Tuesday, January 1, 2013

ရှားစောင်းလက်ပပ်


အသုံးပြုပုံ
အရွက်
၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ္စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။

၂။ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။
 
၃။ ၎င်း သည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း ၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။
 
၄။၎င်း ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။
 
၅။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။
 
၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
 
၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။
 
၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။
 
၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။
 
၁၀။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

No comments: