Monday, December 31, 2012

တနင်္လာသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

တနင်္ဂနွေနေ့ညနေ(၅)နာရီတွင်ရေ၌ကျက်စာသောသတ္တဝါများအား
သစ်သီးသစ်ရွက်လှူဒါန်းရပါမည်။ နောက်တစ်နေ့ ညနေ(၅)နာရီ(၁၅)မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား ဗုဒ္ဓဟူးထောင့်(တောင်အရပ်)မှနေ၍

(ယမန်နေ့က ရေ၌ကျက်စာသောသတ္တဝါများအားသစ်သီးသစ်ရွက်များအမှန်တကယ် လှူဒါန်းခဲ့ပါသည်၊ ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောကားသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး သပြေ (၂၁) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ (၂၁) ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောကားသည် သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ

No comments: