Saturday, December 29, 2012

အပြန်အလှန်ပေါ့

တစ်နေ့ မယားလုပ်သူက ယောက်ျားအတွက် မနက်စာ ပြင်ဆင်နေသည်။ ရုတ်တရက် ယောက်ျားဖြစ်သူ မီးဖိုချောင်သို့ဝင်လာသည်။
“မိန်းမ သတိထား… ဟင်.. အဲ့ဒီလောက်တောင် ကြော်ရလား၊ ဆီထည့်၊ ဆီထည့်၊ များနေပြီ ဆီတွေ များနေပြီ၊ တော်တော့ ရပ်တော့၊ အမလေးလေး.. အဲ့ဒီလောက်တောင် ဆီများရလား… ဟင်.. ဟိုမှာ တူးနေပြီ.. လှန် လှန် မြန်မြန်ကြော်.. သြော်.. ဆား.. ဆားထည့်ရဦးမယ်လေ.. ထည့်ထည့် ဆားထည့်…”

မိန်းမဖြစ်သူ နဲနဲ တင်းလာသည်… “ရှင်ဘယ်လိုဖြစ်နေလဲ… ဒီမနက်စာကို ကျွန်မ တစ်သက်လုံး ကြော်လာတာရှင့်”

ယောက်ျားဖြစ်သူက ပြန်ပြောသည်… “မဟုတ်ပါဘူးမိန်းမရယ်.. ငါ ကားမောင်းနေတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကို မင်းကို သိစေချင်လို့ပါ”

No comments: