အသုံးပြုပုံ-
ပဉ္စငါးပါး
၁။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ်ပဉ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။
၂။ အဖု အပိမ့်များ ဖြစ်ပေါ်၍ ယားယံလျှင် ကောက်ရိုးနွယ် အရည်ကို ညှစ်၍ သုတ်လိမ်းပေးက ပျောက်၏ ။
၃။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကိုငုံပေးလျှင်ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်း များကို ဖန်ရေဆေး ပေးနိုင်သည်။
၄။ အမြစ်သည် ဝမ်းသက်စေသဖြင့် ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
၅။ အဖု ၊ အကျိတ် ၊ အနာများအတွက် အရွက်ကို ကြိတ်၍ ပတ်တီးစည်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။

No comments:
Post a Comment