Thursday, June 27, 2013

ရှောက်ရေနွေးသောက်ခြင်း၏အကျိုးကျေးဇူးများ

မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

၄။ အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၅။ သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၆။ အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။
ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။ ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူးလို့ တွေ့ရှိထားပါတယ်။ ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။

ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ လေးပတ်တာလောက် ဆားလျှော့ စားတာကြောင့် သွေးဖိအား ကျဆင်းပြီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျ သွားတယ်လို့ လေ့လာမှု အရလည်း တွေ့ရှိထားပါတယ်။ ဆားလျှော့စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက်စီယမ် မြင့်မားစွာ ပါဝင်တဲ့ အစာ စားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

GoodHealths

သွေးပေါင်ချိန် ကျသူများ အတွက် ပဲပင်ပေါက် အစွမ်း

သွေးပေါင်ချိန် ကျတက်လို့ ခေါင်းနေမှုးပြီး လှုပ်လိုက်တာနဲ့ ချာချာလည်မှုး ချွေးစီးတွေ ပြန်တက် ကြပါသည်။

အခုပြော တာလေးကို သင်သည် အမြဲတမ်း စားပေးပါ၊ ပဲပင်ပေါက် တချို့ကလည်း တိုရ လို့ခေါ်ကြပါသည်။

( ဥပမာ...မြီးရှည်စားလျှင် ၊ မုန့်တီ စားစား ဘာစားစား ပေါများများ ထည့်စားပေးပေါ့တိုရ ပဲပင်ပေါက် ကိုပါ ) ။သင်သည် သွေးပေါင်ချိန် ကျတတ်သောသူ ဖြစ်နေပါက ယနေ့မှစပြီး ပဲပင်ပေါက်ကို များများ ထည့်စားပေးခြင်း ကြော်စားခြင်း အချဉ် လုပ်စားခြင်း များဖြင့် သွေးပေါင်ချိန် ကျခြင်းမျိုး မဖြစ်တော့ပါ။ လအတော်ကြာကြာ စားပေးခဲ့ပါလျှင် သွေးပေါင်ချိန် ကျတတ်ခြင်းမှ ကင်းဝေး သွားပါလိမ့်မည်.

credit to Mg Mandalay

နွားနိူ့ စွမ်းချက် ဒီကိုးချက်

(၁)နံနက်ခင်းအိပ်ရာထပြီး မျက်ခွံဖောင်ရောင်လာသည်ကိုတွေ့လျှင် နွားနို့ထဲ ရှာလကာရည်နှင့်ရေနွေးအနည်းငယ်ရောထည့်ပြီးယင်းအရည်ဖြင့်မျက်ခွံပေါ်တွင်(၃)မိနစ်၊(၅)မိနစ်ခန့်ထပ်ကာထပ်ကာသုတ်ပေးပါ။
ပြီးလျှင်ပူနွေးသောမျက်နှာသုတ်ပုဝါဖြင့်တစ်မိနစ်မျှအုံပေးပါ။ဖောရောင်မှုကိုပျောက်ပြေသွားမည်ဖြစ်ပါသည်။

(၂)ကြက်သွန်ဖြူအစိမ်းကိုကိုက်စားပြီးနွားနို့တစ်ခွက်ကိုသောက်ပေးလျှင်ကြက်သွန်ဖြူအနံ့နံစေခြင်းကိုပျောက်စေပါသည်။

(၃)ဟင်းလျာများကြော်ရာတွင်အရသာငန်နေပါလျှင်နွားနို့ကိုအနည်းငယ်ဆမ်းပေးပါ။ဟင်းလျာအရသာသည်ပေါ့သွားပါလိမ့်မည်။

(၄)ငါးကိုမကြောမီနွားနို့ထဲအချိန်အနည်းငယ်စိမ်ပြီးကြော်လျှင်ငါးဟင်းမှာမညှီဘဲအရသာပိုကောင်းလာပါလိမ့်မည်။ငါးဟင်းကိုချက်သည့်အခါဟင်းအိုးထဲနွားနို့အနည်းငယ်ဆမ်းပေးလျှင်ငါးဟင်းမှာမညှီတော့ဘဲနူးညံ့ပြီးအရ
သာမှာဆိမ့်လာပါလိမ့်မည်။

(၅)နွားနို့ဖြင့်မျက်နှာသစ်လျှင၊်လက်ပေါ်ကိုလိမ်းကျံလျှင်မျက်နှာနှင့်လက်အရေပြားအားနူးညံ့ညက်ညောလာနိုင်မည်ဖြစ်ပါသည်။

(၆)အသားသွတ်ကြက်ဥကိတ်မုန့်အခွံလွှာကိုကြော်သည့်အခါနွားနို့နှင့်ကြက်ဥရောစပ်ပြီးကြော်လျှင်အခွံလွှာမှာပျော့အိပြီးအရသာပိုကောင်းလာပါလိမ့်မည်။

(၇)အဝတ်အစားပေါ်မင်စွန်းထင်းလျှင်ရေသန့်ဖြင့်အရင်ဆေးပြီးမှနွားနို့ဖြင့်နောက်ထပ်ဆေးပေးပါ။ပြီးလျှင်ချေးချျွတ်ရည်ဖြင့်ဆက်ဆေးပြီးလျှော်ဖွပ်ပေးပါ။မင်စွန်းများမှာလုံးဝပျောက်သွားပါလိမ့်မည်။

(၈)နွားနို့ထဲရေကိုအနည်းငယ်ရောပြီးပန်းမန်များအားလောင်းပေးလျှင်မည့်သည့်ပန်းမန်မဆိုရှင်ရှင်သန်သန်ရှိလာပါလိမ့်မည်။

(၉)နွားနို့အကြွင်းအကျန်ဖြင့်သားရေဖိနပ်(သို့)အခြားသားရေထည်များကိုတိုက်ပေးလျှင်သားရေမျက်နှာပြင်ကို
မကွမအက်အောင်ကာကွယ်နိုင်မည့်အပြင်သားရေထည်များကိုလည်းနူးညံ့လှပလာစေမည်။

(၁၀)အဝတ်စဖြင့်နွားနို့ကိုတို့ပြီးပရိဘောဂများကိုတိုက်ပေးလျှင်အညစ်အကြေးကိုကျွတ်ပြောင်လက်လာစေမည်။

post by နှင်းဆီဖူးလေးများ-Love BUDS

နှာခေါင်းသွေးယိုခဲ့လျှင်ဘာလုပ်ရမလဲ

နာခေါင်းက သွေးယိုတာကို Epistaxis (Nosebleed) လို့ခေါ်တယ်။ Epistasis ဆိုတဲ့ မျိုးဗီဇရောဂါနဲ့ စာလုံးပေါင်း အတော် ဆင်တယ်။ နာခေါင်းက သွေးယိုတာက နှာခေါင်းရှေ့ယိုတာနဲ့၊ နောက်ကယိုတာ အမျိုးအစား ၂ ခုရှိတယ်။ ရှေ့ဖြစ်တာက အများဆုံးပါ။ နှာခေါင်း နောက်ကနေ ယိုတာက ကြာတတ်ပြီး ကုရခက်တယ်။ သိပ်ဆိုးရင် မျက်စိကနေယိုတာလဲ ဖြစ်တတ်တယ်။ ယိုတဲ့သွေးက အထဲဝင်သွားပြီး
၊ အစာအိမ်ထဲရောက်၊ များရင် အန်ထွက်တာမျိုးလည်း ဖြစ်တတ်တယ်။
ယောက်ျားတွေက ပိုဖြစ်တယ်။ အသက်ကြီးရင် ပိုဖြစ်တတ်တယ်။ နှာခေါင်းက သွေးယိုတာဟာ သွေးကြောမျှင်လေးတွေ ပေါက်လို့ပါ။ အကြောင်းရင်း နှစ်ရပ်ရှိတယ်။ ခန္ဓာကိုယ်စနစ်ကြောင့်နဲ့ နှာခေါင်းမှာ ပြဿနာ ရှိတာတို့ ဖြစ်တယ်။ တခါတလေလဲ ဘာ့လို့မှန်း မသိဘဲလည်း ယိုသေးတယ်။ Nasal packing နှာခါင်းကို ခဏခဏ ကိုင်တတ်သူများ အဖြစ် များတယ်။ နှာခေါင်းကို ထိခိုက်မိတာက အများဆုံးဖြစ်စေတယ်။ အသက်ရှူလမ်း ရောဂါပိုးဝင်ရာကနေလဲ ဖြစ်နိုင်သေးတယ်။ ရှားရှားပါးပါး မွေးရာပါ ရောဂါတခုကြောင့်လဲ ဖြစ်တယ်။ နှာခေါင်းထဲ တခုခုဝင်တာနဲ့ ရောဂါအကြိတ် တခုခု ဖြစ်တာတွေကလည်း အကြောင်းခံတွေ ဖြစ်တယ်။

ရှူရတဲ့လေဟာ ဆောင်းတွင်း ကာလတွေမှာလို Low relative humidity ရေငွေ့ဓါတ် နည်းလွန်းနေရင်လဲ၊ ယိုတတ်တယ်။ သိပ်အေးပြီး သိပ်ခြောက်သွေ့တဲ့အခါ အဖြစ်များတယ်။ နှာခါင်းကနေ ရှူရတဲ့ဆေးနဲ့ ဆေးသွင်း ပစ္စည်း ကရိယာတွေ ကြောင့်နဲ့ နှာခါင်းခွဲစိတ်တာလည်း ထည့်မပြောရင် ပြည့်စုံမှာ မဟုတ်ဘူး။

နှာခေါင်းကမဟုတ်တဲ့ အကြောင်းခံတွေကတော့ (အလာဂျီ)၊ အအေးမိရောဂါ၊ သွေးတိုး၊ သွေးအားနည်းရောဂါ၊ တွယ်ဆက်-တစ်ရှူး ရောဂါ၊ Blood dyscrasias ခေါ် သွေးရောဂါ၊ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါ၊ တိုက်ဖွိုက်၊ နူမိုးနီးယား၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝက်သက်၊ နှာခေါင်း ဆုံဆို့နာ၊ အအေးမိရောဂါ၊ ဆိုင်းနပ်စ်၊ သွေးကင်ဆာ၊ ဗီတာမင် စီ နဲ့ ကေ နည်းရောဂါ၊ နောက်ပြီး Aspirin, Ibuprofen, Ginseng စတဲ့ဆေးတွေ၊ Anticoagulant သွေးမခဲဆေး၊ အရက်သောက်သုံးတာ၊ ကိုယ်ဝန်ဆောင်ချိန်၊ သိပ်ပူတဲ့ အစား စားတာတွေ ပါဝင်တယ်။ (ကိုကိန်း) လို မူးယစ်ဆေး ကြောင့်လဲ ယိုတတ်တယ်။

သွေးဆိုတာ သွေးကြောထဲက ထွက်ရရင် ခဲတတ်တဲ့ သဘော ရှိလို့ သူထွက်လာတဲ့ သွေးကြောမှာ အပိတ်လိုဖြစ်ပြီး နောက်ထပ် သွေးထွက်မှာကို တားနိုင်တယ်။ ဒါ့ကြောင့် သွေးခဲဘို့ အားပေးတဲ့အနေနဲ့ရော သွေးကြောကို ဖိအားနဲ့ ပိတ်တဲ့ သဘောလည်းဖြစ်အောင် သွေးထွက်တဲ့ နေရာကို ဖိနှိပ် ပေးထားတာက အကောင်းဆုံး ရှေးဦးသူနာပြုနည်းဖြစ်တယ်။ နှာခေါင်းဆိုရင်တော့ အပြော့ပိုင်းကို လက်မနဲ့ လက်ညှိုး သုံးဖိပေးရမှာပါ။ ဒီလိုလုပ်ရင် အကျိုးများစေလို့ နှာခေါင်းရဲ့ ရှေ့ပိုင်း တရိဂံပုံနေရာကို Kiesselbach's area, Little's area လို့ခေါ်တယ်။ ဖိတယ်ဆိုတာက တင်းတင်း ဖိရမှာ၊ ၅ မိနစ်လောက် ကြာသင့်တယ်။ ခေါင်းကို နဲနဲ ရှေ့ငုံ့ထားရင် အသက်ရှူလမ်းထဲ သွေး-သွေးခဲ မဝင်အောင်ကာကွယ်ရာ ရောက်စေတယ်။ Trotter နည်းခေါ်တယ်။ ထိုင်နေစေပါ၊ ပါးစပ်နဲ့အသက်ရှူစေပါ။ သွေးယိုတာ မြိုမချစေနဲ့။ နှာခေါင်းထဲက သွေးခဲကို အတင်းရှင်းထုတ်ဘို့ မကြိုးစားရ။

နှာခေါင်းနား၊ ဂုတ်ပိုး၊ နဖူးတဝှိုက်ကို ရေခဲ တင်ပေးသင့်တယ်။ ရေခဲကိုလဲ ပါးစပ်ထဲငုံတာမျိုး လူတွေ လုပ်နေကြဖြစ်ပေမဲ့ သုတေသန ကိန်းဂဏန်းနဲ့ ဘယ့်လောက် အကျိုးများတယ် ဆိုတာတော့ မပြောနိုင်ဘူး။

သွေးကြောတွေကို ကြုံ့စေတဲ့ဆေး Oxymetazoline, Phenylephrine တွေကိုလည်းသုံး နိုင်ပါတယ်။ ဒီဆေးမျိုးတွေက အအေးမိ နှာစေးအတွက်ပေးတဲ့ ရှူဆေးတွေထဲမှာ ပါတယ်။ သွေးခဲစေတဲ့ ဆေးတွေကတော့ Coalgan (France), Stop Hemo (Sweden, Italy, Switzerland) and NasalCEASE (US and Australia) တွေဖြစ်တယ်။ ဒီနည်းတွေနဲ့ မရရင် ဆရာဝန်ဆီ ရောက်ရတော့မယ်။

နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ကနေ မီးရှို့ပြီး သွေးကြောပိတ်တာ လုပ်ချင်လုပ်မယ်။ နှာခေါင်းထဲ ပတ္တီးရှည် ထည့်ပေးချင် ပေးမယ်။ Gauze ပိတ်ကျဲစကို Vaseline or liquid paraffin ဆီတခုခုထဲစိမ်၊ Betadine Solution (10% povidone-iodine) ပိုးသန့်ဆေးရည် နည်းနည်းရောပြီး နှာခေါင်းထဲကို တင်းကြပ်နေအောင် ထိုးသွင်းထားရင် အတော် များများ ကောင်းသွားပါတယ်။ နှာခေါင်းရောဂါ ခွဲစိတ်ပြီးသူများကိုလည်း ဒီနည်းနဲ့ သွေးမထွက်အောင် လုပ်တယ်။ ၂၄ နာရီ နေရင် ပြန်ထုတ်ကြည့်၊ လိုအပ်ရင် တခါ ထပ်ထည့်တယ်။ Silver nitrate ဆေးထည့်ပေးချင်ပေးမယ်။ နာမယ်ထင်ရင် ထုံဆေးသုံးပြီး လုပ်ပါတယ်။ ထုံဆေးထဲကို Injection Adrenaline ပါထည့်တယ်။ သိပ်ဆိုးရင် မေ့ဆေးနဲ့ ကရိယာထည့် စစ်ဆေးပြီး သွေးကြောကို ပိတ်ပေးတယ်။

နှာခေါင်းဖုံးအလွှာ Nasal mucosa ခြောက်နေလို့ ခဏခဏဖြစ်တတ်သူများ Saline spraying ဆားရည်ဖြန်းတာ တနေ့ ၃ ခါ လုပ်ရတယ်။ နှာခါင်းကိုလည်း Vaseline လိုမျိုးနဲ့ ချောမွေ့စေအာင်လုပ်ရတယ်။ အိမ်မှာလဲ ရေငွေ့ဓါတ်ပေးတဲ့ Humidifier တပ်ဆင်ထားရမယ်။ မကြာမကြာ ပြန်ဖြစ်သူများကို ပဋိဇီဝလိမ်းဆေးပေးတာ အကျိုးရှိစေတာ တွေ့ရတယ်။ နှာခေါင်သွေးယိုတာ များသူ၊ ခဏခဏ ဖြစ်သူတွေမှာ သွေးအားနည်းရောဂါ ဝင်လာတတ်တယ်။

သူများနိုင်ငံတွေမှာ Juice of flower of pomegranate သလဲသီးပန်းကို အရည်လုပ်ပြီး၊ ခပ်ပြင်းပြင်း ရှူစေတယ်။ Juice of fresh green grass မြက်ပင်သန့်သန့်ကို အရည်လုပ်ပြီး၊ နှာခါင်းတဖက်စီထဲကို ၅-၁၀ စက် ထည့်ခိုင်းတယ်။

ဆားရည်ကို နှာခေါင်းထဲ ဖြန်းဖြန်းပေးသင့်တယ်။ ကောင်းတာကတော့ Normal saline ခေါ်တဲ့ သွေးကြောထဲ သွင်းပေးရတဲ့ ပုလင်းထဲက ဆားရည်ဖြစ်တယ်။ ဝယ်ရတာ ခက်ရင် ရေသန့်သန့်ထဲမှာ အိမ်သုံးဆား ဝ့၉% ရအောင် ဖျော်ပြီး၊ သုံးနိုင်ပါတယ်။ ဗီတာမင် စီ ဆေးရှာမရရင် သုံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး စားပါလေ။

Health

ကြွက်နို့တွေမျိုးပြုတ်ဖို သဘာဝနည်းလမ်းကောင်းများ

by ပိုပိုဇော်(သဘာဝအားအင်)
အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး။:P ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ :P မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ :P နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်န့ိုပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ဝက်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ဝါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။
(ရင်နှင်းငယ်)

အဝလွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း

အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။

ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။



လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။ ထို့သို့ စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေ ထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင်။ လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက် ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေသည်။



Myawady News

မျက်နှာလေးကို အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေး~

သွားလေးတွေ ပုလဲစီသလို လှပအောင်...
ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့်ဖို့ ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ဝယ်မ သုံးနိုင်ရင် ဝမ်းမနည်းပါနဲ့။ သံပုရာ ရည်တစ်ဇွန်း၊ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့ မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်...
ဒူးတံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို့ကောင်းပါတယ် လို့ ညည်းနေမယ့်အစား ဒါလေး နဲ့ လုပ်ကြည့် လွယ်လွယ်လေးပါ။သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီသံပုရာခြမ်းနဲ့နေ့စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲအသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်...
မျက်ဝန်းတဝိုက် ညိုပြီး အကြည့်ရဆိုးနေလို့ မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့ စိတ်ညစ်နေ တဲ့သူတွေ အတွက်မျက်ကွင်းညိုမျက်အိတ်တွဲတာတွေ ပျောက်ဖို့ ဈေးကြီးတာတွေ ဝယ်မသုံးပါနဲ့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာအသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့ ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတဝိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့စဉ် (သို့) ရက်ခြား ဆိုသလို အုံပေးရင်မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ဝက်ခြံများညှိုးသွားအောင်...
ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။လွယ်ပါတယ်။ ဝက်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့ တို့ပေးပါ။ဝက်ခြံ ညှိုးခြောက်ပြီး သူ့အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ...
ဒီကိစ္စကို ခရမ်းချဉ်သီးက လုံး၀ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်းသီးသန့်နဲ့မျက်နှာကိုပွတ်တိုက်လိမ်းကျံ ပေးပါ။၁၀မိနစ်လောက် နေရင် ရေနွေးနွေးနဲ့ ဆေးချပါ။အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင်မျက်နှာအသားအရေပါကြည်လင် ချောမွေ့သွားလိမ့်မယ်။

နေလောင်ရင် နွားနို့သုံး...
နွားနို့နဲ့ ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့နဲ့ရေချိုးပါလို့တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့ ချောက်တွန်းတယ် ထင် မှာ စိုးလို့ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ပဲ အသားမဲမဲနွားနို့ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကိုစားပစ်ပါ။မလိမ်းပါနဲ့ နှမျောစရာကြီး)ပြီးမှဂွမ်းစလေးနဲ့ နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။(REPOST)


post by နှင်းဆီဖူးလေးများ-Love BUDS

မျက်နှာကလေးဖြူဖွေးနူးညံ့နေစေဖို့

လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။

သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာ၀ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။

လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမဝင်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။

မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။

အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း သူ့ကို ဒီအတိုင်း မိနစ် ၃၀ ခန့် ထားလိုက်ပါ။ ပြီးတော့ မှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပြီးမှ မျက်နှာသုပ်ပုဝါနဲ့ ရေသုပ်ပေးပါ။

ဒီလိုလုပ်ဆောင်တာကို မနက်အစောနဲ့ ညပိုင်းတွေမှာ တနေ့ ၂ ကြိမ်လည်း လုပ်နိုင်ပါတယ်။

ရက်သတ္တပတ် ၃ ပတ်ခန့်မှာ သင့်မျက်နှာဟာ သိသိသာသာ နူးညံ့ချောမွေ့ဝင်းပလာမှာကို သင် ကိုယ်တိုင် မြင်တွေ့လာရပါမယ်။ အသားညိုသူတွေလည်း စိုပြေဝင်းပလာတာကို သတိထားမိလာပါလိမ့် မယ်။

မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များ ကဏ္ဍထဲက သကြားအကြောင်း တစိပ်တပိုင်းကို ဖော်ပြပေး လိုက်တာပါ။

REF: ဧရာဝတီ

မျက်နှာပြည့်ဖောင်းသူများ သွယ်လျချင်လျှင်

ခန္ဓာကိုယ် အဆီပိုတွေ လျော့ကျစေဖို့ လေ့ကျင့်ခန်း လုပ်လို့ရသလို မျက်နှာ ပြည့်ဖောင်းမူ
ကင်းဝေးပြီး မျက်နှာ အဆီပိုတွေ လျော့ကျစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာ သင့်ပါတယ်။

ရေ အလုံအလောက် သောက်ပါ
ရေကို အလုံအလောက်သောက် တာကြောင့် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ် စေတဲ့ အဆိပ်အတောက်တွေကို လျော့ ပါးစေပြီး ရေဓာတ်ပြည့်ဝကာ ကျန်းမာစေ ကြောင်း သိရပါတယ်။ မျက်နှာပြည့်ဖောင်း နေတာက ရေဓာတ်ခန်းခြောက်မှုကြောင့် ဖြစ်တတ်ပြီး ရေဓာတ်ပြည့်ဝနေရင် မျက် နှာသွယ်လျကြည့်ကောင်းနေတတ်ပါ တယ်။

အဆီစားသုံးမှုကို လျှော့ချပါ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ တွေကို စားချင်ရင် တတ်နိုင်သမျှ အပြင် စာကို လျှော့စားပြီး အိမ်မှာ ချက်ပြုတ်ထား တဲ့ အစာကို များများစားပါ။ အိပ်ရာမဝင် ခင် အစာစားတာကို ရှောင်ပါ။ ဆား အလွန် အမင်းစားတာကြောင့် မျက်နှာဆီကို ရေစုဆောင်းမှုများစေပြီး မျက်နှာဖောင်း အစ်စေပါတယ်။

နံနက်စာကို မဖြစ်မနေ စားပါ
နေ့တစ်နေ့ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာနဲ့ စတင်တာကြောင့် ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာလုံး ကယ်လိုရီလောင်ကျွမ်းမှု များစေပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာနဲ့ သစ်သီးဝလံ စားတဲ့အ တွက် ခန္ဓာကိုယ်ထဲကို အဆီရရှိမှုနည်း စေပြီး စွမ်းအင်တိုးစေပါတယ်။

အရက်ရှောင်ပါ
အရက်သောက်တာက မျက်နှာကို ဖောင်းအစ်မှု ဖြစ်စေပါတယ်။

သစ်သီးဝလံစားပါ
ရေဓာတ် အပြည့်အဝ ပါဝင်တဲ့ သီးဝလံတွေကို စားတာကြောင့် ကိုယ်အ လေးချိန် အပိုမရရှိစေဘဲ ဗိုက်ပြည့်တဲ့ ခံ စားချက်ကို ရရှိစေပါတယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ
ခန္ဓာကိုယ် တစ်ခုလုံး သွယ်လျလှပ ဖို့ ရည်ရွယ်ပြီး လေ့ကျင့်ခန်း လုပ်တဲ့အခါ တစ်နေ့ မိနစ် ၃၀ ခန့် ချွေးထွက်တဲ့အထိ လုပ်ဆောင်ပါ။ မျက်နှာဖောင်းအစ်မှုကိုပါ လျော့ပါး စေပါတယ်။ ကိုယ်အလေးချိန် စတင်လျော့ကျလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေ ပြောင်းလဲမှု မဖြစ်ခင် မျက်နှာနဲ့ မေးစေ့ အဆီလျော့ ကျပြီး သွယ်လျလှပလာပါလိမ့်မယ်။

ကယ်လ်စီဝမ်ပါဝင်သော အစာစားပါ
ကယ်လ်စီဝမ် ပါဝင်သော အစာစား တာကြောင့် မျက်နှာ ဖောင်းအစ် မှုကို လျော့ကျစေပါတယ်။

မကြာခဏ ပြုံးပါ
မကြာခဏ ပြုံးတာက မျက်နှာ ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ဖြစ် စေတဲ့အတွက် ပြည့်ဖောင်းလွန်းတဲ့ ပါး ပြင်ကို သွယ်လျလှပလာစေပါတယ်။

ပုံမှန်အိပ်စက် အနားယူပါ
အိပ်ရေးပျက်လွန်းရင် အင်ဒိုခရိုင်း စနစ်ရဲ့ လုပ်ငန်းဆောင်တာကို အဟန့် အတားဖြစ်စေတဲ့အတွက် ခန္ဓာကိုယ်ထဲ မှာ အဆီသိုလှောင်နှုန်းနဲ့ ကြွက်သားဖြစ် ပေါ်နှုန်းတို့ကို ကမောက်ကမဖြစ်စေပါ တယ်။
အသက်ဝဝ ရှူသွင်း၊ ရှူထုတ်သော လေ့ကျင့်ခန်း လုပ်ပါ
ပါးစပ်အပြည့် လေတွေ ရှူသွင်း လိုက်၊ ပြန်ထုတ်လိုက် လုပ်ပေးပါ။ အချိန် ငါးစက္ကန့်ခန့် အဆက်မပြတ်လုပ်ပေးတာ ကြောင့် ပါးပြင်သွယ်လျစေပါတယ်။

မိတ်ကပ် အကူအညီယူပါ
ပေါင်ဒါမှုန့်ကို လိမ်းပေးတာကြောင့် မျက် နှာအချိုးအစားကို သွယ်လျသယောင် ထင်ရစေပါတယ်။

ဆံပင်ပုံစံ ပြောင်းပါ
ဆံပင်ပုံစံ အဆင်မပြေရင် မျက်နှာ ဝိုင်းတဲ့သူက ပိုပြီး ပြည့်ဖောင်းသလို ထင် ရစေပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆံပင်ညှပ်ဆရာနဲ့ တိုင်ပင်ပြီး မျက်နှာအ ချိုးအစားကို ပိုသွယ်လျစေမယ့် ဆံပင်ပုံ စံကို ပြောင်းပါ။
ကြယ်စင်
BY GOOD HEALTH

ပန်းနာရင်ကျပ် ရောဂါနှင့် ကဖင်းဓာတ်

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ စတာတွေထဲမှာ ကဖင်းဓာတ်ကို တွေ့ရပါတယ်။ ကဖင်းဆိုတာ သီအိုဖိုင်လင်းနဲ့ အလွန်ဆင်တူတဲ့ ဆေးဝါးတစ်လက်ပါ။ သီအိုဖိုင်လင်းက အဆုတ်ရှိ အသက်ရှူလမ်းကြောင်းတွေကို ပွင့်စေတဲ့ ဆေးဖြစ်ပြီး ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရာမှာ သလိပ်သံပါတာ စတဲ့ ပန်းနာရင်ကျပ် လက္ခဏာတွေကို သက်သာစေပါတယ်။
ကဖင်းဓာတ်ဟာ သီအိုဖိုင်လင်းလိုပဲ အဆုတ်မှာ တူညီတဲ့ အကျိုးသက်ရောက်မှု ရှိစေကြောင်း သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ကဖင်းဓာတ်ဟာ အသက်ရှူလမ်းကြောင်းကို ကျယ်စေတဲ့အရာဆိုရင် နံပါတ်တစ်သိသင့်တဲ့ အကြောင်းက ပန်းနာရင်ကျပ် ရောဂါလက္ခဏာ သက်သာစေဖို့ ကဖင်းဓာတ်ကို မှီဝဲနိုင်သလားဆိုတာ ဖြစ်ပြီး ဒုတိယ သိသင့်တဲ့အချက်က ကဖင်းကို မှီဝဲတာကြောင့် ပန်းနာရင်ကျပ်ရောဂါ ဘယ်လောက်အထိ ဆိုးရွားနေသလဲ ဆိုတာကို ဆန်းစစ်နိုင်တဲ့ အရေးပါတဲ့ စစ်ဆေးနည်းတွေရဲ့ ရလဒ်အပေါ် သက်ရောက်မှု ရှိစေသလားဆိုတာပဲ ဖြစ်ပါတယ်။

ကဖင်းဟာ အသက်ရှူလမ်းကြောင်းတွေကို ကျယ်စေတာကြောင့် အဆုတ်ရဲ့ လုပ်ငန်းဆောင်တာကို စမ်းသပ်မှုမလုပ်ခင် ကဖင်းမှီဝဲထားတဲ့ လူနာတွေက ကဖင်းမမှီဝဲထားသူတွေထက် ရလဒ်ပိုကောင်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကျပ် ကုသဆေးကို လိုအပ်တာထက် လျော့ပြီး ပေးတာမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းပမာဏ အနည်းငယ်ဟာ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လေးနာရီကျော်ကြာ ကောင်းမွန်စေနိုင်ပေမယ့် အဆုတ်လုပ်ငန်း စစ်ဆေးမှုမလုပ်ခင် ကဖင်းဓာတ်ကို ရှောင်သင့်ပါတယ်။ ကဖင်းဓာတ်ကို မှီဝဲရင် ပန်းနာရင်ကျပ် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တယ် ဆိုပေမယ့် အများကြီးမှီဝဲရင် ဆေးဝါးအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်သလားဆိုတာ သိနိုင်ဖို့ လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။

ZKO (Cochrange.org)
By Good Health

ဆီးဖြူသီး များနှင့် မိန်းကလေးများ၏ အလှအပအကြောင်းသိကောင်းစရာ

အမျိုးသမီးများအတွက် အလှအပတရားသည် အံ့မခန်းဖွယ် အရေးပါလွန်းလှပါသည်။ ခန္ဓာကိုယ် အချိုးအစားဆိုင်ရာ အလှအပ၊ အသားအရေကောင်းမွန်ခြင်း ၏အလှအပ၊ ဆံနွယ်များ လှပခြင်း၏ အလှအပ၊ နောက်ဆုံးတစ်ခုကတော့ မျက်နှာပြင်ပေါ်က အလှအပဟူ၍ဖြစ်ပါတယ်။ အမျိုးသမီး များအတွက် အလှအပထိမ်းသိမ်းရာတွင် အစားအစာနှင့် နေထိုင်မှုပေါ်မူတည်၍ အများဆုံးပြောင်း လဲနိုင်ပါတယ်။ ဗီတာမင်များစွာပါဝင်သော အစားအစာများဖြင့် အသားအရေလှပမှုကိုလဲ ထိမ်းသိမ်းနိုင်မှာဖြစ်တဲ့အတွက် အခု ဆီးဖြူသီးများမှ ရရှိနိုင်တဲ့ အကျိုးကျေး ဇူး များအား ဖော်ပြလိုက်ပါတယ်။

ဆီးဖြူသီးမှာ အဓိက Vitamin C ဓါတ်ပါဝင်ပါတယ်။ Vitamin C ကြွယ်ဝသော အုပ်စုမှဆင်းသက်လာ သည့် ဆီးဖြူသီးစွမ်းရည်များမှာ အခြေခံကျသောကျန်းမာရေးဖြစ်သည့် ဇရာကျ ဆင်းခြင်းနှင့် ဆံပင်များ ကျွတ်ခြင်းမှကာကွယ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အသည်းအားကောင်း စေခြင်း၊ ဦးနှောက် ပတ်သတ်၍ ခံစားချက်များရွှင်ပျစေခြင်း၊ အဆုတ်အတွက်လဲ အထူး အား အင်ဖြည့် ဆည်းနိုင်ခြင်း၊ urinary (ဆီးရောဂါနှင့် ပတ်သတ်၍ ကောင်းမွန်ခြင်း)၊ အမြင်ရုပ်သွင်အရ သွေးအားသန့်စင်ခြင်းကြောင့် များစွာသော ကျန်းမာရေးအတွက် အထောက် ကူပြုစေသော အသီးအနှံတစ်ခုပဲဖြစ်ပါတယ်။ ထို့ကြောင့် အသားအရေလှပကောင်းမွန်ခြင်းကို အထူးတလည်လုပ်ယူရန်မလိုအပ်ပဲ သာမာန်အားဖြင့် ပိုင်ဆိုင်စေနိုင်မှာ ဖြစ်ပါ သည်။

အသားအရည်များပျက်စီးခြင်းမှာ ကျွနု်ပ်တို့ အသက်ရှုစဉ်ခဏအတွင်း အောက်ဆီဂျင်နှင့်ပေါင်းစပ် သည့် ဖြစ်စဉ်အချို့မှာ ပျက်စီးခြင်း၊ (သို့) ၊ အလုံလျောက်မရရှိခြင်း (ဥပမာ ရှုသွင်းချိန်နှင့်ရှုထုတ်ချိန်) စသည့်ဖြင့် အစီအစဉ်မလျော်ကန်ခြင်း ကြောင့် ခန္ဓာကိုယ်ရှိ တချို့သောဖြစ်စဉ်များမှာ antioxidant agent မှထောက်ပံ့ပေးနိုင်ခြင်းမရှိပဲ တစ်သျှူးများသေခြင်း၊ သို့ ပျက်စီးခြင်းဖြင့် အသားအရေခမ်းခြောက်ပျက်စီး စေခြင်းပင်ဖြစ်ပါသည်။ Toxin ဟုခေါ်သော သက်ရှိဇီဝမှထုတ်သည့် အဆိပ်ကြောင့် ပျက်စီးသွားသော cells များအား သန့်ရှင်းစေခြင်း၊ ထောက်ပံ့ကာကွယ်ပေးခြင်း၊ moisture (အစိုဓါတ်) ခန္ဓာကိုယ်အတွက်လိုအပ်သော ရေငွေ့အားဖြည့်ခြင်းအား Vitamin C အုပ်စုမှ လုပ်ဆောင်ပါသည်။ ဆီးဖြူသီးတွင်ပါ ဝင်သော Vitamin C မှာ အသားအရေတောက်ပမှု၊ တခါတရံ ဓါတုဆေးဝါးများကြောင့် အသားအရေတွင်းဖြစ်ပေါ်လာသော အစက်အပျောက်များ (ဥပမာ တင်းတိပ်၊ သို့ အနာရွတ်မှ အမာရွတ် ထင်ကျန်ရှိခြင်း) အားအထူးတလည် ကုသရန်မလိုအပ်ပဲသဘာ၀ ဆေးဖက် အစာတစ်ခုဖြစ်ပါသည်။ အသားအရေအတွက် အတွင်းပိုင်းတစ်သျှူးများနှင့် အပြင်ပိုင်းအရေပြားကို အထူးကောင်း မွန်စေသော ဆီးဖြူသီး၏ ချဉ်ပြပြ အရသာလေးအား ခံစားရင်း သန့်ရှင်းကြည်လင်သော အသားအရေ ပိုင်ဆိုင်သူအဖြစ်ပြောင်းလဲကြပါစို့။.

ဆီးဖြူသီး၏အပေါ်ယံအသားဖယ်ပြီး အတွင်းမှဆီးဖြူစေ့ကိုရယူပါ ။ ဆီးဖြူစေ့ ဆယ်စေ့ (၁၀) စေ့ခန့် ကို လေးစိတ် ကွဲယုံမျှထုထောင်းပြီး ရေသန့် မတ်ခွက် ၂ခွက်နှင့် ပွက်ပွက်ဆူမျှပြုတ် ကျို၍ တညလုံး အအေးခံထားပါ။ ယင်းပြုတ်ရည်ကို ရေစစ်နှင့် သုံးကြိမ် (၃) စစ်ယူပြီး မျက်စေ့ကို ဆေးကြောပေးပါ။ မျက်စိကို ပိုမိုကြည်လင်စေတဲ့ ဆီးဖြူသီးရဲ့အစွမ်းကတော့ မျက်လုံး အား အလုပ်လုပ်နေသူများအဖို့ ဆေးစွမ်းကောင်း တစ်လက်အဖြစ် လမ်းညွှန်လိုက်တယ်နော်။

by -အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)

ဆီးချိုပျောက်နည်းမျာစွာထဲက လက်တွေ့နည်းလမ်းကောင်းလေး တစ်ခုပါ

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို
သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။

ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ

ဦးစန်းမောင် (မန်း)
Mg Mandalay

ကျန်းမာရေးအတွက် သိထားသင့်သော အချက် ၂၀

အောက်ပါတို့ကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ သတိမထားမိကြတဲ့ အချက် ၂၀ ပါ။

၁။ ဗီတာမင်ဒီကို နေရောင်ခြည် ဗီတာမင်လို့လည်း ခေါ်ကြပါတယ်။ အရေပြားပေါ် နေရေင်ခြည်ကျရောက်တဲ့အခါ ထွက်ရှိလာခြင်းကြောင့်ပါ။ ဗီတာမင်ဒီ လုံလောက်စွာ ရရှိမှ အရိုးကြံ့ခိုင်သန်စွမ်းမှာပါ။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားစနစ်အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ
ပါဝင်နေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားသန်မာဖို့လည်း ဗီတာမင်ဒီ လိုအပ်ပါတယ်။

၂။ ချောကလက် ကြိုက်သူတွေအတွက် သတင်းကောင်းပါ။ ချောကလက်စစ်ကို စားသုံးလေ့ရှိသူတွေဟာ မစားသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ သက်တမ်းတစ်နှစ် ပိုရှည်ကြောင်း ဟားဗက်တက္ကသိုလ်ကနေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိထားသင့်ပါတယ်။ အများကြီးစားရင်လည်း အဝလွန်တတ်လို့ပါ။

၃။ သံဓာတ် ဟာ သွေးအားကောင်းစေနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်ဟင်းရွက် (ဟင်းနုနယ်ရွက်လိုမျိုး) ကို ချက်စားတာဟာ အစိမ်းစားတာထက်စာရင် သံဓာတ်စုပ်ယူနိုင်စွမ်း လေးဆပိုရရှိနိုင်ပါတယ်။

၄။ အိုမီဂါ-၃ ဖက်တီးအက်စစ် ဟာ ဦးနှောက်စွမ်းအား မြင့်မားစေနိုင်ပါတယ်။ လေ့လာချက်တွေအရ စိတ်ဓာတ်ကျရောဂါ ခံစားနေရသူတွေမှာ ထိုအက်စစ်ပမာဏ လျော့နည်းနေတတ်ကြောင်း၊ ထိုအက်စစ် ပမာဏ မြင့်အောင် လုပ်ပေးပြီးနောက် စိတ်ကျရောဂါလက္ခဏာတွေသက်သာလာကြောင်း တွေ့ရပါတယ်။

၅။ အသက်ရှည်ဖို့ အစားအစာတွေ ထဲမှာ ပန်းဂေါ်ဖီစိမ်း (Brocoli)၊ ငရုတ်သီးတောင့်၊ အချဉ်ဓာတ်ပါတဲ့ အသီး၊ ကြက်သွန်ဖြူ၊ ဘလူးဘယ်ရီး၊ ဒိန်ချဉ်၊ ငါးသေတ္တာ၊ အဆီများငါး၊ ပဲပိစပ်၊ အယ်လ်မွန်စေ့၊ ဟင်းနုနယ်၊ အုပ်ဂျုံ(Oat)နဲ့ ခရမ်းချဉ်သီးတွေ ပါရှိပါတယ်။

၆။ ဆေးလိပ်ဖြတ်ခြင်းကို မြန်မြန်လုပ်သင့်ပါတယ်။ ဆေးလိပ်ဖြတ်ပြီး ငါးနှစ်အကြာမှာ ဘယ်ရောဂါနဲ့မဆို သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်းထိ လျော့ကျသွားနိုင်ကြောင်း တွေ့ရလို့ပါ။

၇။ ဗီတာမင်စီ များများစားပေးပါ။ ဗီတာမင်စီက ကိုယ်ခံစွမ်းအားကောင်းစေတဲ့အပြင် သွားနဲ့ သွားဖုံးကျန်းမာရေး၊ သံဓာတ်စုပ်ယူရေးတို့အတွက်လည်း အရေးပါတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။

၈။ ခရမ်းရောင် အသီးအနှံ တွေဖြစ်တဲ့ ခရမ်းသီး၊ ဆီးသီး၊ စပျစ်သီးတို့မှာပါတဲ့ ရောင်ခြယ်ဓာတ်တွေဟာ အဝလွန်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၉။ အိုမီဂါ ၃ အဆီဓာတ် တွေဟာ ဦးနှောက်ကျန်းမာရေး စွမ်းအား၊ မျက်စိကျန်းမာရေး၊ နှလုံးကျန်းမာရေးအတွက် ကောင်းစေသလို အရေပြားကိုလည်း နူးညံ့ ချောမွေ့စေနိုင်ပါတယ်။ အဓိက ရရှိတဲ့ နေရာကတော့ ငါးကြီးဆီမှ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်ကို အစားအစာတွေကနေ အလုံအလောက် မရရှိနိုင်တာကြောင့် ဆေးဝါးအဖြစ် မှီဝဲပေးဖို့ လိုပါတယ်။ ငါးကြီးဆီ တစ်နေ့ကို နှစ်လုံးလောက် သောက်ပေးသင့်ပါတယ်။

၁၀။ အရေပြားအလေးချိန် ဟာ သင့်ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်ရဲ့ ၁၅ ရာခိုင်နှုန်းရှိပါတယ်။
၁၁။ ကြိုးခုန်ခြင်းက ခြေထောက်နဲ့ ပခုံးကို ကြံ့ခိုင်သန်မာစေနိုင်သလို နာရီဝက်အတွင်း ကယ်လိုရီ ၁၄၆၃ ကီလိုဂျူး (KJ) ကျစေနိုင်ပါတယ်။

၁၂။ အိမ်မွေးတိရစ္ဆာန်တွေက ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးထားသူတွေဟာ တော်ရုံတန်ရုံ နေမကောင်းဖြစ်ခဲသလို နေမကောင်းဖြစ်ပါကလည်း ပိုပြီး မြန်မြန်ပြန်ကောင်းတက်ပါတယ်။

၁၃။ နှလုံးရောဂါဟာ အမျိုးသမီးတွေမှာ မီးယပ် သွေးဆုံးပြီးနောက် ဖြစ်နိုင်ခြေများစွာ တိုးလာတတ်ပါတယ်။ ဒါကြောင့် မီးယပ်သွေးဆုံးပြီး အမျိုးသမီးတွေ အနေနဲ့ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ပေးသင့်ပါတယ်။

၁၄။ အိပ်ရေးဝဝအိပ်ခြင်း က နာကျင်မှုတွေကို ပိုခံနိုင်ရည်ရှိကြောင်း တွေ့ရပါတယ်။ အိပ်စက်ခြင်းက နာကျင်မှုကို ဟန့်တားပေးတဲ့ အင်ဒိုဖင်း (Endorphin) ဟော်မုန်းတွေကို လွှင့်ထုတ်ပေးခြင်းကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီကြာ အိပ်ချိန်ရှိအောင် ဂရုစိုက်ပေးပါ။

၁၅။ လက်တိုဖာရင် (Lactoferrin) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တွေ့ရတဲ့ ဓာတ်ပေါင်းတစ်မျိုးဖြစ်ပြီး ခုခံအားဆဲလ်တွေကနေ ရောဂါပိုးတိုက်ဖျက်ရာမှာ ကူညီဖို့ လွှင့်ထုတ်ပေးပါတယ်။ Lactoferrin ပါတဲ့ အားဆေးတွေကို ခုခံအားဆဲလ်လုပ်ငန်းဆောင်တာကောင်းစေဖို့ သောက်ပေးနိုင်ပါတယ်။

၁၆။ အိုင်အိုဒင်းဓာတ် ဟာ လူတိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့စို့ကလေးတွေနဲ့ ကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဖွံ့ဖြိုးတိုးတက်ဖို့ အိုင်အိုဒင်းဓာတ် အရေးကြီးပါတယ်။ အိုင်အိုဒင်းကြွယ်ဝတဲ့ အစားတွေကတော့ ပင်လယ်စာ၊ ငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ ကြက်ဥတို့ပဲ ဖြစ်ပါတယ်။

၁၇။ ခရမ်းချဉ်သီး မှာ ဗီတာမင်စီများစွာ ပါဝင်ခြင်းကြောင့် အသားအရေကို လှပစေနိုင်သလို ခုခံအားလည်းကောင်းစေနိုင်ပါတယ်။

၁၈။ ဗီတာမင်မျိုးစုံပါရှိတဲ့ အားဆေး ကို နေ့စဉ်သောက်ပေးခြင်းဖြင့် ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ ဂျင်းဆင်းပါရှိတဲ့ အားဆေးကို ပိုအစွမ်းထက်ပါတယ်။

၁၉။ ယောကဂကျင့်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းက ခန္ဓာကိုယ်အတွင်း အားကောင်းစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့၊ အသက်ရှည်စေဖို့အတွက် ကျင့်ကြံခဲ့ကြပါတယ်။

၂၀။ ဘယ်ရီသီးတွေဟာ ကျန်းမာရေးကို ကောင်းစေပါတယ်။ Raspberry သီးဖျော်ရည်ဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကို သတ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ထိုဖျော်ရည်တွေကို စူပါမားကက်တွေမှာ ရှာတွေ့နိုင်ပါတယ်။
Ref: Good Health

ငရုတ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ငရုတ်ပွသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများအစိမ်း၊ အဝါ၊ အနီ စတဲ့ အရောင် သုံးမျိုးတွေ့ရတဲ့ ငရုတ်ပွသီး တွေမှာ အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေပါတယ်။

(၁) ကယ်လိုရီ လျော့နည်းခြင်း ငရုတ်ပွသီးတွေက ကယ်လိုရီပါဝင် မှု လျော့နည်းပါတယ်။ တကယ်လို့ ငရုတ် ပွသီး တစ်ခွက်လုံးအပြည့်စား
ရင်တောင် ၄၅ ကယ်လိုရီပဲ ရရှိနိုင်ပါတယ်။ ငရုတ် ပွသီးတစ်ခွက်စာပမာဏ
မှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေနဲ့ စီပမာဏထက် ပိုမို ပါဝင်မှု ရှိပါတယ်။

(၂) ဗီတာမင်စီ များများပါဝင်ခြင်း ငရုတ်ပွသီးမှာ ဗီတာမင်စီ များစွာပါဝင်တဲ့ အတွက် ကိုယ်ခံစွမ်းအား စနစ်ကို အားကောင်းစေပြီး အသားအရေကို နုပျို ငယ်ရွယ်စေပါတယ်။ ငရုတ်ပွသီး အမှည့် ဖြစ်တဲ့ အနီရောင်ငရုတ်ပွသီးထဲမှာ ဗီတာ မင်စီ အမြင့်ဆုံးပမာဏ ပါဝင်ပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း ငရုတ်ပွသီးမှာ ဖိုင်တိုကမ်မီကယ်နဲ့ ကာရိုတင်း၊ အထူးသဖြင့် ဘီတာကယ်ရို တင်းတွေ ပါဝင်နေပါတယ်။ ဒါကြောင့် အင်တီအောက်ဆီးဒင့်ကို ရရှိစေသလို ရောင်ရမ်းမှုကို လျော့
ကျစေတဲ့ အစွမ်းရှိပါတယ်။

(၄) ကိုလက်စထရော လျော့ကျစေခြင်း ငရုတ်ပွသီးထဲမှာပါဝင်တဲ့ ကပ်ဆိုက် စင်ဓာတ်မှာ ကျန်းမာရေးအကျိုးကျေးဇူး အများအပြား ရှိပါတယ်။ လေ့လာမှု အရ ငရုတ်ပွသီးဟာ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့
ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့အပြင် နာကျင်မှုနဲ့
ရောင်ရမ်းမှုကို လျော့ပါးသက်သာစေကြောင်း သိရပါတယ်။

(၅) အစွမ်းထက်အာဟာရဓာတ်ကို ရရှိစေခြင်း ငရုတ်ပွသီးကို အပူနည်းနည်း
နဲ့ အ ချိန်တိုအတွင်း ချက်ပြုတ်ရင် အချိုအရ သာနဲ့ သစ်သီးရနံ့ မပျက်တဲ့
အပြင် အစွမ်းထက် အာဟာရဓာတ် ဖလေဗိုးနွိုက်ကို ရရှိစေပါတယ်။

(၆) ကင်ဆာဖြစ်နှုန်း လျော့နည်းခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ ဆာလဖာ ပမာဏဟာ တချို့သော ကင်ဆာရောဂါ တွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

(၇) အသားအရေနှင့် ဆံကေသာကို နုပျို လှပစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်အီးအဆင့် ကောင်းကောင်း ပါဝင်တဲ့အတွက် အ သားအရေနဲ့ ဆံကေသာကို လှပနုပျို ကြည့်ကောင်းစေပါတယ်။

(၈) နာ့ဗ်ကြော စနစ်ကို ကျန်းမာစေခြင်း ငရုတ်ပွသီးမှာ ဗီတာမင်ြ၆ ပါဝင် တာကြောင့် နာ့ဗ်ကြောစနစ်ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါပြီး ဆဲလ်အသစ် တွေ ဖြစ်ပေါ်အောင် ကူညီပေးပါတယ်။

(၉) အတွင်းတိမ်ရောဂါနှင့် မက်ကူလာ ယိုယွင်းပျက်စီးမှု မဖြစ်စေရန် မျက်စိကို ကာကွယ်ပေးခြင်း ငရုတ်ပွသီးမှာ ပါဝင်တဲ့ လူတင်လို တချို့
အင်ဇိုင်းတွေက အသက်ကြီး လာချိန်မှာ မက်ကူလာ ယိုယွင်းပျက်စီးမှုနဲ့
အတွင်းတိမ်ရောဂါ တို့ကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေး
နိုင်ပါတယ်။

Good Health

ကျန်းမာရေး အထောက် အကူပြု ငှက်သိုက်

မြန်မာ အဘိဓာန် အကျဉ်းချုပ် အတွဲ(၁)တွင် ငှက်သိုက်ကို ဇီဝဇိုး ငှက်ငယ်၏ အသိုက် အားဆေး အဖြစ် သုံးစွဲရ သည်။ ဇီဝဇိုးသည် အသိုက်ကို မိမိ အန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ၏။ ထိုငှက်၏ အသိုက်ကို ''ငှက်သိုက်''ဟု ခေါ်ကြ သည် ဟူ၍ ဖွင့်ဆို ထားပါသည်။
ငှက်သိုက်ကို လူသူ အရောက်အပေါက် နည်းသော ပင်လယ် ကျွန်းများရှိ သဘာဝ အလျောက် ဖြစ်ပေါ်နေ သည့် ကျောက်တောင် ကြီးများ၏ ကျောက်လိုဏ်ဂူ နံရံများ၊ ကမ်းပါးယံ ကျောက်စွန်း၊ ကျောက်ခွက် များတွင် ခက်ခက် ခဲခဲ ရှာဖွေဆွတ်ခူး စုသိမ်းရသည်။

ငှက်သိုက်ဖြူနှင့် ငှက်သိုက်မည်း နှစ်မျိုးရှိသည်။ ငှက်သိုက်ဖြူသည် ဖြူဖွေး ဝင်းမွတ်နေပြီး အညစ်အကြေး သန့်ရှင်း ခြင်း၊ အမှိုက်သရိုက် ကင်းစင်ခြင်း၊ ခြောက်သွေ့ လတ်ဆတ်ခြင်း၊ အသိုက်ပုံ သဏ္ဌာန် မပျက်ခြင်း၊ အငန်ဓာတ်၊ အစိုဓာတ် လုံးဝ မရှိခြင်း တို့ကြောင့် တန်ဖိုး ကြီးမားသည်။ ငှက်သိုက် မည်းတွင် ငှက်မွေးအမျှင် အနည်းငယ် ရှုပ်ထွေးနေပြီး အရောင်လည်း မည်းနက်သည်။ ငှက်သိုက် အချို့တွင် ပန်းနုရောင် သန်းလျက် ရှိသည်ကိုလည်း တွေ့ရတတ်သည်။ ဇီဝဇိုးငှက်တို့ အသိုက်လုပ်စဉ် အာခေါင် အတွင်းမှ အချွဲစေး၊ အချွဲမျှင်များ ထွေးအန်ရဖန်များ သောအခါ သွေးစ သွေးနများ ပါရှိခြင်းကြောင့်ဟု ဆိုပါသည်။

ငှက်သိုက်၏ အရောင်မှာ အဖြူ ဖြစ်သော်လည်း တစ်နှစ်ခန့် ကြာလျှင် အညိုရောင် သန်းလာသည်။ ငှက်သိုက်မှာ ဖယောင်းချက်နှင့် တူသည်။ လတ်ဆတ်သော ငှက်သိုက် အနံ့မှာ ငှက်ကိုယ်နံ့မျှသာ ညှီစို့စို့ရသည်။ ရက်အနည်း ငယ်အတွင်း ထိုအနံ့ ပျောက်ပြယ် သွားတတ်သည်။ ငှက်သိုက် အစိမ်းစားလျှင် ရေဆာ၊ ထမင်းဆာ ဆာလောင်မှု ဟူသမျှ ပြေသည်။ မောပန်းနွမ်းနယ်မှု ဟူသမျှ ချက်ချင်းပျောက်သည်။ အားအင် ကုန်ခန်းမှု အလျင်အမြန် ပြန်ပြည့် သည်။

ငှက်သိုက်သည် အဖိုးတန် ရှားပါးသော ဆေးဖက်သုံး ပစ္စည်း ဖြစ်သဖြင့် ရွှေနှင့်စက်၍ ဝယ်ယူ ကြသည်ဟု သိရ သည်။ အရသာ ကောင်းမွန်ခြင်း၊ အာဟာရ ပြည့်ဝခြင်း တို့ကြောင့် အင်အားကုန်ခန်း နေသူများနှင့် လူမမာ များအတွက် အားဆေးအဖြစ် အသုံးချရန် အထူး သင့်လျော်သည်။ ဟောင်ကောင်၊ စင်ကာပူ၊ ပီနန် တို့တွင် ငှက်သိုက်ကို ''အား''အလို့ငှာ ဟင်းချက်စားသည်။

ငှက်သိုက်တွင် ပရိုတင်းဓာတ် ကြွယ်ဝပြီး ဟော်မုန်းနှင့် အခြား အာဟာရဓာတ် များစွာ ပါဝင်သဖြင့် နာတာရှည် ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများ၊ အင်အား ကုန်ခန်း သူများကို ကျွေးလေ့ရှိသည်။ နှလုံးတုန်၊ ရင်တုန် အနာ၊ လေသလိပ် အနာ၊ ရင်တွင်း ဆာလောင် မွတ်သိပ်အနာကို ပျောက်ကင်း ချမ်းသာစေ၍ အိုမင်းမစွမ်း ခွန်အား ယုတ်လျော့ သူတို့အတွက် သင့်လျော်သည်။ အထူးသဖြင့် နှလုံး၊ ဦးနှောက်၊ သည်းခြေရောဂါ ရှိသူများ မှီဝဲသင့် သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ကလေးသူငယ်များ စားလျှင် ကျန်းမာရွှင်လန်းပြီး ရောဂါ အထူးထူးမှ ကင်းဝေး သည်။

သဘာဝ ငှက်သိုက်ကို ခေတ်မီ နည်းစနစ်ဖြင့် သန့်စင်ထားသော ငှက်သိုက်ရည်ကို ဆေးဖက်ဝင် အခြားပစ္စည်း များနှင့် ပေါင်းစပ် ဖော်ထားသဖြင့် အဆုတ်ကို အားကောင်းစေပြီး အအေးမိ ချောင်းဆိုး၊ တုပ်ကွေး ရောဂါများကို သက်သာ ပျောက်ကင်းစေသည်။

ငှက်သိုက်ကို ရေစိမ်၍ နှစ်နာရီခန့် ကြာလျှင် အမျှင်များ ပွတက်လာသည့် အခါ အမွေးအမှင် ငယ်ကလေးများနှင့် အမှိုက်များ ကပ်နေပါက ဇာဂနာ ညှပ်ဖြင့် ဖယ်ရှားရသည်။ သကြားခဲသင့် ရုံထည့်ပြီး ရေနွေးနွေးဖြင့် ပေါင်းထားသော ငှက်သိုက်ပေါင်းကို စားလျှင် ရင်တွင်းအေးကာ အင်အား အလုံးစုံ ချက်ချင်း ပြန်ပြည့်လာသည်။ ငှက်သိုက်ပေါင်း သည် နှလုံးရောဂါ ရှိသူများ၊ နှလုံးတုန် ရင်ခုန်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူ မဝခြင်းတို့ကို လက်နှင့် ယူပစ်သ လို ပျောက်ကင်းစေပါသည်။

ဆီးနီ၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်လျှင် ငှက်သိုက်ကို ရေစိမ်၍ သောက်ရသည်။ နွားနို့စစ်စစ် ၅ဝ ကျပ်သားတွင် ဇာတိပ္ဖိုလ်သီး တစ်လုံးကို ကုန်အောင်သွေးပြီး မီးတွင်ကျို၊ နွားနို့ခန်း ခြောက်ခါနီးလျှင် လေးညှင်းမှုန့် တစ်ပဲသား၊ သည်းခြေ ရွှေဆေးရှစ်ပဲသား၊ ဂလူးကို့စ် သကြား ရှစ်ပဲသားနှင့် ငှက်သိုက်အမှုန့် တစ်ကျပ်သား သမအောင် ရောမွှေပါ။ ထိုဆေးကို လက်ဖက်ရည် တစ်ဇွန်းခန့် နံနက်ည တစ်ကြိမ်စီ ကျွေးလျှင် ကလေးငယ်များ ပိန်လှီခြင်း၊ မကြာခဏ ဝမ်းပျက်ခြင်း၊ အားနည်း အဖျားဝင်ခြင်းတို့ ပျောက်ကင်းပြီး ကျန်းမာဝဖြိုး စေနိုင်ပါသည်။

ငှက်သိုက်ကို သံဒယ်အိုးဖြင့် မီးသင်းပြီး အမှုန့်ပြု၍ ပုလင်းတွင် လေလုံလုံ ထားပါ။ ငှက်သိုက်မှုန့်သည် ဓားရှ၊ လံှရှ၊ ထိခိုက်ပွန်းပဲ့ အနာများကို လျင်မြန်စွာ အနာကျက်စေသည်။ ဖက်ခွက်နာ၊ ယားနာများတွင် ထည့်လျှင် လျင်မြန်စွာ အနာ ပျောက်သည်။

ငှက်သိုက်ကို သက်ဆိုင်ရာ ဆေးဖက်များဖြင့် ရောနှောစပ်ပြီး တစ်နှစ်တစ် ကြိမ်စားပေးခြင်း အားဖြင့် အနာရောဂါ ကင်းရှင်းပြီး ကျန်းမာ သန်စွမ်းသည်ဟု တရုတ်လူမျိုး တို့က ယုံကြည်ကြသည်။ ဇီဝဇိုး ငှက်သည် အခြားငှက် တို့နှင့် ရောနှောမနေ သီးသန့် နေထိုင်လေ့ ရှိသောကြောင့် ငှက်ရောဂါဘယ ကူးစက်မှု မရှိခြင်း၊ ကောင်းကင်ယံထဲ ပျား ကောင်၊ ပိုးကောင်ကိုသာ ထိုးသုတ် စားသောက်ခြင်း၊ ၎င်း၏အာခေါင်မှ အချွဲစေးမျှင် (အန်ဖတ်)နှင့် အသိုက် ပြုလုပ်ခြင်း ဓလေ့တို့ကြောင့် ငှက်သိုက်၌ သဘာဝ အစွမ်းထက်မ ှုရာနှုန်းမြင့်မားသည်။

သို့ပါ၍ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်သော သဘာဝ အားဆေး ငှက်သိုက်ကို လူကြီးလူငယ် မရွေး မှီဝဲပေးသင့် ပါကြောင်း ကျန်းမာသုတ အဖြစ် ရေးသားတင်ပြ လိုက်ရပါသည်။

ကလေးရစေနိုင်မည့် နည်းလမ်းများ

ကွန်ဒုံးစသည်ဖြင့် အကာအကွယ်မယူ၊ တစ်နှစ်ခန့့်ကြာသည်အထိ လိင်ဆက်ဆံသော်လည်း သန္ဓေမတည်နိုင်ခြင်းကို မြုံ ခြင်းဖြတ်တယ်လို့ သူက သက်မှတ်လိုက်ပါတယ်။

သည် အဓိပ္ပါယ် သတ်မှတ်ချက်ဟာ တကယ်တော့ သိပ်ပြီး ရှင်းလင်းပြီး ပြီးပြည့်စုံလွန်းတယ်လို့တော့ မဆိုလိုပါဘူး။

သို့သော်လည်း မြုံခြင်း (Infertility) ဆိုတာကနေ သန္ဓေတည်ခြင်း (Fertility) ပြန်ဖြစ်နိုင်ပါတယ်။

သန္ဓေမတည်နိုင်တဲ့ စုံတွဲတစ်တွဲ ကို လေ့လာကြည့်မယ်ဆိုရင်--
အမျိုးသားဘက်က ချို့ယွင်းချက် ၄၀% နှင့် အမျိုးသမီးဘက်က ၄၀% ဖြင့် ဆတူဖြစ်ကြောင်း လေ့လာချက်တစ်ရပ်က
ဆိုပါတယ်။ ကျန်တဲ့ အကြောင်းအရင်းမသိဘဲ မြုံနေခြင်းကတော့ ၂၀% ရှိကြောင်း တွေ့ရှိရပါတယ်။

ကလေးမရကြတဲ့ စုံတွဲတွေဟာ ကမ္ဘာပေါ်မှာ တနေ့တခြား ပိုများလာပါတယ်။
မှတ်တမ်းတွေအရ ၁၉၈၈ ခုနှစ်မှာ ၅.၅ သန်း၊ ၁၉၉၅ ခုနှစ်မှာ ၆.၇ သန်း နဲ့ ၂၀၀၂ ခုနှစ်မှာ ၇.၂ သန်းအထိ တိုးလာကြောင်း
တွေ့ရပါတယ်။သည်လိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့

(၁) အသက်အရွယ်ကြီးတဲ့ အမျိုးသမီးအရေအတွက် ပိုများလာခြင်းနှင့်
(၂) ကလေးရယူရန် အချိန်ဆွဲခြင်းတို့ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

ကိုယ်ဝန်ဆောင်နိုင်သည့် စံနှုန်း

စုံတွဲများအတွက် ကိုယ်ဝန်ဆောင်ကြသည့် စံနုန်းမှာ
(က) စုံတွဲ ၂၅% သည် ပထမ လတွင်လည်းကောင်း၊
(ခ) စုံတွဲ ၆၀% သည် ၆ လအတွင်းတွင်လည်းကောင်း၊
(ဂ) စုံတွဲ ၇၅% သည် ၉ လအတွင်းတွင်လည်ေးကာင်း၊
(ဃ) စုံတွဲ ၉၀% သည် တစ်နှစ်ခွဲအတွင်းတွင်လည်းကောင်း ကိုယ်ဝန်ဆောင်နိုင်ကြကြောင်း တွေ့ရှိရပါတယ်။

မြုံခြင်းကို ယေဘုယျအားဖြင့်

(၁) Primary Infertility နှင့် (၂) Secondary Infertility ဟူ၍ နှစ်မျိုး ခွဲပြထားပါတယ်။

(၁) Primary Infertility
အကာကွယ်မဲ့ ဆက်ဆံသော်လဲ ယခုအချိန်အထိ ကိုယ်ဝန် တစ်ခါမှ မဆောင်နိုင်ဘူးတဲ့ အမျိုးသမီး ၊ ကိုယ်ဝန်ရရှိစေရန် ဆက်ဆံသော်လည်း ယခုထိ မရနိုင်သေးတဲ့ အမျိုးသား ကို (Primary Infertility) လို့ သတ်မှတ်ပါတယ်။
သည်လိုအခြေအနေက ၇၀ % ရှိတယ်လို့ ပြောပါတယ်။

(၂) Secondary Infertility ဆိုတာက
ယခင်က ရခဲ့ဖူးတယ် ၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်က စ၍ ကြိုးစားသော်လည်း ယခုအထိမရရှိသေးသည့်
အခြေအနေကို ဆိုလိုပါတယ်။ သည်လိုမျိုး က 30% ဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်နိုင်စေရန် သိထားရမည့် အချက်များ

၁။ ကိုယ်ဝန်ဆောင်နိုင်သည့် ဥပဒေသ

၎င်းတွင် (၁) ရာသီစက်ဝန်း၊ (၂) မျိုးဥကြွေခြင်း (၃) ဆက်ဆံချိန်နှင့် ကြိမ်နှုန်း (၄) ဖို/မ မျိုးပွားအဂါၤအဖွဲ့အစည်းစနစ် စသည်ဖြင့် ပါဝင်ပါတယ်။


၂။ အမျိုးသားအတွက် အဓိကလိုအပ်ချက်

(၁) ပုံမှန် သုတ်ပိုးထုတ်လုပ်နိုင်မှုနှင့် သုတ်ပို့ပြွန်စနစ်
(၂) မမွေးလမ်းကြောင်းထဲသို့ သုတ်ပိုးထိုးသွင်းရောက်ရှိနိုင်မှု
(၃) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၄) လုံလောက်သော လိင်အင်္ဂါထောင်မတ်နိုင်ခြင်း
(၅) သုတ်ရည်ပုံမှန် ပမ်းထုတ်နိုင်စွမ်း
(၆) သုတ်ရည်အား မိန်းမကိုယ်အတွင်း ထိုးသွင်းပမ်းထည့်ရခြင်း တို့ ဖြစ်ပါတယ်။

၃ ။ အမျိုးသမီးအတွက် အဓိကလိုအပ်ချက်

(၁) သင့်တင့်လျောက်ပတ်သော ကိုယ်စိတ်ဆန္ဒအားရှိမှု
(၂) မျိုးပွားအဂါၤများပုံမှန်အနေအထား ရှိခြင်းနှင့် လုပ်ဆောင်မှု မှန်ကန်ခြင်း
(၃) သန္ဓေသားအသက်ရှင်ရန်အတွက် သင့်လျော်သော မမျိုးပွားအဂါၤနှင့် စနစ်
(၄) သန္ဓေသားနှင့်အချင်းအတွက် လိုအပ်သော အောက်ဆီဂျင် ၊ အဟာရဓါတ်များထိန်းသိမ်းရန်အတွက်လုံလောက်သော
ကျန်းမာရေးကောင်းမွန်မှု၊ အဟာရပြည့်ဝခြင်း တို့ ဖြစ်ပါတယ်။

၄။ ကိုယ်ဝန်မရခြင်း ၊မြုံခြင်း နှင့် ဆက်နွယ်နေသော အချက်များ-
မှာ
(၁) မျိုးပွားစနစ်အကြောင်း အသိပညာနည်းခြင်း
(၂) ဆက်ဆံရမည့် အချိန် နှင့် ကြိမ်နှုန်းအား မသိခြင်း
(၃) အသက်အရွယ်ကြီးလာခြင်း
(၄) လိင်မှတဆင့်ကူစက်တတ်သော ရောဂါများရှိနေခြင်း
(၅) အဟာရ
(၆) သုံးစွဲနေသော ဓါတုဆေးဝါးများ
(၇) ဓါတ်ရောင်ခြည်သင့်မှု
(ဂ) မျိုးပွားစနစ်အား ခွဲစိတ်ခံထားရမှု
(၉) သန္ဓေသားတွင် အလုံးတည်ခြင်း

စသည့်အချက်များဖြစ်သည်။

မ မျိုးဥ စေ ကြွသောနေ့ နှင့် မကြွေမီ ငါးရက် အချိန်သည် ကိုယ်ဝန်ရရှိရန် အကောင်းဆုံးအချိန်ဖြစ်သည်။

ရှင်းလင်းချက်။ ။ သုတ်ပိုးသည် မမျိုးပွားအဖွဲ့အစည်းအတွင်း တွင် ၅ ရက်အထိသာ အသက်ရှင်နိုင်သည်။ အကယ်၍ သန္ဓေမအောင်ဖြစ်ပါက မမျိုးဥသည်လည်း မျိုးဥကြွေပြီးနာရီအနည်းငယ်မှ အလွန်ဆုံးတစ်ရက်ခန့်သာ အသက်ရှင်နိုင်သည်။
ထို့ကြောင့် မမျိုးဥမကြွေမီ ၅ ရက် မှစ၍ လိင်ဆက်ဆံခြင်းသည်သာလျှင် အကောင်းဆုံးသော အချိန်ဖြစ်သည်။

ဆက်ဆံရမည့်အကြိမ်အရေအတွက်

ပထမ (၅) ရက်အား သုတ်ရည်စွန့်ထုတ်ခြင်းမပြုရန် နှင့်
၎င်းမှ နောက်ဆက်တွဲဖြစ်သော မမျိုးဥမကြွေမီ ငါးရက်တွင် တစ်နေ့တစ်ကြိမ်ဆက်ဆံခြင်းသည် ကိုယ်ဝန် ရှရှိစေနိုင်ရန် အခွင့်အရေးပိုများစေပါသည်။

စစ်တမ်းတစ်ရပ်အရ
လိင်ဆက်ဆံသည့်ကြိမ်နုန်းသည် ကိုယ်ဝန်ရရှိမှု နှင့်အောက်ပါအတိုင်း ဆက်နွယ်မှုရှိကြောင်း တွေ့ရပါသည်။

ဒေါက်တာခင်နိုင်ဦး

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး (၁၀) ချက်

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စား တတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆို တတ်ကြပါတယ်။

သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စား ပေးမယ်
ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

(၁) အစာခြေ လမ်းကြောင်း စနစ်ကို ကျန်းမာစေပါတယ်

ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝ မပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင် ပါတယ်။ ကိုက်လန် တစ်ခွက်မှာ
၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(၂) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်
တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေ
တာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်း ဆောင်တာကို ကောင်းမွန် စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေ
ပါတယ်။

(၃) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ် ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်
လည်း ကာကွယ် ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမား ရောဂါ ခံစား နေရ
သူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(၄)ကင်ဆာ အမျိုးမျိုးကို ကာကွယ် ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက် တို့လို အင်တီ အောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီ အောက်ဆီးဒင့် တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၅)ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်းမှု
လျော့ကျစေတဲ့ အစာ တစ်မျိုးပါ။ ကိုက်လန် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ် ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ် ရောင်ရမ်းနာ၊ ပန်းနာ ရင်ကျပ်
ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန် ပေးနိုင်စွမ်း ရှိပါတယ်။

(၆) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာ စေတဲ့ အစွမ်း ရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ
စေနိုင် ပါတယ်။

(၇) အမြင်အာရုံကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာ ပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန် စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။

(၈) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန် စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင် တာကြောင့် ကိုယ်ခံ စွမ်းအားစနစ်၊ ဇီဝရုပ် ဖြစ်ပျက်မှုနဲ့ ရေဓာတ် ပြည့်ဝမှုတို့ကို အားပေး ထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(၉) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင် တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်း ပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(၁၀) ကိုယ်တွင်း အဆိပ်တွေကို ကင်းစင် စေပါတယ် ကိုက်လန်ကို အဆိပ် ဖယ်ရှား ပေးနိုင်တဲ့ အစာလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင် နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာ စေပါတယ်။

ကြယ်စင်
credit to Good Health

Lichen Planus of the Mouth ပါးစပ်နာတမျိုး

ကျွန်တော့်ကောင်မလေးကို ကူးမှာစိုးလို့ပါ။ ဘယ်လိုကုရမလဲ ။နှုတ်ခမ်း အာခေါင်ဘေးနဲ့ လိမ်တံထိပ်ဖူးအောက်မှာဖြစ်ပါတယ်။ အဖြူအစိလေးများလိုဖြစ်ပြီး ယားလဲမယား နာလဲမနာပါ၊ အမြန်ပြန်ဖြေပေးစေခြင်ပါတယ်။
နာတာရှည်ရောဂါဖြစ်တယ်။ အဖြူစက်လေးတွေ၊ မျဉ်းကြောင်းလေးတွေလို ပေါက်နေမယ်။ ဇာပန်းထိုးထားသလို၊ အဖြူရောင်၊ အထက်ကိုနည်းနည်းကြွနေတဲ့ အကွက်လေးတွေမြင်ရမယ်။ အနီကွက်လဲဖြစ်နိုင်တယ်။ ရောင်ပြီး နာနေမယ်။ အနာလဲဖြစ်နိုင်တယ်။ ပါးစပ်ထဲမှာ ပါးစောင်၊ သွားဖုံး၊ လျှာ၊ နှုတ်ခမ်း၊ အာခေါင်နေရာတွေမှာဖြစ်တယ်။ မျက်စိ၊ အစာမြိုပြွန်၊ နားမှာလဲဖြစ်နိုင်တယ်။ ဦးခေါင်းခွံနဲ့လက်သည်းတွေမှာလဲ ဖြစ်နိုင်တယ်။

အရေပြားမှာဖြစ်တာထက် ပါးစပ်မှာဖြစ်တာက ပိုပြီး အကုရခက်ပါတယ်။ ကံဆိုးကံကောင်းပြောရမှာကတော့ ပြဿနာ ဖြစ်တာ နည်းပါတယ်။ ပါးစပ်မှာ ဖြစ်နေသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က အရေပြားမှာပါတွဲဖြစ်နေတတ်ပြီး အမျိုးသမီးတွေမှာ ဆိုရင် မွေးလမ်းကြောင်းမှာပါ တွဲဖြစ်နေတတ်တယ်။

ရောဂါသေချာအောင် အသားစဖြတ်ပြီး မှန်ဘီလူးနဲ့စစ်တာလုပ်ရတယ်။ မှို (ဖန်းဂတ်စ် = ရိစ်) ပိုးနဲ့လဲ တွဲဖြစ်နေတတ်တယ်။ အဲလိုဖြစ်နေရင် အဲဒါကိုအရင်ကုပါ။ ရွှေ၊ ပြဒါးတို့နဲ့ မတည့်တာ (အလာဂျီ) ဖြစ်တာနဲ့ ဆင်တူတတ်တယ်။ ဆိုးတာ ဖြစ်နေတာတောင်မှ ခံတွင်းကင်ဆာဖြစ်နိုင်ခြေဟာ မဖြစ်သူတွေထက် သိသာပြီးမများတတ်ပါ။

ဘာလို့ဖြစ်သလဲ အတိအကျ မသိပါ။ ဆေးလိပ်၊ ကွမ်းယာသမားတွေမှာ အဖြစ်ပိုနိုင်တယ်။ အသဲရောင် (စီ) နဲ့ အသဲရောဂါ၊ အသဲရောင် (ဘီ) ကာကွယ်ဆေး၊ Ibuprofen, Naproxen ဆေးတွေ၊ အလာဂျီရစေတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။

ဘာမှတော့ အနေရခက်တာမရှိဘူး။ ဖြစ်လာရင် အနာဖြစ်ပြီး နာတာကိုခံစားရနိုင်တယ်။ အနာဖြစ်လာချိန်မှာ ပူလောင်နေနိုင်တယ်။ အရသာပျက်နိုင်တယ်၊ အပူအစပ်ကို မခံနိုင်ဖြစ်မယ်။ သွေးထွက်နိုင်တယ်။

Symptomatic treatments ရောဂါလက္ခဏာကုကုသခြင်း၊
• ဘာမှမခံစားရရင် ဘာဆေးမှမလိုပါ။
• Corticosteroids (ကော်တီကိုစတီရွိုက်) ဆေး ပေးလေ့ရှိတယ်။ ရောင်တာလျှောမယ်၊ နာတာသက်သာမယ်။ ခံစားရတာသက်သာမယ်။ ဒီဆေးကို mouthwash ပါးစပ်ဆေး ဆေးရည်၊ ointment လိမ်းဆေး၊ gel ဂျဲလ်၊ pill ဆေးပြား အနေနဲ့လာတယ်။
• Retinoids ဗီတာမင် (အေ) လဲပေးနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် ရှောင်သင့်တယ်။
• Immune response medicines ခုခံအားလျှော့ဆေး၊ အထူးသတိနဲ့ ပေါ်ရတယ်။ ဥပမာ calcineurin inhibitors ကိုယ်အင်္ဂါအစားထိုးသူတွေကိုပေးတဲ့ဆေး။ tacrolimus (Protopic) နဲ့ pimecrolimus (Elidel) လိမ်းဆေးတွေကို FDA ကတော့ ကင်ဆာနဲ့ပတ်သက်မလား သတိပေးထားတာရှိတယ်။ ဆိုးဝါးတဲ့ ဥပမာ အစာမျိုပြွန်၊ ဦးရေခွံ၊ လိင်အင်္ဂါ နေရာတွေမှာ ဖြစ်ရင်တော့ ဒီအမျိုးအစားဆေးတွေကို သုံးလေ့ရှိတယ်။
• ပါးစပ်-ခံတွင်းကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ပါ။ စိတ်ဖိအားလျှော့ချပါ။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၃

HIV news ဆယ်ယောက်တယောက် HIV ပိုး ပျောက်နိုင်

HIV ပိုးရှိနေသူတွေကို ဆေးစောစောစီးစီးပေးတာ အလုပ်ဖြစ်အောင်ပျောက်နိုင်သူ ၁ဝ ယောက်မှာ ၁ ယောက်ရှိတယ်။ ဒီလေ့လာမှုကို ဆေးသောက်ပြီးနောက် ဆေးဖြတ်လိုက်တဲ့ လူနာ ၁၄ ယောက်ကို လုပ်ခဲ့တာပါ။ သူတို့မှာ ဗိုင်းရပ်တွေ ပွါးလာတာမတွေ့ရတော့ပါလို့ ပြင်သစ်ဆရာဝန်တွေက ထုတ်ဖေါ်ပြောဆိုတာကို ၁၅-၃-၂ဝ၁၃ နေ့ ဘီဘီစီ သတင်းမှာ ပါလာတယ်။

ဓါတ်ပုံကို HIV, in green, bursting out of a white blood cell it has hijacked လို့ စာတမ်းရေးထားပါတယ်။ အစိမ်းရောင်က HIV ဗိုင်းရပ်တွေ၊ ဒီကောင်တွေကနေ ပြန်ပေးဆွဲထားခံရတဲ့ သွေးဖြူဥတွေက ပေါက်ကွဲသွားကြရတယ်တဲ့။

မကြာခင်က ယူအက်စ်မှာ ကလေးမလေးတယောက် အဲလိုပဲ ပျောက်တယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပါသေးတယ်။ ခက်တာက ပိုးကူးစက်ခံထားရသူတွေဟာ သူတို့ကိုယ်ထဲမယ် ကျကျနနဝင်ရောက်လာပြီးမှသာ HIV ပိုးကိုစမ်းလို့ သိနိုင်သေးတယ်။

အခုလေ့လာမှု အပြုခံသူ လူနာတွေကို ပိုးကူးစက်ခံရပြီးနောက် ၁ဝ ပါတ်အတွင်းမှာ ဆေးစပေးပါတယ်။ ပျမ်းမျှ ၃ နှစ်တာ ဆေးကုသမှုခံယူပြီးနောက်မှာ ဆေးဖြတ်လိုက်ကြပါတယ်။ ဆေးတန်ခိုးကြောင့် ဗိုင်းရပ်စ်တွေကို တားထားပေးတယ်။ အကုန်သေကုန်တာတော့ မဟုတ်ပါ။ ပုန်းအာင်း ခိုအောင်းနေတာတွေ ရှိနေပါမယ်။

ယူကေနိုင်ငံက ဒေါက်တာဒီဗိုရာ-ဂျက် ကပြောတာက "လက်ရှိ ယူကေမှာ လူနာတွေအမျာစုဟာ နောက်ကျမှသာ ပိုးကူးစက်ခံရတာကိုသိနေကြပြီး ၅ နှစ်အထိခံနေရမယ်လို့ သိထားကြတယ်။ ဒါကြောင့် အခုတွေရှိချက်ဟာ စောစောစီးစီးဆေးစစ်သင့်တယ်ဆိုတာကို ထောက်ပြချက်တခုဖြစ်တယ်။" စောစောကကလေးမလေးကို Mississippi baby လို့ခေါ်ပြီး အခုလူနာအုပ်စုကိုတော့ Visconti cohort ခေါ်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပဲရစ်က Institute Pasteur in Paris ဆေးရုံက Dr Asier Saez-Cirion ဒေါက်တာ အာစီယာ ဆီးဇ်-စီယွန် ကပြောတာက ၅-၁၅% ကံကောင်းနိုင်ပါတယ်တဲ့။

ဘာပဲပြောပြော HIV ဆေးကုသရေးမှာ စိတ်ဝင်စားစရာ တိုးတက်မှုဖြစ်ပါတယ်။ ပြင်သစ်ဆရာဝန်တွေကတော့ သိမှာမဟုတ်ပါ။ "အဲဒီ ၁ဝ ယောက်ထဲက ၁ ယောက်ဖြစ်အောင် ကံတရား အားကိုးပါ။ ကံကောင်းချင်ရင် စိတ်ထားကောင်းစေပါ၊ ကိုယ်ကျင့်ကောင်းစေပါ၊ ကုသိုလ်တရား ပွါးများပါခင်ဗျား။"

Early HIV drugs 'functionally cure about one in 10' http://www.bbc.co.uk/news/health-21783945
၄-၃-၂ဝ၁၃ HIV ပိုးနဲ့မွေးလာခဲ့တဲ့ ကလေးမလေးတယောက် ရောဂါပျောက် http://dts-medicaleducation-adult.blogspot.in/2013/03/hiv.htm

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၃

Colors for Health အရောင်တွေနဲ့ ကျန်းမာရေး

• အနီရောင်ဟာ -
အင်အားရှိတယ်၊ ရှေ့ဆက်သွားနိုင် လုပ်နိုင်စွမ်းရှိတာကိုပြတယ်။ မျိုးပွါးစနစ်ကို လိုတာတွေပြည့်စေတယ်။ ဆဲလ်တွေဆီ သွေးပိုပြီး စီးလျှောက်တယ်။ အနီရောင်နဲ့ဆိုင်တဲ့ ရောဂါတွေကတော့ Anemia သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးဖိအားကျရောဂါ နဲ့ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တယ်။

• လိမ်မော်ရောင်ကတော့ -
နှိုးဆွမှုကိုဖြစ်စေတယ်၊ စိတ်တက်ကြွမှုနဲ့ လုပ်ချင် ကိုင်ချင်စိတ်ကို ဖြစ်စေမယ်။ ဒီအရောင်နဲ့ ဆန့်ကျင်တာဖြစ်သူဟာ ကျောက်ကပ် ရောဂါတွေ၊ ဆီးအိမ်ရောဂါတွေ၊ အူမကြီး အလုပ်နည်းခြင်းတွေဖြစ်စေပါတယ်။ လိမ်မောင်ရောင်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ အဆစ်နာ၊ လေးဘက်နာ၊ ဝမ်းချုပ်ခြင်း၊ အစာချေလမ်းရောဂါတွေ၊ ဘေလုံးရောဂါတွေဖြစ်ကြတယ်။

• အဝါရောင်ဟာ -
စိတ်ကိုဖွင့်ထားခြင်း နဲ့ အသေးစိတ်ကိုစိတ်ဝင်ခြင်းကို ကိုယ်စားပြုတယ်။ အာရုံကြောကိုအားပေးတယ်။ အသဲ၊ သည်းခြေအိတ်၊ သည်းခြေရာ်လုပ်ငန်းတွေကို အားပေးတယ်။ အစာခြေရည်ထုတ်ာကိုလဲ အားပေးတယ်။ အစာခြေလမ်းအလုပ်ကို အားပေးတယ်။ အဝါရောင်နဲ့ဆန့်ကျင်တဲ့ရောဂါတွေကတော့ အာရုံကြောရောဂါ၊ ကြွက်သားနဲ့ အာရုံကြောဆက်စပ်တဲ့ရောဂါ၊ ဆီးချို နဲ့ ထုံးဓါတ် တင်ကျန်ရစ်ခြင်းတွေ ဖြစ်ကြတယ်။ အဝါရောင်နည်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ အဆစ်ရောင်၊ အစာမကျေ၊ အသဲမကောင်းခြင်းနဲ့ မှတ်ဉာဏ်နည်းခြင်းတွေဖြစ်ကြတယ်။

• အစိမ်းရောင်ကတော့ -
ပတ်ဝန်းကျင်မှာ တည်ငြိမ်၊ ချောမွေ့ပြီး မျှတနေတဲ့သဘောကို ကိုယ်စားပြုတယ်။ သဟဇာတဖြစ်နေခြင်းဟာ အစိမ်းရောင်ရဲ့သဘောဖြစ်တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးတယ်။ ကြွက်သားနဲ့ အရေပြားတွေတည်ဆောက်ရေးကို ကောင်းစေတယ်။ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို ကောင်းစေတယ်။ အစိမ်းရောင်မှာ ဆေးကုသမှုအစွမ်းရှိတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အစိမ်းရောင်ကို သုံးနိုင်တာတွေရှိတယ်။

Good Colors and Health ကျန်းမာရေးအတွက်ကောင်းတဲ့ အရောင်တွေ
• အရောင်ရှိတဲ့ အရည်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အလင်းရောင်တွေမှာ သူ့အစွမ်းနဲ့သူရှိကြတယ်။
• ပြော့နုတဲ့အရောင်မျိုးဟာ ခေါင်းကိုက်နေတာ သက်သာစေမယ်။ ကိုယ်စိတ် ပေါ့ပါးစေမယ်။
• တောက်ပတဲ့အရောင်တွေကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုပေးမယ်။ မွေးနေ့လိုအချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီးခပ်ဝါဝါထွန်းတာသဘာဝကျတယ်။
• Ayurveda အာယုဗေဒဆေးကုနည်းမှာလဲ အရောင်အမျိုးမျိုးရှိတဲ့မီးရောင်သုံးပြီး ဆေးကုတာရှိတယ်။ အပြာနုနု ဒါမှမဟုတ် အစိမ်းနုနုအရောင်ဆိုတာ စိတ်တိုနေသူတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသူတွေကို ကုသရာမှာသုံးတယ်။ အဝါရောင်၊ လိမ်မော်ရောင်နဲ့ ရွှေရောင်တွေကို စိုးရိမ်စိတ်ကဲနေသူတွေကို စိတ်တည်ငြိမ်စေဘို့သုံးတယ်။ အနီရောင်တောက်တောက်နဲ့ လိမ်မော်ရောင်တွေကိုတော့ စိတ်ဓါတ်ကျနေသူတွေကို ကုရာမှာသုံးတယ်။

Colored fruits and vegetables အရောင်ရှိ သစ်သီးဝလံတွေ
• အရောင်အလိုက် ကျန်းမာရေးတန်ဘိုးမတူကြပါ။ အရောင်တွေများတဲ့ အသီအနှံတွေနဲ့ အသီးအရွက်တွေမှာ ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Phytonutrients (ဖိုက်တိုနူထရိယင့်) တွေပါတယ်။
• ခရမ်းချဉ်းသီးနီရဲရဲကနေ နှလုံးရောဂါအန္တရာယ်ကိုနည်းစေမယ်။
• ပျောင်းဖူးရဲ့ အဝါရောင်ဟာ ကြွက်သားတွေရဲ့ အိုစာမှုဖြစ်စဉ်ကိုတားပေးတယ်။
• အရောင်ရှိ အသီးအနှံတွေထဲမှာ နောက်တမျိုးပါနေတာက Antioxidants (အင်တီအောက်စီဒင့်) ဓါတ်ဖြစ်ပြီး သွေးကြောနံရံတွေ မာလာမှာကို တားနိုင်လို့ နှလုံးသွေးကြောရောဂါအတွက် ကောင်းကျိုးရစေမယ်။
• အဝါရောင်ရှိတဲ့ မုံလာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ဖယုံသီး၊ ဖရဲသီး၊ ပျောင်းဖူးတွေထဲမှာ Carotenoids (ကရိုတီနွိုက်) ဓါတ်ပါတယ်။ ကင်ဆာကို ဆန့်ကျင်စေတယ်။
• (ဘရိုကိုလီ) မုံလာပွင့်အစိမ်းရောင်ထဲမှာ Lutein (လူတိန်း) ဓါတ်ပါလို့ အမြင်စူးရှပြီး ကြည်လင်စေမယ်။

Food Color and Health Hazards အရောင်နဲ့ ကျန်းမာရေး သတိပေးချက်များ
• FDA အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ Adverse Reaction Monitoring System (ARMS) ပြောင်းပြန်သက်ရောက်မှု စောင့်ကြည့်စနစ် ဆိုတာလုပ်ထားပါတယ်။ အစားအသောက်မှာ အရောင်စွဲလမ်းမှုကို ကွန်ပြူတာနဲ့ ဒေတာဘေ့စ် ပြုစုထားတာဖြစ်တယ်။
• Advisory Committee on Hypersensitivity to Food Constituents အစားအသောက်ထဲမှာပါတာတွေနဲ့ မတည့်ခြင်း အကြံပြုကော်မတီရဲ့ ၁၉၈၆ ထုတ်ပြန်ချက်ထဲမှာ
- FD&C Yellow No. 5 အဝါရောင် နံပါတ် (၅) ကြောင့် လူ ၁ဝဝဝဝ မှာ တယောက်ထက်နည်းပြီး အင်ပြင်ထတာကိုဖြစ်စေပြီး တယောက်မှ ပန်းနာမဖြစ်ပါလို့ပါတယ်။ “ပန်းနာထတာ၊ အလာဂျီရလို့ အင်ပြင်ထတာတွေဟာ ဟိုအသီး၊ ဒီအရွက်စားမိလို့ဆိုပြီး အလွယ်ထင်တာတွေ မမှန်ဘူး” လို့ ထောက်ပြလိုက်တာဖြစ်ပါတယ်။
- Red No. 3 အနီရောင် နံပါတ် (၃) ကိုတော့ ၁၉၉ဝ ခုနှစ်မှာ လည်ပင်းကြီးအကျိတ် (ကင်ဆာ) ဖြစ်နိုင်တယ်ဆိုပြီး ညွှန်ကြားချက်အရမဟုတ်ဘဲ ရောင်းကုန်ကနေ ဖျက်သိမ်းလိုက်ပါတယ်။ FDA ကတော့ ခုထိ တရားဝင်မဖြုတ်သေးပါ။

Spa ခေါ်တဲ့ရေချိုးခန်းတွေမှာ ကိုယ်ခန္ခာကို ကျန်းမာရေးအရ ရွေးချယ်ထားတဲ့ အရောင်ရှိတဲ့ ကိုယ်ပတ်အဝတ်စသုံးတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေမှာ အပြင်အရောင်နဲ့ အတွင်းနံရံအရောင်တွေကနေ လူ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေတယ်။ ဆေးရုံတချို့မှာလဲ လူနာရောဂါအလိုက် အတွင်းနံရံအရောင်ကို မတူတာမှာ ထားတာမျိုးရှိတယ်။ သွေးအားနည်းနေသူကို ပန်းရောင်ရင့်ရင့်၊ ဒါမှမဟုတ် အနီရောက်ခန်းမှာထားတယ်။
လေ့လာမှုတွေ သုတေသနတွေက အများဆုံးက အမေရိကားကနေလုပ်တာများလို့ သူတို့ဆီကလူတွေရဲ့ ကိုယ်-စိတ် ကျန်းမာရေးကို ထင်ဟပ်ပါတယ်။ လူတွေဟာ အကြိုက်မတူတာမှ မျိုးနဲ့ရိုးနဲ့ဆိုတယ်လို့ပြောတာ အင်မတန်မှန်တယ်။ မြန်မာလူမျိုးတွေအကြိုက်နဲ့ တန်ဘိုးတားမှုတွေဟာ သီးခြားသဘောရှိတယ်။ တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ သီရိလင်္ကာ၊ နီပေါ) ကလူတွေမှာ သီးခြားအကြိုက်တွေရှိတယ်။ အရှေ့တောင်-အာရှထဲမှာတောင်မှ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား) တွေက ခပ်တင်တင်တူကြပေမဲ့ တရုပ်လွှမ်းမိုးမှု မနည်းလှတဲ့ မလေးရှားနဲ့ စင်္ကာပူမှာကတမျိုး၊ မွတ်ဆလင်ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်းတွေက တဘာသာရှိကြတယ်။

မြန်မာလူမျိုးတွေက သင်္ကန်းရောင်ကို လူဆိုရင်ဘယ်သူမှ မဝတ်ကြပေမဲ့ အိန္ဒိယမှာ ယောက်ျားခေါင်းပေါင်းရော မိန်းမဆာရီတွေဟာ သင်္ကန်းရောင်အတိုင်းပါ။ မွတ်ဆလင်တွေက အစိမ်းရင့်ရောင်ကို ဘာသာရေးအတွက် ထားတယ်။ တရုပ်တွေက အနီ၊ အဝါနဲ့ ရွှေရောင်ကိုကြိုက်တယ်။

အကြိုက်မတူတော့ ဖြစ်တာလဲမတူ၊ ကုစားရာမှာ အရောင်သုံးရတာလဲ မတူနိုင်ပါ။ ဒါပေမဲ့ သွေးဆိုတာ အောက်စီဂျင် ပြည့်ဝနေရင် အားလုံးဟာ Bright red နီရဲရဲချည်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃

Antibiotics and Skin infections ပဋိဇီဝဆေး နဲ့ အရေပြားအနာများ

(က) ပဋိဇီဝဆေး တကယ်လိုပါသလား
၁။ အနာမရှိသေးပဲ ပဋိဇီဝဆေးသောက်ပေမဲ့ ပိုးဝင်မှာကို အကာကွယ်မပေးနိုင်ပါ။
၂။ အနာမှာ ဆိုးဝါးတဲ့ပိုးအမျိုးအစားဖြစ်တဲ့ MRSA (ဆူပါဘတ်ခ်) တွေ့တယ်ဆိုအုံးတော့ ပဋိဇီဝဆေး လိုချင်မှ လိုပါမယ်။ ဆရာဝန်ကနေ ပြည်ခွဲထုတ်ပေးတာ လိုနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် အနာပြည်မခွဲပါနဲ့။ သွေးထဲပိုးဝင်တာဖြစ်စေနိုင်တယ်။

(ခ) ပဋိဇီဝဆေးကို ဘယ်လိုသောက်ရမလဲ
၁။ သင့်တော်မှန်ကန်တဲ့ ပဋိဇီဝဆေး ရွေးဘို့လိုပါမယ်။ ပဋိဇီဝဆေးတွေက မတူကြပါ။
၂။ သက်သာလာပြီဖြစ်လာပေမဲ့ ပဋိဇီဝဆေးကို ဆေးပါတ်မကုန်ခင် ရပ်မပြစ်ပါနဲ့။ ပိုးတွေအကုန်ရှင်းအောင် ဆေးဆက်သောက်ရမယ်။ ဆေးနည်းနည်းလေးနဲ့ ပိုးအားလုံး မသေတဲ့အပြင် ဆေးယဉ်ထာ ဖြစ်လာစေနိုင်တယ်။
၃။ ပဋိဇီဝဆေးအရွေးမှန်တာအပြင် ဆေးအလေးချိန်မှန်ရမယ်။ ဆေးသောက်ရမဲ့ရက် သတ်မှတ်ချက်လည်း မှန်ရမယ်။

(ဂ) ပဋိဇီဝဆေးတွေကို ပိုးမယဉ်အောင် ဘယ်လိုလုပ်ရမလဲ
၁။ ပဋိဇီဝဆေးအသောက်ခင် ဆရာဝန်ပြပါ။
၂။ ဆရာဝန်ကိုလည်း ကိုယ့်ကို ပဋိဇီဝဆေးရေးပေးပါလို့ မပြောပါနဲ့။
၃။ ဆေးသောက်နေရင်း ၂-၃ ရက်မှ သက်သာတာဖြစ်မလာရင် ဆရာဝန်ဆီပြန်ပြပါ။ ဆရာဝန်က ဆေးပြောင်းပေးချင် ပေးပါမယ်။
၄။ ပဋိဇီဝဆေးသောက်ရင်း နေမကောင်းတာဖြစ်လာရင် ဆရာဝန်ကိုပြန်ပြောပါ။ ဘေးထွက်-ဆိုးကျိုးကြောင့်လည်း ဖြစ်နိုင်တယ်။
၅။ သူများတွေကိုလည်း ပဋိဇီဝဆေးအကြောင်း ပညာပေးပါ။

• Antibiotics for Acne ဝက်ခြံအတွက် ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/05/antibiotics-for-acne.html
• Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး http://dts-medicaleducation.blogspot.com/2011/11/19-11-2011-taking-antibiotics-for-viral.html
• Antibiotics ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.com/2011/03/antibiotics.html
• Amoxicillin အမောက်ဆာစလင် http://dts-medicaleducation.blogspot.com/2009/07/amoxicillin.html
• Azithromycin နဲ့ Ofloxacin ပဋိဇီဝဆေးများ http://dts-medicaleducation.blogspot.in/2012/06/azithromycin-ofloxacin.html
• Medicine for Diseases of Skin အရေပြားပေါ်ဖြစ်သည့် ရောဂါဆေးများ http://dts-medicaleducation.blogspot.com/2010/06/medicine-for-diseases-of-skin.html

ဒေါက်တာတင့်ဆွေ
၆-၄-၂ဝ၁၃

၀စေတတ်သောအကြောင်းရင်းများ

အကယ်၍သင်ဟာနေ့စဉ်ကယ် လိုရီများများပါတဲ့ အစားအစာတွေ စားပြီးလေ့ကျင့်ခန်းပုံမှန်မလုပ်ဘူးဆို ရင်တော့ ဝလာတာမထူးဆန်းပါဘူး။ ဒါပေမယ့်သင်ဘာတွေကိုပဲနေ့စဉ်လုပ် နေရင်ကိုယ်အလေးချိန် တက်လာစေ တယ်ဆိုတာသိသင့်ပါတယ်။

၁။ ကောင်းစွာမအိပ်ခြင်း

ကောင်းစွာမအိပ်ခြင်းကြောင့် ဝိတ်တက်စေတာ အချက်(၂)ချက်ရှိ ပါတယ်။ တစ်ချက်ကတော့နောက်ကျ မှ အိပ်လျှင် ညဖက်အစာစားဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။နောက် တစ်ချက်ကအိပ်ရေးပျက်ရင်ဟော်မုန်း ပြောင်း၍ ဆာလောင်မှုကို တိုးပွားစေ ပါတယ်။

၂။ စိတ်ဖိစီးမှု

စိတ်ဖိစီးမှုကြောင့် "Cortisol"
လို့ခေါ်တဲ့ဟော်မုန်းထွက်ပြီး ၎င်းကဆာ လောင်မှုကိုအားပေးပါတယ်၊ဒါကြောင့် စိတ်ညစ်ရင်အစားပိုစားတတ်ပါတယ်။

၃။ စိတ်ကျ၍ သောက်သောဆေး

(Antidepressants)
၎င်းဆေး၏ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ရေရှည်သုံးစွဲသူ၏၂၅% က ဝိတ်တက်လာပါတယ်။ အကယ်၍ သင်ဟာ၎င်း ဆေးများသောက်၍ ဝိတ် တက်လာသည်ဟုထင်ပါက သင်၏ ဆရာဝန်ကိုဆေးပြောင်းပေးဖို့ပြောပါ။ ဒါပေမယ့် ၎င်း ဆေးသောက်ပြီး စစ ချင်းဝိတ်တက်လာတာတော့ မဆန်းပါ ဘူး။ စိတ်ကျသူတွေဟာ အစာစားမှု နည်းပြီးဆေးသောက်လိုက်၍ ပုံမှန် အတိုင်း စားသောက်သောကြောင့် ဝိတ်ပြန်တက်လာတာပါ။

၄။ စတီးရိုက် (Steroid) ဆေး

Prednisolone ကဲ့သို့သော Sterod ဆေးဟာ ကိုယ်တွင်းအရည် များထိန်းသိမ်းထားခြင်း၊
အစာစားစေ ခြင်းတို့ကြောင့်ဝိတ်တက်လာပါတယ်။ သို့သော်ဝိတ်တက်စေမှုအနည်းအများ ကတော့ဆေးပမာဏနှင့်သုံးစွဲချိန်ကြာ မြင့်မှုတို့အပေါ်မူတည်ပါတယ်။

၅။ ဝစေတတ်သောရောဂါ

ဥပမာ - Cushing's syndrome မမျိုးဥတွင် အရည်အိတ်များ ဖြစ်စေ သော ရောဂါလက္ခဏာစု (PCOS)
Cushing's syndrome ဆို တာ အထက်မှာ ဖော်ပြထားတဲ့ Cortisol ဟော်မုန်းအထွက်များလို့Steroid ဆေးတွေ ရေရှည်သုံးစွဲလာ လို့ဖြစ်တဲ့ရောဂါပါ။ PCOS ကတော့ အမျိုးသမီးလူလတ်ပိုင်းတွေမှာ ဖြစ် တတ်ပါတယ်။ဟော်မုန်းမညီမှုကြောင့် ဓမ္မတာမလာခြင်းနှင့်အတူအမွှေးအမျှင် များလာခြင်း၊ ဝက်ခြံထွက်လာခြင်း၊ ဓမ္မတာမမှန်ခြင်းတို့နဲ့တွဲတတ်ပါတယ်။

၆။ ဆေးလိပ်

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ သင့်ခန္ဓာကိုယ် ဇီဝဖြစ်စဉ်၏ ချေဖျက် မှုကို လျော့နည်းစေပါတယ်။
အဆီများသော အစားအစာ အချိုများသော အစားအစာကို ပိုမို စားသုံးစေပါတယ်။
အကယ်၍ ဝိတ်တက်လာလျှင် - ယခုသောက်နေသော ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မရပ် လိုက်ပါနှင့် ယခုသောက်နေသော ဆေးသည် သင့်အတွက် မည်မျှအရေး ကြီးသည်ကို သတိပြုပါ။
ဆေးတွေ၏ ဘေးထွက်ဆိုးကျိုး သည် အခြားလူနှင့် ယှဉ်၍မရပါ။ အခြားလူတွင် ဝိတ်မတက်ပေမဲ့ မိမိတွင် ဝိတ်တက်စေတတ်ပါတယ်။
ဆေးကြောင့် ကိုယ်တွင်းအရည် များထိန်းသိမ်းထား၍ ဝိတ်တက်လာ သည်ဟုဆိုသော်လည်း မကြောက်ပါ နှင့် ဒါဟာ အမြဲတမ်းမဖြစ်ပါဘူး။ သင့်ရောဂါကြောင့် ဆေးသောက်ပြီး (သို့)ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လိုက်နာသွားလျှင် နဂိုအတိုင်း ပြန်ဖြစ် နိုင်ပါတယ်။ ဆားပါဝင်မှုနည်းသော အစားအစာများ စားသုံးပါ။

ရဲထွေး
GOOD HEALTH

Tuesday, June 25, 2013

ကင်ဆာ နှင့် အာဟာရ ( ကင်ဆာဝေဒနာရှင်များ အတွက် သိသင့်သည် )

ကင်ဆာနှင့် ကင်ဆာကုထုံးအချို့တွင် အစားအစာနှင့် ဆက်နွှယ်သော ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။ အစာအာဟာရသည် ကင်ဆာရောဂါ ကုသမှုတွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်။

ကင်ဆာရောဂါ မကုသမီ၊ ကုသစဉ်နှင့် ကုသပြီးကာလများတွင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် အစားအစာကို မှန်ကန်စွာ စားသုံးရန်လိုအပ်သည်။ အခြေခံ အာဟာရခြောက်မျိုးမှာ ကစီဓာတ်၊ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် ရေ (Carboyhydrate, Fat, Protein, Vitamin, Minerals and water) တို့ဖြစ်သည်။

အစားအစာ စားသုံးမှုအတွက် အန္တရာယ်ဖြစ်စေတတ်သော လက္ခဏာအချို့မှာ အစားအစာ မစားလိုခြင်း၊ ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ခြင်း၊ အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ပါးစပ်၌ အနာများဖြစ်ခြင်း စသည်တို့ဖြစ်သည်။ အစာမျိုချရာတွင် ခက်ခဲခြင်းနှင့် နာကျင်မှုတို့သည်လည်း အစားအစာ စားသုံးမှုအတွက် အဟန့်အတားဖြစ်စေသည်။

အစားအစာ စားသုံးရာတွင် အရသာရှိမှု၊ အနံ့အသက် နှစ်လိုဖွယ်ရာဖြစ်မှုနှင့် စားလိုစိတ်တို့ ပြည့်စုံမှသာလျှင် အစားအစာ စားသုံးခြင်းအတွက် အဆင်ပြေမည်ဖြစ်ပြီး စားသုံးလိုက် သော အစားအစာများကို အစာအိမ်နှင့် အူလမ်းကြောင်းမှ ချေဖျက်စုပ်ယူပြီး ခန္ဓာကိုယ် အတွက် အာဟာရ ဖြစ်စေနိုင်မည် ဖြစ်၏။

အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးကို ယိုယွင်းစေမည်ဖြစ်၏။ အားအင်ယုတ်လျော့ ခြင်း၊ မောပန်းခြင်း၊ ရောဂါများကို ခံနိုင်ရည်မရှိခြင်း၊ ကင်ဆာလူနာများအတွက် ကင်ဆာကုထုံးများအပေါ် ခံနိုင်ရည်မကောင်းခြင်း စသည်တို့ဖြစ်စေနိုင်သည်။

အစားအစာ စားသုံးရာတွင် စွမ်းအင်လုံလောက်မှု မရှိခြင်းသည်လည်းကောင်း၊ ပရိုတင်းဓာတ်ချို့တဲ့ခြင်းသည်လည်းကောင်း၊ ကင်ဆာရောဂါကုသရာတွင် အခက်အခဲများဖြစ်သည်။
ကင်ဆာလူနာများတွင် အာဟာရ ချို့တဲ့မှု အဓိကဖြစ်ကြရသည်မှာ. . .
(က) အစားအစာစားလိုစိတ် မရှိခြင်းနှင့်
(ခ) ခန္ဓာကိုယ် အထွေထွေယိုယွင်းလာမှုတို့ကြောင့်ဖြစ်သည်။

ကင်ဆာရောဂါ၏ အာဟာရအပေါ် အကျိုးသက်ရောက်မှုများ
ကင်ဆာကလာပ်စည်းများသည် ဓာတုပစ္စည်းတချို့ထုတ်လုပ်ပေးသည်။ ယင်းဓာတုပစ္စည်း များမှာ ခန္ဓာကိုယ်၏ အာဟာရတချို့ သုံးစွဲမှုကို ပြောင်းလဲပစ်နိုင်သည်။ ဥပမာ အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာရောဂါများသည် ကစီဓာတ်၊ အဆီဓာတ်နှင့် ပရိုတင်းဓာတ်တို့အား ခန္ဓာကိုယ်မှ အသုံးပြုမှုအပေါ် ပြောင်းလဲသွားစေတတ်သည်။

အချို့သော ဆေးဝါးများသည် ကင်ဆာရောဂါ ဝေဒနာလက္ခဏာများကို သက်သာစေ သော်လည်း ခန္ဓာကိုယ်အလေးချိန်ကျစေမှု (Weight Loss) ဖြစ်စေသည်။ ကင်ဆာ ရောဂါကို စတင်ကုသချိန်၌ အစားအစာစားသုံးမှုကို ထိခိုက်စေပြီး ကိုယ်အလေးချိန် ကျဆင်းသွားစေသည်။ ထို့ကြောင့် ကင်ဆာရောဂါကုသချိန်ကာလတွင် အာဟာရ ကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် အစားအစာ စားသုံးမှုကို ဂရုစိုက်ရန် လိုအပ်သည်။

ကင်ဆာရောဂါကုထုံးများ၏ အာဟာရအပေါ် အကျိုးသက်ရောက်မှုများ
ခွဲစိတ်ကုသခြင်းသည် ခန္ဓာကိုယ်၏ အာဟာရနှင့် စွမ်းအင်လိုအပ်ချက်ကို ပိုမိုမြင့်မား စေသည်။ ထို့ကြောင့် စွမ်းအင်အပိုရရှိရန်နှင့် အာဟာရပြည့်စုံလုံလောက်ရန် အရေးကြီး ပါသည်။ ခွဲစိတ်ကုသခြင်း မပြုမီမှာပင် လူနာအား အာဟာရချို့တဲ့မှု ကင်းစေရန် ဆောင်ရွက်ပေးရမည်။ အာဟာရအခြေအနေအကောင်းမွန်ဆုံးရှိပါက ခွဲစိတ်ကုသမှု အတွက် အောင်မြင်မှုနှင့် အကျိုးရလဒ်ကောင်းရရှိစေမှုတို့ ဖြစ်စေသည်။

ကင်ဆာရောဂါကို ဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy) ၌လည်း အာဟာရ အရေးကြီးသည်။ ဆေးဝါးများလျှင် ကင်ဆာကလာပ်စည်းများ အပါအဝင် အလျင်အမြန် ပွားများတတ်သောကလာပ်စည်းကို ဖိနှိပ်တိုက်ဖျက်သည်။ ထို့ကြောင့် ပါးစပ်နှင့် အစာလမ်းကြောင်း၌ ထိခိုက်မှုဖြစ်စေသည်။ ထိုမှတစ်ဆင့် အစားအစာစားသုံးမှုနှင့် အာဟာရရှိမှုတို့အတွက် အဟန့်အတားဖြစ်စေသည်။

ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုနှင့် စတမ်းဆဲလ်အစားထိုးကုသမှု (Bone Marrow and Stem cell Transplantion) တွင် အာဟာရနှင့်ပတ်သက်၍ အစားထိုး လိုအပ်ချက်များစွာ ရှိသည်။ ဤကုထုံးတွင် လူနာအချို့၌ အစားအစာ စားသုံးမှုနှင့် ချေဖျက်စုပ်ယူမှုတို့၌ ယိုယွင်းမှုများ တွေ့ရသည်။
လူနာတစ်ဦးချင်းစီအလိုက် အာဟာရ၏ လွှမ်းမိုးမှုကွဲပြားခြားနားကြောင်း တွေ့ရသည်။ အာဟာရသည် အကျိုးရလဒ်ကောင်းများ ဖြစ်ထွန်းစေသည်။ သို့သော် တချို့သော အစားအစာများက ဆိုးကျိုးအန္တရာယ်ဖြစ်စေနိုင်သည်။Health — with အိမ့် မှူး ခင့်, Kyaw San and Tin Nwe Oo Mon

ရိုးရာအစဉ်အလာ အနာပေါက်ဆေးချက်များ

အနာပေါက် ရောဂါကု ဆေးပညာသည် မြန်မာနိုင်ငံ ရှေးခေတ် များစွာ ကတည်းက ထွန်းကား ခဲ့ပါသည်။ မြန်မာ့ တို့၏ ရောဂါ ကာကွယ်ရေးစနစ်၊ ကုသရေးစနစ် များတွင် အမြစ်တွယ်၍ မိရိုးဖလာ အသုံးနှုန်းများ၊ အလေ့အကျင့် များပင် ဖြစ်ခဲ့သည်။ မန်းဆေး၊ ငန်းဆေး၊ ရှာပွတ်ဆေး စသည့် အသုံးနှုန်း တို့သည် ရှေးမြန်တို့ အတွက် ယဉ်ပါးနေသော အခေါ် အဝေါ်များ ဖြစ်သည်။ လက်ရှိ အနာပေါက် ကုသရေး စနစ်များတွင် ထိုရိုးရာ အစဉ်အလာ အနာပေါက် ဆေးချက် များကို ပါဝင်လာစေရန် ရည်ရွယ် ပါသည်။ သို့ရာတွင် ခေတ်နှင့် မဆီ လျော်သော ရှေးရိုး စဉ်လာ ဆေးချက် များကို ပုံတူကူးချရန် မသင့်တော်ပါ။ ခေတ်နှင့် လျော်ညီရန် ပြုပြင် မွမ်းမံ၍ သက်သေ အထောက် အထားပြု အနာပေါက် ကုသမှု ပညာအထိ တိုးတက် လာစေရန် အတွက် အစဉ်အလာ ကောင်း အနာပေါက် ဆေးချက်များကို ဖော်ထုတ် လိုရင်း ဖြစ်ပါသည်။

ပူပွင့် မန်းဆေးငန်းဆေး

တိုင်းရင်းဆေးပညာ အခေါ်အဝေါ် ဥဏှအာကာသ ဆေးတိုက်ကျွေး အသုံးပြုသော နည်းစနစ် ဖြစ်ပါသည်။ ပူ၍ပွင့်သော ဆေးဝါး၊ ဆေးပစ္စည်းများကို အနာမန်းဆေးအဖြစ် လူထု အတွင်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကျောက်တို့ သခင် မိုးနံပင်ဟု လည်းကောင်း၊ မြင်းမ မိုးဗောက် မိုးကိုဖောက် ဟူ၍ လည်းကောင်း ပူပွင့်သော ဆေးပွင့်တို့ကို မန်းဆေး အဖြစ် အသုံးပြုကြပါ သည်။ ရှေးယခင်က ညှော်မိ၍ သတိလစ် မေးခိုင်သည့် အရေးပေါ် အခြေအနေတွင် ရေးနံချေးကို အရည်ဖျော်၍ တိုက်ကျွေး အသုံးပြုခဲ့ကြ သည် “ပူပွင့်” ဆေး ကို မန်းဆေးအဖြစ် တွင်ကျယ်စွာ အသုံးပြုကြသည်။ တိုင်းရင်း ဆေးခန်းသုံး ဆေးများတွင် ဆေးပုလဲ ကလာပ်၊ မဒဲမြင့်မိုရ် ကုန်းဆေး၊ လေးညှင်း ကလာပ်ဆေး တို့ကို ပူပွင့် မန်းဆေး အဖြစ် အသုံး များခဲ့ ကြသည်။

အနာပေါက်ကု အေးပွင့်ဆေးချက်

အထက် ဖော်ပြသည့် အတိုင်း ပူပွင့်ဆေးကို အသုံးများ သော်လည်း လူထုအတွင်း ကျန်ရှိနေသော ရိုးရာ အလေ့အထ တစ်ခုမှာ နူးညံ့သော ကလေးအရွယ်တွင်သနပ်ခါး သွေးတိုက်ခြင်း၊ ရေချိုးပြီး သနပ်ခါးသွေးရည် ခွံ့ကျွေးခြင်း အလေ့အထများ ရှိခဲ့ပါသည်။ ထိုအလေ့ အကျင့် မှာ ပထဝီ အင်အား နည်းသော၊ နုနယ်သော အချိန်တွင် အေးပွင့်အေးခါး တိုက်ကျွေးမှုသည် အနာပေါက်ရောဂါများ ကာကွယ်ကုသမှု ပညာတွင် ထင်ရှားသော အထောက်အထားဖြစ်သည်။ ထို့အပြင် ရောဂါဖြစ်စအခြေအနေ၊ အနာနုနယ်သော အခြေအနေ၊ အားနည်းသော အခြေအနေ တို့တွင် သီတအာကာသ ဆေးဖြင့် ကုသသော နည်းအဖြစ် အသုံးပြုနိုင်သည်။ကလေးအရွယ်သာမက မည်သည့် အရွယ်မဆို အထက်ပါ အခြေအနေ တွေ့ရှိနေရလျှင် ကုသနိုင်သော နည်းစနစ်ဖြစ်သည်။ အနာမန်းဝင်၍ သတိလစ်သော အခြေအနေ တွင် အေးပွင့်ဖြစ်သော ပေါက်ပန်းဖြူပွင့် ပြုတ်ရည် ပူပူကို တိုက်ကျွေးသော သာဓက များလည်းရှိသည်။

ဆေးဖက်ဝင် အပင်များ အနေဖြင့်

သနပ်ခါးရွက် သတ္တုရည်၊ သနပ်ခါးအမြစ်ခေါက်၊ ကန့်ကလာပြုတ်ရည်၊ စူလာနဖာပင်ပြုတ်ရည်တို့သည် သီတအာကာသ မန်းဆေးအဖြစ် ကျော်ကြား လှပါသည်။ ဟလ္လိဒ္ဒစုဏ္ဏဆေး၊ ငန်းနက်ကျော်၊ စတုရင်္ဂဆေး တို့မှာ သီတ အာကာသ ဦးဆောင်သော မန်းဆေး၊ ငန်းဆေးများ ဖြစ်သည်။ အရပ်သိ အပူမန်းဆေး သမားသိ အအေးမန်းဆေး သို့ ပြောင်းလဲ သိရှိလာမှု ဖြစ်ပါသည်။

ပူပွင့်မှ ပူတက်ပွင့်သို့

ဓာတ်ဖြောင့်နာများတွင် ပူပွင့်သာမက အပူကို မြဲမြံစေပြီး အတွင်း ပထဝီအား ကောင်းစေသော မန်းဆေးများ အဖြစ် ဥဏှပထဝီ အာကသ ဖြစ်စေသော လျှာပွတ်ဆေး၊ မန်းဆေးငန်းဆေးတို့ကိုလည်း သုံးစွဲသော ရိုးရာဓလေ့လည်း ရှိပါသည်။ ဇာသီး၊ ဇာပွင့် ကဲ့သို့သော ဆေး၊ နနွင်းပါသောဆေး၊ လေးညှင်း နံ့သာဖြူ ကဲသော ဆေးတို့ကို လျှာပွတ်ဆေးအဖြစ်လည်းကောင်း၊ မန်းဆေး ငန်းဆေး အဖြစ် လည်းကောင်း သုံးစွဲခဲ့ကြသည်။ ဘုန်းကြီးဘိုး လျှာပွတ်ဆေး၊ မောရိယ မန်းဆေး၊ အနုမြူ မန်းဆေး၊ နန်းတွင်း လျှာပွတ်ဆေး တို့သည် ပူတက်ပွင့် မန်းဆေးများ ဖြစ်ကြသည်။ အနာမှန်သမျှ အအေး အကြောင်းခံ၍ အာဗန္ဓန ဖြစ်သည်ဟူသော အယူအဆကို အခြေခံ၍ အနာဖြစ်ပွားမှု မှန်သမျှကို ပူတက် ပွင့်တက် မန်းဆေးကို သုံးစွဲကြခြင်း ဖြစ်သည်။

အေးပွင့်မှ အေးတက်ပွင့်သို့

အထက်ပါနည်းစနစ်သည် အေးပွင့်ချက်ဆေးမှ တိုးတက် ပြောင်းလဲလာသော နည်းစနစ် ဖြစ်သည်။ အရပ်သုံးအနေဖြင့် တပင်တိုင် မြနန်း ဦးဆောင် ပါဝင်သောဆေး၊ က္ကဿရမူလီ အမြစ်ကဲဆေးတို့ကို တွေ့ရှိရပါသည်။ အကြိတ်ကြေ မန်းဆေး အဖြစ် အသုံးပြုသော စနစ်ဖြစ်ပါသည်။ အေး၍ ပထဝီဖြစ်စေပြီး အာကာသဦးဆောင်သော ဆေးဖက်ဝင် ဆေးနည်းများကို သုံးစွဲကြပါသည်။တချို့တိုင်းရင်းဆေးအနာပေါက် ရောဂါကု တိုင်းရင်းဆေး ဆရာများသည် ဖေါ်ပြပါ နည်းစနစ်ကို တိုင်းရင်းဆေးခန်းသုံး ဆေးများကိုလည်းကောင်း၊ ထိုဆေးများကို ဝိဇ္ဇာဓရ ဆေးများဖြင့် တွဲဖက်ပြီး အာနိသင် ထက်မြတ်စေရန် အသုံးပြုကြသည်။ သည်းခြေဆေး (သို့မဟုတ်) အပူငြိမ်း သွေးဆေးနှင့် ဟလ္လိစုဏ္ဏဆေး၊ သေမှ ပုတိက ဆေးသည်းခြေဆေး (သို့မဟုတ်) အပူငြိမ်းသွေးဆေးနှင့် ဝါဠုက အချဉ်ဆေး (သို့မဟုတ်) (၄)ပါးရှောင်ဆေး၊ စတုရင်္ဂ (သို့မဟုတ်) ဟင်းရိုင်းနီ

အပူတလှည့် အအေးတလှည့် ဆေးချက်၊ ဇိရဏ တေဇောဖြစ်စေသော ဆေးချက်

အနာအကြိတ်တို့ကို ရှေးယခင်က ဆေးဖက်ဝင် အရွက်၊ အခေါက်တို့ဖြင့် စည်းအုံ၍ ကုသပေးကြသည်။ ထိုသို့ကုသရာတွင် အအေးကြိတ် အနာများကို အပူဆေးရွက်၊ ဆေးမြစ်၊ ဆေးခေါက်တို့ဖြင့် အုံစည်း လိမ်းကျံ ပေးခြင်း၊ အပူအကြိတ် နာများကို အအေးဆေးရွက်၊ ဆေးမြစ်၊ ဆေးခေါက်တို့ကို အသုံးပြုသော ကုထုံးများ ရှိခဲ့ပါသည်။ ယခု နည်းစနစ်မှာ အနာအကြိတ်များကို ကုသရာတွင် အပူတစ်လှည့်၊ အအေးတစ်လှည့် အသုံးပြု၍ ရုပ်တို့ကို ရင့်ကျက် ပျက်စီး စေသော ဇိရဏတေဇော ဝင်ရောက်လာစေရန် အသုံးပြုသော နည်းစနစ် ဖြစ်ပါသည်။ အနာအကြိတ်တို့ကို ကုသရာတွင် အပူတစ်လှည့် အအေး တစ်လှည့် အသုံးပြု၍ ရုပ်တို့ကို ရင့်ကျက်ပျက်စီးစေသော ဇိရဏ တေဇော ဝင်ရောက် လာစေရန် အသုံးပြုသော နည်းစနစ် ဖြစ်ပါသည်။ အနာအကြိတ်များကို အအေး ဆေးဖက်ဝင်များ ဖြစ်သော ကန်စွန်းရွက်၊ သဘောၤရွက်၊ မန်းသုံးခွရွက်၊ ကျောက်ဖရုံသီး၊ သနပ်ခါးရွက်၊ သနပ်ခေါက်၊ အပူ ဆေးဖက်ဝင်များ ဖြစ်သော တမာရွက်၊ ချင်းစိမ်း၊ ခွေးတောက်ရွက်၊ ကိုရံကြီးရွက်၊ ကွမ်းရွက်တို့ကို တစ်ရက်အတွင်း နံနက်၊ ည တစ်လှည့်စီ (သို့) တစ်ရက်ခြားစီ၊ နှစ်ရက်ခြားစီ စသည်ဖြင့် အပူတစ်လှည့် အအေးတစ်လှည့် အသုံးပြုသော ကုထုံးဖြစ်သည်။အချို့ကုထုံးများတွင် အအေး တစ်လှည့်၊ အပူ တစ်လှည့် စည်းအုံရမည့် အစား အပူဆေး ဖက်ဝင်၊ အအေး ဆေးဖက်ဝင် တစ်ခုခုကို လိုအပ်သလို သင့်ရုံကဲ၍ အပူအအေး (၂)မျိုး စလုံးရောစပ် အသုံးပြုသည့် ကုထုံးများလည်း ရှိပါသည်။ဥပမာ ချဉ်ပေါင်ရွက်နှင့် ဆေးအမှတ် (၄၇) ရှားစောင်း လက်ပတ်နှင့် (၂၉) သို့မဟုတ် (၄၇) ကိုရံကြီး ရွက်ကို ထောပတ်ဆီ လိမ်း၍ ကပ်ခြင်း၊ သောက်ဆေး အနေဖြင့် (၆+၂၃)၊ (၆+၂၄) စသော အကြောင်းကွဲ အကျိုးတူ ဆေးချက်ပေးပြီး ညပိုင်းတွင် လေကြေလေသက် ဆေးချက်များ ပေးကျွေးကုသပါသည်။

ဆေးချက်အပူ-ဓာတ်စာအအေး၊ ဆေးချက်အအေး-ဓာတ်စာအပူ

အနာ အကြိတ်များ လျှင်မြန်စွာ ကြေစေရန် ဝိရောဓိကုထုံး ဖြစ်သည်။ အဓိက အသုံးအများဆုံး ပုံစံမှာ သောက်ဆေး ဥဏှ ပထဝီ အာကာသ ဆေး၊ ဥဏှ အာကာသ ဆေးတိုက်ပြီး ဓာတ်စာကို အေးသက် ပေးကျွေးခြင်း ဖြစ်သည်။ ဥပမာ သောက်ဆေး ၂၃+၂၄ ကို ကျောက်ဖရုံသီး ဟင်းခါး ဓာတ်စာနှင့် တွဲဖက်ခြင်း

ပူမာတင်းကြီး၊ အနာအကြိတ်ဆေးချက်

အနာအကြိတ်နာ၏ အခြေအနေမှာ ကက္ခဠ အခြေအနေဖြစ်ပါသည်။ အတွေ့အထိအားဖြင့်ပူခြင်း၊ မာကြောခြင်း၊ အပူလိမ်းဆေး လိမ်းလျှင်ပိုဆိုးခြင်း၊ ဆေးပူဆေးစပ်စားလျှင် ပိုဆိုးခြင်း လက္ခဏာများ ရှိပါသည်။

ကက္ခဠမှ ဗြူဟနသို့ ဗြူဟနမှ ပဂရဏသို့

ထိုသို့သော ကက္ခဠအခြေအနေတွင် ခ-၄ သို့ တိုက်ရိုက်ကုသမှုသည် ထိရောက်မှု မရှိပါ။ အာပေါဗြူဟန ဖြစ်စေသော ဆေးချက်များဖြင့် အကြောင်းငြိမ်းစေပြီး မုဒုပထဝီ ဖြစ်လာစေရန် လိုအပ်ပါသည်။ မုဒုပထဝီအခြေအနေသည် အာပေါဓာတ်ဝင်ရောက်ပြီး ဗြူဟနသို့ ပြောင်းလဲသော အခြေအနေဖြစ်သည်။ ထိုဗြူဟန အခြေအနေသို့ ရောက်မှ တိုက်ရိုက်ဆေးချက် (ခ-၄) ဆေးချက်ပေးပြီး အနာကြေစေသော ကုထုံး ဖြစ်သည်။

တိုက်ကျွေးသောဆေးများမှာ ပထမအဆင့် အာပေါဗြူဟနဖြစ်စေရန် သောက်ဆေး

သောက်ဆေး - ၁၆+၇၊ ၁၅+၇ စသောအေး၍ ပထဝီဖြစ် လေကြေလေသက်ဆေး၊ ဝမ်းမီးညံ့လျှင် သကြားကဲ အစာကြေဆေး ပေးရမည်။လိမ်းဆေး၊ စည်းဆေး - အာပေါဝင်ရောက်နိုင်သော ဆေးအေးများဓာတ်စာ - အာပေါဗြူဟန ဖြစ်စေသော နွားနို့၊ ထန်းလျက် တို့ကို ကျိုချက်ထားသော ဓာတ်စာဖြစ်ပေါ်လာသော လက္ခဏာ - အနာအကြိတ်အေးလာခြင်း/ အနာပျော့လာခြင်း/ နာကျင်မှု သက်သာလာခြင်း

ဒုတိယအဆင့် အာပေါပဂရဏဖြစ်စေရန်အတွက် သောက်ဆေး

အေးခါး၊ အေးပွင့်ဆေးများဖြစ်သည့် - ဟလ္လိစုဏ္ဏဆေး၊ သနပ်ခါး၊ က္ကဿရမူလီ၊ စူလာနဖာဓာတ်စာ - ကျောက်ဖရုံသီး ဟင်းခါး ဖြစ်ပေါ်လာသော လက္ခဏာများ - အနာအကြိတ် ပျောက်သွားခြင်း (Healing by Resolution) အနာပိန် ကျုံ လာခြင်း၊ အနာပြီထည့်၍ ဖောက်ခြင်း

တတိယအဆင့်

အနာမကြေသေးလျှင် အေးသက်ဆေးဖြင့် ဝမ်းနှုတ်ပေးနိုင်သည်။ အာပေါဓာတ်လွန်သွားပါက အပုတ်ချ ပူသက်ဆေး (၂၆)ဖြင့် ဝမ်းနှုတ်ပေးနိုင်ပါသည်။ အကြိတ်မကြေဘဲ အနာပြီတည်လာပါက ပြီပေါက်စေရန် ပူပွင့်ဆေး ပြောင်းလဲတိုက်ကျွေးရမည်။ သို့ရာတွင် ရက်ရှည် အသုံးမပြုသင့်ပါ။

အနာအကြိတ်ဖြစ်ခါစ၊ အေးကြေသက်ဆေးချက်

အနာအကြိတ် တစ်ခုခုဖြစ်လျှင် ပြီတည်နိုင်သော အနာနှင့် ပြီမတည်နိုင်သော အနာအကြိတ်အဖုဟူ၍ (၂)မျိုး ရှိနိုင်ပါသည်။ ပြီမတည်နိုင်သော အနာအဖု အနုစားတို့သည် သွေး (၃)ရက်၊ လေ (၄)ရက်၊ သည်းခြေ (၅) ရက် စုစုပေါင်း (၁၂) ရက်ပြည့်လျှင် ပျောက်ကင်းသည်ကို တွေ့ရှိရပါသည်။ ပြီတည်သော အနာများသည် ရှေ့ (၁၂)ရက်အပြင် နောက်ထပ်အပုတ် (၆) ရက်စုစုပေါင်း (၁၈)ရက်ကျော်မှ ပြီပေါက်၍ ရောဂါပျောက်နိုင်ပါသည်။ (၁၈)ရက် ကျော်လွန်ပြီး “လ” ချီ၊ “နှစ်” ချီ ကြာရှည်သော ဥတုကျော်အနာ၊ အကြိတ် နာများမှာ အနာဆိုး၊ အကြိတ်ဆိုးများဖြစ်သည်။

အနာအကြိတ်ဖြစ်ကာစ သွေး (၃)ရက်ကာလတွင် အေးသက်အာနိသင်ရှိသော ဝမ်းနှုတ်ဆေး တိုက်ကျွေးဝမ်းနှုတ်ခြင်း၊ အေးကြေသက်ဆေးများ တိုက်ကျွေးခြင်း တို့ဖြင့် အနာအကြိတ် ညှိုးခြောက်ကာ လျှင်မြန်စွာ ပျောက်ကင်းစေနိုင်သည်။ ဥပမာ-ကျောက်၊ ဝက်သက် အကြိတ်ပေါ်ကာစ အချိန်တွင် တိုင်းရင်း ဆေးခန်းသုံး အမှတ် (၈)နှင့် ဆေးအမှတ် (၉)ဖြင့် ဝမ်းနှုတ်ပေးနိုင်သည်။ ဆေးအမှတ် (၆)ကို ကင်ပွန်းချဉ် ပြုတ်ရည်ဖြင့် တိုက်ကျွေးခြင်း၊ ဆားငါးပါး သို့မဟုတ် ၁၁ ပါးဆေးကို နွယ်ချိုကဲဆေးဖြင့် ဆတူစပ်၍ ကင်ပွန်းချဉ် ပြုတ်ရည်ဖြင့် တိုက်ကျွေးကုသနိုင်သည်။ ဘင်္ဂလီဆားခါး၊ မြန်မာဆားခါးတို့ဖြင့် ဝမ်းနှုတ်ကုသနိုင်သည်။

နိဂုံး

ရိုးရာအစဉ်အလာ အနာပေါက် ကုသမှုများသည် ကျယ်ပြန့်ပြီး သိမ်မွေ့နက်ရှိုင်းလှပါသည်။ တင်ပြစရာ အချက်အလက်များ၊ ဖော်ထုတ်ရန် အချက်အလက်များ များစွာကျန်ရှိ နေပါသေးသည်။ အနာပေါက်ကု သမားတော်ကြီး ဆေးရုံအုပ်ကြီးဟောင်း မြန်မာ့နိုင်ငံ တိုင်းရင်းဆေးကောင်စီဝင်ဟောင်း ဆရာကြီး ဦးကျော်စိန်၏ ကုထုံးအချို့ကို ပေါင်းစပ်၍ ကျေးဇူးရှင် ကွယ်လွန်သူ သမားတော်ကြီးအား ဂါရဝပြုလျှက် ဤစာတမ်းငယ်ဖြင့် တင်ပြရခြင်း ဖြစ်ပါသည်။ အနာပေါက်ရောဂါ ကုသမှုတွင် တစ်စိတ်တစ်ဒေသကို အထောက်အကူ ပြုနိုင်ရန် ပြန်လည်ဖော်ထုတ်တင်ပြရင်း နိဂုံးချုပ်လိုက်ရပါသည်။ ဦးဝင်းနိုင်၊ မြန်မာ့တိုင်းရင်းဆေးဆရာအသင်း၊ မန္တလေးတိုင်းဒေသကြီး

နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး

နှလုံး ရောဂါ မျိုးရိုး ရှိတာက အနာ ဂတ်မှာ နှလုံး ကျန်းမာရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် နေပေမယ့် ဘဝ နေထိုင် စားသောက်မှုပုံစံနဲ့ အာဟာရ စားသုံးမှု ဆိုင်ရာ အလေ့အထ တွေကလည်း နှလုံး ကျန်းမာရေးနဲ့ ဆက် စပ်မှုရှိနေပါတယ်။ ဆေးလိပ်ဖြတ်တာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေ ကလည်း နှလုံး ကျန်းမာရေးကို ကောင်းမွန် စေတယ် ဆိုတာ သင်သိပြီးဖြစ်မှာပါ။ နှလုံးကျန်းမာ ရေးအတွက် ကောင်းမွန်ပေမယ့် သင်မ သိသေးလောက်တဲ့ နည်းသုံးမျိုးကို အကြံ ပြု ရေးသား လိုက်ရပါတယ်။

(၁) အမျှင်ဓာတ် မှီဝဲပါ

အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။

(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ

သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။

(၃) ငါးစားပါ

နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။

ရွှေစင်

လေဖြတ် လေငန်းရောဂါနှင့် အပူပိုင်းကာလများ ဆက်စပ်မှု

နိဒါန်း
မြန်မာ့ တိုင်းရင်းဆေး ပညာတွင် “ရာသီ မကိုင် ဆေးမပိုင်နှင့်” အဆို အမိန့်ဖြင့် ရာသီ/နက္ခတ်များ၏ လွှမ်းမိုးမှုကို ရောဂါ ဆုံးဖြတ်ရာတွင် လည်းကောင်း၊ ဆေးဝါး ကုသရာတွင် လည်းကောင်း စနစ် တကျ ဆုံးဖြတ် အသုံးချ ကြသည်။ ထို့ကြောင့်လည်း အယဉ်၊ ဥတု၊ ရတု တို့သည် ပူမှု၊ အေးမှု ဆိုသည့် တေဇောဓါတ်၊ သဘာဝ များကို ဆုံးဖြတ်နိုင်ရန် နည်းစနစ်များ တိကျစွာ သတ်မှတ်ထား ပါသည်။

ထိုဥတု ဟုဆိုသည့် ပူမှု၊ အေးမှု သဘာဝ ကပင် ရုပ်တရားများကို ဖြစ်စေ၊ ပျက်ေ စကြောင်း ပြဆို ထားသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် အပူပိုင်းဖြစ်သည့် တပေါင်း လပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆) လ အတွင်း မွေးဖွားသူ များတွင် လေဖြတ်ဝေဒနာ ခံစားရနိုင် ရာခိုင်နှုန်း များကြောင်းကို မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ လေငန်းဝေဒနာ ရှင်များနှင့် ကျွန်တော် ကုသပေး ခဲ့သော လေဖြတ်ဝေဒနာရှင် များကို မေးမြန်းလျှက် စစ်တမ်းကောက်ယူခြင်းအား သုံးသပ် တင်ပြ သွားမည်ဖြစ် ပါသည်။

ဥတုရာသီ အလိုက် ဒေါသများ ငုပ်ခြင်း ကို ပြဆိုခြင်း
“ဆောင်းနှောင်းနွေဦး၊ ဥတုကူးတွင်၊ နာကြူခြံရံ၊ ဖျားဆက်ဆံမူ၊ ပတ္တံသေမှ၊
ဒိန္နယှဉ်ကြောင်း၊ သိရာကောင်း ၏၊ နွေနှောင်းမိုးစ၊ ဖျားနာရမူ၊ သေမဝါတေ၊
ယှဉ်တွေဖြစ်သည်၊ ထူးလည်းတစ်ကြောင်း၊ ဆောင်းဦးစပ်ထွေ၊ နာမူလေနှင့် သည်းခြေယှဉ်မှု၊
အာဂန္တုတည့်။ ” (နရသုခိ)

မြန်မာနိုင်ငံ ရာသီဥတု အရ တက်ဥတုနှင့် သက်ဥတု ဟူ၍ ခွဲခြား သုံးသပ်ရာ ဝါဆိုလပြည့်ကျော် (၁)ရက်မှ ပြာသို လပြည့်နေ့ အထိ သက်ဥတုဟု လည်းကောင်း၊ ပြာသို လပြည့်ကျော် (၁)ရက်မှ ဝါဆိုလပြည့်နေ့ အထိကို တက်ဥတုဟု လည်းကောင်း သတ်မှတ်သည်။ ပူရာမှ အေးသွားခြင်း၊ အေးရာမှ ပူသွားခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ်သည် ထိုပြောင်းလဲသော အပူအအေး သဘာဝကို လိုက်၍ ပြောင်းလဲပြီး ကျန်းမာခြင်းကို ရရှိသည်။ ထိုအသက်၊ အတက်ကာလများတွင် သက်ဥတု၏ အစပိုင်း ကာလများသည် ပူသော ဝါဆို၊ ဝါခေါင်၊ တော်သလင်း များ ပါဝင်နေ သကဲ့သို့ တက်ဥတု၏ အစပိုင်းကာလများသည် အေးသော ပြာသို၊ တပို့တွဲ၊ တပေါင်း လများ ပါဝင်နေသည်။ ထို့ကြောင့် အပူဆုံးကာလနှင့် အအေးဆုံး ကာလကို ခွဲခြားကြည့်လျှင် တပေါင်းလပြည့်ကျော် (၁)ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆)လကို အပူလများဟု လည်းကောင်း၊ တော်သလင်းလပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်နေ့အထိ (၆)လကို အအေးလ များဟု ယူဆနိုင်ပါသည်။

အထက်ပါ နရသုခိဆရာ၏ အဆိုအရ - ဆောင်းရာသီတွင် သည်းခြေစယဖြစ်ခြင်း (ငုပ်ခြင်း)၊ နွေရာသီတွင် သလိပ်စယဖြစ်ခြင်း (ငုပ်ခြင်း)၊ မိုးရာသီတွင် လေစယဖြစ်ခြင်း (ငုပ်ခြင်း) တို့ကို ဖော်ပြထား ပါသည်။ ခန္ဓာကိုယ်နှင့် ပြင်ပဥတု ညှိနှိုင်းရာတွင် ပြင်ပပူလျှင် ခန္ဓာကိုယ် တွင်းအေး၍ ညှိနှိုင်းသည်။ ပြင်ပအေးလျှင် ခန္ဓာကိုယ်တွင်း ပူ၍ညှိနှိုင်းသည်။ သိပ္ပံအမြင်ဖြင့် ကြည့်လျှင် နွေဥတုတွင် ဇီဝတွင်း ဖြစ်ပျက်ခြင်းနှုန်း (Metabolism) နိမ့်ကျပြီး၊ ကိုယ်တွင်း အပူ ပမာဏ လျော့နည်း သည်။ ထို့အတူ ဆောင်းဥတု၌ ခန္ဓာကိုယ်တွင်း ဇီဝတွင်းဖြစ်ပျက်ခြင်းနှုန်း (Metabolism) မြင့်တက်ပြီး ကိုယ်တွင်း အပူပမာဏ မြင့်တက်သည်။ သို့မှသာ ခန္ဓာကိုယ် သည် မည်သည့် ဥတုတွင်မဆို ပျမ်းမျှအပူချိန် (၉၈.၄) ဖာရင်ဟိုက်တွင် ရပ်တည်ပြီး ကျန်းမာနေမည်ဖြစ်သည်။ ထို့ကြောင့် နရိသုခ ဆရာဆို သကဲ့သို့ ပူသောဥတုတွင် သလိပ်ငုပ် တက်ခြင်း၊ အေးသော ဥတုတွင် သည်းခြေငုပ် တက်ကြောင်း သိရှိရပါသည်။

ပကတိ၏ သဘာဝများ
ပကတိဖြစ်သော အကြောင်းများတွင် အမိ၊ အဖ သုတ်သွေး၊ အမိသားအိမ်၊ ကိုယ်ဝန်ဆောင် ကာလ တွေ့ထိရသော ဥတု၊ ကိုယ်ဝန်ဆောင်ကာလ မိခင်၏ အစား အသောက် အနေအထိုင်ကာလ၊ အတ္တ၊ ကမ္မ ဟူသော အကြောင်း များကို ဘေသဇ္ဇနယ ဆေးပညာမှ ပြဆိုသည်။ ယခုတင်ပြမည့် အကြောင်း အရာတွင် ကိုယ်ဝန်ဆောင်ကာလ ထိတွေ့သော အဓိကဥတု ကို ပြဆိုခြင်းဖြစ်သည်။သန္ဓေသား၏ ခန္ဓာ ကိုယ် အဓိကဖွံ့ဖြိုးရမည့် အဓိက ကာလများတွင် အပူပိုင်း ကာလများနှင့်ကြုံခြင်း၊ အအေးပိုင်း ကာလများနှင့် ကြုံခြင်းကို လေ့လာ ကြည့်ရာ အပူပိုင်း ကာလ များတွင် သလိပ်ငုတ် တက်သောကြောင့် သလိပ်ပကတိဖြင့် မွေးဖွားလာတက်သည်။ အအေးပိုင်း ကာလများတွင် သည်းခြေ ငုတ်တက်သောကြောင့် သည်းခြေ ပကတိဖြင့် မွေးဖွားလာ တက်သည်။ ထို့ကြောင့် သလိပ် ပကတိဖြင့် မွေးဖွား လာသော ကလေးငယ်သည် ပြင်ပ ပူသော ရာသီဥတုနှင့် ထပ်မံထိတွေ့လျှင် ၎င်း၏ ခန္ဓာကိုယ် သည်လည်း ပြင်ပဥတုနှင့် ညှိနှိုင်းရမည်ရာ သလိပ်ဒေါသ စယဖြစ်၍ ညှိနှိုင်း ရမည်ဖြစ်သည်။ သလိပ်ပကတိနှင့် သလိပ်စယ နှစ်မျိုးပေါင်းစုံ၍ သလိပ်ရောဂါ ဖြစ်နိုင်ချေ မြင့်မားနေမှုမှာ တွေးဆနိုင်သည်။ ဒေသနာ ဆေးပညာအမြင် အရ အကြောင်း သီတ ရောဂါများ ဖြစ်နိုင်ချေမြင့်မားမည်ဟု ဆိုနိုင် ပေသည်။

သီတရောဂါ များဖြစ်သော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေငန်းလေဖြတ်ရောဂါတို့သည် ဒေသနာ နည်းအရ သင်္ဂဟိတ အုပ်စုဝင် ရောဂါများဖြစ်သောကြောင့် အပူပိုင်း ကာလတွင် မွေးဖွား သူမျာသည် လေဖြတ်ရောဂါ ပိုမို ဖြစ်နိုင်စရာ ရှိကြောင်း တွေးခေါ် ရရှိသည်။ ထို့နောက်အောက်ပါ အတိုင်း လေ့လာ ကြည့်ပါသည်။

သုတေသနပြုပုံ
မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ အကြော အရိုးအဆစ် ကုသရေး ဌာနတွင် တက်ရောက် ကုသနေသော လူနာများနှင့် ကျွန်တော် ကုသပေး ခဲ့သော လေဖြတ်ဝေဒနာ ရှင်များကို မွေးလများ မေးမြန်း၍ မှတ်တမ်းပြုစု ထားခြင်း ဖြစ်ပါသည်။ သုံးသပ်ချက် အထက်ဖော်ပြပါ လေဖြတ်ဝေဒနာရှင် (၇၁) ဦးအား အပူပိုင်း (၆)လတွင် မွေးဖွားသူ (၆၀)ဦးနှင့် အအေးပိုင်း (၆)လတွင် မွေးဖွားသူ (၁၁)တို့ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လေဖြတ်ဝေဒနာ ဖြစ်နိုင်ချေအား ရာခိုင်နှုန်း တွက်ချက် ကြည့်ရာ အောက်ပါ အတိုင်း တွေ့ရှိရ ပါသည်။ အပူပိုင်း (၆)လတွင် မွေးဖွား သူသည် ယခုပြဆိုသော လူနာ (၇၁)ဦးအနက် ၈၅.၈% ရှိကြောင်း တွေ့ရှိရ၍ အအေးပိုင်း (၆)လတွင် မွေးဖွားသူသည် ယခုပြဆိုသော လူနာ (၇၁)ဦးအနက် (၁၄.၂%)သာ ရှိကြောင်းတွေ့ ရှိရပါ သည်။ ထို့ကြောင့် အထက်ပါ လူနာ (၇၁)ဦး၏ တွက်ချက်မှုအရ တပေါင်း လပြည့်ကျော် (၁) ရက်မှ တော်သလင်း လပြည့်အထိ အပူလ (၆)လ အတွင်း မွေးဖွားသူ များသည် လေဖြတ်ဝေဒနာ ဖြစ်နိုင်ချေများကြောင်း အကြမ်းအားဖြင့် တွေ့ရှိရပါသည်။ဤတွက်ချက်မှုဖြင့် ဆက်နွယ် လျက် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်ရာတွင် အထောက်အကူ အဖြစ် မိမိမွေးလများကို ကြည့်ရှု့၍ ကံ၊ စိတ်၊ ဥတု အာဟာရများကို သင့်တင့် မျှတစွာ နေထိုင်ခြင်းဖြင့် လေဖြတ် ဝေဒနာများ အတွက် ကြိုတင် ကာကွယ် ဟန့်တားနိုင် ပါကြောင်း ဤလူနာ (၇၁)ဦး (ယခု သုတေသနသည် လူနာ အရေ အတွက် နည်းသေး သဖြင့် ပိုမိုများပြား ကျယ်ပြန့်စွာ ပြုလုပ်နိုင်လျှင် ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း အကြံပြု တင်ပြ အပ်ပါသည်။)

ကျေးဇူးတင်လွှာ
ဤ (CTME) အစီအစဉ်ကို ဖြစ်မြောက်အောင် ကျင်းပပေးသော မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း (မန္တလေး တိုင်းဒေသကြီး) အသင်းခွဲနှင့် တိုင်းရင်းဆေး တက္ကသိုလ်တို့အား လည်းကောင်း၊ Sponsor အဖြစ် ပံ့ပိုး ကူညီပေးသော ဒေါက်တာမြသောင်း အောင်သုခ တိုင်းရင်းဆေးတိုက် အား လည်းကောင်း၊ အသေးစိတ် ကြီးကြပ်ပေးပါသော ဦးဝင်းမြင့်၊ ကထိက/ဌာနမှူး၊ ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ် အားလည်းကောင်း၊ မန္တလေး သင်ကြားရေး တိုင်းရင်းဆေးရုံကြီးမှ လေဖြတ်ဝေဒနာ ရှင်များ ကို မေးမြန်းခွင့်ပြုပါသော ဆေးရုံအုပ်ကြီး ဦးမြင့်အောင်နှင့် အကြော အရိုး အဆစ် ဌာန တာဝန်ခံ၊ ဌာနမှူး၊ ဦးမောင်မောင်သက်အား လည်းကောင်း၊ ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးပါသော ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ အားလည်းကောင်း၊ အခြား ကျေးဇူးတင်ထိုက်သူ အားလုံး အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ 
ဦးလှဝင်းမျိုး၊ နည်းပြ၊ ဦးဝင်းမြင့်၊ ကထိက/ ဌာနမှူး၊ ဆေးပညာဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်။

ရေနွေးကြမ်းနှင့် လူသား

ကျွန်မ မောင်လေး ဖြိုးငယ်က ရေနွေးကြမ်းသောက်ခြင်း ရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ရေးပေးပါလို့ ပြောထားပေမယ့် အကြောင်း အမျိုးကြောင့် နှောင့်နှေးရင်း အခုမှ ရေးပေးဖြစ်ပါတယ်။

လူသားတိုင်းဟာ လူမျိုးအလိုက် လက်ဘက်ရည်ကို သောက်သုံးခဲ့ကြတာ နှစ်ပေါင်း အတော်ကြာကတည်းကဖြစ်ပြီး အရှေ့တောင် အာရှနိင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း လက်ဘက်ရည်ကြမ်း (ရေနွေးကြမ်း) ကို နေရာအတော်များများမှာ အရေးတယူသောက်သုံးကြတာကိုတွေ့ရပါတယ်။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အတန်အသင့် သောက်သုံးမယ်ဆိုရင် အကျိူးဆက်ပေါင်းများစွာ ရရှိနိုင်ပေမယ့်လည်း အလွန့်အကျွံ သောက်သုံးမိမယ်ဆိုရင်လည်း ဘေးထွက်ဆိုး များဖြစ်နိုင်ကြောင်း တွေ့ရှိနိုင်တယ် ။

ရေနွေးကြမ်းကို သောက်သုံး ခြင်းဖြင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

၁။ ရေနွေးကြမ်းနှင့် ကင်ဆာ

ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည် ဂရိတ်ဖရုသီး ၊ ဝိုင်တို့တွင်ပါဝင်သောပမာဏ ထက်ပိုများပြီး သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို တိုးစေခြင်း ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဦးဏှောက်သွေးကြောပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သော အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကိုဖြစ်ပေါ်စေသည် ။ ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဦးဏှောက်သွေးကြောပိတ်မှုရောဂါများ ဖြစ်ပွားမှုနှုန်းကို ကျဆင်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။

၃။ရေနွေးကြမ်းနှင့် အဆီဓါတ်

ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုး ဖြစ်စေသော အဆီများကို တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။

၄။ ရေနွေးကြမ်းနှင့် အသည်း

ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော ၊ ဆေးလိပ်ကြောင့်ဖြစ်သော ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်

ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို ပိုမိုပြင်းထန်လောင်ကျွမ်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။

၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ

ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း ၊ အင်ဆူလင်၏ အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။

၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့

ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင် ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ခံတွင်းရနံ့ဆိုးစေသော အခြားအကြောင်းအရင်းများမှာ

၁။ ပါးစပ်ခြောက်ခြင်း၊

၂။ အသားဓါတ်ပါသော အစာများ၊ သကြားဓါတ်ပါသော အစာများကိုစားသုံးခြင်း၊

၃။ ဆေးလိပ်သောက်ခြင်း၊

၄။ သွားပိုးစားခြင်းနှင့် ခံတွင်းနှင့်ဆိုင်သော ရောဂါများ၊

၅။ နှာခေါင်း နှင့် ယင်း၏ အနီးတဝိုက်တွင် ရောဂါပိုးဝင်ခြင်း တို့ ဖြစ်သောကြောင့် ထိုသို့သော လက္ခဏာရှိသူများသည် ခံတွင်း၏ အပေါ်ယံအမြှေးပါးများကို ခြောက်ခန်းစေပြီး ပိုးများကိုပိုမိုပေါက်ဖွားစေသော ငုံဆေးများကိုသုံးမည့်အစား ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းသင့်ပါတယ်။

၈။ ရေနွေးကြမ်းနှင့် သွေးတိုးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechins သည် သွေးကြောများကို ကျုံ့စေခြင်းဖြင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အင်ဇိုင်းတမျိုး၏ လုပ်ငန်းများကို နှောင့်နှေးစေခြင်း၊ သက်ဆိုင်ရာ အစိတ်အပိုင်းများသို့ သွေးရောက်ရှိမှုကို နည်းပါးစေပြီး အသက်ဆုံးရှုံးသည် အထိ လူသားတို့အားဒုက္ခပေးတတ်သော သွေးကြောများ၏ နံရံတွင် ကပ်၍နေတတ်သော အဆီများကိုလျော့ ကျစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ ရေနွေးကြမ်းနှင့် တုတ်ကွေးရောဂါ

ရေနွေးကြမ်းတွင် ပါဝင်သော tannin သည် တုတ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုး၏ လုပ်ငန်းဆောင်တာများကို ဟန့်တားပေးပါတယ်။

၁၀။ ရေနွေးကြမ်းနှင့် သွားပိုးစားခြင်း

ရေနွေးကြမ်းတွင် ပါဝင်သော သဘာဝဖလူအိုရင်း (fluorine) သည် သွားများ၏ အပေါ်ယံလွှာကို ပိုမိုခိုင်မာစေခြင်း၊ ၊သွားများ၏ အခေါင်းများထဲတွင် ကျက်စားနေတတ်သော ပိုးများကို သေစေနိုင်သောကြောင့် သွားပိုးစားမှုကို လျော့ကျစေခြင်း တို့ကိုဖြစ်စေပါတယ်။

၁၁။ ရေနွေးကြမ်းနှင့် အရိုးပွရောဂါ

အသက်ကြီးသော အမျိုးသားများနှင့် မီးယပ်သွေးဆုံး အမျိုးသမီးများတွင် ဖြစ်ပေါ်တတ်သော အရိုးပွခြင်း ကာကွယ်ရန်

၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း

၂။ တနေ့လျှင် Vitamin D 400I U သောက်သုံးပေးခြင်း

၃။ တိရစ္ဆာန်များမှ ရသော အသားဓါတ်သည် ခန္ဒာကိုယ်တွင် ရှိသည့် ထုံးဓါတ်ပမာဏကိုလျော့ကျစေသဖြင့် ယင်းအစား ပဲနို့ကိုသောက်သုံးပေးခြင်း

၄။ နေ့စဉ် ယမကာသောက်သုံးသည့် ပမာဏကို လျှော့ချပေးခြင်း

၅။ တနေ့လျှင် ရေနွေးကြမ်း ၃ခွက် သို့မဟုတ် ၃ခွက်ထက်ပို၍ သောက်သုံးခြင်းကို ပြုလုပ်သင့်ပါတယ်။

၁၂။ ရေနွေးကြမ်းနှင့် လန်းဆန်းမှု

ရေနွေးကြမ်းတွင် ကာဖင်းဓါတ် ၅-၁.၂% ပါဝင်နေသောကြောင့် အတန်အသင့် သောက်သုံးပါက အာရုံစူးစိုက်မှုကို ပေးခြင်း၊ နိုးကြား လန်းဆန်းစေခြင်းကိုဖြစ်စေပါတယ်။

၁၃ ။ ရေနွေးကြမ်းနှင့် ဝမ်းလျှောရောဂါ

ထို့အပြင်ရေနွေးကြမ်း ကို ဝမ်းလျှောနေသူများအတွက် ဝမ်းပိတ်စေရန်အလို့ငှာ တိုက်ကျွေးနိုင်ပါတယ်။

ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့်ရရှိနိုင်သော ဆိုးကျိုးများမှာ

၁။ရေနွေးကြမ်းနှင့် ဂဏာမညိမ်ခြင်း

ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော ကာဖင်း၏ ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့် ရသော အကျိုးဆက်များဖြစ်တဲ့

၁။ အသက်ရှုမြန်ခြင်း၊

၂။ နှလုံးခုန်မြန်ခြင်း၊

၃။ ခေါင်းကိုက်ခြင်း

၄။ သွေးပေါင်ချိန်တက်ခြင်း

၅။ နှလုံးခုန်မမှန်ခြင်း

၆။ အိပ်မပျော်ခြင်း

၇။ စိတ်ပူပန်တတ်ခြင်း

၈။ ဂဏာမညိမ်ဖြစ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။

၂။ ရေနွေးကြမ်းနှင့် အစာစားလိုစိတ်

ရေနွေးကြမ်းတွင် အဓိက ပါဝင်သော ဓာတုပစ္စည်းမှာ Tennin ဖြစ်ပြီး ၎င်းကို သားရေများကို မာစေရန်အလို့ငှာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းကို သောက်သုံးမိသည့် အခါတွင်လည်း tennin သည် အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ရှိ အမြှေးပါးများကို မာကျော ခြောက်သွေ့ေစေပြီးလျှင် အစာမကျေခြင်း၊ အစားပျက်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ရေနွေးကြမ်းနှင့် သွေးအားနည်းရောဂါ

Tennic acid သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေသောကြောင့် ရေနွေးကြမ်းကို အမြောက်အများသောက်သုံးပါက သံဓါတ်နည်းမှုကြောင့်ဖြစ်ပေါ်သော သွေးအားနည်းမှုကို ခံစားရစေနိုင်ပါတယ်။

၄။ ရေနွေးကြမ်းနှင့် မှိုအန္တရာယ်

ရေနွေးကြမ်းပြုလုပ်မည့် လက်ဘက်ခြောက်ကို ခြောက်အောင်ပြုလုပ်သည့် အဆင့်ဆင့်တွင် သန့်ရှင်းမှုကိုလိုက်၍ မှိုစွဲကပ်ခြင်းများ ဖြစ်ပေါ်စေသောကြောင့် ၎င်းမှိုများအလိုက် လူသားတို့အား အန္တရာယ်ပေးနိုင်ပါတယ်။





ရေနွေးကြမ်းကို အလွန်အကျွံမသောက်သုံးသင့်သူများမှာ

၁။ အစာအိမ်ရောဂါကြောင့် ရင်ပူတတ်သူများ

၂။ စိတ်ဖိစီးမှုများသူများ

၃။ အိပ်မပျော်သူများ

၄။ hyperthyroid ရောဂါရှိသူများ

၅။ သွေးကျဲဆေးသောက်ထားရသူများ ပဲဖြစ်ပါတယ် ။

ကဲ.. မောင်လေး ဖြိုးငယ်လည်း ကျေနပ်နိုင်ပါလိ့မ်မယ်လို့ထင်ပါတယ်…။ အားလုံးသိကြတဲ့ အတိုင်း ကျမ မွန်းသက်ပန် ဟာ ရေနွေးကြမ်းဆိုင်ရာ ကျွမ်းကျင်သူ တယောက် မဟုတ်လို့ ကျမတင်ပြမှုများမှာ လိုအပ်တာများရှိရင် ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။ အကျိုးအကြောင်း ဆီလျှော်တဲ့ ဝေဖန်မှုများကို ကြိုဆိုလျှက်ပါ…

မွန်းသက်ပန် (ဆေး-၁)

ချောကလက် ပိုမိုစားရန်အံ့သြစရာကောင်းသောအကြောင်းရင်း(၃) ချက်

ချောကလက်၏ သာလွန်ကောင်းမွန်သော အစွမ်းများထဲမှ များစွာတို့ကိုကောင်းစွာသိရှိကြသည်။ သို့သော် လူသိပ်မသိသော ၎င်း၏ ကျန်းမာရေးဂုဏ်သတ္တိများနှင့် ပတ်သက်လို့ကရော မည်သို့နည်း။ မကြာသေးခင်က လေ့လာမှုများက ချောကလက်စားသုံးခြင်းသည် နှလုံးကျန်းမာရေးမှစ၍ သင့်ကို ပိန်ပိန်ပါးပါးထားရှိခြင်းအထိ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ထောက်ပံ့ပေးနိုင်သည်။
ချောကလက်က မျက်စိအမြင်ကို ပိုမိုကောင်းစေသည်
၂၀၁၀ ပြည့်နှစ်တွင် ဗြိတိသျှလေ့လာသူများက အရွယ်ရောက်သူ လူငယ်များကို ချောကလက် အမည်းနှင့် အဖြူတစ်ခုခုကို စားခိုင်းကြသည်။ ထို့နောက်သူတို့၏ မျက်စိအမြင်ကို စမ်းသပ်ကြသည်။ပြန်လာကြပြီး အခြားချောကလက်အမျိုး
အစားကိုစား၍ စမ်းသပ်မှုကို ပြန်လုပ်ကြသည်။ ချောကလက်အဖြူနှင့် ယှဉ်လျှင်ချောကလက်အမည်းများက စမ်းသပ်ချက်
ရလဒ် အမှတ်များ ပိုမိုမြင့်နေသည်ကိုလေ့လာသူများ တွေ့ရှိကြသည်။မျက်စိအမြင်အပေါ် ချောကလက်၏ အကျိုးသက်ရောက်မှုက အသက်ပိုကြီးသော အရွယ်ရောက်သူများတွင် ပိုမိုကြီးမားနိုင်သည်ဟု စာရေးဆရာများက ထင်မြင်ချက်ပေးကြသည်။

အကြံပေးချက်
သင် ချောကလက်တောင့် တစ်တောင့် ဝယ်တော့မည်ဆိုလျှင် ကိုးကိုး ၇၂ ရာခိုင်နှုန်းနီးပါးရှိသော
ချောကလက်ကို ရွေးချယ်ပါ။ တစ်နေ့လျှင်ချောကလက် အောင်စတစ်ဝက် (သို့)ချောကလက်အများစု၏ ၂ လက်မ ပတ်လည်ခန့် စားပါ။
 
ချောကလက်က သင့်၏အသားအရေကိုကာကွယ်သည်
၂၀၀၆ ခုနှစ်တွင် ဂျာမန်လေ့လာမှုတစ်ခုက မည်းနက်သော ချောကလက်ထဲမှဖလေဘွန်နဲလ်သည်အရေပြားကိုUV
အလင်း၏အန္တရာယ်မှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဗြိတိန်မှ ၂၀၀၉ခုနှစ် လေ့လာမှုတစ်ခုက အလားတူရလဒ်ကို တွေ့ရှိခဲ့သည်။ သို့သော် သင်၏အရေပြားကို ကာကွယ်ရန် လိုအပ်သောဖလေဘွန်နဲလ်အဆင့်ကစံချိန်မီ ချောကလက်အများစုတွင်
တွေ့ရသောဖလေဘွန်နဲလ်၏အဆင့်ထက်ပိုမိုမြင့်မားသည်ကိုသတိပြု
မိကြသည်။ လေ့လာမှုတွင် အသုံးပြုသော ဖလေဘွန်နဲလ်မြင့်သည့် အထူးသီးသန့် ချောကလက်က သွေးလည်ပတ်မှုနှင့် အရေပြားစိုစွတ်မှုကို မြှင့်တင်ပြီး၊ အသားအရေကိုပိုမို ကျန်းမာ၍ကြည့်ကောင်းအောင် လုပ်ပေးသည်။

အကြံပေးချက် -

ချောကလက်တောင့်ကို ရွေးချယ်သောအခါ ဖြစ်နိုင်သမျှ ပါဝင်ပစ္စည်းအနည်းဆုံး ချောကလက်ကိုရှာပါ။ သကြားများသော ချောကလက်ကို မလိုချင်ပါနှင့်။ ကိုကိုး အများဆုံး ချောကလက်ကိုရှာပါ။

ချောကလက်က သင်၏နှလုံးကိုအကူအညီပေးသည်

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှဆေးဘက်ဆိုင်ရာ ဂျာနယ်ထဲ၌ ဖော်ပြခဲ့သော အဆင့်မြင့် လေ့လာစစ်ဆေးမှု တစ်ခုကချောကလက် စားသုံးခြင်းသည် နှလုံးသွေးကြောရောဂါအမျိုးမျိုးဖြစ်နိုင်မှု အန္တရာယ်ကို ၃ ပုံ၊ ၁ ပုံ လျှော့ချကြောင်း တွေ့ရှိသည်။
သီးခြားလေ့လာမှုများက ချောကလက်သည် သွေးတိုးနှုန်းကို လျှော့ချနိုင်ပြီး သွေးကြောကျန်းမာရေးကို မြှင့်တင်နိုင်၍ သွေးသကြားကို ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရှိသည်။

အကြံပေးချက်

ကျန်းမာရေး အပိုဆုများကို လိုချင်ပါသလား။ ချယ်ရီ၊ ဗာဒမ်သို့မဟုတ် ချင်း ပါရှိသော ချောကလက်အမည်း အနည်းငယ်ကို စားပါ။ ကျန်းမာရေးညီညွတ်သော အခြားပါဝင်ပစ္စည်းပေါင်းစပ်ထားသော ချောကလက်မှ အာနိသင်ပေါင်းစုံကို သင် ရရှိလိမ့်မည်။

မင်းသုတ