အသုံးပြုပုံ-
အရွက်
၁။အရွက်အမှုန့်ကို ထန်းလျက်နှင့်ရောစားသော် ဝမ်းတွင်းရှိတုတ်ကောင်၊ သန်ကောင်များ ကျဆင်းလာမည်။
၂။အရွက်မှုန့်ကို အနာ၌ဖြူးပေးလျှင် အနာတွင်ရှိသော ပိုးများသေ၍ အနာပျောက်၏။
၃။အရွက်မှုန့်ကို သံပရာရည်နှင့် နားတွင် ကျပ်ပေး ထည့်ပေးသော် နားကိုက်၊ နားနာ ပျောက်၏။
မြစ်ဥ
၁။ဆီမီးတောက်မြစ်ဥကို စင်ကြယ်စွာ ဆေးကြော၍ ရေနှင့်ကြိတ်ပြီး ချက်နှင့် သားအိမ်ပေါ်တွင် လိမ်းပေးပါက လျင်မြန်လွယ်ကူစွာ သားဖွားနိုင်၏။
၂။တစ်စုံတစ်ရာ ထိခိုက်မိ၍ ကိုယ်ခန္ဓာ တစ်နေရာရာ၌ ရောင်ရမ်းခဲ့ သော် ဆီမီးတောက်ကို သွေးလိမ်းပေးက ပျောက်၏။
၃။ဆီမီးတောက်ဥကို အမှုန့်ထောင်း၍ ရေနှင့်စိမ်သောက်ပါက ညောင်းကျရောဂါ ပျောက်၏။
မှတ်ချက်။။ ဆီမီးတောက်ဥတွင် ပြင်းထန်သော အဆိပ် ပါရှိသည့်အတွက် ကျွမ်းကျင်သော သမားတော်ကြီးများ၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည်။

No comments:
Post a Comment