကိုယ်အလေးချိန် ထိန်းပေးနိုင်ကြောင်း လူဝီစီးယားနား ပြည်နယ် တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ နံနက်စာ အနေနဲ့ ကြက်ဥ၊ ဘဲဥစားတဲ့သူတွေက ကယ်လိုရီများတဲ့ အစာတွေကို လျှော့စားဖြစ်ကာ ကြာကြာဗိုက်ပြည့်စေလို့ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။


ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ

စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. .
ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
ကြက်ဟင်းခါးသီးကပေးတဲ့ သူမတူတဲ့ အစွမ်းများ ကတော့
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ လေးပုံတစ်ပုံ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မဝင်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .


နုပျိုချင်လျှင် ဒါတွေစားပါ။~

ခန္ဓာကိုယ် အိုမင်းရင့်ရော်ခြင်းကို တားဆီးရန် ပဉ္စလက်နည်းတွေ မရှိပါဘူး။ အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ရတဲ့ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကာကွယ်ဖို့ရာ ထာဝရနုပျိုစေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေခြင်းထက်မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသောက်ခြင်းက ပိုပြီးကာကွယ်နိုင်ပါတယ်။
လူတွေဟာ အိုမင်းရင့်ရော်လာတဲ့ ဖြစ်စဉ်ကို တတ်နိုင်သမျှ နှေးကွေးအောင် လုပ်ချင်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်းမှာ ရင့်ရော်လာတဲ့ မျက်နှာအရေးအကြောင်းတွေအတွက် အဆင့်မြင့် နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ လိမ်းဆေးတွေအပေါ်မှာ အချိန်ရော ငွေပါ အများကြီး မြှုပ်နှံရင်းနှီးခဲ့ကြသော်လည်းပဲ ခန္ဓာကိုယ် ရင့်ရော်အိုမင်းမှုကို ထူးခြားစွာနှေးကွေးစေနိုင်မှာဖြစ်တဲ့ အစားအစာများအပေါ်မှာတော့ ငွေကြေးအနည်းငယ်မျှသာ သုံးစွဲခဲ့ကြပါတယ်။

ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းနှင့် ဆေးလိပ်မသောက်ခြင်းတို့ဟာ သင့်ကို ကျန်းမာစွာ ရှိနေစေမှာတော့သိသာထင်ရှားမှာပါပဲ။ ဒါပေမယ့်---အဲဒါဟာ အပြီးသတ်ကျရင် အိုမင်းရင့်ရော်မှုကို တိုက်ခိုက်ပေးသော အရေးကြီးအာဟာရဓာတ်များ ပါဝင်သော အစားအစာများကို စားခြင်းဖြင့်သာ ရရှိနိုင်ပါတယ်။ အများသိပြီးဖြစ်တဲ့ ဖျော်ဖြေရေးသရုပ်ဆောင် အနုပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ စားသောက်မှုပုံစံ တခုရဲ့ အဓိက အချက်များကတော့ အဲဒီအစာထဲမှာရောဂါများကို ခုခံတိုက်ခိုက်ပေးသော သတ္တိထူးများရှိပြီး ကင်ဆာ နှလုံးရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ကြောင်း
သက်သေအထောက်အထားများ ရရှိပြီးဖြစ်တဲ့ အစားအစာများ ဖြစ်ပါတယ်။ အဲဒီ အစားအစာတွေထဲက အကောင်းဆုံး၁၀မျိုးကို ရွေးချယ်ထားပါတယ်။အဲဒီအစားအစာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

➸ ခရမ်းချဉ်သီး ➸
ခရမ်းချဉ်သီးထဲမှာ ရောဂါတွေကို ခုခံတိုက်ခိုက်ပေးနိုင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဖြစ်တဲ့
လိုင်ကိုပင်း Lycopene ဆိုတဲ့ ခရမ်းချဉ်သီးကို အနီရောင်ဖြစ်စေတဲ့ ပစ္စည်းပါဝင်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါပေမယ့် ခရမ်းချဉ်သီး စားရမှာလား၊
“ခရမ်းချဉ်သီးဆော့စ်ကို စားရမှားလား”ဆိုတဲ့ မေးခွန်းကို ဖြေရရင် အံ့သြစရာ ကောင်းတာကတော့
ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်း သို့မဟုတ်-တာရှည်ခံအောင် ပြုပြင်ထုတ်လုပ်ထားခြင်းကသာလျှင်
ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားသောက်နည်း ဖြစ်နေတာကို တွေ့ရပါတယ်။
ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကိုထွက်စေပါတယ်။
ခရမ်းချဉ်သီးဆော့စ်လို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ လိုင်ကိုပင် မြောက်များစွာပါဝင်ပါတယ်။
အဲဒီထဲကို သံလွင်ဆီ နည်းနည်းလောက် ခပ်ထည့်ပြီးစားရင် အစာလမ်းကြောင်းမှ လိုင်ကိုပင်း စုပ်ယူမှုကို
ပိုမိုများပြား စေကြောင်း တွေ့ရှိထားပါတယ်။
သူစားတဲ့အစာထဲမှာ လိုင်ကိုပင်း ပါဝင်မှုနည်းတဲ့ သက်လတ်ပိုင်း အရွယ်ရှိတဲ့ ယောကျ်ားတယောက်ဟာ
နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ လေဖြတ်ခြင်းကို သုံးဆမျှပိုပြီး ခံစားရတတ်ပါတယ်။ ဂျာမဏီနိုင်ငံမှာ လေ့လာမှုအရလည်း
လိုင်ကိုပင်းဟာ အရေပြားရင့်ရော်မှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။
ခရမ်းချဉ်သီးအနှစ် တနေ့လျှင် ၃၃-ဂရမ်=၂-ကျပ်သားခန့် စားသုံးပေးလျှင် နေလောင်ဒဏ်ကြောင့်
အရေပြားပျက်စီးခြင်းကို ၄၀% အထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားရပါတယ်။
(မြန်မာ့အစားအစာဖြစ်တဲ့ ခရမ်းချဉ်သီးချက်မှာ ဆီအနည်းငယ်မျှသာပြန်အောင် ချက်စားပါက
လိုင်ကိုပင်း စုပ်ယူမှု ပိုကောင်းစေပါတယ်)။

➸ ထောပတ်သီး ➸
ထောပတ်သီးဟာ ပိုတက်ဆီယမ်သတ္တုဓာတ် ကြွယ်ဝစွာပါဝင်သော အစားအစာများထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။
ဟင်းနုနွယ်ရွက်နှင့် ဟင်းသီးဟင်းရွက် အစိမ်းရင့်များ သစ်သီးခြောက်များထဲမှာလည်း ပါဝင်ပါတယ်။
ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကို ထူးထူးခြားခြား ကျစေတဲ့အပြင်
လေဖြတ်ခြင်းအန္တရာယ်ကိုလည်း လျော့ပါးစေပါတယ်။
အမျိုးသား ၈၀၀-နဲ့ အမျိုးသမီး ၅၀-တို့ရဲ့ အစားအစာ စာရင်းကို လေ့လာချက်အရ နေ့စဉ်စားတဲ့
အစားအစာထဲမှာ ပိုတက်ဆီယမ်ဓာတ် ပါဝင်အောင် အနည်းငယ်လောက် ပိုထည့်လိုက်ခြင်းဖြင့်
လေဖြတ်ပြီး သေဆုံးတဲ့ အန္တရာယ် ၄၀ကျသွားကြောင်းတွေ့ရပါတယ်။
ထောပတ်သီးထဲမှာ ကိုလက်စထရော လျော့နည်းစေသော သတ္တိလည်းရှိတယ်။
အိုမင်းရင့်ရော်မှုကို နှေးစေသော ဗီတာမင်အီးလည်း ပါရှိတယ်။

➸ အစေ့အဆန်များ ➸
အစေ့အဆန်တွေထဲမှာ ကယ်လိုရီအများကြီးပါပြီး အဆီဓာတ်တွေ အပြည့်လည်း ဖြစ်တယ်။
သတင်းတခုတွင် ဖော်ပြချက်အရ ၂၀%-ထက် နည်းသော လူတွေဟာ ဆားမပါတဲ့ အစေ့အဆန်တွေကို
ပုံမှန်စားနေကြကြောင်း သိရပါတယ်။
ဒါတောင်မှ အဲဒီလူတွေမှာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာကြောင်းနဲ့ အိုမင်းရင့်ရော်မှု
နှေးကွေးစေခြင်းဆိုတဲ့ အကျိုးကျေးဇူးတွေ ရရှိလာကြောင်းအထောက်အထားတွေ တွေ့နေရပါတယ်။
အမေရိကန် ဆေးပညာအသင်း ဂျာနယ်ထဲမှာ ဖော်ပြထားချက်အရ အစေ့အဆန်
နေ့စဉ်စားသုံးသူတွေမှာ ဆီးချို၊ သွေးချို၊ ရောဂါအမျိုးအစား နံပါတ် ၂-ဖြစ်ပွားမှု
အန္တရာယ်နည်းပါးခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။
အမျိုးသမီး (၈၃၀၀၀)ကျော်ကို ၁၄-နှစ်ကြာ လေ့လာပြီးတဲ့နောက် တပတ်လျှင်
အနည်းဆုံး အစေ့အဆန် (၂၅)ဂရမ် စားသူတွေဟာ ဆီးချို သွေးချိုရောဂါအမျိုးအစား အမှတ်(၂)ဖြစ်ပွားမှု
၂၀%-လျော့နည်းကြောင်း တွေ့ရှိထားတယ်။
နှလုံးရောဂါ ကာကွယ်နိုင်ကြောင်းကိုလည်း လေ့လာမှုများစွာက ညွှန်ပြနေတယ်။
အချို့သော အစေ့အဆန်များဟာ ထူးခြားတဲ့ ကာကွယ်မှုသတ္တိရှိတယ်။
ဗန္ဓာစေ့ထဲမှာ ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်ပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။
အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သူငယ်ပြန်ရောဂါတမျိုးဟာလည်း
ဗီတာမင်အီး နေ့စဉ်စားသုံးသူတွေထဲမှာ ဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ထားရတယ်။

➸ ဟင်းနုနွယ်ရွက် ➸
သက်ကြီးရွယ်အို အချို့ မျက်စိအမြင် ချို့ယွင်းပြီး မျက်လုံးကွယ်သည်အထိ ဖြစ်စေရတဲ့ ပြဿနာဟာ
အသက်ကြီးသူတွေ ရှောင်လွှဲလို့မရနိုင်သော ကိစ္စတရပ်အဖြစ် ထင်မှတ်ထားကြပါတယ်။
ဒါပေမယ့် ဟင်းနုနွယ် ရွက်ဟာ အဲဒီလို အဖြစ်မျိုးကို ကာကွယ်ဖို့အတွက်
အရေးပါသော နေရာမှ ပါဝင်လျက်ရှိနေပါတယ်။
ဟင်းနုနွယ် ရွက်ထဲမှ ကာရိုတင်နိုက်-လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တယ်။
ဒီပစ္စည်းတွေဟာ မျက်လုံးရဲ့ မြင်လွှာနဲ့ မျက်လုံးမှန်ဘီလူးထဲမှာ တွေ့ရလေ့ရှိသော ပစ္စည်းများဖြစ်တယ်။
အမေရိကန်မှာ လုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ကာရိုတင်နိုက် များစွာပါဝင်သော အစားအစာတွေကို
စားပေးခြင်းနှင့် အသက်ကြီးလို့ မြင်လွှာပျက်စီးပြီး မျက်စိကွယ်ရတဲ့ရောဂါ
AGERELATED MACULAR DEGENERATION ဖြစ်ပွားမှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒီရောဂါဟာ အသက် ၅၀-ကျော် လူတွေ မျက်စိကွယ်ရခြင်းရဲ့ ဦးဆောင်အကြောင်းရင်းတခု ဖြစ်ပါတယ်။
အခြားသော လေ့လာချက်များအရလည်း ကာရိုတင်နိုက်ပါတဲ့ အစားအစာများ စားပေးခြင်းဖြင့်
အတွင်းတိမ်ဖြစ်ပွားမှု အန္တရာယ်လျော့ပါးသွားကြောင်းလည်း သိရပါတယ်။
အတွင်းတိမ်ဆိုတာကတော့ အသက် ၇၅-နှစ်ကျော်လာတဲ့ သူတိုင်း ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတခု ဖြစ်ပါတယ်။

➸လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်➸
မကြာသေးမီ အချိန်များကစပြီး လက်ဖက်ရည်ဟာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့အတွက်
အံ့သြဖွယ်ရာ ကောင်းလောက်အောင် အထောက်အကူပေးနိုင်သော ပစ္စည်းတခုအဖြစ် ကျော်ကြားလာပါတယ်။
ဒါပေမယ့် ကျန်းမာရေးအတွက် သော့ချက်ကျတဲ့ သတင်းအချက်အလက်တခုကတော့
လူတိုင်း မသိကြသေးခြင်းပဲ ဖြစ်နေပါတယ်။
အဲဒါကတော့ လက်ဖက်ခြောက်ကို ရေနွေးပွက်ပွက်ဆူထဲမှာ ၃-မိနစ်မှ ၅-မိနစ်ခန့် နှပ်ထားပြီးမှသာ
အကောင်းဆုံးအကျိုးကျေးဇူးကို ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။
လက်ဖက်ခြောက်ဟာ အစာအိမ် ကင်ဆာ၊ အစာရေမျို ကင်ဆာ၊ အဆုတ် ကင်ဆာ ဖြစ်ပွားမှု
လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ထားရတယ်။
ဒါ့အပြင် မကြာသေးမီကပဲ လက်ဖက်ရည်ကြမ်း သောက်တဲ့ လူတွေမှာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်
နှေးကွေးစေတယ်ဆိုတာကိုလည်း သိထားရပါတယ်။
လက်ဖက်ခြောက် ထဲမှာပါတဲ့ ဓာတ်တို ဆန့်ကျင်ပစ္စည်းတွေက နှလုံးကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
တနေ့လျှင် လက်ဖက်ရည်ကြမ်း (သို့) လက်ဖက်ရည် သောက်တဲ့အခါ သကြားနဲ့ နို့ဆီမထည့်ဘဲ
အချိုခြောက် သက်သက်နဲ့ နှပ်ထားတဲ့ လက်ဖက်ရည်ကို သုံးခွက်သောက်တယ်ဆိုရင်ပဲ
နှလုံးတိုက်ခိုက်ခံရမှု ၁၁% ကျဆင်းသွားစေကြောင်း တွေ့ထားရတယ်လို့ ဆိုတယ်။
နောက်လေ့လာမှုတခုက လက်ဖက်ခြောက်ဟာ ဆီးချို သွေးချိုရောဂါကိုလည်း ကာကွယ်နိုင်သတဲ့။
အကြောင်းကတော့ လက်ဖက်ခြောက်ထဲမှာ ပါတဲ့ ဓာတ်ပေါင်းတွေဟာ အင်ဆူလင်ရဲ့ အာနိသင်ကို
၁၅%-တိုးမြင့်ပေးစေနိုင်တယ်။
ဒါပေမယ့် နို့ထည့်သောက်ရင်တော့ အကျိုးသက်ရောက်မှု နည်းသွားပါတယ်။
ဒါ့အပြင် လက်ဖက်ခြောက်ဟာ အရိုးပါးရောဂါကိုလည်း ကာကွယ်နိုင်ကြောင်း သိရတယ်။
သက်ကြီးရွယ်အိုတွေထဲမှာ လက်ဖက်ရည်သောက်တဲ့သူတွေက မသောက်တဲ့လူတွေထက်
ကျောရိုးနဲ့ တင်ပဆုံရိုး သိပ်သည်းဆကို တိုင်းပြီးတဲ့အခါ ၅%-ပိုများတာကို တွေ့ရပါတယ်။
ဆိုလိုတာက အဲ့ဒီသူတွေဟာ အရိုးကျိုးမှု အခွင့်အလမ်း ၁၀%-မှ ၁၅%- ထိ
လျော့နည်းသွားခြင်းကြောင့် ဖြစ်တယ်။  
ဒေါက်ထွေး (ဆေး-မန်း)

သွေး အား ကောင်းစေမည့် သဘာဝရဲ့အသီးအနှံ များ

မုန်လာဥသည် သံဓာတ်ပါဝင်မှု မြင့်မားသည် ဟင်းသီးဟင်းရွက် စာရင်းဝင်ဖြစ်ပြီး အခြား သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါသည်. . . မုန်လာဥနီ ဖျော်ရည် ခန္ဓာကိုယ်၏ ခွန်အား၊ ကိုယ်ခံအားများ တိုးမြှင့်ပေးရုံသာမက သွေးနီဥများကိုလည်း တိုးပွားစေပါသည်. .
ထို့အပြင် ဆယ်ကျော်သက်မလေးများအတွက် အကောင်းဆုံး သွေးအားတိုးဆေးဖြစ်၍ မိန်းမငယ်လေးများ ရာသီလာစဉ် အချိန်၊ အပျိုဖော်ဝင်အချိန်တွေတွင် လက်စွဲထားသင့်သည့် သဘာ၀ ဆေးတစ်ခွက် ဖြစ်ပါတယ်. .
ဆလတ်ရွက်သည်လည်းကောင်း ၊ဟင်းနုနွယ်ရွက်တို့သည်. သွေးအားနည်းရောဂါကာကွယ် စေသော အရွက်ဖြစ်ပြီး သံဓာတ်များ အလွန်ကြွယ်ဝပါသည်. . . ၎င်းကဲ့သို့ သံဓာတ်ကြွယ်ဝသည့် အပြင် ပရိုတိတ်း ဓာတ်ပါရရှိစေနိုင်သည့် အစားအစာတစ်မျိုးမှာ ပဲပုတ်( Soya Bean) ဖြစ်ပါသည်. . ၎င်းကို ပဲနို့ရည် အသွင်ဖြင့် ထုတ် လုပ်ကြပြီး အစာကြေညက်လွယ် စေ၍ လူကြိုက်များလှပါသည်. .
မက်မွန်သီး ခုနှစ်လုံးခန့်ကို ရေတွင် နှစ်နာရီ ခန့်စိမ်၍ မှုန့်ညက်အောင် ကြိတ်ခြေပြီး သုံးလခန့် နံက်တိုင်း စားသုံးပေးလျှင် သွေးအားကောင်းစေပါတယ်.
နှမ်းနက်စေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခပ်နွေးနွေးထဲတွင် နာရီ အတန်ကြာ စိမ်ထားပြီး ကြိတ်၊မွှေထားသော အရည်များ အဖတ်များ ကို နို့တစ်ခွက် (သို့) အခြားအချိုရည် တစ်ခုခုနှင့် တွဲဖက် သုံးဆောင်ပေးပါကလည်း သွေးအားနည်းရောဂါကို ပျောက်ကင်းစေပါသည်. .
. နှမ်းနက်စေ့သည် သွေးအားကောင်းစေသည့် ဆေးကောင်း အရင်းအမြစ်တစ်ခုပင်ဖြစ်ပါသည်

လေးဖက်နာ ရောဂါအကြောင်း သိကောင်းစရာ

လေးဖက်နာရောဂါ ဆိုတာကတော့ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ အဆစ်ရောင်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြား အဖြစ်များတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လေးဖက်နာရောဂါဟာ လူရဲ့ အသက်ကို ချက်ချင်းမသေစေနိုင်သော်လည်း စောစောစီးစီး ကုသမှုမလုပ်ရင် နာတာရှည်ရောဂါသည်ဘဝနဲ့အိပ်ရာထဲလဲနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
အဲလိုမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါပြင်းထန်မှုပေါ် မူတည်ပြီး အဆစ်ကလေးများ နာကျင်ကိုက်ခဲ့ရမှုကြောင့် စိတ် အနှောင့်အယှက် ဖြစ်တာကစပြီး ချိနဲ့သွားကာ အလုပ်ခွင်မဝင်နိုင်တာအထိ ဆိုးရွားတတ်ပါတယ်။
ဒါကြောင့်လည်း မြန်မာလို လေးဖက်နာ လို့ခေါ်ကြတယ် ထင်ပါတယ်။ အင်္ဂလိပ်လို့တော့ Rheumatiod Arthritis (RA ) ခေါ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကြား အဖြစ်များတဲ့ရောဂါမို သိသလောက် ရေးတာပါ။
ရောဂါ ဖြစ်နိုင်သူများ
၁။ မိသားစုဝင် ( ညီအစ်ကိုမောင်နှမများ ) များတွင်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း၊
၂။ ဆေးလိပ်သောက်သူများ
၃။ ကလေးမီးဖွားပြီးစနှင့် နို့တိုက် မိခင်များ
၄။ အသက်လေးဆယ်ကျော် အမျိုုးသမီးများ

ရောဂါ လက္ခဏာများ
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ ခြေဆစ် လက်ဆစ်ကလေးတွေဟာ ရောင်ရမ်းနာကျင်လာရင် ဘယ်ရော ညာပါ တစ်ပြိုင်တည်း ဖြစ်တတ်တာပါ။ လက်အဆစ်ကလေး တစ်ခုတည်းနာတာမျိုးမဟုတ်ဘဲ နှစ်ဖက်စုံနာရင် သတိထားစရာပါ။
နာကျင်တတ်တဲ့အဆစ်ကလေးတွေကတော့ လက်ချောင်း အဆစ်ကလေးများ၊ ခြေချောင်းအဆစ်ကလေးများ၊ ခြေကျင်းဝတ်အဆစ်နဲံ လက်ကောက်ဝတ် အဆစ်တွေကတော့ အဖြစ်များပါတယ်။
နောက်တစ်ချက်ကတော့ နံနက်စောစော အိပ်ယာထချိန်မှာ ခြေဆစ် လက်ဆေစ်ကလေးများ နာကျင်ပြီး တောင့်တင်နေတတ်တာပါ။ ရောဂါကို မကုသဘဲထားရင်တော့ အဆစ်ကလေးတွေရဲ့မူလ ဖွဲ့စည်းပုံ ပျက်ပြီး ပုံပျက်တတ်ပါတယ်။
 
 အခြားရောဂါ လက္ခဏာများ
လေးဖက်နာ ရောဂါဟာ ခန္ဓာကိုယ်မှ ခုခံအားစနစ်က ကိုယ့်ကိုယ်ကိုပြန်တိုက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် body မှာရှိတဲ့ အဂါၤ အစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်ပါတယ်။
ဒါကြောင့် ဖျားခြင်း၊ အလွယ်တကူမောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ အရိုးပျော့ဲခင်း၊ သွေးအားနည်းခြင်း၊ သွေးယိုခြင်း၊ နှလုံးကြွက်သားများရောင်ခြင်း၊ ခြေလက်များ ထုံကျင်ခြင်း၊ သွေးကြောများရောင်ရမ်းပြီး ခြေလက်များ ပုပ်ခြင်း၊ အဆုတ်အတွင်း ရေစုခြင်းများ ဖြစ်တတ်ပါတယ်။
ဘယ်အချိန်မှာ ရောဂါရှိပြီပြောမလဲ ?
အခုဖော်ပြတဲ့ အချက်တွေထဲက အနည်းဆုံး (၄ ) ချက်ရှိရင် ရောဂါရှိနေပြီလို့ပြောနိုင်ပါတယ်။
၁။ အိပ်ယာထချိန်တွင် ၁ နာရီထက်ပိုအောင် ခြေဆစ်လက်ဆစ်ကလေးများ တောင့်တင်းနေခြင်း
၂။ ခန်ဓာကိုယ်ရှိ အဆစ် ၃ ဆစ်ထက်ပို ရောင်ခြင်း
၃။ လက်ဆစ်ကလေးများရောင်ရမ်း နာကျင်ခြင်း
၄။ အဆစ်များ ဘယ်ညာစုံရောင်ခြင်း
၅။ rheumatiod nodules ခေါ် အရေးပြားပေါ်တွင် ဖုလုံးလေးများ ထွက်လာခြင်း
၆။ သွေးထဲတွင် rheumatoid factor ရှိနေခြင်း
၇။ X- RAYS တွင် လေးဖက်နာရောဂါ လက္ခနာများတွေ့ရခြင်း
၈။ အထက်ပါ လက္ခဏာများ ၆ ပတ်ထိ ဆက်လက်ရှိနေခြင်း

ဘယ်အချိန်မှာဆေးခန်းပြသင့်လဲ?
အထက်မှာ ဖော်ပြခဲ့တဲ့ရောဂါလက္ခဏာတွေ ကိုယ့်မှာရှိနေပြီထင်ရင် နီးစပ်ရာ ဆရာဝန်နဲ့ တွေ့ပြီးပြသင့်ပါတယ် စောစော ကုသမှု ခံယူခြင်းဟာ အဆစ်ပုံပျက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။ ဆေးမြီးတိုနဲ့ ကုသခြင်းကို မလုပ်သင့်ပါဘူး။

ဘယ်လိုကုသမလဲ?
အဓိက ကုနည်းကတော့ ခန်ဓာကိုယိကို အနားပေးဖို့ပါပဲ။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။
ပေါ့ပါးတဲ့လေ့ကျင့်ခန်းများသာ လုပ်ဆောင်သင့်ပါတယ်။
လိုအပ်မှသာ ဆေးရုံတတ်ရတာပါ။ များသောအားဖြင့် အိမ်မှာ အနားယူ ကုလို့ ၇တဲ့ရောဂါပါ။
prednisalone နဲံ စတီးရွိက်မဟုတ်သော အရောင်ကျဆေးများကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသောက် ရပါမယ်။
မိမိသဘောအတိုင်း မသောက်သင့်ပါဘူး။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို သတိထားရပါတယ်။

လေးဖက်နာအတွက်သုံးသောဆေးဝါးများ
DMARD (disease modifying antirheumatic drugs).....တွေဟာလေးဖက်နာမှာ သုံးတဲ့နောက်ဆုံးပေါ် ဆေးတွေဖြစ်ပါတယ်။ ရောင်ရမ်းခြင်းကို ချက်ချင်းမကျစေပေမယ့်
ရောဂါတိုးဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။
1. methotrexate 5-25 mg/week
2. sulfasalazine 2-3 g/day ကို အသုံးများပါတယ်။
ဒီဆေးတွင်အပြင်prednisalone ဆေးကိုပါ တွဲသုံးရင်ပိုကောင်းတယ်ဆိုပါတယ်။ ဒီဆေးတွေန ဲ့မသက်သာရင် တခြား DMARD ဆေးတွေကိုသုံးလို့ရပါတယ်။
သတိထားရမှာက ဒီဆေးတွေဟာ အစာအိမ်နဲ့ အူလပ်းကြောင်းမှာ ဆိုးကျိုးတွေ ပိုပေးတတ်လို့ ဆေးကို ဆရာဝန် ညွှန်ကြားသည့် အတိုင်းသာ သောက်သင့်ပါတယ်။ ဒါ့အပြင် ရောဂါ တိုးတက်မှု ကိုလည်း ဆရာဝန်နဲ့ ပြပြီး ပုံမှန် စစ်ဆေးသင့်ပါတယ်။
လိုအပ်တဲ့ကုသမှုတွေကိုလည်း တိတိကျကျ လိုက်နာဖို့ လိုပါတယ်။
Mg Mandalay
Posted by www.irrawaddy.com