Monday, December 31, 2012

အင်္ဂါသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

တနင်္လာနေ့ ညနေ (၃) နာရီတွင် သူတောင်းစားအား ကိတ်မုန့် (၂) ချပ် ကျွေးမွေးလှူဒါန်းရပါမည်။
နောက်တစ်နေ့ အင်္ဂါနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် မိမိရောင်းထွက်လိုသောကားအား
စနေထောင့်(အနောက်တောင်အရပ်)မှနေ၍

(ယမန်နေ့က သူတောင်စားအား ကိတ်မုန့် (၂) ချပ် အမှန်တကယ် လှူဒါန်းခဲ့ပါသည်၊ ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောကားသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး အုန်းညွန့် (၆) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်ထွက်)
ဟုဆိုကာ (၆) ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောကားသည် သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ

No comments: