Monday, December 31, 2012

သောကြာသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်


ကြာသပတေးနေ့ နေ့လည်(၁၂)နာရီတွင် တနင်္လာသားသမီးတစ်ဦးအား ကိတ်မုန့် (၂) ချပ်ကျွေးမွေး လှူဒါန်းရပါမည်။ နောက်တစ်နေ့သောကြာနေ့ နေ့လည် (၁၂) နာရီ(၂၅)မိနစ်တွင် မိမိရောင်းထွက်လိုသော စက်ပစ္စည်းအားဗုဒ္ဓဟူးထောင့်(တောင်အရပ်)မှနေ၍

(ယမန်နေ့က တနင်္လာသားသမီးတစ်ဦးအား ကိတ်မုန့် (၂) ချပ် အမှန်တကယ်
 ကျွေးမွေးလှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသော
စက်ပစ္စည်းသည်လျင်မြန်စွာ ရောင်းထွက်ပါစေသား)
ဟုသစ္စာဆိုပြီး သပြေ (၆) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၂၁)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ










No comments: