အကယ်၍သင်ဟာနေ့စဉ်ကယ် လိုရီများများပါတဲ့ အစားအစာတွေ စားပြီးလေ့ကျင့်ခန်းပုံမှန်မလုပ်ဘူးဆို ရင်တော့ ဝလာတာမထူးဆန်းပါဘူး။ ဒါပေမယ့်သင်ဘာတွေကိုပဲနေ့စဉ်လုပ် နေရင်ကိုယ်အလေးချိန် တက်လာစေ တယ်ဆိုတာသိသင့်ပါတယ်။
၁။ ကောင်းစွာမအိပ်ခြင်း
ကောင်းစွာမအိပ်ခြင်းကြောင့် ဝိတ်တက်စေတာ အချက်(၂)ချက်ရှိ ပါတယ်။ တစ်ချက်ကတော့နောက်ကျ မှ အိပ်လျှင် ညဖက်အစာစားဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။နောက် တစ်ချက်ကအိပ်ရေးပျက်ရင်ဟော်မုန်း ပြောင်း၍ ဆာလောင်မှုကို တိုးပွားစေ ပါတယ်။
၂။ စိတ်ဖိစီးမှု
စိတ်ဖိစီးမှုကြောင့် "Cortisol"
လို့ခေါ်တဲ့ဟော်မုန်းထွက်ပြီး ၎င်းကဆာ လောင်မှုကိုအားပေးပါတယ်၊ဒါကြောင့် စိတ်ညစ်ရင်အစားပိုစားတတ်ပါတယ်။
၃။ စိတ်ကျ၍ သောက်သောဆေး
(Antidepressants)
၎င်းဆေး၏ ဘေးထွက်ဆိုးကျိုး တစ်ခုကတော့ရေရှည်သုံးစွဲသူ၏၂၅% က ဝိတ်တက်လာပါတယ်။ အကယ်၍ သင်ဟာ၎င်း ဆေးများသောက်၍ ဝိတ် တက်လာသည်ဟုထင်ပါက သင်၏ ဆရာဝန်ကိုဆေးပြောင်းပေးဖို့ပြောပါ။ ဒါပေမယ့် ၎င်း ဆေးသောက်ပြီး စစ ချင်းဝိတ်တက်လာတာတော့ မဆန်းပါ ဘူး။ စိတ်ကျသူတွေဟာ အစာစားမှု နည်းပြီးဆေးသောက်လိုက်၍ ပုံမှန် အတိုင်း စားသောက်သောကြောင့် ဝိတ်ပြန်တက်လာတာပါ။
၄။ စတီးရိုက် (Steroid) ဆေး
Prednisolone ကဲ့သို့သော Sterod ဆေးဟာ ကိုယ်တွင်းအရည် များထိန်းသိမ်းထားခြင်း၊
အစာစားစေ ခြင်းတို့ကြောင့်ဝိတ်တက်လာပါတယ်။ သို့သော်ဝိတ်တက်စေမှုအနည်းအများ ကတော့ဆေးပမာဏနှင့်သုံးစွဲချိန်ကြာ မြင့်မှုတို့အပေါ်မူတည်ပါတယ်။
၅။ ဝစေတတ်သောရောဂါ
ဥပမာ - Cushing's syndrome မမျိုးဥတွင် အရည်အိတ်များ ဖြစ်စေ သော ရောဂါလက္ခဏာစု (PCOS)
Cushing's syndrome ဆို တာ အထက်မှာ ဖော်ပြထားတဲ့ Cortisol ဟော်မုန်းအထွက်များလို့Steroid ဆေးတွေ ရေရှည်သုံးစွဲလာ လို့ဖြစ်တဲ့ရောဂါပါ။ PCOS ကတော့ အမျိုးသမီးလူလတ်ပိုင်းတွေမှာ ဖြစ် တတ်ပါတယ်။ဟော်မုန်းမညီမှုကြောင့် ဓမ္မတာမလာခြင်းနှင့်အတူအမွှေးအမျှင် များလာခြင်း၊ ဝက်ခြံထွက်လာခြင်း၊ ဓမ္မတာမမှန်ခြင်းတို့နဲ့တွဲတတ်ပါတယ်။
၆။ ဆေးလိပ်
ဆေးလိပ်မှာပါတဲ့ နီကိုတင်းဟာ သင့်ခန္ဓာကိုယ် ဇီဝဖြစ်စဉ်၏ ချေဖျက် မှုကို လျော့နည်းစေပါတယ်။
အဆီများသော အစားအစာ အချိုများသော အစားအစာကို ပိုမို စားသုံးစေပါတယ်။
အကယ်၍ ဝိတ်တက်လာလျှင် - ယခုသောက်နေသော ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မရပ် လိုက်ပါနှင့် ယခုသောက်နေသော ဆေးသည် သင့်အတွက် မည်မျှအရေး ကြီးသည်ကို သတိပြုပါ။
ဆေးတွေ၏ ဘေးထွက်ဆိုးကျိုး သည် အခြားလူနှင့် ယှဉ်၍မရပါ။ အခြားလူတွင် ဝိတ်မတက်ပေမဲ့ မိမိတွင် ဝိတ်တက်စေတတ်ပါတယ်။
ဆေးကြောင့် ကိုယ်တွင်းအရည် များထိန်းသိမ်းထား၍ ဝိတ်တက်လာ သည်ဟုဆိုသော်လည်း မကြောက်ပါ နှင့် ဒါဟာ အမြဲတမ်းမဖြစ်ပါဘူး။ သင့်ရောဂါကြောင့် ဆေးသောက်ပြီး (သို့)ဆရာဝန်၏ညွှန်ကြားချက်အတိုင်း လိုက်နာသွားလျှင် နဂိုအတိုင်း ပြန်ဖြစ် နိုင်ပါတယ်။ ဆားပါဝင်မှုနည်းသော အစားအစာများ စားသုံးပါ။
ရဲထွေး
GOOD HEALTH
No comments:
Post a Comment