Monday, December 31, 2012

အင်္ဂါသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်
တနင်္လာနေ့ ညနေ(၅)နာရီတွင် ကုန်းသတ္တဝါများအားထန်းလျက် (၅) ခဲ လှူဒါန်းရပါမည်။ နောက်တစ်နေ့ အင်္ဂါနေ့ ညနေ(၅) နာရီ(၂၆)မိနစ်တွင် မိမိရောင်းထွက်လိုသော စက်ပစ္စည်းအား တနင်္ဂနွေထောင့်(အရှေ့မြောက်အရပ်)မှနေ၍ (ယမန်နေ့က ကုန်းသတ္တဝါများအားထန်းလျက် (၅) ခဲ အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောစက်ပစ္စည်းသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး နှင်းဆီပန်း (၇) ပွင့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၁၀)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်
လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ




No comments: