Monday, December 31, 2012

စနေသားသမီးများ မည်သူမဆို စက်ပစ္စည်းကို အမြန်းဆုံး ဈေးကောင်းကောင်းနှင့်ရောင်းထွက်လိုသော်

သောကြာနေ့ နံနက်(၁၁)နာရီတွင် ဘိုးတော်သကြားမင်းအားဖီးကြမ်းငှက်ပျောသီးမှည့် (၅) လုံး လှူဒါန်းရပါမည်။ နောက်တစ်နေ့စနေနေ့ နံနက် (၁၁) နာရီ(၂၀)မိနစ်တွင် မိမိရောင်းထွက်လိုသော စက်ပစ္စည်းအား
စနေထောင့်(အနောက်တောင်အရပ်)မှနေ၍
(ယမန်နေ့က ဘိုးတော်သကြားမင်းအားဖီးကြမ်းငှက်ပျောသီးမှည့် (၅) လုံး အမှန်တကယ် လှူဒါန်းခဲ့ပါသည် ဤမှန်ကန်သောသစ္စာစကားကြောင့်ယခုရောင်းလိုသောစက်ပစ္စည်းသည်
လျင်မြန်စွာ ရောင်းထွက်ပါစေသား)

ဟုသစ္စာဆိုပြီး အုန်း(၁၀) ညွန့်ဖြင့်
(ဈေးကောင်းကောင်းဖြင့်ရောင်းထွက်)
ဟုဆိုကာ(၆)ချက်ရိုက်ရပါမည်။ ဤအတိုင်းပြုခဲ့သော်သင်ရောင်းလိုသောစက်ပစ္စည်းသည်သင်အလိုရှိ သောဈေးကောင်းဖြင့်လျင်လျင်မြန်မြန်ရောင်းထွက်သွားမည်ကိုတအံ့တဩတွေ့ရပေလိမ့်မည်။
မင်းသိင်္ခ












No comments: