Saturday, December 29, 2012

တစ်နေ့စာအလွဲများ

ဘား တစ်ခုတွင်ဖြစ်သည်။ လူငယ်လေးတစ်ယောက်သည် သူ၏ အရက်ခွက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။ ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။ အဲ့ဒီအချိန်မှာ ကားဒရိုင်ဘာတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီးတော့ အဆိုပါလူငယ်လေးရဲ့ ခွက်ကို မော့ပစ်လိုက်ပါတယ်။ လူငယ်လေးက ဒရိုင်ဘာကိုကြည့်ပြီးတော့ ရှိုက်ကြီးတငင်ငိုပါလေရော။ ဒရိုင်ဘာ။ ။ “မငိုပါနဲ့ သူငယ်ရယ် ငါကမင်းကိုစတာပါ ရော့အဲ့ဒီမှာ အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ”

လူငယ်။ ။ “အဲ့ဒါကြောင့် ငိုတာမဟုတ်ဘူးဗျ၊ ဒီနေ့က ကျုပ်ဘ၀အတွက် အဆိုးဆုံးနေ့ဘဲ။ သိရဲလားဗျ၊ ဒီမနက် အိပ်ယာထနောက်ကျလို့ ရုံးသွားတာနောက်ကျ။ တစ်ခါလေးနောက်ကျတာကို သဋ္ဌေးနဲ့တိုးပြီးတော့ ကျုပ်ကို အလုပ်က ဖြုတ်ပစ်လိုက်ပါလေရော။ စိတ်ညစ်ညစ်နဲ့ရုံးကထွက်လာတော့ ကျွန်တော့်ကားက မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်၊ ရဲကိုတိုင်တော့လဲ ဘာမှလုပ်မပေးနိုင်ဘူး ပြောလွှတ်လိုက်တယ်။ ဒါနဲ့ဘဲ တက္ကစီစီးပြီး အိမ်ပြန်လာရော။ အိမ်ရောက်မှ ကြည့်လိုက်တော့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေ တက္ကစီထဲမှာ မေ့ကျန်ခဲ့တယ်။ တက္ကစီကို ပြန်ကြည့်လိုက်တော့ ကားဆရာက မောင်းပြေးသွားပြီ”

ဒရိုင်ဘာ။ ။ “သြော်.. ဖြစ်မှ ဖြစ်ရလေကွယ်….” လူငယ်။ ။ “ဒါတင်ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျ။ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ရာပေါ်မှာ ဒလ၀မ်နဲ့ နှပ်နေတယ်။ ကျွန်တော်လဲ စိတ်ဓာတ်အကျကြီးကျပြီးတော့ ဘားကိုလာ ကိုယ့်ကိုယ်ကို သတ်သေမလို့ အရက်ခွက်ထဲကို အဆိပ်ထည့်ပြီးကြည့်နေတုန်း အခု အရက်ခွက်ကို ခင်ဗျားက ယူသောက်ပစ်လိုက်တယ်…”


No comments: