အသုံးပြုပုံ-
မြေအောက်ပင်စည်
၁။ လင်းလေ အကြီး နှင့် အငယ် ရှိသည့် အနက် ဆေးသုံး အဖြစ် အကြီးကို သုံး၏။ လင်းလေ အမြစ်ကို ကျိုသောက်ပါက အဖျားရောဂါ၊ ချောင်းဆိုး ရောဂါ နှင့် အဆိပ် ဖြစ်ခြင်း များ ပျောက်၏။
၂။ လင်းလေကို ကျွမ်းအောင် ဖုတ်၍ ဆီဖြင့် ရောလိမ်းက ကလေးများ ဝမ်းနာ၊ ဝမ်းရောင် ပျောက်၏။
၃။ လင်းလေကို သီဟိုဠ် သရက်စေ့ အဆီဖြင့် ရောလိမ်း ပါက အဆစ်ရောင်ခြင်း ၊ အကြောထုံး ခြင်း ပျောက်၏။
၄။ လင်းလေ ဆေးခြောက်နှင့် စမုန်ဖြူ တို့ကို ဆတူ ရော၍ အတွင်းလိပ်ခေါင်း သို့ မှိုင်းတိုက်ပေး လျှင် လိပ်ခေါင်း မြင်းသရိုက် ရောဂါ ပျောက်၏။
၅။ လင်းလေမှုန့် ကို နွားနို့ ခပ်နွေးနွေး ဖြင့် သောက်လျှင် လည်ချောင်းနာ ခြင်း ပျောက်၏။
၆။ လင်းလေကို ဆေးခါးကြီး နှင့် ရောစပ်၍ အဖျား ရောဂါ ကျဆေး အဖြစ် သုံး၏။
၇။ သူငယ်များ သန်ထသော် လင်းလေကို သတ်ပြီးသား ရှိန်းခိုနှင့် ဆတူ ရော၍ တိုက်လျှင် ဝမ်းတွင်းရှိ သန်ကောင်များ ကျဆင်း လာ၏။
၈။ လင်းလေမှုန့် နှင့် ချင်းခြောက်မှုန့် ကို ဆတူ ယူ၍ ပျားရည်နှင့် ရောသောက်သော် နှုတ်ခမ်း၊ မေး၊ ပါးစောင်းရွဲ့ ခြင်း ပျောက်၏။
၉။ ဝက်ရူးနာ နှင့် စိတ်နောက် ရောဂါ အတွက် လင်းနေမှုန့် ကို ပျားရည်နှင့် ရော၍ လျက်ပေးရ၏။
.jpg)
No comments:
Post a Comment