Monday, December 31, 2012

ဗုဒ္ဓဟူးသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

အင်္ဂါနေ့ ညနေ(၃)နာရီတွင် သူတောင်းစာအား ဆပ်ပြာကြမ်း လှူဒါန်းရပါမည်။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ ညနေ(၃) နာရီ(၂၁)မိနစ်တွင် မိမိရောင်းထွက်လိုသော စက်ပစ္စည်းအား ကြာသပတေးထောင့်(အနောက်အရပ်)မှနေ၍ (ယမန်နေ့က သူတောင်းစာအား ဆပ်ပြာကြမ်း အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောစက်ပစ္စည်းသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး ကံ့ကော် (၂) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၁၅)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ






No comments: