အသုံးပြုပုံ-
အမြစ်အုံ
၁။ အမြစ်အုံ ကို ပြုတ်သောက် ခြင်းဖြင့် ဆီးကို စင်ကြယ် စေ၏။ ညောင်းကျ ရောဂါနှင့် အသားအရေ ယားယံခြင်းကို ပျောက်ကင်း စေပြီး ရာသီသွေး ကိုလည်း ကျဆင်းသည်။
၂။ အလိုကျူ ပြုတ်ရည်တွင် ကြွေပုပ်မှုန့် ထည့်ဖျော် သောက်ပါက အမျိုးသမီးများ ရိဖြူ ရိနီ ကျဆင်းခြင်း ပျောက်၏။
၃။ အလိုကျူ ရွက်ခြောက်ကို လက်ဖက်ခြောက် ရော၍ သောက်ပါက ကာမအားကို ဖြစ်စေ၏။ သွေးအန် သွေးကျ ရောဂါနှင့် အညောင်း အညာ အကိုက်အခဲ များကိုလည်း ပျောက်ကင်းစေပြီး နှုတ်ကို မြိန်စေ၏။
၄။ အလိုကျူသည် ဆီးကောင်း စေတတ်သဖြင့် ဆီးဆေး များစွာ တို့တွင် ထည့်သွင်း အသုံးပြုရ၏။ အထူးသဖြင့် ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ကိုက်ခဲသော ရောဂါ၊ ဆီးအောင့် ရောဂါ၊ ဆီးနီ၊ ဆီးဝါ၊ ဆီးကျန်ခြင်းနှင့် ဒူလာသွေးဝမ်း ၊ မီးယပ် သွေးဝမ်း ရောဂါများ အတွက် အလိုကျူ ၁၀ ဆကို ကြွေပုပ် ၅ ဆ၊ သိန္ဓော ၂ ဆ၊ ဆင်နှာမောင်း ၅ ဆ၊ လိပ်ကျောက်ဆူး ၁ ဆ တို့နှင့် ရော၍ အခြောက်လှန်း အမှုန့်ပြု ကွမ်းသီးခန့် လုံး၍ နံနက်ည တစ်ကြိမ်စီ သောက်သုံးပါက ရောဂါများ ပျောက်ကင်း ချမ်းသာစေပြီး လူကို ကျန်းမာ ရွှင်လန်း ဝဖြိုးစေ၏။

No comments:
Post a Comment