Monday, December 31, 2012

တနင်္ဂနွေသားသမီးများ မည်သူမဆို ကားကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

စနေနေ့ နံနက်(၇)နာရီတွင် သိခီမြတ်စွာဘုရားအားရည်မှတ်၍ ဆွမ်း(၃)ပွဲ လှူဒါန်းရပါမည်။ နောက်တစ်နေ့ တနင်္ဂနွေနေ့နံနက်(၇) နာရီ(၁၃)မိနစ်တွင် မိမိရောင်းထွက်လိုသော ကားအား သောကြာထောင့်(မြောက်အရပ်)မှနေ၍
(ယမန်နေ့က သိခီမြတ်စွာဘုရားအားဆွမ်း(၃)ပွဲ အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောကားသည် လျင်မြန်စွာ ရောင်းထွက်ပါစေသား)
ဟုသစ္စာဆိုပြီး ရွက်လှ(၁၇)ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၁၇)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောကားသည် သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ


No comments: