Saturday, December 29, 2012

တွေးပုံလေးကို သဘောကျတယ်.. ဒါပေမယ့် အဖြေက မဟုတ်ဘူး

ဆိုးပေ စာသင်ခန်းထဲတွင် ဆရာမနှင့် ငြင်းနေသည်။ ဆရာမကမေးသည်
ဆရာမ။ ။“ဆိုးပေ… သစ်ကိုင်းပေါ်မှာ ငှက် ၄ ကောင်နားနေတယ်… တစ်ကောင်ကို သေနတ်နဲ့ ပစ်လိုက်တယ်၊ အဲ့ဒါဆို ဘယ်နှစ်ကောင်ကျန်မလဲ?” ဆိုးပေ။ ။“တစ်ကောင်မှ မကျန်ဘူး ဆရာမရဲ့”

ဆရာမ။ ။“မဟုတ်ဘူးလေ ဆိုးပေရဲ့ ၁ ကောင်ကို သေနတ်နဲ့ ပစ်လိုက်မှ တော့ ၃ ကောင်ကျန်ရမှပေါ့”

ဆိုးပေ။ ။“ဆရာမကလည်း.. ၁ကောင်ကို သေနတ်နဲ့ ပစ်မှတော့ ကျန်တဲ့ အကောင်တွေလည်း လန့်ပြီး ပျံပြေးပြီပေါ့.. ဒါ့ကြောင့် သစ်ကိုင်းပေါ်မှာ တစ်ကောင်မှ မကျန်ဘူး”

ဆရာမ။ ။“အင်း.. မင်းစဉ်းစားပုံလေးကို သဘောကျတယ်… ဒါပေမယ့် အဖြေက ၃ ကောင်ကွဲ့”

ဆိုးပေ။ ။ “ဒါနဲ့ ကျွန်တော် ဆရာမကို မေးခွန်းတစ်ခု မေးလို့ရမလား?”

ဆရာမ။ ။ “အင်း မေးပါဦး ဆိုးပေရဲ့”

ဆိုးပေ။ ။ “မိန်းကလေး ၃ယောက်၊ ရေခဲမုန့်ကို စားနေတယ်။ တစ်ယောက်က ရေခဲမုန့်ကို လျှာနဲ့ လျှက်နေတယ်၊ နောက်တစ်ယောက်က ရေခဲမုန့်ကို ကိုက်စားနေတယ်၊ နောက်တစ်လျှောက်က ရေခဲမုန့်ကို ငုံထားတယ်။ ဘယ်တစ်ယောက်က အိမ်ထောင်သည် ဖြစ်မလည်း”

ဆရာမအနည်းငယ်တွေသွားသည်… ထို့နောက်

ဆရာမ။ ။ “ရေခဲမုန့်ကို ငုံထားတဲ့တစ်ယောက်” ဆိုးပေ။ ။ “မှားတယ်။ လက်ထပ်လက်စွပ် ၀တ်ထားတဲ့တစ်ယောက်။ ဒါပေမယ့် ဆရာမစဉ်းစားပုံလေးကို ကျွန်တော် သဘောကျတယ်”


No comments: