Saturday, December 29, 2012

မေမေစားပစ်လိုက်ပြီ

တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ ကြွားလေ့ရှိပါတဲ့။ ဆရာမ ကျွန်တော်မှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။ ဒီလိုနဲ့ နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး ပြပါသတဲ့။ အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။

ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့ “တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား ဘယ်လိုလဲ”

အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့ “ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို စားပစ်လိုက်ပြီ”


No comments: