အသုံးပြုပုံ-
အမြစ်
၁။ အမြစ်ကို သွေးလိမ်းသော် မြွေ၊ ကင်း စသည့် အဆိပ်များ ပြေစေ၏။
၂။ အမြစ်မှုန့်နှင့် ဂျုံပြာ၊ ဆား ဆတူ ရောစပ်၍ ရေနွေးနှင့် သောက်ခြင်း၊ အဆစ်ရောင်သော နေရာများ၌ လူးပေးခြင်းဖြင့် ကိုယ်လက် ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်း ပျောက်၏။
၃။ သွေးဝမ်းသွားခြင်း၊ အစာ မကြေ လေရောဂါ နှင့် ဝမ်းကြောများ တင်းရောင်ခြင်း တို့အတွက် အမြစ်မှုန့် ၂ ဆကို ချင်းခြောက်မှုန့် ၁ ဆ နှင့် တစ်နေ့ ၂ ကြိမ်ကျ သောက်သော် ပျောက်၏။
၄။ အမြစ်ကို သွေး၍ သောက်ခြင်း၊ လျှာကို ပွတ်ပေး ခြင်းဖြင့် ငန်းဖမ်းခြင်း နှင့် နှုတ်ခမ်း၊ မေး၊ ပါး၊ လျှာ၊ အာလေးခြင်း များပျောက်၏။
၅။ အမြစ်မှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ကို ဆားစိမ်း အနည်းငယ် ရော၍ ရေနွေးနှင့် သောက်သော် ဥတုသွေး ထိန်ချုပ်ခြင်း ပျောက်၍ မှန်စေ၏။
၆။ ကလေးသူငယ်များ သူငယ်နာ ဝမ်းပျက်၍ အဖျား ဝင်လာသော် အရွက် သို့မဟုတ် အမြစ်ကို သွေး၍ လျှာကို အနည်းငယ်မျှ ပွတ်ပေးသော် ပျောက်၏။
၇။ ထို့ပြင် ဣဿရ မူလီအမြစ်ကို သားဖွားလွယ်ဆေး၊ မီးယပ် အကွက် ပျောက်ဆေး၊ အဖျား ဖြတ်ဆေး အဖြစ် ဖော်စပ် သုံးနိုင်၏။ ကလေး သူငယ်များ လည်ချောင်း အတွင်း၌ အပူဖု၊ အပူအိတ် များပေါက်လျှင် ဣဿရ ပဉ္စငါးပါး ညှစ်ရည်ကို အရွက်နှင့် မျှ၍ တိုက်ခြင်းဖြင့် ပျောက်ကင်းစေ၏။
အရွက်
၁။ အရွက် ညှစ်ရည်ကို ဆာမီးဖုတ် အနည်းငယ်နှင့် နံနက် ည တစ်ကြိမ်စီ သောက်ပေးပါက ရေဖျဉ်း ရောဂါနှင့် ချောင်းခြောက် ရောဂါ ပျောက်၏။
၂။ ဣဿရ မူလီ အရွက် ၂ ရွက် ၃ ရွက်ခန့်ကို ငရုတ်ကောင်း ၈ စေ့ ၁၀ စေ့ ခန့်နှင့် ညက်အောင် ကြိတ် ၊ အဝတ်နှင့် စစ်ပြီး ၁၅ မိနစ် တစ်ကြိမ်ကျ သောက်က မြွေဆိပ်နှင့် တကွ အခြားသော တိရစ္ဆာန် ဆိပ်များ ပြေပျောက်စေ၏။ ယင်းဆေးရည်ကို အတွင်းဆေး အပြင်ဆေး အပြင် အအေးမိ အအေးပပ်၍ တစ်ကိုယ်လုံး သွေးကြော လေကြောများ အားနည်းပြီး ရေခဲတုံး ပမာ အေးစက် သတိလစ်နေသော ရောဂါသည် များကို တိုက်ကျွေး အသုံးပြုက သွေးလေကြောများ လှုပ်ရှား နိုင်ပြီး သတိ ပြန်လည် ရရှိ စေနိုင်၏။

No comments:
Post a Comment